အိပ်မောကျနေစဥ် ခွေးဟောင်သံကြားလို့ ထကြည့်ရာမှ အိမ်နီးချင်းအား အကူအညီတောင်းလိုက်ရသောအဖြစ်
မိကျောင်းသည် ကုန်းနေရေနေ သတ္တဝါအမျိုးအစားဖြစ်ပြီး ကြီးမားသော ကိုယ်ထည်နှင့်
အသားစားလည်းဖြစ်၍ ကြောက်စရာကောင်းလှသည်။
သို့ဖြစ်၍ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ရှိ မာလာဂျီရေကမ်အနီး
ပတ်ဝန်းကျင်တွင် နေထိုင်သော အသက် ၃၀နှစ်အရွယ် လက် လုပ်
လက်စား အမျိုးသားသည် နေ့ခင်းဖက်ပင်ပန်းထား၍ သတိလက်လွတ်နှင် အိပ်မော
ကျနေစဥ် ခွေးအရမ်းဟောင်လွန်း၍ နိုးလာခဲ့သည်။
ထို့နောက် ဘာများဖြစ်လဲဆိုပြီး အိပ်ချင်မူးတူးနှင့် ကုတင်အောက်ကို ငုံ့ကြည့်လိုက်ရာ
အသံပင်မထွက်ရဲပဲ ကြက်သီးထဖွယ် မိကျောင်းကြီး
တစ်ကောင်အား တွေ့ရှိခဲ့သည်။အမျိုးသားလည်း
ကြောက်အားလန့်အားနှင့် ဘေးအိမ်နီးချင်းတွေကို အော်နိုးပြီး အကူအညီတောင်းခဲ့ရသည်။
မိကျောင်းကြီးသည် ၂.၄မီတာရှည်လျားပြီး ကံကောင်း၍
မည်သူမျှ ထိခိုက်မှုမရှိပဲ အလွယ်တကူ ဖမ်းယူရမိခဲ့ပြီးနောက် တိရစ္ဆာန်ထိန်းသိမ်း
စောင့်ရှောက်ရေးငှာနသို့ ဆက်သွယ်ခဲ့သည်။
Zawgyi