ရင်ခွင်ထဲအေးမြလို့သွားအောင် မိတ်ဆွေမုန်တိုင်းကြီးလာမယ်လို့ ဆိုလိုက်တဲ့ မင်းဂွတ်သီး
မိတ်ဆွေမုန်တိုင်းကြီးလို့ပြောရတာကတော့ မေလ ၅ ရက်နေ့မှ ၁၂ရက်နေ့အတွင်းဖြစ်ပေါ်လာမယ့်မုန်တိုင်းသည် ယခုအပတ်အတွင်း မြန်မာနိုင်ငံမှာ လေဖိအားနည်းနေလို့ ြမြန်မာအတွက်စိုးရိမ်ဖွယ်စောင့်ကြည့်နေရသော်လည်း
မေလ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမှာမုတ်သုန်ကြိုမိုးတွေရွာသွန်းကာ လေဖိအားအသင့်အတင့် ပြန်လည်များလာမှာဖြစ်လို့ မြန်မာဖက်ဝင်ရောက်နိုင်တဲ့အလားအလာနည်းပါသွားစေပြီးဘင်္ဂလားပင်လယ်အော်အနောက်မြောပိုင်း ကမ်းခြေဒေသတွေဖြစ်တဲ့ Odisha နဲ့ အနောက်ဘင်ဂေါဒေသတွေဆိကိုဦးတည်ဝင်ရောက်သွားနိုင်ပါတယ်
မုန်တိုင်းညာဖက်ယက်တင်လေစီးတွေက အီကွေတာကနေ ရေငွေ့သယ်ဆောင်လာပြီး မေလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း မြန်မာနိုင်ငံကို မိုးပုလဲတွေသာပေးမှာဖြစ်ပြီး မုန်တိုင်းအန္တရာယ် မရှိနိုင်တော့လို့ အကျိုးပြုမုန်တိုင်းတစ်လုံးသာဖြစ်ပါလိမ့်မယ်
စိုက်ပျိုးရေးသမား တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေရစေမည့်မိုးဖြစ်သလို နွေအပူပျောက် အေးမြသွားစေမယ့် မိုးတွေရွာစေနိုင်တာမို့ အားလုံးကြည်နူးရွှင်လန်းချမ်းမြေ့သွားရစေပါမယ်လို့ မိုးလေဝသဆရာမလေး စုစုစံမှ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
မိုးနည်းရပ်ဝန်းရဲ့ pre monsoon ကဆုန်မိုး
မေလ ၃ ရက်နေ့ ၄ ရက်နေ့တွေမှာ ရခိုင်ပြည်နယ် မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်တိုင်းတွေမှာ နှမ်းတောင်သူတွေမျှော်လင့်နေကြတဲ့ မိုးတွေရွာလာပါလိမ့်မယ် စိုက်ပျိုးရေရရှိမှာဖြစ်သလို အပူတွေအာလုံးငြိမ်းသွားပါလိမ့်မယ်
မုတ်သုန်ကြိုမိုးဖြစ်တာကြောင့် သတိထားရမည့်အချက်တွေကတော့ လျှပ်စီးမိုးကြိုးအန္တရာယ်နှင့် ရုတ်တရက်လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်နိုင်တာပါပဲမိုးရွာ လျှပ်စီးမိုးခြိမ်းလျှင် သစ်ပင်ကြီးတွေ လျှပ်စစ်ဓာအားတိုင်တွေအောက်ကိုမနေကြပါနဲ့ အန္တရာယ်ရှိပါတယ် ဘေးကင်းလုံခြုံတဲ့အမိုးအကာအောက်မှနေထိုင်ကြပါ လို့ ကြိုတင်အသိပေးထုတ်ပြန်ထားပါတယ်။
မင်း ဂွတ် သီး
Unicode
ရင္ခြင္ထဲေအးျမလို႔သြားေအာင္ မိတ္ေဆြမုန္တိုင္းႀကီးလာမယ္လို႔ ဆိုလိုက္တဲ့ မင္းဂြတ္သီး
မိတ္ေဆြမုန္တိုင္းႀကီးလို႔ေျပာရတာကေတာ့ ေမလ ၅ ရက္ေန႔မွ ၁၂ရက္ေန႔အတြင္းျဖစ္ေပၚလာမယ့္မုန္တိုင္းသည္ ယခုအပတ္အတြင္း ျမန္မာႏိုင္ငံမွာ ေလဖိအားနည္းေနလို႔ ျျမန္မာအတြက္စိုးရိမ္ဖြယ္ေစာင့္ၾကည့္ေနရေသာ္လည္း
ေမလ ၁ ရက္ေန႔မွ ၅ ရက္ေန႔အတြင္း ျမန္မာႏိုင္ငံမွာမုတ္သုန္ႀကိဳမိုးေတြ႐ြာသြန္းကာ ေလဖိအားအသင့္အတင့္ ျပန္လည္မ်ားလာမွာျဖစ္လို႔ ျမန္မာဖက္ဝင္ေရာက္ႏိုင္တဲ့အလားအလာနည္းပါသြားေစၿပီးဘဂၤလားပင္လယ္ေအာ္အေနာက္ေျမာပိုင္း ကမ္းေျခေဒသေတြျဖစ္တဲ့ Odisha နဲ႔ အေနာက္ဘင္ေဂါေဒသေတြဆိကိုဦးတည္ဝင္ေရာက္သြားႏိုင္ပါတယ္
မုန္တိုင္းညာဖက္ယက္တင္ေလစီးေတြက အီေကြတာကေန ေရေငြ႕သယ္ေဆာင္လာၿပီး ေမလ ၅ ရက္ေန႔မွ ၁၀ ရက္ေန႔အတြင္း ျမန္မာႏိုင္ငံကို မိုးပုလဲေတြသာေပးမွာျဖစ္ၿပီး မုန္တိုင္းအႏၲရာယ္ မရွိႏိုင္ေတာ့လို႔ အက်ိဳးျပဳမုန္တိုင္းတစ္လုံးသာျဖစ္ပါလိမ့္မယ္
စိုက္ပ်ိဳးေရးသမား ေတာင္သူလယ္သမားမ်ားအတြက္ စိုက္ပ်ိဳးေရရေစမည့္မိုးျဖစ္သလို ေႏြအပူေပ်ာက္ ေအးျမသြားေစမယ့္ မိုးေတြ႐ြာေစႏိုင္တာမို႔ အားလုံးၾကည္ႏူး႐ႊင္လန္းခ်မ္းေျမ့သြားရေစပါမယ္လို႔ မိုးေလဝသဆရာမေလး စုစုစံမွ ခန႔္မွန္းထုတ္ျပန္ထားပါတယ္။
မိုးနည္းရပ္ဝန္းရဲ႕ pre monsoon ကဆုန္မိုး
ေမလ ၃ ရက္ေန႔ ၄ ရက္ေန႔ေတြမွာ ရခိုင္ျပည္နယ္ မေကြးတိုင္း မႏၲေလးတိုင္း စစ္ကိုင္တိုင္းေတြမွာ ႏွမ္းေတာင္သူေတြေမွ်ာ္လင့္ေနၾကတဲ့ မိုးေတြ႐ြာလာပါလိမ့္မယ္ စိုက္ပ်ိဳးေရရရွိမွာျဖစ္သလို အပူေတြအာလုံးၿငိမ္းသြားပါလိမ့္မယ္
မုတ္သုန္ႀကိဳမိုးျဖစ္တာေၾကာင့္ သတိထားရမည့္အခ်က္ေတြကေတာ့ လွ်ပ္စီးမိုးႀကိဳးအႏၲရာယ္ႏွင့္ ႐ုတ္တရက္ေလျပင္းတိုက္ခတ္မႈေတြျဖစ္ေပၚႏိုင္တာပါပဲမိုး႐ြာ လွ်ပ္စီးမိုးၿခိမ္းလွ်င္ သစ္ပင္ႀကီးေတြ လွ်ပ္စစ္ဓာအားတိုင္ေတြေအာက္ကိုမေနၾကပါနဲ႔ အႏၲရာယ္ရွိပါတယ္ ေဘးကင္းလုံၿခဳံတဲ့အမိုးအကာေအာက္မွေနထိုင္ၾကပါ လို႔ ႀကိဳတင္အသိေပးထုတ္ျပန္ထားပါတယ္။
မင္း ဂြတ္ သီး