အခုတေလာမွာေတာ့ လူအမ်ားစုဟာ ေနအိမ္မွာသာေနထိုင္ၿပီး ေသာက္လိုက္ ၊ စားလိုက္ ၊
အလုပ္ေလးလုပ္လိုက္နဲ႕ အခ်ိန္ကုန္ဆုံးေနၾကၿပီး အျပင္ထြက္လည္ျခင္းမ်ိဳးမရွိေတာ့ေလာက္ေအာင္ နည္းလာခဲ့ပါတယ္ ။
ဒီတစ္ေခါက္မွာလည္း ထိုင္းနိုင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ May 20 ရက္ေန႕က Facebook စာမ်က္ႏွာမွာ တင္လိုက္တဲ့ ဓာတ္ပုံေၾကာင့္အေတာ္ေလးကို ပြဲဆူသြားေစခဲ့ၿပီး အဆိုပါpost ကိုျပန္လည္ေဝမွ်သူေပါင္း 32,000 ခန႔္အထိ ရွိခဲ့ပါတယ္ ။
အဆိုပါအမ်ိဳးသားကေတာ့ သူဟာေတာ္ေတာ္ေလးကို ေသာက္စားနိုင္တဲ့သူျဖစ္ၿပီး ၊ ဘယ္ေလာက္ပဲ မူးေနပါေစအိမ္အထိကားေမာင္းျပန္နိုင္ေၾကာင္း ေျပာဆိုထားပါတယ္ ။
ထို႔အျပင္ ” ကြၽန္ေတာ္အိမ္ျပန္ေတာ့ လမ္းမႀကီးေဘးမွာ ေခြးေလးတစ္ေကာင္ေတြ႕တယ္ ၊ ေခြးေလးကို တအားသနားမိေတာ့ ကားေပၚေခၚတင္ခဲ့ပါတယ္။
ဒါက ဘယ္သူ႕ရဲ႕ေခြးလဲဗ် ၊ ကြၽန္ေတာ့္အိမ္မွာ ေခြးေလးကိုျပန္လာေခၚဖို႔ ကြၽန္ေတာ့္ကို ဆက္သြယ္လိုက္ပါဗ်ာ ”
ဆိုၿပီးေတာ့လည္း ေရးသားခဲ့ပါေသးတယ္ ။အဆိုပါ post မွာတင္ပဲ ” ဘယ္သူကမွ ဒီသနားဖို႔ေကာင္းတဲ့ ေခြးေလးကိုလာမေခၚၾကဘူး ၊
သူက ေခြးေလးကို သနားလို႔ အရိုးေကြၽးေပမဲ့လည္း ေခြးေလးက မစားပဲ အိမ္ကိုလြမ္းေနပုံပဲ ” ဆိုၿပီး ထပ္မံေရးသားထားပါေသးတယ္…
အခ်ိဳ႕ေသာသူေတြကေတာ့ အဆိုပါအမ်ိဳးသားဟာ ႏြားေပါက္စေလးနဲ႕ ေခြးေလးကို မွားရေလာက္တဲ့အထိေတာ့မူးေနတာ မျဖစ္နိုင္ေၾကာင္း ၊
အဆိုပါအမ်ိဳးသားက တမင္သက္သက္ စေနာက္ေနတာပါဆိုၿပီး မ်ိဳးစုံေဝဖန္ခဲ့ၾကပါေတာ့တယ္ ။
Credit..Original Uploader
Unicode
အခုတလောမှာတော့ လူအများစုဟာ နေအိမ်မှာသာနေထိုင်ပြီး သောက်လိုက် ၊ စားလိုက် ၊
အလုပ်လေးလုပ်လိုက်နဲ့ အချိန်ကုန်ဆုံးနေကြပြီး အပြင်ထွက်လည်ခြင်းမျိုးမရှိတော့လောက်အောင် နည်းလာခဲ့ပါတယ် ။
ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အမျိုးသားတစ်ယောက်ဟာ May 20 ရက်နေ့က Facebook စာမျက်နှာမှာ တင်လိုက်တဲ့ ဓာတ်ပုံကြောင့်အတော်လေးကို ပွဲဆူသွားစေခဲ့ပြီး အဆိုပါpost ကိုပြန်လည်ဝေမျှသူပေါင်း 32,000 ခန့်အထိ ရှိခဲ့ပါတယ် ။
အဆိုပါအမျိုးသားကတော့ သူဟာတော်တော်လေးကို သောက်စားနိုင်တဲ့သူဖြစ်ပြီး ၊ ဘယ်လောက်ပဲ မူးနေပါစေအိမ်အထိကားမောင်းပြန်နိုင်ကြောင်း ပြောဆိုထားပါတယ် ။
ထို့အပြင် ” ကျွန်တော်အိမ်ပြန်တော့ လမ်းမကြီးဘေးမှာ ခွေးလေးတစ်ကောင်တွေ့တယ် ၊ ခွေးလေးကို တအားသနားမိတော့ ကားပေါ်ခေါ်တင်ခဲ့ပါတယ်။
ဒါက ဘယ်သူ့ရဲ့ခွေးလဲဗျ ၊ ကျွန်တော့်အိမ်မှာ ခွေးလေးကိုပြန်လာခေါ်ဖို့ ကျွန်တော့်ကို ဆက်သွယ်လိုက်ပါဗျာ ”
ဆိုပြီးတော့လည်း ရေးသားခဲ့ပါသေးတယ် ။အဆိုပါ post မှာတင်ပဲ ” ဘယ်သူကမှ ဒီသနားဖို့ကောင်းတဲ့ ခွေးလေးကိုလာမခေါ်ကြဘူး ၊
သူက ခွေးလေးကို သနားလို့ အရိုးကျွေးပေမဲ့လည်း ခွေးလေးက မစားပဲ အိမ်ကိုလွမ်းနေပုံပဲ ” ဆိုပြီး ထပ်မံရေးသားထားပါသေးတယ်…
အချို့သောသူတွေကတော့ အဆိုပါအမျိုးသားဟာ နွားပေါက်စလေးနဲ့ ခွေးလေးကို မှားရလောက်တဲ့အထိတော့မူးနေတာ မဖြစ်နိုင်ကြောင်း ၊
အဆိုပါအမျိုးသားက တမင်သက်သက် စနောက်နေတာပါဆိုပြီး မျိုးစုံဝေဖန်ခဲ့ကြပါတော့တယ် ။
Credit..Original Uploader