ကြားသိရသမျှ

ဗမာစကားမတတ်ပေမယ့်လည်း အမေစုရဲ့မွေးနေ့အတွက် နေကောင်းလားမေမေ သီချင်းကို စာသားပြောင်းပြီး သီဆိုထားတဲ့ နိုင်ငံခြားသူရဲ့ဗီဒီယို

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကတော့ အခုချိန်ထိတိုင် ပြည်သူတွေရဲ့စိတ်ကို လွှမ်းမိုးထားနိုင်ဆဲဖြစ်ပြီး အရာရာအဆင်ပြေဖို့အတွက် အားတင်းထားကြတာဖြစ်ပါတယ်။

လူငယ်တချို့ကလည်း ရဲစွမ်းသတ္တိအပြည့်ရှိလို့ ကိုယ်ကျိုးစွန့်ပြီး တောထဲဝင်ရောက်ကာ တော်လှန်ရေးအတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။

ပြည်သူလူထုကတော့ အခုအရေးကိစ္စမှာ အားသွန်ခွန်စိုက်ပါဝင်ပေးကြတဲ့ ဘယ်သူ့ကိုမဆို ကျေးဇူးတင်နေကြပြီး သူတို့အန္တရာယ်ကင်းဖို့အတွက်လည်း ဆုတောင်းပေးနေကြတာဖြစ်ပါတယ်

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ခေါင်းဆောင်တွေအတွက်လည်း အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။

 

လာမည့် ဇွန်လ (၁၉)ရက်နေ့ကတော့ အမေစုရဲ့ အသက် (၇၆) နှစ်ပြည့် မွေးနေ့လေးဖြစ်လို့ ပြည်သူတွေကလည်း အစီအစဉတချို့ ပြုလုပ်ထားကြတာဖြစ်ပါတယ်။

ဒါ့အပြင် အမေစုရဲ့မွေးနေ့အတွက် အိန္ဒိယနိုင်ငံ၊မီဇိုးရမ်ပြည်နယ်ရဲ့ နာမည်ကြီးအဆိုတော် ရေဘက်ကာဆိုင်မောရီးကလည်း သီချင်းလက်ဆောင်သီဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ရေဘက်ကာဆိုင်မောရီးက မြန်မာစကားမတတ်ပေမယ့်လည်း မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပေးပြီး နွေဦးတော်လှန်ရေအတွက် သီချင်း (၄)ပုဒ်ကိုလည်း သီဆိုထားသေးတာဖြစ်ပါတယ်။အမေစုအတွက် သီဆိုပေးထားတဲ့ရေဘက်ကာဆိုင်မောရီးရဲ့ သီချင်းလေးကိုနားထောင်ပြီး ပြည်သူတချို့က အမေစုကို အရမ်းလွမ်းနေကြတာဖြစ်ပါတယ်

နေကောင်းလားမေမေသီချင်းလေးကို စာသားပြောင်းပြီး သီဆိုဂုဏ်ပြုထားတဲ့ ဗီဒီယိုကို ပြည်သူတွေနားဆင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder


Video Credit: Original Uploder