(Zawgyiျဖင့္ ဖတ္ရန္)
“ေရဝတီ” ကို ေမြးဖြားေပးခဲ့တဲ့ “စက္စက္ယို”ရြာေလးမွာ ရြာလံုးကြၽတ္မုန႔္ဟင္းခါး ဒါနျပဳခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ မင္းသမီးေခ်ာေလး နန္းစႏၵာလွထြန္း
ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ့အခ်စ္ေတာ္ျဖစ္တဲ့ သရုပ္ေဆာင္မင္းသမီးေခ်ာေလး နန္းစႏၵာလွထြန္းကေတာ့ မေန့က အလႉေလးတစ္ခုျပဳလုပ္ခဲ့ေၾကာင္း

သူမရဲ့လူမႈကြန္ရက္ ေဖ့ဘုတ္စ္ စာမ်က္ႏွာထက္ ကေန မ်ွေဝလာခဲ့ပါတယ္ေနာ္။ အလႉေလးကေတာ့ ဆံရစ္ဝိုင္းေလးေတြ ရိွတဲ့ စက္စက္ယိုရြာေလးမွာ ျပဳလုပ္ခဲ့တာ ပဲျဖစ္ပါတယ္။
စက္စက္ယို ရြာေလးကေတာ့ နန္းစႏၵာလွထြန္းကို “ေရဝတီ”ရယ္လို႔ ပရိသတ္ေတြ အားေပး လက္ခံေစခဲ့တဲ့ “ပဉၥလက္ရြာ” ရိုက္ကူးခဲ့တဲ့ ရြာေလးပဲျဖစ္ ပါတယ္။
နန္းစႏၵာလွထြန္းဟာ ဆိုရင္ အညာေဒသဘက္ကို ေရာက္တိုင္း “စက္စက္ယို” ရြာေလးကို ေရာက္ျဖစ္ေလ့ရိွၿပီး ေရာက္တိုင္းလည္း အလႉေလးတစ္ခုေတာ့ ရေအာင္ျပဳလုပ္ေလ့ ရိွပါတယ္။

အခုတစ္ေခါက္မွာေတာ့ နန္းစႏၵာလွထြန္းက ရြာက မုန႔္ဟင္းခါးကို လြမ္းေနတာနဲ႔ အလြမ္းေျပ ရြာလံုးကြၽတ္ မုန႔္ဟင္းခါးဒါန ျပဳခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ
ေရဝတီေလးကေတာ့ သူ႔ရဲ့ေအာင္ေျမလို ျဖစ္ခဲ့ေသာ စက္စက္ယိုရြာေလးမွာ အလႉေလး ျပဳလုပ္ႏိုင္ခဲ့ၿပီး အလႉေလးကို ပီတိေတြ ျဖစ္ေနခဲ့ပါတယ္ေနာ္။

ပရိသတ္ႀကီးအေနနဲ႔ေကာ ေရဝတီေလးကို ခ်စ္ၾကေသးရဲ့လား ေျဖခဲ့ေပးရင္း ေရဝတီေလးရဲ့ အလႉကို ဝမ္းေျမာက္ဝမ္းသာ သာဓုေခၚဆို ေပးခဲ့ၾကပါအံုးေနာ္။

(Unicodeဖြင့် ဖတ်ရန်)
“ရေဝတီ” ကို မွေးဖွားပေးခဲ့တဲ့ “စက်စက်ယို”ရွာလေးမှာ ရွာလုံးကျွတ်မုန့်ဟင်းခါး ဒါနပြုခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး နန်းစန္ဒာလှထွန်း
ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ မနေ့က အလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း
သူမရဲ့လူမှုကွန်ရက် ဖေ့ဘုတ်စ် စာမျက်နှာထက် ကနေ မျှဝေလာခဲ့ပါတယ်နော်။ အလှူလေးကတော့ ဆံရစ်ဝိုင်းလေးတွေ ရှိတဲ့ စက်စက်ယိုရွာလေးမှာ ပြုလုပ်ခဲ့တာ ပဲဖြစ်ပါတယ်။

စက်စက်ယို ရွာလေးကတော့ နန်းစန္ဒာလှထွန်းကို “ရေဝတီ”ရယ်လို့ ပရိသတ်တွေ အားပေး လက်ခံစေခဲ့တဲ့ “ပဉ္စလက်ရွာ” ရိုက်ကူးခဲ့တဲ့ ရွာလေးပဲဖြစ် ပါတယ်။
နန်းစန္ဒာလှထွန်းဟာ ဆိုရင် အညာဒေသဘက်ကို ရောက်တိုင်း “စက်စက်ယို” ရွာလေးကို ရောက်ဖြစ်လေ့ရှိပြီး ရောက်တိုင်းလည်း အလှူလေးတစ်ခုတော့ ရအောင်ပြုလုပ်လေ့ ရှိပါတယ်။

အခုတစ်ခေါက်မှာတော့ နန်းစန္ဒာလှထွန်းက ရွာက မုန့်ဟင်းခါးကို လွမ်းနေတာနဲ့ အလွမ်းပြေ ရွာလုံးကျွတ် မုန့်ဟင်းခါးဒါန ပြုခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ
ရေဝတီလေးကတော့ သူ့ရဲ့အောင်မြေလို ဖြစ်ခဲ့သော စက်စက်ယိုရွာလေးမှာ အလှူလေး ပြုလုပ်နိုင်ခဲ့ပြီး အလှူလေးကို ပီတိတွေ ဖြစ်နေခဲ့ပါတယ်နော်။

ပရိသတ်ကြီးအနေနဲ့ကော ရေဝတီလေးကို ချစ်ကြသေးရဲ့လား ဖြေခဲ့ပေးရင်း ရေဝတီလေးရဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆို ပေးခဲ့ကြပါအုံးနော်။



