တစ္ေယာက္ထဲေပ်ာ္တတ္ေအာင္ေနေစခဲ့ၿပီးမွ
ကိုယ္မရွိလည္းေပ်ာ္ေနတာပဲလို႔ မခနဲ႔ပါနဲ႔။
ဒီလိုေနတတ္သြားဖို႔
ခုလိုေပ်ာ္တတ္လာဖို႔
အလြမ္းေတြ၊မ်က္ရည္ေတြ
အိပ္စက္ျခင္းကင္းတဲ့ညေတြ
တစ္ေယာက္ထဲပဲေက်ာ္ျဖတ္လာတာပါ။
မခ်စ္ေတာ့တာမဟုတ္ဘူး
မခ်စ္ရဲေတာ့တာပါ။
ရင္ထဲမွာမရွိေတာ့မဟုတ္ဘူး
ႏွလုံးသားထဲ မထည့္ရဲေတာ့တာပါ။
အတူမရွိခ်င္ေတာ့တာမဟုတ္ဘူး
မနီးခ်င္ေတာ့တာပါ။
မေခၚခ်င္ေတာ့တာမဟုတ္ဘူး
မေပ်ာ္ခ်င္ေတာ့တာပါ။
အေၾကာင္းျပခ်က္မရွိခဲ့တဲ့ခ်စ္ျခင္းေတြနဲ႔
ကိုယ္ကမင္းအနားမွာအႀကိမ္မ်ားစြာ
ၿပိဳလဲခဲ့ဘူးတယ္။
ေဘာင္မဝင္တဲ့မင္းရဲ့သတ္မွတ္ခ်က္ေတြနဲ႔
ကိုယ္ကခဏခဏ ေပ်ာက္ကြယ္ရဖူးတယ္။
ခုေတာ့ကိုယ္ကေနသားက်ေနၿပီ။
ကိုယ္ေပ်ာ္ေနနိုင္ၿပီ။
ေပ်ာက္သြားခဲ့တဲ့ ကိုယ္ကိုကိုယ္လည္း
ျပန္ရွာေတြခဲ့ၿပီ။
ကိုယ္တကယ္ကိုပဲ ေနတတ္သြားပါၿပီ။
မီမို
Credit
Unicode
တစ်ယောက်ထဲပျော်တတ်အောင်နေစေခဲ့ပြီးမှ
ကိုယ်မရှိလည်းပျော်နေတာပဲလို့ မခနဲ့ပါနဲ့။
ဒီလိုနေတတ်သွားဖို့
ခုလိုပျော်တတ်လာဖို့
အလွမ်းတွေ၊မျက်ရည်တွေ
အိပ်စက်ခြင်းကင်းတဲ့ညတွေ
တစ်ယောက်ထဲပဲကျော်ဖြတ်လာတာပါ။
မချစ်တော့တာမဟုတ်ဘူး
မချစ်ရဲတော့တာပါ။
ရင်ထဲမှာမရှိတော့မဟုတ်ဘူး
နှလုံးသားထဲ မထည့်ရဲတော့တာပါ။
အတူမရှိချင်တော့တာမဟုတ်ဘူး
မနီးချင်တော့တာပါ။
မခေါ်ချင်တော့တာမဟုတ်ဘူး
မပျော်ချင်တော့တာပါ။
အကြောင်းပြချက်မရှိခဲ့တဲ့ချစ်ခြင်းတွေနဲ့
ကိုယ်ကမင်းအနားမှာအကြိမ်များစွာ
ပြိုလဲခဲ့ဘူးတယ်။
ဘောင်မဝင်တဲ့မင်းရဲ့သတ်မှတ်ချက်တွေနဲ့
ကိုယ်ကခဏခဏ ပျောက်ကွယ်ရဖူးတယ်။
ခုတော့ကိုယ်ကနေသားကျနေပြီ။
ကိုယ်ပျော်နေနိုင်ပြီ။
ပျောက်သွားခဲ့တဲ့ ကိုယ်ကိုကိုယ်လည်း
ပြန်ရှာတွေခဲ့ပြီ။
ကိုယ်တကယ်ကိုပဲ နေတတ်သွားပါပြီ။
မီမို
Credit