လူ ၈၅ဦး သေဆုံးခဲ့ပြီး ၂၀၀နီးပါး ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုကြီး……seemore
လူ ၅၈ ဦး သေဆုံးတဲ့ ပါကစ္စတန် ဗလီတိုက်ခိုက်မှု ၎င်းတို့လက်ချက်ဖြစ်ဟု အိုင်အက်စ် ပြော
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့က ရှီယိုက်ဗလီတစ်ခုကို သောကြာနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုလုပ်ခဲ့တာဟာ ၎င်းတို့လက်ချက်ဖြစ်တယ်လို့ အီရန်နဲ့ ဆီးရီးယား အိုင်အက်စ် အကြမ်းဖက်အုပ်စုက ပြောဆိုလိုက်ပါတယ်။
ယင်းတိုက်ခိုက်မှုကြောင့် လူ ၅၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး နောက်ထပ် ၂၀၀ နီးပါး ဒဏ်ရာရခဲ့ကြတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောဆိုပါတယ်။
မော်တော်ဆိုင်ကယ်နဲ့ ရောက်လာတဲ့ သေနတ်သမားတစ်ဦးဟာ ရဲက တားဆီးချိန်မှာ ပစ်ခတ်မှုလုပ်ခဲ့ပြီး ယင်းနောက်မှာ ဝတ်ပြုသူများစွာရှိနေတဲ့ ဗလီခန်းမထဲဝင်ကာ အသေးခံဗုံးခွဲဝတ်စုံကို စနက်တံဖြုတ်ခဲ့တာဖြစ်တယ်လို့ အကြီးတန်းရဲအရာရှိ ဟာရွန်း ရာရှက်က ပြောဆိုပါတယ်။ သေနတ်သမားဟာ ဗလီဝင်ပေါက်ရှိ ရဲအစောင့်တွေက စပစ်ခဲ့တာဖြစ်ပြီး အစောင့်တစ်ဦး သေဆုံးခဲ့တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။
“သေနတ်သမားက ဗလီထဲဝင်သွားပြီး ဝတ်ပြုသူတွေကို စပစ်ပါတော့တယ်၊ အဆုံးမှာတော့ သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တာပါ” လို့ မစ္စတာ ရာရှက်ကဆက်လက် ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကနဦး ပြောဆိုမှုမှာတော့ အမျိုးသားနှစ်ဦး မော်တော်ဆိုင်ကယ်နဲ့ ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ယခုတိုက်ခိုက်မှုဟာ ပါကစ္စတန် တာလီဘန်နဲ့ အိုင်အက်စ် အပါအဝင် ဆွန်နီမွတ်ဆလင် စစ်သွေးကြွတွေရဲ့ ကာလကြာရှည် ပစ်မှတ်ထားခံနေရတဲ့ ပါကစ္စတန် ရှီယိုက်အသိုက်အဝန်းအတွက် နှစ်များစွာအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲမှာ အများအပြားက စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ အခင်းဖြစ်ရပ်အနီးရှိ Lady Reading ဆေးရုံ တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။
The Straits Times
Crd…
Zawgyi
လူ ၈၅ဦး သဆေုံးခဲ့ပွီး ၂၀၀နီးပါး ဒဏျရာရခဲ့တဲ့ တိုကျခိုကျမှုကွီး……seemore
လူ ၅၈ ဦး သဆေုံးတဲ့ ပါကဈစတနြ ဗလီတိုကခြိုကမြှု ၎င်းငျးငြးတို့လကခြကွဖြှဈဟု အိုငအြကဈြ ပှော
ပါကဈစတနနြိုငငြံ ပကရြြှဝါမှို့က ရှီယိုကဗြလီတဈခုကို သောကှာနေ့က အသခေံဗုံးခှဲတိုကခြိုကမြှုလုပခြဲ့တာဟာ ၎င်းငျးငြးတို့လကခြကွဖြှဈတယလြို့ အီရနနြဲ့ ဆီးရီးယား အိုငအြကဈြ အကှမြးဖကအြုပစြုက ပှောဆိုလိုကပြါတယြ။



