အချစ် တစ်ခု မပြီးပြည့်စုံရ တဲ့ အကြောင်းအရင်း များ
အချစ်မှာ ပိုချစ်တဲ့ သူက ရှုံးနိမ့်ရစမြဲပါပဲ။
နှစ်ဦးသား တည်ဆောက်ထား တဲ့
အချစ်ရေးတစ်ခုမှာပဲ ဖြစ်ဖြစ်၊
တစ်ဖက်သတ်ချစ်မိတဲ့ အချစ်မှာပဲ ဖြစ်ဖြစ်
ပိုချစ်မိတဲ့သူက နာကျင်မှုတွေ ပိုများရတတ်ပါတယ်။
အချစ်ဆိုတာ တစ်ယောက်တည်း
ချစ်နေရုံနဲ့ မပြီးပြည့်စုံနိုင်တဲ့ အရာတစ်ခုပါ။
နာကျင် ရတယ်
စောစောက ပြောခဲ့ သလို ပိုချစ်မိရင် ပိုနာကျင်ရပါတယ်။
တစ္ဖက္သတ္ခ်စ္မိတဲ့အခါ
ကိုယ့်အချစ်ကို သူမသိတဲ့အတွက်
သူ့ရဲ့လုပ်ရပ်တွေက
ကိုယ့်အတွက် ထိခိုက်နာကျင်မှုတွေ
ဖြစ်တတ်သလို နှစ်ယောက်သား
တည်ဆောက်ထားတဲ့
အချစ်ရေးတစ်ခုမှာလည်း
ကိုယ်ကချည်း ချစ်နေရတဲ့အခါ
တစ်ဖက်လူက အနိုင်ယူတာတွေ များလာတတ်ပါတယ်။

ဒါက တကယ့်ကို ကိုယ့်အတွက် ဒဏ်ရာဗလပွဖြစ်စေတဲ့ အခြေအနေတစ်ခုပါပဲ။
အချစ်က ပေးဆပ်ခြင်း မဟုတ်သလို၊ စွန့်လွှတ်ခြင်းလည်း မဟုတ်ဘူး
ချစ်မိတဲ့ သူတိုင်း ကိုယ်ချစ်ရသူ ကို
ပိုင်ဆိုင်ချင်ကြတာ သဘာဝပါ။
ငါက အချစ်အတွက်ဆို ပေးဆပ်အနစ်နာခံမယ်၊
စွန့်လွှတ်ချစ်နဲ့ ချစ်မယ်ဆိုတာကတော့
ကိုယ့်ကိုယ်ကို လိမ်ညာလိုက်တာပါပဲ။
တကယ်တော့ စွန့်လွှတ်ပေးဆပ်မှုတိုင်းမှာ
နာကျင်ခြင်းဆိုတာ နောက်က ကပ်ပါလာတတ်လို့ပါပဲ။
အချစ် က ချစ်နေရုံနဲ့ မကျေနပ်နိုင်ဘူး
တစ်ချို့ကတော့ ပြောတတ်ကြသေးတယ်
ချစ်နေရရုံနဲ့ ကျေနပ်ပါတယ်တဲ့။
နိုး ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ကိုယ်ချစ်နေတာကို သူမသိနိုင်တာလောက်
ခံရခက်တဲ့ ခံစားမှု ရှိမယ်မထင်ပါဘူးနော်။
အချစ်ဆိုတာ ဖုံးကွယ်ထားလို့မရသလို၊
မသိကျိုးကျွံပြုလို့ရတဲ့ အရာလည်း မဟုတ်ပါဘူး။
ဒါကြောင့် အချစ်က ချစ်နေရုံနဲ့ မကျေနပ်နိုင်လို့
တစ်ယောက် တည်း ချစ်နေတာဟာ
အချစ်ကို မပြည့်စုံစေနိုင်ပါဘူး။
တစ်ချိန်လုံး ပူလောင်နေရတယ်
တစ်ယောက်တည်းဘက် က အလေးသာနေတဲ့
အချစ်က တစ်ချိန်လုံး ပူလောင်နေစေတတ်ပါတယ်။

တစ်ဖက်သတ်အချစ်ဆိုလည်း သူတစ်ခြားတစ်ယောက်နဲ့
အဆင်ပြေသွားမှာ စိုးရိမ်နေရသလို၊
နှစ်ယောက်ဆက်ဆံရေး ဆိုလည်း
သူစိတ်ပြောင်းသွားမှာ ကိုယ့်ကိုယ်ထားသွား ခဲ့မှ
ာ စသဖြင့် ပူလောင်နေရတာမျိုးပေါ့။
ဒါကြောင့် ဘယ်လိုဆက်ဆံရေးမျိုးမဆို
ဘက်မျှ တဲ့ ဆက်ဆံရေးတွေက ရေရှည်ပို
အဆင်ပြေတတ်ပါတယ်နော်။ အ
ချစ်ဆိုတာ တစ်ယောက်တည်းဘ က်က
ချစ်နေရုံနဲ့ မပြီးပြည့်စုံနေပါဘူး။
Credit
Unicode

တစ်ဖက်သတ်ချစ်မိတဲ့အခါ