စိတ်ထိခိုက် ၊ စိတ်ညစ်နေချိန်မှာ သတိရသင့်တဲ့ အကြောင်းအရာ ၇ ခု
တခါတလေ အကြောင်းပြချက် မရှိဘဲ
“လူတွေအားလုံးက ကိုယ့်ဘက်မှာ မရှိဘူး၊
တလောကလုံးမှာ ကိုယ့်လောက် အသုံးမကျတဲ့သူ ၊
ကံဆိုးတဲ့သူ မရှိဘူးရယ်” လို့ တွေးမိတဲ့
အခိုက်အတန့် လူတိုင်းမှာ ရှိကြမှာပါ။
အမြဲတမ်း ပျော်ချင်ပေမယ့် မပျော်ရသလို စိတ်ခံစားမှုတွေ
ပြင်းထန်ပြီး အလိုလို ဝမ်းနည်းမိတဲ့ ကာလကို ဖြတ်ကျော်ဖို့အတွက်
အောက်ပါ အချက်တွေကို သတိရသင့်ပါတယ်။
(၁) နာကျင်မှုမရှိဘဲ မရင့်ကျက်နိုင်ပါဘူး
ဘဝမွာ ႀကဳံလာရတဲ့ အခက္အခဲ ဒုကၡေတြကသာ
သင့်ကို ရင့်ကျက်တဲ့ လူတယောက်အဖြစ် ပြောင်းလဲ ပေးမှာပါ။
ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ဖြတ်ကျော်ပြီးတဲ့နောက်
သင်ဟာ မထင်မှတ်ထား လောက်အောင် သန်မာလာပါလိမ့်မယ်။
(၂) ဘဝရဲ့ ရည်မှန်းချက်ကို သတိရပါ
သင့်ကို တွန်းအားပေးနေတာက ဘယ်အရာလဲ။
“မနက်နိုးနိုးခြင်းမှာ စဉ်းစားမိတဲ့ ရည်မှန်းချက်က ဘာလဲ”
ဆိုတာ သိအောင်လုပ်ပါ။
ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင်
သင့်ရဲ့ ရည်မှန်းချက်အတွက် နောက်ပြန် မလှည့်ဘဲ ရှေ့ကို ဆက်လျှောက်ပါ။
(၃) စိတ်ခံစားချက်တွေကို လက်ခံဖို့ သတိရပါ
တခါတလေ စိတ်က ဖြစ်နေတာကို အရှိအတိုင်း လက်ခံပေးပါ။
အတင်းကြီး ထိန်းချုပ်ထားတာမျိုး မလုပ်ဘဲ
အလိုက်သင့်လေး ဖြစ်အောင် နေကြည့်ပေးပါ။
(၄) မိသားစုနဲ့ သူငယ်ချင်းတွေ သင့်ဘေးမှာ ရှိနေပါတယ်
ဘဝမှာ မှောင်မိုက်တဲ့ နေ့ရက်တွေကို တယောက်တည်း
ရင်မဆိုင်ဘဲ ချစ်ခင်ရတ သူတွေဆီမှာ ရင်ဖွင့်ကြည့်ပါ။
သင့်ကို နားလည်ပေးနိုင်မယ့်သူ တယောက်ပဲ ရှိရင်တောင်
အဲဒီလူနဲ့အတူ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
(၅) ကောင်းမွန်တဲ့ အမှတ်တရတွေကို ပြန်တွေးပေးပါ
စိတ်ထိခိုက်နေချိန်မှာ အရင်က
ပျော်ရွှင်စရာကောင်းတဲ့ အရာတွေ ပြန်တွေးပေးပါ။
သင့်ခွေးလေးနဲ့ အတူဆော့တာ ဖြစ်ဖြစ်၊
အကြိုက်ဆုံး ရုပ်ရှင်ကားတကား ကြည့်ခဲ့ရတာ ဖြစ်ဖြစ်ပေ့ါ။
(၆) သင့်ကို ပျော်ရွှင်မှုပေးနိုင်တဲ့ အလုပ်အပေါ် အာရုံစိုက်ပါ
ငွေနောက်ပဲ အမြဲလိုက်ပြီး အလုပ်လုပ်မယ့်အစား
သင့်ကို ပျော်ရွှင်စေမယ့် အလုပ်တခု အပေါ်လည်း အာရုံစိုက် သင့်ပါတယ်။
အားလပ်ချိန် မရှိရင်တောင် ဝါသနာပါတဲ့ အလုပ်အတွက်
အချိန်တခု သတ်မှတ်ပြီး တစိုက်မတ်မတ် လုပ်သင့်ပါတယ်။
(၇) ျဖစ္လာသမွ် အားလုံးဟာ ခဏပါပဲ
“ပျော်ခြင်း၊ ဝမ်းနည်းခြင်း၊ ချစ်ခြင်း၊ မုန်းခြင်း” တွေဟာ ယာယီပါပဲ။
ဘယ်အရာမှ အမြဲ မတည်မြဲဘူး ဆိုတာ နှလုံးသွင်းနိုင်မယ်ဆိုရင်
လက်ရှိဖြစ်နေတဲ့ ပြဿနာအပေါ် စိတ်ဖြေသွားနိုင်မှာပါ။
လူတိုင်း ဝမ်းနည်း၊ စိတ်ထိခိုက် ရတဲ့အချိန်တွေမှာ အလွယ်တကူ လက်လျှော့
အရှုံးမပေးဘဲ အထက်မှာ ရေးခဲ့တဲ့ အချက်တွေကို သေချာထည့် စဉ်းစားပြီး
ရင့်ကျက်တည်ငြိမ်တဲ့ စိတ်ထားတခု ပိုင်ဆိုင်နိုင်ဖို့ အကြံပြု ရေးသားလိုက်ပါတယ်။
Unicode
စိတ်ထိခိုက် ၊ စိတ်ညစ်နေချိန်မှာ သတိရသင့်တဲ့ အကြောင်းအရာ ၇ ခု
တခါတလေ အကြောင်းပြချက် မရှိဘဲ
“လူတွေအားလုံးက ကိုယ့်ဘက်မှာ မရှိဘူး၊
တလောကလုံးမှာ ကိုယ့်လောက် အသုံးမကျတဲ့သူ ၊
ကံဆိုးတဲ့သူ မရှိဘူးရယ်” လို့ တွေးမိတဲ့
အခိုက်အတန့် လူတိုင်းမှာ ရှိကြမှာပါ။
အမြဲတမ်း ပျော်ချင်ပေမယ့် မပျော်ရသလို စိတ်ခံစားမှုတွေ
ပြင်းထန်ပြီး အလိုလို ဝမ်းနည်းမိတဲ့ ကာလကို ဖြတ်ကျော်ဖို့အတွက်
အောက်ပါ အချက်တွေကို သတိရသင့်ပါတယ်။
(၁) နာကျင်မှုမရှိဘဲ မရင့်ကျက်နိုင်ပါဘူး
ဘဝမှာ ကြုံလာရတဲ့ အခက်အခဲ ဒုက္ခတွေကသာ
သင့်ကို ရင့်ကျက်တဲ့ လူတယောက်အဖြစ် ပြောင်းလဲ ပေးမှာပါ။
ဝမ်းနည်းစရာ အဖြစ်အပျက်တွေကို ဖြတ်ကျော်ပြီးတဲ့နောက်
သင်ဟာ မထင်မှတ်ထား လောက်အောင် သန်မာလာပါလိမ့်မယ်။
(၂) ဘဝရဲ့ ရည်မှန်းချက်ကို သတိရပါ
သင့်ကို တွန်းအားပေးနေတာက ဘယ်အရာလဲ။
“မနက်နိုးနိုးခြင်းမှာ စဉ်းစားမိတဲ့ ရည်မှန်းချက်က ဘာလဲ”
ဆိုတာ သိအောင်လုပ်ပါ။
ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာတောင်
သင့်ရဲ့ ရည်မှန်းချက်အတွက် နောက်ပြန် မလှည့်ဘဲ ရှေ့ကို ဆက်လျှောက်ပါ။
(၃) စိတ်ခံစားချက်တွေကို လက်ခံဖို့ သတိရပါ
တခါတလေ စိတ်က ဖြစ်နေတာကို အရှိအတိုင်း လက်ခံပေးပါ။
အတင်းကြီး ထိန်းချုပ်ထားတာမျိုး မလုပ်ဘဲ
အလိုက်သင့်လေး ဖြစ်အောင် နေကြည့်ပေးပါ။
(၄) မိသားစုနဲ့ သူငယ်ချင်းတွေ သင့်ဘေးမှာ ရှိနေပါတယ်
ဘဝမှာ မှောင်မိုက်တဲ့ နေ့ရက်တွေကို တယောက်တည်း
ရင်မဆိုင်ဘဲ ချစ်ခင်ရတ သူတွေဆီမှာ ရင်ဖွင့်ကြည့်ပါ။
သင့်ကို နားလည်ပေးနိုင်မယ့်သူ တယောက်ပဲ ရှိရင်တောင်
အဲဒီလူနဲ့အတူ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
(၅) ကောင်းမွန်တဲ့ အမှတ်တရတွေကို ပြန်တွေးပေးပါ
စိတ်ထိခိုက်နေချိန်မှာ အရင်က
ပျော်ရွှင်စရာကောင်းတဲ့ အရာတွေ ပြန်တွေးပေးပါ။
သင့်ခွေးလေးနဲ့ အတူဆော့တာ ဖြစ်ဖြစ်၊
အကြိုက်ဆုံး ရုပ်ရှင်ကားတကား ကြည့်ခဲ့ရတာ ဖြစ်ဖြစ်ပေါ့။
(၆) သင့်ကို ပျော်ရွှင်မှုပေးနိုင်တဲ့ အလုပ်အပေါ် အာရုံစိုက်ပါ
ငွေနောက်ပဲ အမြဲလိုက်ပြီး အလုပ်လုပ်မယ့်အစား
သင့်ကို ပျော်ရွှင်စေမယ့် အလုပ်တခု အပေါ်လည်း အာရုံစိုက် သင့်ပါတယ်။
အားလပ်ချိန် မရှိရင်တောင် ဝါသနာပါတဲ့ အလုပ်အတွက်
အချိန်တခု သတ်မှတ်ပြီး တစိုက်မတ်မတ် လုပ်သင့်ပါတယ်။
(၇) ဖြစ်လာသမျှ အားလုံးဟာ ခဏပါပဲ