တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့ စုံတွဲများက လူမြင်ကွင်းမှာပဲ လက်ကလေးကိုင် ကြင်နာယုယပြရုံပဲမဟုတ်ပါဘူး။ Facebook တို့ Instagram တို့မှာပဲ ဓာတ်ပုံလေး တင်လိုက်ရုံပဲမဟုတ်ပါဘူး။ သူတို့က တစ်ယောက်ကိုတစ်ယောက် ဦးစားပေးပြီး တစ်ယောက်မျက်နှာပျက်သွားတာမျိုးကို အဖြစ်မခံနိုင်တဲ့အထိ ချစ်တတ်ကြပါတယ်။ သူတို့ရဲ့နေ့စဉ်ဘဝမှာ အပေါ်ယံချစ်ပြတာမျိုးမဟုတ်ဘဲ စိတ်ထဲက အမှန်တကယ် ချစ်ပြတတ်ကြပါတယ်။
သင်ရော သင့်ချစ်သူကောင်မလေးကို ဘယ်လိုဂရုစိုက်ပြတတ်ပါသလဲ။ သင့်ချစ်သူကောင်မလေးကို တကယ်ချစ်ရိုးမှန်ရင် အခုဖော်ပြပေးမယ့်အချက်များကို နေ့စဉ်ပြုမူလုပ်ဆောင်သင့်ပါတယ်။
နေ့စဉ် ဆက်သွယ်တယ်
Daily Tips for Men Who Really Love Their Girlfriends
သာယာပျော်ရွှင်တဲ့ စုံတွဲတစ်တွဲဖြစ်ဖို့ရန်အတွက် နေ့စဉ်အဆက်အသွယ်ပြုလုပ်နေဖို့လိုအပ်ပါတယ်။ လူချင်းမတွေ့နိုငရင်တောင်မှ ဖုန်းဆက်ခြင်း၊ မက်ဆေ့ချ်ပို့ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်မသွားဖို့ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါမှာလည်း အခြားတစ်ယောက်ပြောတဲ့အကြောင်းအရာကို ဂရုတစိုက်နဲ့ စိတ်ဝင်တစားနားထောင်သင့်ပါတယ်။
အသေးအဖွဲလေးကအစ ဂရုစိုက်ကြတယ်
Daily Tips for Men Who Really Love Their Girlfriends
ကြီးမားတဲ့ အပြုအမူများကို နေ့စဉ်ပြုလုပ်စရာမလိုပါဘူး။ သေးငယ်တဲ့ ဂရုစိုက်မှုလေးတွေကပဲ သင်တို့ရဲ့ချစ်ခြင်းမေတ္တာကို တစ်စထက်တစ်စ တိုးလာအောင် ကူညီပေးနိုင်ပါတယ်။ ကိုယ့်ကောင်မလေး ကြိုက်တတ်တဲ့အစားအစာများကို ဝယ်ပေးတာမျိုး၊ သူ ဒုက္ခရောက် စိတ်ညစ်နေချိန်မှာ သူ့နံ့ဘေးမှာ အဖော်ပြုပေးတာမျိုး စတဲ့အသေးအဖွဲအပြုအမူလေးတွေကို နေ့စဉ်ပြုလုပ်ပေးလိုက်ပါ။
ကိုယ့်ကောင်မလေးကို ကြင်ကြင်နာနာ ပြောဆိုဆက်ဆံကြတယ်
Daily Tips for Men Who Really Love Their Girlfriends
လူသားတိုင်းမှာ ပင်ပန်းနွမ်းနယ်တဲ့အချိန်၊ စိတ်တိုဒေါသထွက်တဲ့အချိန်ဆိုတာ ရှိစမြဲပါပဲ။ ဒါပေမဲ့ ကိုယ့်ကောင်မလေးကို အမှန်တကယ်ချစ်တဲ့ ယောကျာ်းလေးများကတော့ ကိုယ် စိတ်တိုနေလို့ဆိုပြီးတော့ ကိုယ့်ကောင်မလေးကို အော်ဟစ်ဆဲဆိုခြင်း မပြုကြပါဘူး။ ဘယ်အချိန်မဆို ကြင်ကြင်နာနာ ဆက်ဆံတတ်ကြပါတယ်။
တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်တတ်ကြတယ်
Daily Tips for Men Who Really Love Their Girlfriends
ချစ်သူသက်တမ်း သုံးလပြည့်သွားတဲ့အခါမျိုး (သို့) တစ်နှစ်ပြည့်သွားတဲ့အခါမျိုးမှာ ကိုယ့်ချစ်သူကောင်မလေးကို ကျေးဇူးတင်စကား ပြောခဲ့ဖူးပါသလား။ ဘယ်လိုအကြောင်းကိစ္စမျိုးပဲ ကြုံတွေ့ပါစေ ကိုယ့်ကောင်မလေးကို ကျေးဇူးတင်စကားပြောဖို့ ဝန်မလေးပါနဲ့။ ကိုယ့်ကို ချစ်ပေးလို့၊ စိတ်ရှည်သည်းခံပေးလို့၊ ကိုယ့်အတွက် ပြုလုပ်ပေးတဲ့ အရာမှန်သမျှကို ကျေးဇူးတင်ကြောင်း ပြောပြလိုက်ပါ။
ဒါဆိုရင်တော့ သင်တို့ရဲ့အချစ်ခရီးလမ်းက ပျော်ရွှင်စရာတွေနဲ့ပဲ ပြည့်နှက်နေပါလိမ့်မယ်။
Photo Source: Freepik.com
Source: Projecthotmess.com
တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ၾကတဲ့ စုံတြဲမ်ားက လူျမင္ကြင္းမွာပဲ လက္ကေလးကိုင္ ၾကင္နာယုယျပ႐ုံပဲမဟုတ္ပါဘူး။ Facebook တို႔ Instagram တို႔မွာပဲ ဓာတ္ပုံေလး တင္လိုက္႐ုံပဲမဟုတ္ပါဘူး။ သူတို႔က တစ္ေယာက္ကိုတစ္ေယာက္ ဦးစားေပးၿပီး တစ္ေယာက္မ်က္ႏွာပ်က္သြားတာမ်ိဳးကို အျဖစ္မခံႏိုင္တဲ့အထိ ခ်စ္တတ္ၾကပါတယ္။ သူတို႔ရဲ႕ေန႔စဥ္ဘဝမွာ အေပၚယံခ်စ္ျပတာမ်ိဳးမဟုတ္ဘဲ စိတ္ထဲက အမွန္တကယ္ ခ်စ္ျပတတ္ၾကပါတယ္။
သင္ေရာ သင့္ခ်စ္သူေကာင္မေလးကို ဘယ္လိုဂ႐ုစိုက္ျပတတ္ပါသလဲ။ သင့္ခ်စ္သူေကာင္မေလးကို တကယ္ခ်စ္႐ိုးမွန္ရင္ အခုေဖာ္ျပေပးမယ့္အခ်က္မ်ားကို ေန႔စဥ္ျပဳမူလုပ္ေဆာင္သင့္ပါတယ္။
ေန႔စဥ္ ဆက္သြယ္တယ္
Daily Tips for Men Who Really Love Their Girlfriends
သာယာေပ်ာ္႐ႊင္တဲ့ စုံတြဲတစ္တြဲျဖစ္ဖို႔ရန္အတြက္ ေန႔စဥ္အဆက္အသြယ္ျပဳလုပ္ေနဖို႔လိုအပ္ပါတယ္။ လူခ်င္းမေတြ႕ႏိုငရင္ေတာင္မွ ဖုန္းဆက္ျခင္း၊ မက္ေဆ့ခ်္ပို႔ျခင္းတို႔ကို ျပဳလုပ္ႏိုင္ပါတယ္။ အဓိကကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အဆက္အသြယ္ျပတ္မသြားဖို႔ပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာတဲ့အခါမွာလည္း အျခားတစ္ေယာက္ေျပာတဲ့အေၾကာင္းအရာကို ဂ႐ုတစိုက္နဲ႔ စိတ္ဝင္တစားနားေထာင္သင့္ပါတယ္။
အေသးအဖြဲေလးကအစ ဂ႐ုစိုက္ၾကတယ္
Daily Tips for Men Who Really Love Their Girlfriends
ႀကီးမားတဲ့ အျပဳအမူမ်ားကို ေန႔စဥ္ျပဳလုပ္စရာမလိုပါဘူး။ ေသးငယ္တဲ့ ဂ႐ုစိုက္မႈေလးေတြကပဲ သင္တို႔ရဲ႕ခ်စ္ျခင္းေမတၱာကို တစ္စထက္တစ္စ တိုးလာေအာင္ ကူညီေပးႏိုင္ပါတယ္။ ကိုယ့္ေကာင္မေလး ႀကိဳက္တတ္တဲ့အစားအစာမ်ားကို ဝယ္ေပးတာမ်ိဳး၊ သူ ဒုကၡေရာက္ စိတ္ညစ္ေနခ်ိန္မွာ သူ႔နံ႔ေဘးမွာ အေဖာ္ျပဳေပးတာမ်ိဳး စတဲ့အေသးအဖြဲအျပဳအမူေလးေတြကို ေန႔စဥ္ျပဳလုပ္ေပးလိုက္ပါ။
ကိုယ့္ေကာင္မေလးကို ၾကင္ၾကင္နာနာ ေျပာဆိုဆက္ဆံၾကတယ္
Daily Tips for Men Who Really Love Their Girlfriends
လူသားတိုင္းမွာ ပင္ပန္းႏြမ္းနယ္တဲ့အခ်ိန္၊ စိတ္တိုေဒါသထြက္တဲ့အခ်ိန္ဆိုတာ ရွိစၿမဲပါပဲ။ ဒါေပမဲ့ ကိုယ့္ေကာင္မေလးကို အမွန္တကယ္ခ်စ္တဲ့ ေယာက်ာ္းေလးမ်ားကေတာ့ ကိုယ္ စိတ္တိုေနလို႔ဆိုၿပီးေတာ့ ကိုယ့္ေကာင္မေလးကို ေအာ္ဟစ္ဆဲဆိုျခင္း မျပဳၾကပါဘူး။ ဘယ္အခ်ိန္မဆို ၾကင္ၾကင္နာနာ ဆက္ဆံတတ္ၾကပါတယ္။
တစ္ေယာက္ကိုတစ္ေယာက္ ေက်းဇူးတင္တတ္ၾကတယ္
Daily Tips for Men Who Really Love Their Girlfriends
ခ်စ္သူသက္တမ္း သုံးလျပည့္သြားတဲ့အခါမ်ိဳး (သို႔) တစ္ႏွစ္ျပည့္သြားတဲ့အခါမ်ိဳးမွာ ကိုယ့္ခ်စ္သူေကာင္မေလးကို ေက်းဇူးတင္စကား ေျပာခဲ့ဖူးပါသလား။ ဘယ္လိုအေၾကာင္းကိစၥမ်ိဳးပဲ ႀကဳံေတြ႕ပါေစ ကိုယ့္ေကာင္မေလးကို ေက်းဇူးတင္စကားေျပာဖို႔ ဝန္မေလးပါနဲ႔။ ကိုယ့္ကို ခ်စ္ေပးလို႔၊ စိတ္ရွည္သည္းခံေပးလို႔၊ ကိုယ့္အတြက္ ျပဳလုပ္ေပးတဲ့ အရာမွန္သမွ်ကို ေက်းဇူးတင္ေၾကာင္း ေျပာျပလိုက္ပါ။
ဒါဆိုရင္ေတာ့ သင္တို႔ရဲ႕အခ်စ္ခရီးလမ္းက ေပ်ာ္႐ႊင္စရာေတြနဲ႔ပဲ ျပည့္ႏွက္ေနပါလိမ့္မယ္။
Photo Source: Freepik.com
Source: Projecthotmess.com