ၾကားသိရသမွ်

ဘူတာနားလမ်းဘေးမှာတစ်ယောက်တည်းအိပ်နေ တဲ့အမေကြီးကို အကူအညီပေးဖို့နိုးပြီးမေးမြန်းကြည့်သောအခါ…

အမရပူရပိန်းတန်းဘူတာနားမှာတစ်ယောက်တည်းအိပ်နေ တဲ့အမေကြီးကို

အကူအညီပေးဖို့နိုးပြီးမေးမြန်းကြည့်သောအခါ…

ဘိုးဘွားရိပ်သာသွားမလားဆိုတော့ မသွားချင်ဘူးတဲ့

အမေက ကောလင်းကပါရထားလွဲပြီးပါလာတာပါတဲ့ အမရပူရရောက်နေတာလည်းသိတယ်တဲ့

သားနှစ်ယောက်ရှိတယ်တဲ့ မန္တလေးမှာလို့ပြောတာပဲ ဘယ်မှာနေတာလဲမသိဘူးတဲ့

လိုက်ပို့ပေးမယ်ဆိုလဲ မသွားချင်ဘူးတဲ့

ယောကျ်ားလည်းသေပါပြီတဲ့ ..အားလုံးလဲ သေကုန်ပြီတဲ့…

ဇာတိက ရွှေဘိုနားက ထူးကြီးရွာက လို့ပြောပါတယ် အားလုံးသိရင်လဲ ဝိုင်းဝန်းကူညီပေးကြပါအုံးဗျာ..

ကိုယ့်အသက်ကိုယ်တောင် မသိတော့ဘူးတဲ့ စိတ်မကောင်းလိုက်တာ အဘွားရယ်…

ကြည့်ရှု့သူများလဲ ဝေဖန်အကြံပြုပေးကြပါအုံးနော်….

#Ko Shwethura

zawgyi







ယောက်ျားလည်းသေပါပြီတဲ့ ..အားလုံးလဲ သေကုန်ပြီတဲ့…


