အသိပညာ

ေလာဘႀကီးတဲ့ လူေတြအတြက္ သူေတာင္းစားတစ္ေယာက္ေပးတဲ့ သင္ခန္းစာ

တစ်နေ့က ဈေးထဲ မှာ သူတောင်းစားတစ်ယောက်တေ ာင်းစားနေတာ တွေ့မိတယ်။

သူ တောင်းနေပုံက ထူးခြားနေတယ်။“အစ်ကိုကြီး အစ် မကြီးတို့ရယ် သနားကြပါနော်..

ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာ လေးပါ ပေးခဲ့ပါ” သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံ လာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ်တစ်အုပ်နဲ့ မှတ်နေတယ်။

ဒါပေမယ့် လူ တော်တော်များများက အိမ်အထိများ လာတောင်းမလား ဆိုတဲ့ အတွေးနဲ့ သူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး။

သူက ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံ ထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကို အပင်ပန်းခံပြီး သူတို့ ထည့်ခဲ့တဲ့ ငွေတန်ဖိုး ရဲ့အဆ ၁၀၀၀ ကို လိုက်ပေးတယ်။

အဲ့ဒီ သတင်းက ဈေးထဲမှာ ချက်ချင်း ပျံ့သွားတာပေါ့။

သူ့ကိုလည်း လူတွေကဝေဖန်ကြတယ်။အမျိုးမျိုးပြော ကြနဲ့ပေါ့လေ။

နောက်နေ့ မနက် ဈေးထဲက အဲဒီ့နေရာမှာပဲ သူတောင်းစားပြန်တောင်း နေတာ တွေ့ရပြန်ရော။အဲဒီနေ့တော့ သူ့ဘေးမှာ ပိုက်ဆံ ထည့်မဲ့ သူတွေ အများကြီး ဖြစ်နေတော့တယ်။

သူ့ခွက်ထဲ ထည့်ကြတဲ့ ပိုက် ဆံတွေကလည်း တစ်ထောင်တန်တွေ ငါးထောင်တန်တွေ တစ်သောင်းတန်တွေ ထပ်ပြီး လာထည့်ကြသ လို ရွှေတွေ လက်ဝတ် ရတနာတွေတောင် ထည့်ကြပါရောလား။

လိပ်စာမှတ်တဲ့ စာအုပ်တောင် လေးငါးအုပ်တောင် ကုန်သွားတယ်လေ။ညနေပိုင်း ရောက်တော့ ပြန်သွားတယ် ။

ဒါပေမယ့် နောက်နေ့က စပြီး အဲဒီဈေးထဲမှာ သူတောင်းစားကို ဘယ်တော့မှ ပြန်မတွေ့တော့ဘူးလေ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

zawgyi

တစ္ေန႔က ေဈးထဲ မွာ သူေတာင္းစားတစ္ေယာက္ေတ ာင္းစားေနတာ ေတြ႕မိတယ္။

သူ ေတာင္းေနပုံက ထူးျခားေနတယ္။“အစ္ကိုႀကီး အစ္ မႀကီးတို႔ရယ္ သနားၾကပါေနာ္..

ပိုက္ဆံေလးမ်ား ထည့္ၿပီးရင္ လိပ္စာ ေလးပါ ေပးခဲ့ပါ” သူ႔ ေရွ႕မွာ ခ်ထားတဲ့ ခြက္ ထဲကို ပိုက္ဆံ လာထည့္ၾကတဲ့ လူတိုင္းရဲ႕ လိပ္စာကို ေမးၿပီး စာအုပ္တစ္အုပ္နဲ႔ မွတ္ေနတယ္။

ဒါေပမယ့္ လူ ေတာ္ေတာ္မ်ားမ်ားက အိမ္အထိမ်ား လာေတာင္းမလား ဆိုတဲ့ အေတြးနဲ႔ သူ႔ခြက္ထဲကို ဘာပိုက္ဆံမွ ထည့္မသြားၾကဘူး။

သူက ခြက္ကို သိမ္းၿပီး ခုနက ခြက္ထဲ ပိုက္ဆံ ထည့္သြားတဲ့ သူေတြရဲ႕ အိမ္ေတြကို အပင္ပန္းခံၿပီး သူတို႔ ထည့္ခဲ့တဲ့ ေငြတန္ဖိုး ရဲ႕အဆ ၁၀၀၀ ကို လိုက္ေပးတယ္။

အဲ့ဒီ သတင္းက ေဈးထဲမွာ ခ်က္ခ်င္း ပ်ံ႕သြားတာေပါ့။

သူ႔ကိုလည္း လူေတြကေဝဖန္ၾကတယ္။အမ်ိဳးမ်ိဳးေျပာ ၾကနဲ႔ေပါ့ေလ။

ေနာက္ေန႔ မနက္ ေဈးထဲက အဲဒီ့ေနရာမွာပဲ သူေတာင္းစားျပန္ေတာင္း ေနတာ ေတြ႕ရျပန္ေရာ။အဲဒီေန႔ေတာ့ သူ႔ေဘးမွာ ပိုက္ဆံ ထည့္မဲ့ သူေတြ အမ်ားႀကီး ျဖစ္ေနေတာ့တယ္။

သူ႔ခြက္ထဲ ထည့္ၾကတဲ့ ပိုက္ ဆံေတြကလည္း တစ္ေထာင္တန္ေတြ ငါးေထာင္တန္ေတြ တစ္ေသာင္းတန္ေတြ ထပ္ၿပီး လာထည့္ၾကသ လို ေ႐ႊေတြ လက္ဝတ္ ရတနာေတြေတာင္ ထည့္ၾကပါေရာလား။

လိပ္စာမွတ္တဲ့ စာအုပ္ေတာင္ ေလးငါးအုပ္ေတာင္ ကုန္သြားတယ္ေလ။ညေနပိုင္း ေရာက္ေတာ့ ျပန္သြားတယ္ ။

ဒါေပမယ့္ ေနာက္ေန႔က စၿပီး အဲဒီေဈးထဲမွာ သူေတာင္းစားကို ဘယ္ေတာ့မွ ျပန္မေတြ႕ေတာ့ဘူးေလ။

မူရင္းေရးသားသူ ႏွင့္ ဓာတ္ပုံပိုင္ရွင္မ်ားအား ေလးစားစြာျဖင့္ Credit ေပးပါသည္။