အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် မိုင်းဖုန်းဆရာတော်ကြီးဆီက ငြိမ်းချမ်းရေးအတွက် အားကိုး မျှော်လင့်ခဲ့
ဩဂုတ်လ ၇ ရက်နေ့။
ခူးဝါးဝုင်းဆုမ့် လို့ ရှမ်းတွေခေါ်ကြတဲ့ မိုင်းဖုန်းဆရာတော် နဲ့ ပတ်သက်လို့ ထူးခြားချက်တွေကို လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်လောက်ကတည်းက ကိုယ်တိုင်ကြုံတွေ့ ဖူးသူတွေ ရှိတယ်လို့ သိရပါတယ်။
အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ပင့်ဖိတ်ချက်အရ ၂၀၁၆ က နေပြည်တော်ကိုကြွခဲ့တဲ့ ဆရာတော်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နေအိမ်ကိုလည်း အဲဒီခရီးစဉ်အတွင်းမှာ ကြွရောက်ခဲ့သူပါ။
ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ ဆရာတော် အခြေစိုက်တဲ့ ရှမ်းပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း များတဲ့အပြင် ရှမ်းပြည်က အဖွဲ့အများစုက အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ် မထိုးသေးတဲ့ အပေါ် ဆရာတော်အနေနဲ့ တိုက်တွန်းပေးဖို့ဆိုတဲ့ ကိစ္စ တင်လျှောက်ခဲ့တယ်လို့ ရှမ်းအသိုင်းအဝိုင်းထဲမှာလည်း သတင်းတွေပျံ့ခဲ့ပါတယ်။ အဲဒီတုန်းက ဆရာတော်ကတော့ ဘာမှ ပြန်မပြောခဲ့ဘူးလို့ ဆိုပါတယ်။
ဆရာတော်ကို ကြည်ညိုတဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့က တာဝန်ရှိသူတဦးကတော့ ‘ ဆရာတော် အနေနဲ့ မအောင်မြင်နိုင်မှန်း ကြိုမြင်လို့ ဝင်မပါတာလည်း ဖြစ်နိုင်ခြေ ရှိတယ် ‘ လို့ မှတ်ချက်ပြုပါတယ်။
ငြိမ်းချမ်းရေး ဆရာတော်တပါးဖြစ်တဲ့ ကချင်ပြည်နယ်က ဝါရှောင်ဆရာတော်ကတော့’ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်ရင် ဖြစ်နိုင်တဲ့ ဆရာတော်တွေထဲမှာ မိုင်းဖုန်းဆရာတော်ပါတယ်လို့ သူ့အမြင်ကို မိန့်ပါတယ်။
‘ မိုင်းဖုန်းဆရာတော်ကို အသိုင်းအဝိုင်းအားလုံးက ကိုးကွယ်ချစ်ခင်လေးစားတယ်။ ဒါပေမယ့် အပစ်ရပ်ရေး ငြိမ်းချမ်းရေးဆိုတဲ့ ကိစ္စက တိုင်းရင်းသားလက်နက်ကိုင်တွေ တဘက်ထဲကိုပဲ ပြောလို့လည်း ပြီးတဲ့ ကိစ္စမဟုတ်ပါဘူး။
စစ်တပ်ကိုပြောနိုင်သူဆိုတော့ မိုင်းဖုန်းဆရာတော်ကိုလည်း စစ်တပ်က ခေါင်းဆောင်တွေက ကိုးကွယ်တော့ စစ်တပ်ကို ပြောရင် ဖြစ်နိုင်ခြေရှိနိုင်တာကို ဆိုလိုတာပါ ‘လို့ မိန့်ပါတယ်။
သူကြွရောက်ခဲ့တဲ့ ဒေသတွေကိုကြည့်ရင် တပြည်နယ်ထဲမှာ ပြည်နယ်ရရှိရေးတောင်းဆိုသူတွေနဲ့ အဲဒီတောင်းဆိုမှုတွေကို သိပ်မကြိုက်တဲ့ မျိုးနွယ်စုတွေရဲ့ နယ်မြေတွေပါသလို တချို့အဖွဲ့တွေဆိုရင် မတူညီတဲ့ မျိုးနွယ်စု အခြေပြု လက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ခိုက်ဖူးတဲ့ သမိုင်းသာဓကတွေလည်း ရှိနေတဲ့ နယ်မြေတွေကိုလည်း သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဒါတောင် ဆရာတော်ကိုယ်တိုင်က ရှမ်းတိုင်းရင်းသား ဖြစ်နေတာပါ။
‘ဆရာတော်က အမျက်ဒေါသ အညှိုးအတေးမထားတတ်ဘူး။ အခုအချိန်က စစ်ခေါင်းဆောင်ဟောင်း ဒကာ ဦးမောင်အေးက ရောဂါဝေဒနာလည်း ဖိစီးနေချိန်ဆိုတော့ အားပေးတဲ့အနေနဲ့ ကြွရောက်တာပါ။
မိုင်းဖုန်းကနေ စစ်အစိုးရလက်ထက် ဖိအားပေးခံရလို့ ဆရာတော်ဘုရား ထွက်ခွာသွားတုန်းကလည်း သူက ဝတ္တရားအနေနဲ့ ထွက်ခွာတာလို့ပဲ မိုင်းဖုန်းဆရာတော်က မိန့်ဖူးတယ် ‘လို့ ဦးဉာဏသီရိက ပြောပါတယ်။
ဘုန်းဘုန်းလည်း တအားအံ့ဩသွားတယ်၊ ခုနက မိန့်တဲ့ စကားအခုချက်ချင်းပဲ မှန်နေပါလားဆိုပြီးတော့ပါ။ တော်တော်လေးထူးဆန်းတာပေါ့၊ ဒီလိုထူးခြားချက်တွေရှိတဲ့ တခြားကိစ္စတွေတော့ အများကြီးရှိပါတယ် လို့ ဦးဉာဏသီရိက ပြောပါတယ်။
ထိုင်းနိုင်ငံက ဂူအတွင်း ပိတ်မိနေတဲ့ ကလေးတွေ လွတ်မြောက်ရေးအတွက် မိုင်းဖုန်းဆရာတော်က ဆုတောင်းမေတ္တာပေးခဲ့မှုနဲ့ ၂ ရက် ၃ ရက်လောက်နေရင်ပြန်တွေ့မယ်၊ အသက်ရှင်လျက် ရှိနေတယ် လို့ ဆရာတော်က မီဒီယာတွေကို မိန့်ကြားခဲ့မှု ကိစ္စတွေကတော့ လူမှုကွန်ယက်တွေအပြင် သတင်းမီဒီယာစာမျက်နှာသာမက လူပြောများတဲ့ အကြောင်းအရာတခုလည်း ဖြစ်နေခဲ့တာပါ။
ဘုန်းဘုန်းက ဆရာတော် ပြောထားပြီးဖြစ်လို့ ရှင်လျက်နဲ့ ပြန်တွေ့ရမယ်ဆိုတာ အစောကတည်းက ယုံကြည်ထားတယ် လို့လည်း ဦးဉာဏသီရိက ပြောပါတယ်။
ခူးဝါးဝုင်းဆုမ့်လို့ ခေါ်တွင်တဲ့ မိုင်းဖုန်းဆရာတော်ဘုရားဟာ အသက် ၁၁ နှစ်အရွယ်မှာ သာသနာ့ဘောင်ကို ဝင်ခဲ့ပြီး ယခု သက်တော် ၅၅ နှစ် ရှိနေပြီဖြစ်ပါတယ်။
တာချီလိတ်မြို့နယ် မိုင်းဖုန်းဇာတိဖြစ်ပါတယ်။ ဝါတွင်းဆိုရင် ဂူထဲမှာပဲ ဝါဝင်လေ့ရှိတဲ့ ဆရာတော်ပါ။
credit to myanmar celebrity club