ၾကားသိရသမွ်

လူတော်တော်များများ သတိမထားမိတဲ့ရေချိုးခန်းထဲမှာ “သီချင်းဆိုခြင်း”၏ရလဒ် (၃)ချက်

လူတော်တော်များများ သတိမထားမိတဲ့ရေချိုးခန်းထဲမှာ “သီချင်းဆိုခြင်း”၏ရလဒ် (၃)ချက်

လူတော်တော်များများဟာရေချိုးခန်းထဲမှာတစ်ခါလောက်တော့ သီချင်းဆိုခဲ့ကြဖူးတယ်လို့ယုံကြည်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့စိတ်ရွှင်လန်းပြီး သူ့ဘာသာသူ အသံကောင်းအဆိုတော်တစ်ယောက်လိုတတ်မှတ်ထားပြီးအားရပါးရဆိုခဲ့ပါတယ်။

ဒါပေမယ့်ရေချိုးခန်းထဲမှာ သီချင်းဆိုတာကထင်ထားတာထက် ပိုအကျိုးကျေးဇူးရှိတယ်ဆိုတာသိပါသလား?

၁။ အသက်ရှုလေ့ကျင့်ခဲ့ရခြင်း

သီချင်းစဆိုတဲ့အခါမှာအသက်ရှုခြင်းကိုထိန်းချုပ်ရပါမယ်။တစ်ခါတစ်လေမှာမသိဘဲအသက်ပြင်းပြင်းရှူလိုက်တဲ့အခါမှာအောက်ဆီဂျင်ကသွေးကြောထဲကိုပိုဝင်စေတာကြောင့်ကျန်းမာရေးအတွက်လဲ အကျိုးကျေးဇူးများရနိုင်ပါတယ်။

ယောဂကျင့်တဲ့အခါ အသက်ရှူအဝင်-အထွက် ပြုလုပ်တဲ့ပုံစံနဲ့ ဆင်တူပါတယ်။သီချင်းဆိုခြင်းဟာဆိုရင် ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာကိုတည်ငြိမ်အေးဆေးစေပါတယ်။ရေချိုးခန်းထဲမှာသီချင်းဆိုတာကစိတ်ကို လန်းဆန်းစေပြီးသားပါ။

သီချင်းဆိုခြင်းကခန္ဓာကိုယ်ကပိုပြီး စိတ်ပိုင်းဆိုင်ရာကိုတည်ငြိမ်အေးဆေး စေပါတယ်။ စိတ်ပျော်ရွှင်မှု သို့မဟုတ်အင်ဒိုဖင်း ဓာတ်ကိုလည်း ထုတ်လွှင့်ပေးတာကြောင့် စိတ်ရွှင်လန်းစေပါတယ်။

၂။ အကြံဥာဏ်ကောင်းများရရှိစေရန်ကူညီပေးခြင်း

“၇၂ ရာခိုင်နှုန်း ဖန်တီးမှု စိတ်ကူးစိတ်သန်းများသို့မဟုတ်စိတ်ကူးကောင်းများဟာရေချိုးခန်းထဲမှာ မကြာခဏဖြစ်တတ်ပါတယ်” ရေချိုးခန်းများမှာကိုယ်စိတ်ကိုတည်ငြိမ်အေးဆေးမှုပြုလုပ်ပေးဖို့အတွက်ရှိတာကြောင့်ပါ။

ဦးနှောက်က ဖိစီးမှုတွေကို လွတ်မြောက်ခြင်းကြောင့်အာရုံစိုက်မှုပိုမိုမြင့်မားစေပြီး အကြံဥာဏ်ကောင်းများရေချိုးခန်းထဲရောက်နေချိန်မှာဖြစ်ပေါ်စေပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေပါတယ်

ရေချိုးခန်းထဲမှာ သီချင်းဆိုတာကျွန်ုပ်တို့သည်ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်နေရာများတွင်စိတ်ခံစားမှုများကိုထုတ်လွှတ်နိုင်စေတာကြောင့်ကျွန်ုပ်တို့အားအရာများကို ခေတ္တမေ့လျော့စေပြီးကျွန်ုပ်တို့အား ယုံကြည်မှုပိုရှိပြီး မိမိကိုယ်ကိုလေးစားမှုဖြစ်စေပါတယ်။

ကိုယ့်ရဲ့အသံကိုအဓိကကြား ပြီးတော့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေပါတယ်။