ထူးခြားဆန်းကြယ်တဲ့ နည်းလမ်းတွေ သုံးလာတဲ့ YBS ပေါ်က ခါးပိုက်နှိုက်များ (မပေါ့ဆကြပါနဲ့)
မနေ့က မြို့ထဲက အပြန်.. YBS ကားပေါ်မှာဗျ.. ကားက အရမ်း အကျပ်ကြီး မဟုတ်ပေမယ့်.. ထိုင်ခုံနေရာတွေတော့..မရှိတော့ဘူးလေ.. ဒီတော့.. ကျတော့် ထုံစံအတိုင်း နောက်ဆုံးထိ တိုးဝင်ပြီး.. မတ်တတ်ရပ် စီးခဲ့တာပေါ့.. အဲ.. လမ်းတစ်ဝက်လောက်.. ရောက်တော့.. မှတ်တိုင် တစ်ခုကနေ..
တက်လာတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ကျတော့်ရဲ့ဘေးကို လာရပ်ကြတယ်ဗျ.. အမျိုးသားက အသားညိုညို ညင်းသိုးသိုး ပုံစံနဲ့.. ဟမ်းဘတ်အိတ် တစ်လုံးကိုလည်း စလွယ်သိုင်း..လွယ်ထားသေးသဗျ.. သူ့နောက်က ပါလာတဲ့ အမျိုးသမီးကတော့.. အသက် ၄၀ ဝန်းကျင်.. အဝတ်အစား ပြောင်ပြောင်ရောင်ရောင်နဲ့ သူ့မှာလည်း..စလင်းဘတ်အိတ်ကြီး ချိုင်းကြားညှပ်လို့ ခုနက.. အမျိုးသားဘေးကို လာရပ်တာပေါ့..
ခက်တာက.. အမျိုးသမီးက ဂဏာမငြိမ်ပဲ သူ့စလင်းဘတ်အိတ်ကို.. ခဏခဏ.. ဘယ်ညာ ဘက်ပြောင်းပြီး..ညပ်နေတာပဲ.. ဒါက.. ခါးပိုက်နှိုက်ကို.. လက်ယပ် ခေါ်သလိုမျိုး ဖြစ်နေတာပေါ့.. ဒါနဲ့.. ဒီလိုပဲ..စီးလာကြရင်း တစ်နေရာ ရောက်တော့.. အမျိုးသားရှေ့..ထိုင်ခုံက.. ခရီးသည်က..ထ သွားတယ်.. ထိုင်မယ်ဆို.. အမျိုးသားက ထိုင်လို့ ရပေမယ့် သူက မထိုင်ပဲ.. ဘေးက စလင်းဘတ်နဲ့ အမျိုးသမီးကို.. ” အစ်မ..ထိုင်ပါ..”. .ဆိုပြီး.. နေရာ ပေးတယ်ပေါ့ ဒီတော့.. အမျိုးသမီးကလည်း.. “ကျေးဇူးပဲ” ဆိုပြီး..ဝင်ထိုင်တယ်..
အသားညိုညို အမျိုးသားကလည်း.. သူ့ဟမ်းဘတ်အိတ်ကို..ရှေ့ဘက်ကို ချပြီး အမျိုးသမီးဘေးမှာ..ရပ်လို့.. ခရီးဆက်ခဲ့ ပြန်သပေါ့ဗျာ.. အယ်.. တအောင့်လောက် ကြာတော့.. ထိုင်နေတဲ့ အမျိုးသမီးက.. သူ့ဘေးက ရပ်နေတဲ့ အမျိုးသားကို လက်ကုတ်ပြီး..တိုးတိုးလေး..ပြောတယ်… ” အစ်ကို အစ်ကို…ဟိုး ရှေ့က..ဂတုံးနဲ့ လူကို ကြည့်ကြည့်..” အမျိုးသမီးက ကားရှေ့ခန်းမှာ..မတ်တတ်ရပ်စီးနေတဲ့ ခရီးသည်တွေကြားက ကတုံးဆံပင်နဲ့ လူတစ်ယောက်ကို လက်ညိုးထိုးပြီး..ပြတယ်”. ” ဘာဖြစ်လို့လဲဗျ..”
အစ်ကို သူ့လက်ကို သတိထားကြည့်ကြည့်။ ကားဘရိတ်အုပ်လိုက်တိုင်း.သူ့လက်က ဘေးက အမျိုးသမီးရဲ့ အိတ်ကို သွားသွားကိုင်နေတာ” “ဪ..ဟုတ်လား..” သူ..ပြောတာနဲ့.. ကျတော်တို့လည်း.. သတိထား ကြည့်မိတော့… ဟုတ်တယ်ဗျ.. ကတုံးဆံပင်နဲ့ ပိန်ပိန်ပါးပါး အမျိုးသားတစ်ယောက်က.. ကားရပ်လိုက်တိုင်း.. ဘေးက အမျိုးသမီးရဲ့အိတ်ကို သွားသွား ကိုင်နေတာ.. အတော်တော့..မသင်္ကါစရာ ကောင်းတာဗျ… ဒီတော့ အသားညိုနဲ့လူက ပြောတယ် ”
အမျိုးသမီးကို..သွား သတိပေးရင် ကောင်းမယ် ထင်တယ်နော်..” ဒါကို ထိုင်နေတဲ့အမျိုးသမီးက.. ” ဟာ..အစ်ကို..အဲ့လို သွားပြောလို့..ဘယ်ရမလဲ ။ ကျမတို့က ထင်ကြေးနဲ့ ပြောနေတာလေ ။ တကယ့်လို့ အဲ့အမျိုးသမီးက သတိထား ရှောင်သွားလည်း..သူက နောက်တစ်ယောက်ဆီ ကပ်မှာပဲလေ ။ ဒီတော့ ကျမတို့ သတိထား စောင့်ကြည့်ပြီး လက်ပူးလက်ကြပ် ဖမ်းရမှာ” အင်း.. သူ ပြောတာလည်း ဟုတ်သားဗျ။
ဘာမှန်းညာမှန်း မသိ။ သွားပြောလို့..ဘယ်ဖြစ်မလဲ.. တော်ကြာ.. လင်မယား ဖြစ်နေရင်..မခက်လား..။.. ဒီတော့လည်း.. အမျိုးသမီး အကြံပေးတဲ့အတိုင်း.. ကျတော်တို့ သုံးယောက်.. အဲ့ကတုံးနဲ့လူကို မသိမသာ..လှမ်းလှမ်း ကြည့်ပြီး.. ခရီးဆက်ခဲ့ပြန်သပေါ့ဗျာ.. အဲ.. ဒါပေမဲ့.. အဲ့ကတုံးနဲ့လူက.. အခွင့် မသာလို့ပဲလားတော့.. မသိဘူး.. လက်ကသာ..အိတ်ကို သွားသွား ကိုင်နေတာ.. နှိုက်ယူတာလည်း..မတွေ့ဘူးဗျ.. ဒီလိုနဲ့ ခရီးဆက်လာရင်း.. မှတ်တိုင် တစ်ခု ရောက်တော့.. ထိုင်နေတဲ့အမျိုးသမီးက.. ”
ကျမတော့ ဆင်းတော့မယ်..အစ်ကိုရေ” လို့.. ပြောပြီး ထိုင်ခုံက ထလို့ ဆင်းသွားတယ်ဗျ.. အဲ့တော့.. သူ့နေရာကို.. အသားညိုတဲ့အမျိုးသားက.. ဝင်ထိုင်တယ်.. ကျုပ်ကတော့.. ကံမကောင်းစွာနဲ့ပဲ.. မတ်တတ်ရပ်မြဲပေါ့ဗျာ.. ဟို ကတုံးကိုတော့.. နှစ်ယောက်သား..အကြည့်က.. ခွာ မရသေးဘူးဗျ.. ဒါပေမဲ့လည်း.. အဲ့ကတုံးက… ဘာမှ.. နှိုက်တာ ပြုတာ..မတွေ့ပဲ.. နောက် တစ်မှတ်တိုင်..ရောက်တော့.. ဆင်းသွားပြန်ရော ဒါနဲ့ ကျတော်လည်း.. စိတ်အေး သွားပြီး.. သက်ပြင်း ချရုံ..ရှိသေးတယ်. ” ဟာ သွားပြီ ။ ပါသွားပြီ။
လုပ်ကြပါအုံးဗျာ” အသံက.. ထိုင်နေတဲ့ အမျိုးသားရဲ့ အသံ..။ ဒီတော့.. ကျတော်က..မေးလိုက်တယ် ” ဘာ ပါသွားတုန်းဗျ ” ” ကျတော် ကျတော့်ပိုက်ဆံ.. တစ်သောင်းတန်အုပ်..ပါသွားပြီ..” ” ဟင်..’ ” အခုမှ..ဘဏ်က..ထုတ်လာတာဗျာ ။ ဒီမှာ..ကြည့်အုံး။ အိတ်ကို ခွဲပြီး ယူသွားတာဗျာ” “ဟာ” ဟမ်းဘတ်အိတ်က.. ဘေးက..ကွဲလို့.. ” သွားပါပြီဗျာ ။ လုပ်ကြပါအုံး။ ကူညီကြပါအုံးဗျာ..
ငိုမဲ့မဲ့ ဖြစ်နေတဲ့ အမျိုးသားရဲ့မျက်နာ..။ ဒီတော့ ကျတော်က ” မရတော့ဘူး ထင်တယ်ဗျ။ ကျတော်..ထင်တာ မမှားရင်” ” ဟင်” ကျတော့်စကားကြောင့် သူ..တစ်စုံတစ်ခုကို သတိရသွားရင်း နှစ်ယောက်သား.. ရေရွတ်လိုက်မိတာက.. ” ဟို…မိန်းမ…” ဟုတ်ပါတယ်.. တကယ့်ကို..ပိပိရိရိ..ပိုင်ပိုင်နိုင်နိုင်.. ပိုက်ဆံ ပါမှန်း..သိလို့.. နောက်ကနေ..ကပ်လိုက်လာပြီး.. အာရုံကို..လှည့်စား.. ထိုင်ခုံမှာ..စမတ်ကျကျ.. ထိုင်လို့ သာသာယာယာပဲ.. နှိုက်သွားခဲ့တာပါပဲဗျာ။ အားလုံးပဲ သတိထား ဆင်ခြင်နိုင်ဖို့.. ရေးသား တင်ပြလိုက်ရပါတယ်
လူချွန်တော်

ထူးျခားဆန္းၾကယ္တဲ့ နည္းလမ္းေတြ သုံးလာတဲ့ YBS ေပၚက ခါးပိုက္ႏွိုက္မ်ား (မေပါ့ဆၾကပါနဲ႔)
မေန႔က ၿမိဳ႕ထဲက အျပန္.. YBS ကားေပၚမွာဗ်.. ကားက အရမ္း အက်ပ္ႀကီး မဟုတ္ေပမယ့္.. ထိုင္ခုံေနရာေတြေတာ့..မရွိေတာ့ဘူးေလ.. ဒီေတာ့.. က်ေတာ့္ ထုံစံအတိုင္း ေနာက္ဆုံးထိ တိုးဝင္ၿပီး.. မတ္တတ္ရပ္ စီးခဲ့တာေပါ့.. အဲ.. လမ္းတစ္ဝက္ေလာက္.. ေရာက္ေတာ့.. မွတ္တိုင္ တစ္ခုကေန..
တက္လာတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္က က်ေတာ့္ရဲ့ေဘးကို လာရပ္ၾကတယ္ဗ်.. အမ်ိဳးသားက အသားညိဳညိဳ ညင္းသိုးသိုး ပုံစံနဲ႔.. ဟမ္းဘတ္အိတ္ တစ္လုံးကိုလည္း စလြယ္သိုင္း..လြယ္ထားေသးသဗ်.. သူ႔ေနာက္က ပါလာတဲ့ အမ်ိဳးသမီးကေတာ့.. အသက္ ၄၀ ဝန္းက်င္.. အဝတ္အစား ေျပာင္ေျပာင္ေရာင္ေရာင္နဲ႔ သူ႔မွာလည္း..စလင္းဘတ္အိတ္ႀကီး ခ်ိဳင္းၾကားညႇပ္လို႔ ခုနက.. အမ်ိဳးသားေဘးကို လာရပ္တာေပါ့..
ခက္တာက.. အမ်ိဳးသမီးက ဂဏာမၿငိမ္ပဲ သူ႔စလင္းဘတ္အိတ္ကို.. ခဏခဏ.. ဘယ္ညာ ဘက္ေျပာင္းၿပီး..ညပ္ေနတာပဲ.. ဒါက.. ခါးပိုက္ႏွိုက္ကို.. လက္ယပ္ ေခၚသလိုမ်ိဳး ျဖစ္ေနတာေပါ့.. ဒါနဲ႔.. ဒီလိုပဲ..စီးလာၾကရင္း တစ္ေနရာ ေရာက္ေတာ့.. အမ်ိဳးသားေရွ႕..ထိုင္ခုံက.. ခရီးသည္က..ထ သြားတယ္.. ထိုင္မယ္ဆို.. အမ်ိဳးသားက ထိုင္လို႔ ရေပမယ့္ သူက မထိုင္ပဲ.. ေဘးက စလင္းဘတ္နဲ႔ အမ်ိဳးသမီးကို.. ” အစ္မ..ထိုင္ပါ..”. .ဆိုၿပီး.. ေနရာ ေပးတယ္ေပါ့ ဒီေတာ့.. အမ်ိဳးသမီးကလည္း.. “ေက်းဇူးပဲ” ဆိုၿပီး..ဝင္ထိုင္တယ္..
အသားညိဳညိဳ အမ်ိဳးသားကလည္း.. သူ႔ဟမ္းဘတ္အိတ္ကို..ေရွ႕ဘက္ကို ခ်ၿပီး အမ်ိဳးသမီးေဘးမွာ..ရပ္လို႔.. ခရီးဆက္ခဲ့ ျပန္သေပါ့ဗ်ာ.. အယ္.. တေအာင့္ေလာက္ ၾကာေတာ့.. ထိုင္ေနတဲ့ အမ်ိဳးသမီးက.. သူ႔ေဘးက ရပ္ေနတဲ့ အမ်ိဳးသားကို လက္ကုတ္ၿပီး..တိုးတိုးေလး..ေျပာတယ္… ” အစ္ကို အစ္ကို…ဟိုး ေရွ႕က..ဂတုံးနဲ႔ လူကို ၾကည့္ၾကည့္..” အမ်ိဳးသမီးက ကားေရွ႕ခန္းမွာ..မတ္တတ္ရပ္စီးေနတဲ့ ခရီးသည္ေတြၾကားက ကတုံးဆံပင္နဲ႔ လူတစ္ေယာက္ကို လက္ညိဳးထိုးၿပီး..ျပတယ္”. ” ဘာျဖစ္လို႔လဲဗ်..”
အစ္ကို သူ႔လက္ကို သတိထားၾကည့္ၾကည့္။ ကားဘရိတ္အုပ္လိုက္တိုင္း.သူ႔လက္က ေဘးက အမ်ိဳးသမီးရဲ့ အိတ္ကို သြားသြားကိုင္ေနတာ” “ဪ..ဟုတ္လား..” သူ..ေျပာတာနဲ႔.. က်ေတာ္တို႔လည္း.. သတိထား ၾကည့္မိေတာ့… ဟုတ္တယ္ဗ်.. ကတုံးဆံပင္နဲ႔ ပိန္ပိန္ပါးပါး အမ်ိဳးသားတစ္ေယာက္က.. ကားရပ္လိုက္တိုင္း.. ေဘးက အမ်ိဳးသမီးရဲ့အိတ္ကို သြားသြား ကိုင္ေနတာ.. အေတာ္ေတာ့..မသကၤါစရာ ေကာင္းတာဗ်… ဒီေတာ့ အသားညိဳနဲ႔လူက ေျပာတယ္ ”
အမ်ိဳးသမီးကို..သြား သတိေပးရင္ ေကာင္းမယ္ ထင္တယ္ေနာ္..” ဒါကို ထိုင္ေနတဲ့အမ်ိဳးသမီးက.. ” ဟာ..အစ္ကို..အဲ့လို သြားေျပာလို႔..ဘယ္ရမလဲ ။ က်မတို႔က ထင္ေၾကးနဲ႔ ေျပာေနတာေလ ။ တကယ့္လို႔ အဲ့အမ်ိဳးသမီးက သတိထား ေရွာင္သြားလည္း..သူက ေနာက္တစ္ေယာက္ဆီ ကပ္မွာပဲေလ ။ ဒီေတာ့ က်မတို႔ သတိထား ေစာင့္ၾကည့္ၿပီး လက္ပူးလက္ၾကပ္ ဖမ္းရမွာ” အင္း.. သူ ေျပာတာလည္း ဟုတ္သားဗ်။
ဘာမွန္းညာမွန္း မသိ။ သြားေျပာလို႔..ဘယ္ျဖစ္မလဲ.. ေတာ္ၾကာ.. လင္မယား ျဖစ္ေနရင္..မခက္လား..။.. ဒီေတာ့လည္း.. အမ်ိဳးသမီး အႀကံေပးတဲ့အတိုင္း.. က်ေတာ္တို႔ သုံးေယာက္.. အဲ့ကတုံးနဲ႔လူကို မသိမသာ..လွမ္းလွမ္း ၾကည့္ၿပီး.. ခရီးဆက္ခဲ့ျပန္သေပါ့ဗ်ာ.. အဲ.. ဒါေပမဲ့.. အဲ့ကတုံးနဲ႔လူက.. အခြင့္ မသာလို႔ပဲလားေတာ့.. မသိဘူး.. လက္ကသာ..အိတ္ကို သြားသြား ကိုင္ေနတာ.. ႏွိုက္ယူတာလည္း..မေတြ႕ဘူးဗ်.. ဒီလိုနဲ႔ ခရီးဆက္လာရင္း.. မွတ္တိုင္ တစ္ခု ေရာက္ေတာ့.. ထိုင္ေနတဲ့အမ်ိဳးသမီးက.. ”
က်မေတာ့ ဆင္းေတာ့မယ္..အစ္ကိုေရ” လို႔.. ေျပာၿပီး ထိုင္ခုံက ထလို႔ ဆင္းသြားတယ္ဗ်.. အဲ့ေတာ့.. သူ႔ေနရာကို.. အသားညိဳတဲ့အမ်ိဳးသားက.. ဝင္ထိုင္တယ္.. က်ဳပ္ကေတာ့.. ကံမေကာင္းစြာနဲ႔ပဲ.. မတ္တတ္ရပ္ျမဲေပါ့ဗ်ာ.. ဟို ကတုံးကိုေတာ့.. ႏွစ္ေယာက္သား..အၾကည့္က.. ခြာ မရေသးဘူးဗ်.. ဒါေပမဲ့လည္း.. အဲ့ကတုံးက… ဘာမွ.. ႏွိုက္တာ ျပဳတာ..မေတြ႕ပဲ.. ေနာက္ တစ္မွတ္တိုင္..ေရာက္ေတာ့.. ဆင္းသြားျပန္ေရာ ဒါနဲ႔ က်ေတာ္လည္း.. စိတ္ေအး သြားၿပီး.. သက္ျပင္း ခ်႐ုံ..ရွိေသးတယ္. ” ဟာ သြားၿပီ ။ ပါသြားၿပီ။
လုပ္ၾကပါအုံးဗ်ာ” အသံက.. ထိုင္ေနတဲ့ အမ်ိဳးသားရဲ့ အသံ..။ ဒီေတာ့.. က်ေတာ္က..ေမးလိုက္တယ္ ” ဘာ ပါသြားတုန္းဗ် ” ” က်ေတာ္ က်ေတာ့္ပိုက္ဆံ.. တစ္ေသာင္းတန္အုပ္..ပါသြားၿပီ..” ” ဟင္..’ ” အခုမွ..ဘဏ္က..ထုတ္လာတာဗ်ာ ။ ဒီမွာ..ၾကည့္အုံး။ အိတ္ကို ခြဲၿပီး ယူသြားတာဗ်ာ” “ဟာ” ဟမ္းဘတ္အိတ္က.. ေဘးက..ကြဲလို႔.. ” သြားပါၿပီဗ်ာ ။ လုပ္ၾကပါအုံး။ ကူညီၾကပါအုံးဗ်ာ..
ငိုမဲ့မဲ့ ျဖစ္ေနတဲ့ အမ်ိဳးသားရဲ့မ်က္နာ..။ ဒီေတာ့ က်ေတာ္က ” မရေတာ့ဘူး ထင္တယ္ဗ်။ က်ေတာ္..ထင္တာ မမွားရင္” ” ဟင္” က်ေတာ့္စကားေၾကာင့္ သူ..တစ္စုံတစ္ခုကို သတိရသြားရင္း ႏွစ္ေယာက္သား.. ေရရြတ္လိုက္မိတာက.. ” ဟို…မိန္းမ…” ဟုတ္ပါတယ္.. တကယ့္ကို..ပိပိရိရိ..ပိုင္ပိုင္နိုင္နိုင္.. ပိုက္ဆံ ပါမွန္း..သိလို႔.. ေနာက္ကေန..ကပ္လိုက္လာၿပီး.. အာ႐ုံကို..လွည့္စား.. ထိုင္ခုံမွာ..စမတ္က်က်.. ထိုင္လို႔ သာသာယာယာပဲ.. ႏွိုက္သြားခဲ့တာပါပဲဗ်ာ။ အားလုံးပဲ သတိထား ဆင္ျခင္နိုင္ဖို႔.. ေရးသား တင္ျပလိုက္ရပါတယ္
လူခၽြန္ေတာ္



