အခ်စ္ေရး

ပါးစပ်ကနေပဲချစ်ပြပြီးတကယ်မချစ်တဲ့ယောကျာ်းတွေရဲ့ အမူအကျင့်များ

ချစ်သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ဂရုစိုက်၊နွေးထွေးကြပါတယ်။ ပါးစပ်ကနေချစ်တယ်လို့ တဖွဖွပြောနေပြီး လက်တွေ့မှာ ဂရုမစိုက်တာဟာ တကယ်မချစ်လို့ဆိုတာပြောစရာတောင်မလိုပါဘူး။ သင့်ကိုသင့်ရဲ့ချစ်သူက ပါးစပ်ကနေပဲချစ်ပြနေပြီး တကယ်မချစ်ဘူး၊ သင်နဲ့ပတ်သက်တာတွေကို ဂရုမစိုက်ဘူးဆိုတာ ဒီအချက်တွေက သက်သေပါပဲ။

(၁) သင့်အတွက်အချိန်မပေးဘူး

ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်က ဘယ်လောက်ပဲအလုပ်များများ ကိုယ့်အတွက်အချိန်ပေးဖို့ကြိုးစားပါတယ်၊ အချိန်လည်းပေးနိုင်ပါတယ်။ အချိန်မရှိဘူး၊ မအားဘူး၊ အလုပ်တွေများနေတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ တကယ်မချစ်တဲ့သူ၊ သူတို့ဂရုမစိုက်တဲ့သူတွေကို ပေးတတ်တဲ့ဆင်ခြေပါ။ တကယ်ချစ်တဲ့သူဟာ သူချစ်တဲ့သူအတွက် လိုလိုလားလားကို အချိန်ပေးတတ်ကြပါတယ်။

(၂) အရာအားလုံးအတွက်သင့်ကိုအပြစ်တင်တတ်တယ်

ချစ်တဲ့စိတ်နဲ့ကြည့်ရင် အပြစ်ရယ်လို့ မမြင်ဘဲ အရာအားလုံးကခွင့်လွှတ်ချင်စရာပါ။ မချစ်တဲ့သူအတွက်ကတော့ ဘာလုပ်လုပ်အပြစ်တွေမြင်နေမှာပါပဲ။ ဒါကြောင့် သင့်ကိုချစ်တယ်လို့ပြောပြီး သင့်ရဲ့ကောင်းကွက်တွေကိုမမြင်ဘဲ အပြစ်တွေပဲမြင်နေတဲ့သူအတွက် ခံစားနေမယ်ဆိုရင် မတန်ပါဘူး။

(၃) ဘာလုပ္လုပ္မတိုင္ပင္ဘူး

လူတစ်ယောက်ကတကယ်ချစ်မိသွားပြီဆိုရင် ဘာပဲလုပ်လုပ်သူချစ်တဲ့သူကိုတိုင်ပင်ချင်တယ်၊ ချစ်တဲ့သူရဲ့အမြင်ကိုသိချင်တယ်၊ ချစ်တဲ့သူရဲ့ထောက်ခံအားပေးမှုကိုလိုချင်ပါတယ်။ ဒါကြောင့် သင့်ကိုတကယ်ချစ်တယ်၊ ဂရုစိုက်တယ်ဆိုရင် သင့်ကိုအမြဲတိုင်ပင်ပါလိမ့်မယ်။ ဘာပဲလုပ်လုပ်မတိုင်ပင်ဘူး၊ သင့်ကိုမသိတောင်မပေးဘူးဆိုရင်တော့ သူဟာသင့်ကို ဂရုလည်းမစိုက်သလို ချစ်လည်းမချစ်ပါဘူး။

(၄) သင်ပျော်ရွှင်အောင်မလုပ်ပေးဘူး

ချစ်မိသွားတဲ့သူတစ်ယောက်က သူချစ်ရတဲ့သူပျော်ရွှင်ဖို့ စဉ်းစားပေးတယ်၊ ချစ်ရသူပျော်ရွှင်အောင် ဘာလုပ်ပေးရမလဲ အမြဲတွေးပေးတယ်။ သူ့ဘက်က သင်ပျော်တာမပျော်တာတွေစိတ်မဝင်စားဘူး၊ သင်ပျော်အောင်လည်း တစ်ခါမှ မလုပ်ပေးဖူးဘူးဆိုရင်တော့ သင့်ကိုချစ်တယ်ဆိုတာ အလိမ်အညာတွေပဲဖြစ်ပါလိမ့်မယ်။

(၅) သင်အဆင်ပြေ၊မပြေ စိတ်မဝင်စားဘူး

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို အဆင်ပြေပျော်ရွှင်နေတာကိုပဲမြင်ချင်ကြပြီး သူ့တစ်နေ့တာကို ဘယ်လိုဖြတ်သန်းလဲ၊ တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လိုစိတ်ညစ်စရာတွေနဲ့ကြုံနေလဲ စသဖြင့် တွေးပေးတတ်ပါတယ်။ တကယ်လို့ သင်အဆင်ပြေ၊မပြေစိတ်မဝင်စားဘူး၊ အဆင်ပြေရဲ့လားလို့တောင်မမေးဘူး၊ သင်ရင်ဖွင့်တာတွေကိုလည်း ဘယ်တော့မှနားမထောင်တတ်ဘူးဆိုရင်တော့ သူဟာ သင့်ကိုမချစ်ပါဘူး။

(၆) တခြားမိန်းမတွေနဲ့ရောတယ်

ဘယ်လောက်ပဲရှုပ်ပွေတဲ့ယောကျာ်းတစ်ယောက်ဖြစ်ပါစေ။ သူတကယ်ချစ်တဲ့သူနဲ့တွေ့တဲ့အခါ သူချစ်တဲ့သူကသူ့ကိုလူရှုပ်၊လူပွေတစ်ယောက်လို့ မြင်သွားမှာကိုစိုးရိမ်ပြီး အနေအထိုင်ဆင်ခြင်တတ်ပါတယ်။ ကိုယ်ချစ်တဲ့သူအရှေ့မှာမပြောနဲ့ ကွယ်ရာမှာတောင် တခြားမိန်းမတွေနဲ့ရောတာမျိုးမလုပ်ဘဲ စောင့်ထိန်းတတ်ပါတယ်။ သင့်ကို ချစ်ပါတယ်လို့ပြောနေပြီး သင့်အရှေ့မှာတောင်တခြားမိန်းမတွေနဲ့ရောနှောနေတယ်ဆိုရင်တော့ သူဟာ သင့်ကိုဂရုမစိုက်ဘူးဆိုတာ ပေါ်လွင်နေပါပြီ။

Credit

Unicode

(၃) ဘာလုပ်လုပ်မတိုင်ပင်ဘူး