တစ်ချိန်က ယောက်ျားလေးပရိသတ်အားပေးမှုအများအပြားနဲ့အောင်မြင်ခဲ့တာကတော့ မြင့်မြတ်ပဲဖြစ်ပါတယ်။ လူငယ်ပရိသတ်အားပေးမှုတွေသာမက အရွယ်စုံအားပေးကြတဲ့မင်းသားတစ်ဦးပါ။ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေအများအပြားရိုက်ကူးခဲ့ရတဲ့သူတစ်ယောက်ပါ။
တစ်ချိန်က အောင်မြင်မှုတွေနဲ့ချစ်ခင်မှုတွေရရှိထားတဲ့သူကတော့ခုမှာ ဝေဖန်မှုတွေများစွာကြုံတွေ့ခဲ့ရတာပါ။ အာဏာသိမ်းချိန်ကတည်းက ပရိသတ်ရရှေ့ပျောက်နေခဲ့တာကြောင့် ဝေဖန်မှုတွေရှိပေမယ့်လည်း ခုပုံရိပ်လေးတစ်ခုကြောင့် ပရိသတ်တွေ
လက်မခံနိုင်စရာအခြေနေကိုကြုံတွေ့ခဲ့ရတာပါ။ သူဟာမနေ့ကတော့ စစ်ကောင်စီထောက်ခံတဲ့ BGF အဖွဲ့ကသူတွေနဲ့ညစာစားတဲ့ပုံရိပ်တွေလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့တာပါ။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့က ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများနေရပ်စွန့်ခွာထွက်ပြေး ဒုက္ခတွေ့နေချိန်တွင် နာမည်ကြီး
သရုပ်ဆောင်မင်းသားမြင့်မြတ်က BGFအရာရှိများနှင့် ညစားစားပွဲကိုပျော်ရွှင်စွာ ပြုလုပ်နေသကို တွေ့ရသည်။BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှူးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို
ယနေ့(မတ်လ ၁၁ရက်)ညတွင် လူမှုကွန်ရက်၌ တင်ထားသည်။ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်ကောင်စီတပ် သြဇာခံသောအဖွဲ့များဖြစ်သည်။ကရင်ပြည်နယ်တွင် KNUလက်အောက်ခံKNLA တပ်နှင့် PDF များကို စစ်ကောင်စီတပ်နှင့်ပူးပေါင်းတိုက်ခိုက်နေသောတပ်များဖြစ်သည်။
Facebook လူမှုကွန်ရက်ကို မြစ်သံလွင်အမည်ဖြင့် အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ်၊Kညီတို့နှင့်တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ကာ ” Dinner အတွက်ကျေးဇူးပါ ညီလေး” ဟု ယနေ့ညတွင်ရေးသားထားသည်။ညစာစားပွဲတွင် ဟင်းအမယ်စုံနှင့် အကြမ်းဖက်စစ်တပ်ထုတ်မြန်မာဘီယာပုလင်းများနှင့်အတူ ပြုံး
ရွှင့်ကြစားသောက်နေကြသည်ကိုတွေ့ရသည်။ထိုအပြင်အဆိုပါညစာစားပွဲတွင်မော်တော်ဆိုင်ကယ်နှင့်ကားများတင်သွင်းရောင်းချနေသော Easy Rider Moterbike ကုမ္ပဏီနှင့် Naga Lady Auto Mobile ပိုင်ရှင် တင်ကျော်နန္ဒ
လည်းပါဝင်သည်ကိုတွေ့ရသည်။ Easy Rider သည် မြန်မာ-ထိုင်းနယ်စပ်မှတစ်ဆင့် စစ်ကောင်စီနှင့် BGF များကိုဆက်ကြေးပေးကာ ဆိုင်ကယ်တင်သွင်းနေသောလုပ်ငန်းဖြစ်ကြောင်းနယ်စပ်မှလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် BGFကကရင်ပြည်နယ် လေးကေးကော်မြို့သစ်နှင့် ကော့ကရိတ်မြို့နယ်အတွင်းယခုရက်ပိုင်း ကျူးကျော်ထိုးစစ်ဆင်နေ၍ KNUနှင့် ပြည်သူကာကွယ်ရေးအဖွဲ့များက
ခုခံတိုက်ခိုက်သည်။ အရပ်သားအမြောက်အများလည်း စစ်ဘေးရှောင်ထွက်ပြေးနေရသည်။ ယင်းအခြေအနေတွင် BGFအရာရှိများနှင့် မြင့်မြတ်က အတူရှိနေသည့်အပေါ်ပြ
ည်သူအချို့က ပြစ်တင်ရှုတ်ချသည်။”စစ်ကောင်စီလက်အောက်ခံ BGF နဲ့ အခုလို ပလူးနေတာ မြင်ရအဆင်မပြေဘူးဗျာ။ကရင်တိုင်းရင်းသားတွေ ပြေးလွှားနေရတာမှ အားမနာဗျာ”ဟု ကော့ကရိတ်မြို့ခံတစ်ဦးကပြောသည်။မြင့်မြတ်သည် စစ်အာဏာသိမ်းမှုနှင့်
ပတ်သက်၍ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့သို့ နှုတ်ဆိတ်နေပြီး ရုပ်ရှင်ကြည့်ပရိတ်သတ်များ၏ ပြစ်တင်ဝေဖန်ခံနေရသည်။ ထို့အပြင် မြင့်မြတ်သည်စစ်ကောင်စီအမာခံထောက်ခံသူ အဆိုတော်ယုန်လေး
နှင့် ရင်းနှီးသော မိတ်ဆွေဖြစ်သလို ၊ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ၏သမီး ခင်သီရိသက်မွန် အဓိကပိုင်ဆိုင် 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးနှင့်စာချုပ်ချုပ်ဆိုထားသော အဓိကမင်းသားဖြစ်သည်။
မြင့်မြတ်ကဲ့သို့ပင် ယခုရက်ပိုင်းအတွင်းဖေစ်ဘွခ်ပြန်လည်အသုံးပြူလာသောနာမည်ကျော်မင်းသမီး ဝတ်မှုန်ရွှေရည်မှာ ၊ မကြာသေးခင်ကမဂ်လာဆောင်သောနာမည်ကျော်မင်းသား နေတိုး တို့မှာလည်း မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်အဓိကပိုင်ဆိုင်ပြီး ခင်သီရိသက်မွန်ဒါရိုက်တာတာဝန်ယူထားသော 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးနှင့်စာချုပ်ချုပ်ထားကြသည်။
ကရင်ပြည်နယ်လေးကေ့ကော်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ထွက်ခွာရန် KNU တပ်မဟာ (၆ )က မတ်လ ၇ ရက်တွင် စစ်ကောင်စီထံသို့ စာပေးပို့ တောင်းဆိုပြီးနောက် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ စစ်ရေးအခြေအနေ တင်းမာနေသည် ဆိုသည်ဟုလည်းတော်လှန်ရေးစာမျက်နှာတွေမှာဝေဖန်မှုတွေကြုံနေခဲ့ရတာပါ။
Credit