ၾကားသိရသမွ်

သားသမီးတွေဆီအပူမကပ်ဘဲ နှစ်(၄၀)ကျော်ကြာအောင် ဖျာရောင်းစားပြီး ဘဝကိုရပ်တည်နေတဲ့ အဘဦးတင်ဦး

အနားယူသင့်တဲ့အရွယ်ကို ရောက်နေပြီဖြစ်ပေမယ့် သားသမီးတွေဆီ အပူမကပ်ဘဲ နှစ် (၄၀) ကျော်ကြာအောင် ဖျာရောင်းစားပြီး ဘဝကိုရပ်တည်နေတဲ့ အဘ ဦးတင်ဦး

အသက် (၂၀) ကျော် အရွယ်ကနေစပြီး ယခု အသက် (၇၀) ကျော်အထိ ပင်ပန်းကြီးစွာနဲ့ ဖျာရောင်းစားရင်း ဘဝကိုကြံ့ကြံ့ခံရပ်တည်နေသူတစ်ဦးရှိပါတယ်။ အဲ့ဒါကေတာ့ အဘ ဦးတင်ဦး ပါပဲ။

အဘ ဦးတင်ဦးဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့် ခြေထောက်တစ်ဖက် ထိခိုက်ခံထားရတာ ဖြစ်တဲ့အတွက် ဖျာရောင်းတဲ့အချိန်မှာ လမ်းကို တစ်လှမ်းချင်း ဖြေးဖြေးသွားပြီး ရောင်းစားနေရပါတယ်။

အသက်အရွယ်ကြီးနေပြီး ဘဝရဲ့ အနားယူချိန်ကို ရောက်နေပေမယ့်လည်း မိသားစုရဲ့တာဝန်၊ မိသားစုရဲ့တစ်ဦးတည်းသော ဝင်ငွေရှာပေးနေသူဖြစ်တဲ့အတွက် အဘ ဦးတင်ဦးဟာ အနားမယူနိုင်ဘဲ အခုအချိန်အထိ နေ့စဉ်နေ့တိုင်း ဖျာရောင်းထွက်နေရဆဲပဲဖြစ်ပါတယ်။

အဘ ဦးတင်ဦးရဲ့ သူ့လှုပ်ရှားရုန်းကန်ရတဲ့ ဘ၀အကြောင်းတွေကို ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Credit to Aung Naing Win

အနားယူသင့္တဲ့အ႐ြယ္ကို ေရာက္ေနၿပီျဖစ္ေပမယ့္ သားသမီးေတြဆီ အပူမကပ္ဘဲ ႏွစ္ (၄၀) ေက်ာ္ၾကာေအာင္ ဖ်ာေရာင္းစားၿပီး ဘဝကိုရပ္တည္ေနတဲ့ အဘ ဦးတင္ဦး

အသက္ (၂၀) ေက်ာ္ အ႐ြယ္ကေနစၿပီး ယခု အသက္ (၇၀) ေက်ာ္အထိ ပင္ပန္းႀကီးစြာနဲ႔ ဖ်ာေရာင္းစားရင္း ဘဝကိုႀကံ့ႀကံ့ခံရပ္တည္ေနသူတစ္ဦးရွိပါတယ္။ အဲ့ဒါေကတာ့ အဘ ဦးတင္ဦး ပါပဲ။

အဘ ဦးတင္ဦးဟာ ကားအက္ဆီးဒင့္တစ္ခုေၾကာင့္ ေျခေထာက္တစ္ဖက္ ထိခိုက္ခံထားရတာ ျဖစ္တဲ့အတြက္ ဖ်ာေရာင္းတဲ့အခ်ိန္မွာ လမ္းကို တစ္လွမ္းခ်င္း ေျဖးေျဖးသြားၿပီး ေရာင္းစားေနရပါတယ္။

အသက္အ႐ြယ္ႀကီးေနၿပီး ဘဝရဲ႕ အနားယူခ်ိန္ကို ေရာက္ေနေပမယ့္လည္း မိသားစုရဲ႕တာဝန္၊ မိသားစုရဲ႕တစ္ဦးတည္းေသာ ဝင္ေငြရွာေပးေနသူျဖစ္တဲ့အတြက္ အဘ ဦးတင္ဦးဟာ အနားမယူႏိုင္ဘဲ အခုအခ်ိန္အထိ ေန႔စဥ္ေန႔တိုင္း ဖ်ာေရာင္းထြက္ေနရဆဲပဲျဖစ္ပါတယ္။

အဘ ဦးတင္ဦးရဲ႕ သူ႔လႈပ္ရွား႐ုန္းကန္ရတဲ့ ဘ၀အေၾကာင္းေတြကို ပရိသတ္ေတြအတြက္ တင္ဆက္ေပးလိုက္ပါတယ္။

Credit to Aung Naing Win