ၾကားသိရသမွ်

လအပြည့်ကြတ်ပြီး အနီရောင်သန်းသွားတဲ့လကို မြင်တွေ့ကြရမည်

လာမည့္ ေမလ ၂၆ ရက္ေန႔ ည ၇ နာရီ ၄၂ မိနစ္မွာ လအျပည့္ၾကတ္မွာျဖစ္ၿပီး

အနီေရာင္သန္းသြားတဲ့လကို ျမန္မာနိုင္ငံအပါအဝင္ ကမၻာ့နိုင္ငံအမ်ားမွလည္း ျမင္ေတြ႕ၾကရမွာပါလ ၾကတ္ရျခင္း အေၾကာင္း

လာမည့္ ၂၀၂၁ ခု ေမလ ၂၆ ရက္ေန႔ညဦးပိုင္း (လထြက္ခ်ိန္) မွာေတာ့ လဟာ ၾကတ္လၽွက္အေနအထားအတိုင္း ေပၚထြက္လာမွာ ျဖစ္ပါတယ္။

ေနၾကတ္ျခင္း၊ လၾကတ္ျခင္း တို႔ဟာ ေန-ကမၻာ နဲ႔ လ တို႔ တတန္းတည္းက်ေရာက္ခ်ိန္ (တနည္း) လျပည့္/ လကြယ္ခ်ိန္မ်ားမွာ ျဖစ္ေပၚပါတယ္။ ေမလ ၂၆ ရက္ဟာ ေန-ကမၻာ-လ တို႔ တတန္းတည္းက်ေရာက္မည့္ ကဆုန္လျပည့္ 🌕 အခါသမယပဲ ျဖစ္ပါတယ္။

(ျပကၡဒိန္ရက္ နဲ႔ ၁ ရက္ကြာပါတယ္။) လ ဟာ ကမၻာရဲ့ အေနာက္ဘက္ကေန ပုံမွာျပထားသလို ျဖတ္သန္းသြားတဲ့အခါ.. ကမၻာ့ရဲ့ အရိပ္စစ္ (Umbra) ရွိတဲ့ေနရာကို က်ေရာက္သြားတတ္ပါတယ္။ လ နဲ႔ ကမၻာဟာ ကိုယ္ပိုင္အလင္းေရာင္မရွိပဲ ေနမွလာတဲ့ အလင္းေၾကာင့္သာ ပုံရိပ္ေပၚျခင္း (ျမင္ရျခင္း) ျဖစ္ပါတယ္။

ေန နဲ႔ လ အၾကားကို ကမၻာေရာက္ရွိသြားတဲ့အခါ.. ကမၻာ့ေလထုကို ျဖတ္သန္းလာတဲ့ ေနအလင္းေရာင္ဟာ လေပၚသို႔ က်ေရာက္ပါတယ္။ အဲ့ဒီ့အလင္းရဲ​့ အေရာင္ကေတာ့.. အနီေရာင္ပဲ ျဖစ္ပါတယ္။ (ပုံ)လရဲ့ မ်က္ႏွာျပင္ေပၚသို႔ အနီေရာင္ အလင္းက်ေရာက္တဲ့အခါ လ ရဲ့အေရာင္ဟာ အနီေရာင္သန္းသြားပါတယ္။

အဲ့ဒါေၾကာင့္ လအျပည့္ၾကတ္ခ်ိန္မွာ လကို အနီေရာင္အျဖစ္ ျမင္ေတြ႕ရျခင္း ျဖစ္ပါတယ္။ ေမလ ၂၆ ရက္ေန႔ ည ၇ နာရီ ၄၂ မိနစ္မွာ လအျပည့္ၾကတ္မွာျဖစ္ၿပီး အနီေရာင္သန္းသြားတဲ့လကို ျမန္မာနိုင္ငံအပါအဝင္ ကမၻာ့နိုင္ငံအမ်ားမွလည္း ျမင္ေတြ႕ၾကရမွာျဖစ္ပါတယ္။ မိုးတိမ္ကင္းစင္ဖို႔လည္း လိုပါမယ္။

ယခုတႀကိမ္( လၾကတ္ၿပီးလၽွင္ ကဆုန္လကြယ္ေန႔) (ဇြန္လ ၁၀ ရက္) မွာ ေနၾကတ္ဦးမွာျဖစ္ၿပီး ျမန္မာနိုင္ငံမွေတာ့ ျမင္ရမည္မဟုတ္ပါ။

အနာဂတ္ပညာေရးအတြက္..

သန႔္ဦး(အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

————————-

လာမည့် မေလ ၂၆ ရက်နေ့ ည ၇ နာရီ ၄၂ မိနစ်မှာ လအပြည့်ကြတ်မှာဖြစ်ပြီး

အနီရောင်သန်းသွားတဲ့လကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများမှလည်း မြင်တွေ့ကြရမှာပါလ ကြတ်ရခြင်း အကြောင်း

လာမည့် ၂၀၂၁ ခု မေလ ၂၆ ရက်နေ့ညဦးပိုင်း (လထွက်ချိန်) မှာတော့ လဟာ ကြတ်လျှက်အနေအထားအတိုင်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

နေကြတ်ခြင်း၊ လကြတ်ခြင်း တို့ဟာ နေ-ကမ္ဘာ နဲ့ လ တို့ တတန်းတည်းကျရောက်ချိန် (တနည်း) လပြည့်/ လကွယ်ချိန်များမှာ ဖြစ်ပေါ်ပါတယ်။ မေလ ၂၆ ရက်ဟာ နေ-ကမ္ဘာ-လ တို့ တတန်းတည်းကျရောက်မည့် ကဆုန်လပြည့် 🌕 အခါသမယပဲ ဖြစ်ပါတယ်။

(ပြက္ခဒိန်ရက် နဲ့ ၁ ရက်ကွာပါတယ်။) လ ဟာ ကမ္ဘာရဲ့ အနောက်ဘက်ကနေ ပုံမှာပြထားသလို ဖြတ်သန်းသွားတဲ့အခါ.. ကမ္ဘာ့ရဲ့ အရိပ်စစ် (Umbra) ရှိတဲ့နေရာကို ကျရောက်သွားတတ်ပါတယ်။ လ နဲ့ ကမ္ဘာဟာ ကိုယ်ပိုင်အလင်းရောင်မရှိပဲ နေမှလာတဲ့ အလင်းကြောင့်သာ ပုံရိပ်ပေါ်ခြင်း (မြင်ရခြင်း) ဖြစ်ပါတယ်။

နေ နဲ့ လ အကြားကို ကမ္ဘာရောက်ရှိသွားတဲ့အခါ.. ကမ္ဘာ့လေထုကို ဖြတ်သန်းလာတဲ့ နေအလင်းရောင်ဟာ လပေါ်သို့ ကျရောက်ပါတယ်။ အဲ့ဒီ့အလင်းရဲ့ အရောင်ကတော့.. အနီရောင်ပဲ ဖြစ်ပါတယ်။ (ပုံ)လရဲ့ မျက်နှာပြင်ပေါ်သို့ အနီရောင် အလင်းကျရောက်တဲ့အခါ လ ရဲ့အရောင်ဟာ အနီရောင်သန်းသွားပါတယ်။

အဲ့ဒါကြောင့် လအပြည့်ကြတ်ချိန်မှာ လကို အနီရောင်အဖြစ် မြင်တွေ့ရခြင်း ဖြစ်ပါတယ်။ မေလ ၂၆ ရက်နေ့ ည ၇ နာရီ ၄၂ မိနစ်မှာ လအပြည့်ကြတ်မှာဖြစ်ပြီး အနီရောင်သန်းသွားတဲ့လကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများမှလည်း မြင်တွေ့ကြရမှာဖြစ်ပါတယ်။ မိုးတိမ်ကင်းစင်ဖို့လည်း လိုပါမယ်။

ယခုတကြိမ်( လကြတ်ပြီးလျှင် ကဆုန်လကွယ်နေ့) (ဇွန်လ ၁၀ ရက်) မှာ နေကြတ်ဦးမှာဖြစ်ပြီး မြန်မာနိုင်ငံမှတော့ မြင်ရမည်မဟုတ်ပါ။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး(အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)