ငွေရမယ်ဆိုရင် သူများတွေ ဘာပဲဖြစ်ဖြစ် မဟုတ်တာ အကုန်လုပ်မယ့် မြန်မာပြည်က လောဘသားများ
ငွေရမယ်ဆိုရင် သူများတွေ ဘာပဲဖြစ်ဖြစ် မဟုတ်တာ အကုန်လုပ်မယ့် မြန်မာပြည်က ဝိသမလောဘသားများ.. မြန်မာပြည်မှာ စားစရာ မှန်သမျှ ဓာတုဆေးနဲ့ လွတ်တာ မရှိကြတော့ဘူးလား။ ပျက်စီးရာ လမ်းကြောင်းသွားနေကြပြီလား တွေ့နေတာတော့ကြာပါပြီ။ ခရမ်းချဉ်သီးခူးနေတဲ့ တောင်သူတွေ့တော့ စပ်စုကြည့်မိတယ်။ ဘာကြောင့် ခရမ်းချဉ်သီးကို အစိမ်းခူးသလဲဆိုတာကိုပါ။ သူတို့ အဆိုက အစိမ်းခူးရင် အပျက်အစီးမရှိဘူး ပွဲရုံမှာအထားခံတယ်။ ဈေးစောင့်လို့ရတယ်။
ဈေးမကောင်း သေးရင် မမှည့်နဲ့ဦး အမိန့်ပေးလို့ရတယ်။ သယ်ယူပို့ ဆောင်တဲ့ဒဏ်ခံနိုင်တယ်။ ဘယ်နေ့မှည့်ချင်လဲ မှည့်ချင်တဲ့နေ့ မှည့်ခိုင်း လို့ရတယ်တဲ့။ ဒါကိုပွဲရုံက ကွန်ထရိုး လုပ်တယ်တဲ့။ ပွဲရုံတွေက ဈေးကွက်မပို့မှီ ကပ်ပြီး ဆေးဖျန်းပြီး မှည့်စေတာပါ။ အထိန်းအကွပ် မရှိ ပိုက်ဆံရမယ်ဆိုဘာလုပ်ရ လုပ်ရ စားသုံးသူ ကျန်းမာရေးကို သူတို့မစဉ်းစား။ တွေးကြည့်ရင် ရင်လေးပါတယ်။
(Than Nyunt Swe)
နောက်သတင်းတခုက တရုတ်ပြည်ထုတ် ကြက်သွန်ဖြူတွေမှာ ဓာတုဆေး အများအပြား သုံးထားတယ်ဆိုတာပါ။ ဈေးထဲမှာ ရောင်းနေတဲ့ အမွှာကြီးကြီး ကြက်သွန်ဖြူတွေကို အရင်က ရှမ်းကြက်သွန်ဖြူလို့ ထင်ထားခဲ့ပါတယ်။ နောက်မှ သိရတာက ရှမ်းကြက်သွန်ဖြူတွေ မဟုတ်ပါဘူး။ တရုတ်က လာတဲ့ ကြက်သွန်ဖြူတွေလို့ သိရပါတယ်။ အောက်ပါသတင်းကတော့ သြစတြေးလျက ကြက်သွန်ဖြူအဖွဲ့ က ဟင်နရီဘဲလ်ရဲ့ တွေ့ရှိချက်ကို ကိုးကားပြီး ရေးထားတာပါ။
တရုတ်ကြက်သွန်ဖြူတွေကို အရောင်ချွတ်ဆေးသုံးထားပါတယ်။ ကြက်သွန်ဖြူကို ပိုးသတ်မထားတဲ့ စွန့်ပစ်ညစ်ညမ်းရေမှာ စိုက်ပျိုးပြီး ထွက်ရှိလာတဲ့အခါ အညှောင့်မပေါက်အောင်၊ ဖြူဖွေးနေအောင်၊ ပိုးမကျအောင် ဓါတုဆေးဖျန်းထားပါတယ်။
တရုတ် ကြက်သွန်ဖြူမှာ ရှိတဲ့ ဓါတုဆေးဟာ အရောင်ချွတ်ဆေး (ကလိုရင်း) ထက် အဆ ၆၀ ပြင်းထန်ပြီး အာရုံကြောနဲ့ အသက်ရှုလမ်းကြောင်းတွေကို ထိခိုက်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ပြည်တွင်းထုတ်ကုန်ကို သုံးစွဲခြင်းပါတဲ့။
တရုတ်ပြည်က ထွက်တဲ့ ဂျင်း ကြက်သွန်ဖြူတွေဟာ ကမ္ဘာအနှံ့ကို သွားပါတယ်။ ဘယ်လိုတင်ပို့ ရောင်းချသလဲဆိုတာ မသိပေမဲ့ လှပဖြူဖွေးပြီး ဈေးအလွန်ပေါပါတယ်။
GMO (မျိူးရိုးဗီဇပြောင်းလဲထားပြီးသား) တွေပဲ နေမှာပါ။ ပြည်တွင်းမှာ စိုက်ပျိုးတဲ့ သီးနှံတွေရဲ့ အထွက်နှုန်းက ပြည်တွင်း စားသုံးမှုကို မလုံလောက်တဲ့ အခါ အိမ်နီးချင်း နိုင်ငံတွေကနေ တင်သွင်းကြရပါတယ်။ ဒါပေမယ့် ဝိသမလောဘသား ကုန်သည်တချို့ကတော့ အခွန်ဆောင်ရမှာ စိုးရိမ်တဲ့ အတွက်ကြောင့် မှောင်ခိုလမ်းကြောင်းကနေ စားသောက်ကုန်တွေကို သယ်ဆောင်ပြီး နိုင်ငံတွင်းကို တင်ပို့လေ့ ရှိကြပါတယ်။ မှောင်ခိုပစ္စည်းတွေ ဖြစ်တဲ့ အတွက်ကြောင့် FDA ရဲ့ စစ်ဆေးမှုတွေလည်း မပါဝင်ပါဘူး။
အဲဒါကြောင့် မှောင်ခိုသွင်းတဲ့ စားသောက်ကုန် ပစ္စည်းအများစုဟာ အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေ ဖြစ်နေလေ့ ရှိပါတယ်။ အထူးသဖြင့် အေးခဲ အသားနဲ့ သီးနှံလိုမျိုး စားသောက်ကုန်တွေဟာ အရည်အသွေး မပြည့်မီရင် လူကို တိုက်ရိုက် ဒုက္ခပေးနိုင်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ အဲဒါကြောင့် နယ်စပ် ကုန်သွယ်လမ်းကြောင်းတွေကို လုံခြုံအောင် အစိုးရအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုသလို မိမိတို့ ပြည်သူတွေဖက်ကလည်း ဘာတွေနဲ့ လုပ်ထားမှန်း မသိတဲ့ တရုတ်ပြည်ကနေ လာတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ဖို့ လိုတဲ့အကြောင်းကို အသိပေး ရေးသားလိုက်ပါတယ် ခင်ဗျာ။
Aung Than Oo, KTKZ
ေငြရမယ္ဆိုရင္ သူမ်ားေတြ ဘာပဲျဖစ္ျဖစ္ မဟုတ္တာ အကုန္လုပ္မယ့္ ျမန္မာျပည္က ေလာဘသားမ်ား
ေငြရမယ္ဆိုရင္ သူမ်ားေတြ ဘာပဲျဖစ္ျဖစ္ မဟုတ္တာ အကုန္လုပ္မယ့္ ျမန္မာျပည္က ဝိသမေလာဘသားမ်ား.. ျမန္မာျပည္မွာ စားစရာ မွန္သမၽွ ဓာတုေဆးနဲ႔ လြတ္တာ မရွိၾကေတာ့ဘူးလား။ ပ်က္စီးရာ လမ္းေၾကာင္းသြားေနၾကၿပီလား ေတြ႕ေနတာေတာ့ၾကာပါၿပီ။ ခရမ္းခ်ဥ္သီးခူးေနတဲ့ ေတာင္သူေတြ႕ေတာ့ စပ္စုၾကည့္မိတယ္။ ဘာေၾကာင့္ ခရမ္းခ်ဥ္သီးကို အစိမ္းခူးသလဲဆိုတာကိုပါ။ သူတို႔ အဆိုက အစိမ္းခူးရင္ အပ်က္အစီးမရွိဘူး ပြဲ႐ုံမွာအထားခံတယ္။ ေဈးေစာင့္လို႔ရတယ္။
ေဈးမေကာင္း ေသးရင္ မမွည့္နဲ႔ဦး အမိန႔္ေပးလို႔ရတယ္။ သယ္ယူပို႔ ေဆာင္တဲ့ဒဏ္ခံနိုင္တယ္။ ဘယ္ေန႔မွည့္ခ်င္လဲ မွည့္ခ်င္တဲ့ေန႔ မွည့္ခိုင္း လို႔ရတယ္တဲ့။ ဒါကိုပြဲ႐ုံက ကြန္ထရိုး လုပ္တယ္တဲ့။ ပြဲ႐ုံေတြက ေဈးကြက္မပို႔မွီ ကပ္ၿပီး ေဆးဖ်န္းၿပီး မွည့္ေစတာပါ။ အထိန္းအကြပ္ မရွိ ပိုက္ဆံရမယ္ဆိုဘာလုပ္ရ လုပ္ရ စားသုံးသူ က်န္းမာေရးကို သူတို႔မစဥ္းစား။ ေတြးၾကည့္ရင္ ရင္ေလးပါတယ္။
(Than Nyunt Swe)
ေနာက္သတင္းတခုက တ႐ုတ္ျပည္ထုတ္ ၾကက္သြန္ျဖဴေတြမွာ ဓာတုေဆး အမ်ားအျပား သုံးထားတယ္ဆိုတာပါ။ ေဈးထဲမွာ ေရာင္းေနတဲ့ အမႊာႀကီးႀကီး ၾကက္သြန္ျဖဴေတြကို အရင္က ရွမ္းၾကက္သြန္ျဖဴလို႔ ထင္ထားခဲ့ပါတယ္။ ေနာက္မွ သိရတာက ရွမ္းၾကက္သြန္ျဖဴေတြ မဟုတ္ပါဘူး။ တ႐ုတ္က လာတဲ့ ၾကက္သြန္ျဖဴေတြလို႔ သိရပါတယ္။ ေအာက္ပါသတင္းကေတာ့ ၾသစေၾတးလ်က ၾကက္သြန္ျဖဴအဖြဲ႕ က ဟင္နရီဘဲလ္ရဲ့ ေတြ႕ရွိခ်က္ကို ကိုးကားၿပီး ေရးထားတာပါ။
တ႐ုတ္ၾကက္သြန္ျဖဴေတြကို အေရာင္ခၽြတ္ေဆးသုံးထားပါတယ္။ ၾကက္သြန္ျဖဴကို ပိုးသတ္မထားတဲ့ စြန႔္ပစ္ညစ္ညမ္းေရမွာ စိုက္ပ်ိဳးၿပီး ထြက္ရွိလာတဲ့အခါ အေညႇာင့္မေပါက္ေအာင္၊ ျဖဴေဖြးေနေအာင္၊ ပိုးမက်ေအာင္ ဓါတုေဆးဖ်န္းထားပါတယ္။
တ႐ုတ္ ၾကက္သြန္ျဖဴမွာ ရွိတဲ့ ဓါတုေဆးဟာ အေရာင္ခၽြတ္ေဆး (ကလိုရင္း) ထက္ အဆ ၆၀ ျပင္းထန္ၿပီး အာ႐ုံေၾကာနဲ႔ အသက္ရႈလမ္းေၾကာင္းေတြကို ထိခိုက္ေစမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။ အေကာင္းဆုံးကေတာ့ ကိုယ့္ျပည္တြင္းထုတ္ကုန္ကို သုံးစြဲျခင္းပါတဲ့။
တ႐ုတ္ျပည္က ထြက္တဲ့ ဂ်င္း ၾကက္သြန္ျဖဴေတြဟာ ကမၻာအႏွံ့ကို သြားပါတယ္။ ဘယ္လိုတင္ပို႔ ေရာင္းခ်သလဲဆိုတာ မသိေပမဲ့ လွပျဖဴေဖြးၿပီး ေဈးအလြန္ေပါပါတယ္။
GMO (မ်ိဴးရိုးဗီဇေျပာင္းလဲထားၿပီးသား) ေတြပဲ ေနမွာပါ။ ျပည္တြင္းမွာ စိုက္ပ်ိဳးတဲ့ သီးႏွံေတြရဲ့ အထြက္ႏႈန္းက ျပည္တြင္း စားသုံးမႈကို မလုံေလာက္တဲ့ အခါ အိမ္နီးခ်င္း နိုင္ငံေတြကေန တင္သြင္းၾကရပါတယ္။ ဒါေပမယ့္ ဝိသမေလာဘသား ကုန္သည္တခ်ိဳ႕ကေတာ့ အခြန္ေဆာင္ရမွာ စိုးရိမ္တဲ့ အတြက္ေၾကာင့္ ေမွာင္ခိုလမ္းေၾကာင္းကေန စားေသာက္ကုန္ေတြကို သယ္ေဆာင္ၿပီး နိုင္ငံတြင္းကို တင္ပို႔ေလ့ ရွိၾကပါတယ္။ ေမွာင္ခိုပစၥည္းေတြ ျဖစ္တဲ့ အတြက္ေၾကာင့္ FDA ရဲ့ စစ္ေဆးမႈေတြလည္း မပါဝင္ပါဘူး။
အဲဒါေၾကာင့္ ေမွာင္ခိုသြင္းတဲ့ စားေသာက္ကုန္ ပစၥည္းအမ်ားစုဟာ အရည္အေသြး မျပည့္မီတဲ့ ပစၥည္းေတြ ျဖစ္ေနေလ့ ရွိပါတယ္။ အထူးသျဖင့္ ေအးခဲ အသားနဲ႔ သီးႏွံလိုမ်ိဳး စားေသာက္ကုန္ေတြဟာ အရည္အေသြး မျပည့္မီရင္ လူကို တိုက္ရိုက္ ဒုကၡေပးနိုင္တဲ့ အမ်ိဳးအစားေတြ ျဖစ္ပါတယ္။ အဲဒါေၾကာင့္ နယ္စပ္ ကုန္သြယ္လမ္းေၾကာင္းေတြကို လုံျခဳံေအာင္ အစိုးရအေနနဲ႔ ေဆာင္ရြက္ေပးဖို႔ လိုသလို မိမိတို႔ ျပည္သူေတြဖက္ကလည္း ဘာေတြနဲ႔ လုပ္ထားမွန္း မသိတဲ့ တ႐ုတ္ျပည္ကေန လာတဲ့ အစားအေသာက္ေတြကို ေရွာင္က်ဥ္ဖို႔ လိုတဲ့အေၾကာင္းကို အသိေပး ေရးသားလိုက္ပါတယ္ ခင္ဗ်ာ။
Aung Than Oo, KTKZ