ဗဟုသုတ

ခရမ်းချဉ်သီးရဲ့ အညှာဘေးက အပေါက်လေးကို ဓားနဲ့ လှီးထုတ်မလို့ လုပ်နေရင်း သေချာကြည့်လိုက်တော့ …

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ကိုေအာင္ႏိုင္တစ္ေယာက္ ညေန ထမင္းစားေတာ့ မလို႔ ေၾကာင္အိမ္ေလးကို ဖြင့္ၾကည့္ေတာ့

မနက္က အေမခ်က္ထားတဲ့ ဟင္းက သိပ္မက်န္ေတာ့တာ ေတြ႕ရတယ္ အံမယ္ သူ႔အဖို႔က ဟင္းမက်န္လည္း ကိစၥမရွိဘူး

ညေနဘက္ဆိုရင္ ၾကက္ဥကို ခရမ္းခ်ဥ္သီးေလး လွီးထည့္ၿပီး ဇြန္းနဲ႔ နာနာ ခေလာက္ၿပီးရင္ ဆီေလးနဲ႔ေၾကာ္ ထားတဲ့ ၾကက္ဥ ေမႊေၾကာ္ ပူပူေလးနဲ႔ ထမင္းစားရတာကို

သူက သိပ္သေဘာက်တာကလား ။ ဒါနဲ႔ကိုေအာင္ႏိုင္က ၾကက္ဥတစ္လုံးကို ပုဂံထဲ ေဖာက္ထည့္လိုက္ၿပီး ေရခဲေသတၱာထဲက ခရမ္းခ်ဥ္သီးတစ္လုံးကို ယူလာခဲ့တယ္

ၿပီးေတာ့ ေဘဇင္က ေရပိုက္ကို ဖြင့္ၿပီး ေရေဆးရင္းအမွတ္တမဲ့ ၾကည့္လိုက္ေတာ့ ခရမ္းခ်ဥ္သီးရဲ႕ အညႇာေဘးမွာ အေပါက္ေလး တစ္ေပါက္ ရွိေနတာကို သတိထားမိလိုက္တယ္

ေအာ္ ပိုးေဖာက္ထားတာဘဲလို႔ သူေတြးလိုက္တယ္။ အဲဒါနဲ႔ ကိုေအာင္ႏိုင္က ခရမ္းခ်ဥ္သီးက အေပါက္ေလးကိုဓားနဲ႔ လွီးထုတ္မလို႔ လုပ္ေနရင္း

ေသခ်ာၾကည့္လိုက္ေတာ့ အေပါက္ကေလးက စက္နဲ႔ ဝိုင္းထားသလား ထင္ရေအာင္ ညီညီညာညာ ဝိုင္းစက္စက္ေလး ျဖစ္ေနတယ္

သူ႔ရဲ႕ အေပါက္ထဲကို ေခ်ာင္းၾကည့္လိုက္ေတာ့ အထဲမွာ မဲေနတာေၾကာင့္ ကိုေအာင္ႏိုင္တစ္ေယာက္ ေတြသြားတယ္။ စိတ္ထဲမသိုးမသန႔္ျဖစ္လာလို႔

အဲဒီ ခရမ္းခ်ဥ္သီးကို ေဘးဖယ္ထားလိုက္ၿပီး ေနာက္ထပ္ ခရမ္းခ်ဥ္သီး တစ္လုံးကို ေရခဲ ေသတၱာထဲက သြားယူလာၿပီး ေရေဆးမယ္လုပ္ေတာ့

ဟင္ … ဒါကလည္းအေပါက္ေလးနဲ႔ပါလားဒါနဲ႔သူမသကၤာလို႔ ခရမ္းခ်ဥ္သီးေတြ အကုန္လုံးကို ေရခဲေသတၱာထဲက ထုတ္ၾကည့္ လိုက္တဲ့ အခါမွာ

ခရမ္းခ်ဥ္သီးအားလုံးမွာ အေပါက္ေတြက တစ္ပုံစံထဲ ပါေနတာ ေတြ႕ရတယ္။ ေနာက္ေတာ့ သူစဥ္းစားရင္း သေဘာေပါက္လာတယ္

အို ဘုရားေရ သူတို႔တေတြက ခရမ္းခ်ဥ္သီးေတာင္ အလႊတ္မေပးေတာ့ပါလား။ အဲဒီမွာ Facebook ေပၚမွာ အိမ္ရွင္မ ျဖစ္ဟန္တူတဲ့ အမ်ိဳးသမီးတစ္ေယာက္ ေရးထားတာကို သြားသတိ ရမိတယ္

အဲဒီ Facebook မွာ ဘာေရးထားသလဲ ဆိုေတာ့ အဲဒီ အမ်ိဳးသမီးက ေဈးကေန ငါးရံ႕ေလး ငါးေကာင္ဝယ္လာၿပီး ခ်က္ဖို႔ ျပင္ဆင္ေတာ့

ငါးအားလုံးရဲ႕ ပါးဟက္ ေအာက္တည့္တည့္မွာ အေပါက္ဝိုင္းဝိုင္းေလးေတြ ေတြ႕လို႔ စိတ္ထဲ မသကၤာတာနဲ႔ ပု႐ြက္ဆိတ္ေတြနား

ငါးကို ခ်ၾကည့္တဲ့အခါမွာ ပု႐ြက္ဆိတ္ေတြ တစ္ေကာင္မွ စားတာ မေတြ႕ဘူးတဲ့။

ဒါနဲ႔ သူလည္း မစားရဲေတာ့ဘဲ ဒီအတိုင္း ထားလိုက္တာ ေနာက္တစ္ရက္ ေရာက္တာေတာင္ ငါးေတြက ပုတ္မသြားဘူးတဲ့

ေအာ္ က်ေနာ္သိလိုက္ၿပီ အခုေခတ္ ေဈးသည္ ေတာ္ေတာ္မ်ားမ်ားဟာ ငါးေတြ ၾကက္ေတြ ပုဇြန္ေတြ ျမန္ျမန္ မပုတ္သိုးေအာင္

လူေသေတြကို ၾကာရွည္အထားခံေအာင္ သုံးတဲ့ ေဖာ္မလင္ကို ဒီအသားငါးေတြကို ထိုးေပးေနတာကိုး။ ဒီေဆးထိုးထားတဲ့ အသားငါးေတြကို က်ေနာ္တို႔ စားလိုက္ၿပီဆိုရင္ ဘာျဖစ္မယ္ ထင္ပါသလဲ

မိတ္ေဆြတို႔ အဲဒီအစာေတြကို အစာအိမ္က ခ်က္ၿပီး စုတ္ယူလို႔ရတဲ့ အဟာရမွန္သမွ်ကို ေကာင္းတာေရာ မေကာင္းတာေရာေသြးထဲကေနတဆင့္

အသည္းကို အရင္ဆုံး ေရာက္ရတယ္ အသည္းရဲ႕ တာဝန္က ေသြးထဲက အဆိပ္အေတာက္ေတြကို ဖယ္ထုတ္ၿပီး သန႔္စင္ေပးရတယ္

အဲလိုမ်ိဳး အသားေတြ စားပါမ်ားရင္ ၾကာလာေတာ့ က်ေနာ္တို႔တေတြရဲ႕ အသည္းကို ထိခိုက္လာတယ္

အဲလိုနည္းနဲ႔ လူေတြဟာ အေႏွးနဲ႔ အျမန္ အသည္း ေရာဂါေတြ ျဖစ္ကုန္ၾကမွာကို ဒီေဈးသည္ေတြ မသိၾကဘူးလားဗ်ာ သိေတာ့သိၾက မွာပါ

အခုဆိုရင္ က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ အသည္းေျခာက္ အသည္း ကင္ဆာ ေရဖ်င္းစြဲၿပီး အသည္းေရာဂါနဲ႔ ေသတဲ့သူေတြ ေတာ္ေတာ္ မ်ားေနၿပီဗ်

သူတို႔က ဆရာဝန္မဟုတ္ဘဲ ေဆးထိုးအပ္ကိုင္ၿပီး ေဆးထိုးေနမွေတာ့ ေဆးရဲ႕ဆိုးက်ိဳးေတြ လည္း မသိဘဲေတာ့ မေနေလာက္ဘူး

သူတို႔ေရာင္းတဲ့အသားေတြ အခ်ိန္မွီ မေရာင္းရရင္ ပုတ္ကုန္မွာစိုးလို႔ သိသိႀကီးနဲ႔ လုပ္တယ္ဆိုတာ ထင္ရွားေနတာပဲ ။ ဘယ့္နယ္ဗ်ာ အခုေတာ့ ခရမ္းခ်ဥ္သီးေတာင္ အလႊတ္မေပးၾကေတာ့ဘူး

ေအာ္ ဒီလိုလုပ္တဲ့ ေဈးသည္ေတြဟာ ဘယ္သူေသေသ ငေတမာရင္ ၿပီးေရာဆိုတဲ့ ဝိႆမ ေလာဘသားေတြတနည္းေျပာရရင္ လွ်ိဳ႕ဝွက္ လူသတ္သမားေတြလို႔ဘဲ ေျပာရေတာ့မယ္နဲ႔ တူတယ္

ကဲက်ေနာ္တို႔ ေရွ႕ေလွ်ာက္ ဘာေတြစားၾကမလဲ။ က်ေနာ္တို႔အားလုံး က်န္းမာေရးအတြက္ ေ႐ြးျခယ္စရာ အစားအစာေတြ ဒီကမာၻႀကီးမွာသိပ္ရွားပါးေနၿပီ

အင္း…ငါတို႔ လူသားေတြရဲ႕ ေရွ႕ေရးကေတာ့ ရင္ေလးစရာပါလားေနာ္ လို႔ ကိုေအာင္ႏိုင္က ေတြးေနရင္း

ခရမ္းခ်ဥ္သီးမပါဘဲ ခေလာက္ထားတဲ့ ၾကက္ဥကို ဆီေငြ႕ေတြ လႈိင္လႈိင္ ထြက္ေနၿပီျဖစ္တဲ့ ဒယ္အိုးထဲသို႔ ေလာင္းထည့္ရင္း အဆုတ္ထဲကေလပူမ်ားကို မႈတ္ထုတ္ လိုက္ပါေတာ့တယ္

စာဖတ္သူမိတ္ေဆြမ်ားအားလုံး က်န္းမာေရး ဗဟုသုတမ်ား ရၾက၍ ကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာၾကပါေစ

Credit

Unicode
ကိုအောင်နိုင်တစ်ယောက် ညနေ ထမင်းစားတော့ မလို့ ကြောင်အိမ်လေးကို ဖွင့်ကြည့်တော့

မနက်က အမေချက်ထားတဲ့ ဟင်းက သိပ်မကျန်တော့တာ တွေ့ရတယ် အံမယ် သူ့အဖို့က ဟင်းမကျန်လည်း ကိစ္စမရှိဘူး

ညနေဘက်ဆိုရင် ကြက်ဥကို ခရမ်းချဉ်သီးလေး လှီးထည့်ပြီး ဇွန်းနဲ့ နာနာ ခလောက်ပြီးရင် ဆီလေးနဲ့ကြော် ထားတဲ့ ကြက်ဥ မွှေကြော် ပူပူလေးနဲ့ ထမင်းစားရတာကို

သူက သိပ်သဘောကျတာကလား ။ ဒါနဲ့ကိုအောင်နိုင်က ကြက်ဥတစ်လုံးကို ပုဂံထဲ ဖောက်ထည့်လိုက်ပြီး ရေခဲသေတ္တာထဲက ခရမ်းချဉ်သီးတစ်လုံးကို ယူလာခဲ့တယ်

ပြီးတော့ ဘေဇင်က ရေပိုက်ကို ဖွင့်ပြီး ရေဆေးရင်းအမှတ်တမဲ့ ကြည့်လိုက်တော့ ခရမ်းချဉ်သီးရဲ့ အညှာဘေးမှာ အပေါက်လေး တစ်ပေါက် ရှိနေတာကို သတိထားမိလိုက်တယ်

အော် ပိုးဖောက်ထားတာဘဲလို့ သူတွေးလိုက်တယ်။ အဲဒါနဲ့ ကိုအောင်နိုင်က ခရမ်းချဉ်သီးက အပေါက်လေးကိုဓားနဲ့ လှီးထုတ်မလို့ လုပ်နေရင်း

သေချာကြည့်လိုက်တော့ အပေါက်ကလေးက စက်နဲ့ ဝိုင်းထားသလား ထင်ရအောင် ညီညီညာညာ ဝိုင်းစက်စက်လေး ဖြစ်နေတယ်

သူ့ရဲ့ အပေါက်ထဲကို ချောင်းကြည့်လိုက်တော့ အထဲမှာ မဲနေတာကြောင့် ကိုအောင်နိုင်တစ်ယောက် တွေသွားတယ်။ စိတ်ထဲမသိုးမသန့်ဖြစ်လာလို့

အဲဒီ ခရမ်းချဉ်သီးကို ဘေးဖယ်ထားလိုက်ပြီး နောက်ထပ် ခရမ်းချဉ်သီး တစ်လုံးကို ရေခဲ သေတ္တာထဲက သွားယူလာပြီး ရေဆေးမယ်လုပ်တော့

ဟင် … ဒါကလည်းအပေါက်လေးနဲ့ပါလားဒါနဲ့သူမသင်္ကာလို့ ခရမ်းချဉ်သီးတွေ အကုန်လုံးကို ရေခဲသေတ္တာထဲက ထုတ်ကြည့် လိုက်တဲ့ အခါမှာ

ခရမ်းချဉ်သီးအားလုံးမှာ အပေါက်တွေက တစ်ပုံစံထဲ ပါနေတာ တွေ့ရတယ်။ နောက်တော့ သူစဉ်းစားရင်း သဘောပေါက်လာတယ်

အို ဘုရားရေ သူတို့တတွေက ခရမ်းချဉ်သီးတောင် အလွှတ်မပေးတော့ပါလား။ အဲဒီမှာ Facebook ပေါ်မှာ အိမ်ရှင်မ ဖြစ်ဟန်တူတဲ့ အမျိုးသမီးတစ်ယောက် ရေးထားတာကို သွားသတိ ရမိတယ်

အဲဒီ Facebook မှာ ဘာရေးထားသလဲ ဆိုတော့ အဲဒီ အမျိုးသမီးက ဈေးကနေ ငါးရံ့လေး ငါးကောင်ဝယ်လာပြီး ချက်ဖို့ ပြင်ဆင်တော့

ငါးအားလုံးရဲ့ ပါးဟက် အောက်တည့်တည့်မှာ အပေါက်ဝိုင်းဝိုင်းလေးတွေ တွေ့လို့ စိတ်ထဲ မသင်္ကာတာနဲ့ ပုရွက်ဆိတ်တွေနား

ငါးကို ချကြည့်တဲ့အခါမှာ ပုရွက်ဆိတ်တွေ တစ်ကောင်မှ စားတာ မတွေ့ဘူးတဲ့။

ဒါနဲ့ သူလည်း မစားရဲတော့ဘဲ ဒီအတိုင်း ထားလိုက်တာ နောက်တစ်ရက် ရောက်တာတောင် ငါးတွေက ပုတ်မသွားဘူးတဲ့

အော် ကျနော်သိလိုက်ပြီ အခုခေတ် ဈေးသည် တော်တော်များများဟာ ငါးတွေ ကြက်တွေ ပုဇွန်တွေ မြန်မြန် မပုတ်သိုးအောင်

လူသေတွေကို ကြာရှည်အထားခံအောင် သုံးတဲ့ ဖော်မလင်ကို ဒီအသားငါးတွေကို ထိုးပေးနေတာကိုး။ ဒီဆေးထိုးထားတဲ့ အသားငါးတွေကို ကျနော်တို့ စားလိုက်ပြီဆိုရင် ဘာဖြစ်မယ် ထင်ပါသလဲ

မိတ်ဆွေတို့ အဲဒီအစာတွေကို အစာအိမ်က ချက်ပြီး စုတ်ယူလို့ရတဲ့ အဟာရမှန်သမျှကို ကောင်းတာရော မကောင်းတာရောသွေးထဲကနေတဆင့်

အသည်းကို အရင်ဆုံး ရောက်ရတယ် အသည်းရဲ့ တာဝန်က သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ထုတ်ပြီး သန့်စင်ပေးရတယ်

အဲလိုမျိုး အသားတွေ စားပါများရင် ကြာလာတော့ ကျနော်တို့တတွေရဲ့ အသည်းကို ထိခိုက်လာတယ်

အဲလိုနည်းနဲ့ လူတွေဟာ အနှေးနဲ့ အမြန် အသည်း ရောဂါတွေ ဖြစ်ကုန်ကြမှာကို ဒီဈေးသည်တွေ မသိကြဘူးလားဗျာ သိတော့သိကြ မှာပါ

အခုဆိုရင် ကျနော်တို့ မြန်မာနိုင်ငံမှာ အသည်းခြောက် အသည်း ကင်ဆာ ရေဖျင်းစွဲပြီး အသည်းရောဂါနဲ့ သေတဲ့သူတွေ တော်တော် များနေပြီဗျ

သူတို့က ဆရာဝန်မဟုတ်ဘဲ ဆေးထိုးအပ်ကိုင်ပြီး ဆေးထိုးနေမှတော့ ဆေးရဲ့ဆိုးကျိုးတွေ လည်း မသိဘဲတော့ မနေလောက်ဘူး

သူတို့ရောင်းတဲ့အသားတွေ အချိန်မှီ မရောင်းရရင် ပုတ်ကုန်မှာစိုးလို့ သိသိကြီးနဲ့ လုပ်တယ်ဆိုတာ ထင်ရှားနေတာပဲ ။ ဘယ့်နယ်ဗျာ အခုတော့ ခရမ်းချဉ်သီးတောင် အလွှတ်မပေးကြတော့ဘူး

အော် ဒီလိုလုပ်တဲ့ ဈေးသည်တွေဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ဝိဿမ လောဘသားတွေတနည်းပြောရရင် လျှို့ဝှက် လူသတ်သမားတွေလို့ဘဲ ပြောရတော့မယ်နဲ့ တူတယ်

ကဲကျနော်တို့ ရှေ့လျှောက် ဘာတွေစားကြမလဲ။ ကျနော်တို့အားလုံး ကျန်းမာရေးအတွက် ရွေးခြယ်စရာ အစားအစာတွေ ဒီကမ္ဘာကြီးမှာသိပ်ရှားပါးနေပြီ

အင်း…ငါတို့ လူသားတွေရဲ့ ရှေ့ရေးကတော့ ရင်လေးစရာပါလားနော် လို့ ကိုအောင်နိုင်က တွေးနေရင်း

ခရမ်းချဉ်သီးမပါဘဲ ခလောက်ထားတဲ့ ကြက်ဥကို ဆီငွေ့တွေ လှိုင်လှိုင် ထွက်နေပြီဖြစ်တဲ့ ဒယ်အိုးထဲသို့ လောင်းထည့်ရင်း အဆုတ်ထဲကလေပူများကို မှုတ်ထုတ် လိုက်ပါတော့တယ်

စာဖတ်သူမိတ်ဆွေများအားလုံး ကျန်းမာရေး ဗဟုသုတများ ရကြ၍ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ

Credit