ငှက်ပျောခြံမှာဆေးဖြန်းတဲ့သူက နာကျင်ခြင်းမရှိဘဲ အံသွားတွေ အကုန်ကျွတ်ထွက်သွားလို့ ဆေးခန်းရောက်လာတဲ့အခါ
မနှစ်က ဒီလိုအချိန် ကျွန်တော့်ဆီ ထူးဆန်းတဲ့ လူနာတစ်ယောက်ရောက် လာခဲ့တယ်။ နေပူထဲကနေ ပြာရီပြာယာဆေးခန်းထဲဝင်လာပြီး
“သွားဖုံးတွေပုပ်နေလို့ ဘာဆေးသောက်ရမလည်းဆရာ” ဆိုပြီးဝင်လာတယ်။ဟုတ်ကဲ့ ခုံပေါ်ထိုင်ပါဦး တစ်ချက်ကြည့်ရအောင် ဆိုပြီး ခုံပေါ်တင်ပြီးစမ်းသပ်စစ်ဆေးကြည့်လိုက်တော့ တော်တော် အံ့သြာ်သွားတယ်။
သွားတွေအကုန်လုံးနီးပါး Mobility Grade (3) အံသွားတွေဆို ရှိတောင်မရှိတော့ဘူး။ အရင်ဆုံးအသက်ကိုမေးကြည့်တော့ (၄၀) တောင်မပြည့်သေးဘူးတဲ့။
သွားတွေ ပေါ်မှာ Calculus (သွားကျောက်)တွေရှိတယ်ဆိုပေမယ့် သွားတွေအကုန်လုံးယိုင်နဲ့နေလောက်အောင်လည်းမဆိုးဘူး။
ဘာဆေးတွေသောက်လဲ ဘာရောဂါအခံရှိလဲ မေးမလို့ စဉ်းစားတုန်း ရှိသေးတယ်လူနာကသူ့ရဲ့ အလုပ်အကိုင် အကြောင်းပြောလာတယ်။
တရုတ်ငှက်ပျောခြံမှာ ဆေးဖြန်းတဲ့အလုပ်လုပ်တာတဲ့။ အံသွားတွေလည်း မကြာသေးမှီက သူ့ဟာသူ လုံးဝနာကျင်ခြင်းမရှိပဲနဲ့ ကျွတ်ထွက်ကုန်တာပါတဲ့ဗျာ။
ခြေထောက်တွေမှာလည်း ဓာတ်မတည့် လို့ ဖြစ်တဲ့ lesion တွေအပြည့်။ ခြံထဲသွားပြီး ဆေးဖြန်းပြီဆိုတာနဲ့ ချက်ခြင်းယားလာတော့တာပဲတဲ့။
ပြန်လာရင်လည်း လည်ချောင်းအသက်ရှူ ကျပ်သလိုအမြဲတမ်းဖြစ်တာပါတဲ့။ကျွန်တော် တော်တော်လေးစိုးရိမ်မကင်းဖြစ်သွားပြီး ဆက်မေးကြည့်တယ်။
ဆေးက ဘယ်လောက်တောင်ပြင်းလည်းဆိုရင် ဆေးဖြန်းထားတဲ့ ဧရိယာတစ်ဝိုက်မှာ ဘာအကောင်မှ မရှင်ပါဘူးတဲ့ခင်ဗျာ။ တီကောင်တွေတောင် မြေကြီးပေါ်ထွက်ပြီး သေသွားကြတာတဲ့။
အကောင်မပြောနဲ့ဆရာရယ် လူတောင်ခနခနသေကြတယ်တဲ့။ အစ်မလေး မျက်လုံးမျက်ဆန်တွေ ပျူးကျယ်သွားတယ်။
ဘယ်သူတွေသေတာလည်း ဆေးဖြန်းတဲ့တရုတ်တွေသေတား ဆိုတော့ မဟုတ်ဘူး ဆရာ ဒီကလက်လုပ်လက်စားတွေသေတာတဲ့။ တရုတ်တွေက ဆေးဖြန်းတဲ့အလုပ် မလုပ်ပါဘူးတဲ့ဗျာ။
သို့သော်လည်း သိချင်တော့ ဆက်မေးရတာပေါ့။ အဲ့လိုလူတွေသေတော့ ဘယ်လိုအရေးယူမူတွေရှိလည်း ဆိုတော့ ဒီလိုပဲ ပိုက်ဆံပေးလျော် လိုက်ကြတာတဲ့ ကိုင်းဗျာ။ စဉ်းစားသာကြည့်ကြကုန်။
မေးနေရင်း လူနာက သူ့သွားတွေပြန်ကောင်းအောင် ဘာဆေးသောက်ရင်သက်သာမလည်းလို့မေးလာပြန်တယ်…ကျွန်တော်ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်တယ်။
ကျွန်တော်လုပ် နိုင်တဲ့ အတိုင်းအတာနဲ့ ကျွန်တော့်ဆီမှာရှိတဲ့ ပစ္စည်း အတိုင်းအတာနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ သောက်ဆေးလည်း မရှိပါဘူး။
နာနေတယ်ဆိုရင်တော့ နာတာသက်သာအောင် သောက်ဆေးတော့ ပေးလိုက်ပါ့မယ်ဆိုတော့ နာတာတော့မနာဘူး။
သွားယိုင်တာကိုပဲ ပြန်ကောင်ချင်တာပါတဲ့ အစ်ကို့အနေနဲ့ မန္တလေးလောက်ပြီး သွားဖုံးရောဂါအထူးကုနဲ့ ပြနိုင်ရင်တော့ အဖြေရှိကောင်းရှိနိုင်မှာမဟုတ်ရင်
အကုန်နှုတ်ပြီး အံကပ်ပဲထည့်လို့ရတော့မှာပါလို့ စိတ်မကောင်းစွာပြောခဲ့လိုက်ပါတယ်။ လူနာလည်း အချိန်သိပ်ရှိပုံမရဘူး။
ဟုတ်ကဲ့ဆရာ စမ်းသပ်ခဘယ်လောက်ကျပါသလည်း ဆိုတော့ ရပါတယ် စမ်းသပ်ခ ကျွန်တော်မယူပါဘူးလို့ပြောလိုက်ပြီးချိန်မှာပဲ။
ကျေးဇူးပဲနော်ဆရာဆိုပြီး ခုံပေါ်ကဆင်းပြီးခပ်သုပ်သုပ် ထွက်ခွာသွားခဲ့တယ်။ ကျွန်တော့်မှာ အေးအေးဆေးဆေးမေးပြီး ဓာတ်ပုံတွေ သေချာရိုက်ပြီး ဒီ့ထက် ပိုပြီးအသေးစိတ် မေးချင်ခဲ့သော်လည်း အဆင်မပြေခဲ့လိုက်ဘူး။
ကျွန်တော်စိတ်ထဲမှာတော့ ငှက်ပျောခြံထဲ ဆေးသွားဖြန်းတာ မဟုတ်ပါစေနဲ့လို့စုတောင်းမိရင်း။ ကိုင်းဗျာ ဘယ်လောက်ပြင်းတဲ့ဘာဆေးတွေများဖြန်းနေခဲ့ကြတာလည်း မသိဘူးနော်။
Credit – ဒေါက်တာ ဆန်ခေါ (ခတ်ချိူ ,ဝိုင်းမော်)
Zawgyi
ငွက္ေပ်ာၿခံမွာေဆးျဖန္းတဲ့သူကနာက်င္ျခင္းမရွိဘဲ အံသြားေတြ အကုန္ကြၽတ္ထြက္သြားလို႔ ေဆးခန္းေရာက္လာ ေဆးဘယ္ေလာက္ပ်င္းလဲစဥ္းစားၾကည့္ ေၾကာက္စရာေကာင္းလိုက္တာ
မႏွစ္က ဒီလိုအခ်ိန္ ကြၽန္ေတာ့္ဆီ ထူးဆန္းတဲ့ လူနာတစ္ေယာက္ေရာက္ လာခဲ့တယ္။ ေနပူထဲကေန ျပာရီျပာယာေဆးခန္းထဲဝင္လာၿပီး
“သြားဖုံးေတြပုပ္ေနလို႔ ဘာေဆးေသာက္ရမလည္းဆရာ” ဆိုၿပီးဝင္လာတယ္။ဟုတ္ကဲ့ ခုံေပၚထိုင္ပါဦး တစ္ခ်က္ၾကည့္ရေအာင္ ဆိုၿပီး ခုံေပၚတင္ၿပီးစမ္းသပ္စစ္ေဆးၾကည့္လိုက္ေတာ့ ေတာ္ေတာ္ အံ့ၾသာ္သြားတယ္။
သြားေတြအကုန္လုံးနီးပါး Mobility Grade (3) အံသြားေတြဆို ရွိေတာင္မရွိေတာ့ဘူး။ အရင္ဆုံးအသက္ကိုေမးၾကည့္ေတာ့ (၄၀) ေတာင္မျပည့္ေသးဘူးတဲ့
သြားေတြ ေပၚမွာ Calculus (သြားေက်ာက္)ေတြရွိတယ္ဆိုေပမယ့္ သြားေတြအကုန္လုံးယိုင္နဲ႔ေနေလာက္ေအာင္လည္းမဆိုးဘူး။
ဘာေဆးေတြေသာက္လဲ ဘာေရာဂါအခံရွိလဲ ေမးမလို႔ စဥ္းစားတုန္း ရွိေသးတယ္လူနာကသူ႔ရဲ႕ အလုပ္အကိုင္ အေၾကာင္းေျပာလာတယ္။
တ႐ုတ္ငွက္ေပ်ာၿခံမွာ ေဆးျဖန္းတဲ့အလုပ္လုပ္တာတဲ့။ အံသြားေတြလည္း မၾကာေသးမွီက သူ႔ဟာသူ လုံးဝနာက်င္ျခင္းမရွိပဲနဲ႔ ကြၽတ္ထြက္ကုန္တာပါတဲ့ဗ်ာ။
ေျခေထာက္ေတြမွာလည္း ဓာတ္မတည့္ လို႔ ျဖစ္တဲ့ lesion ေတြအျပည့္။ ၿခံထဲသြားၿပီး ေဆးျဖန္းၿပီဆိုတာနဲ႔ ခ်က္ျခင္းယားလာေတာ့တာပဲတဲ့။
ျပန္လာရင္လည္း လည္ေခ်ာင္းအသက္ရႉ က်ပ္သလိုအၿမဲတမ္းျဖစ္တာပါတဲ့။ကြၽန္ေတာ္ ေတာ္ေတာ္ေလးစိုးရိမ္မကင္းျဖစ္သြားၿပီး ဆက္ေမးၾကည့္တယ္။
ေဆးက ဘယ္ေလာက္ေတာင္ျပင္းလည္းဆိုရင္ ေဆးျဖန္းထားတဲ့ ဧရိယာတစ္ဝိုက္မွာ ဘာအေကာင္မွ မရွင္ပါဘူးတဲ့ခင္ဗ်ာ။ တီေကာင္ေတြေတာင္ ေျမႀကီးေပၚထြက္ၿပီး ေသသြားၾကတာတဲ့။
အေကာင္မေျပာနဲ႔ဆရာရယ္ လူေတာင္ခနခနေသၾကတယ္တဲ့။ အစ္မေလး မ်က္လုံးမ်က္ဆန္ေတြ ပ်ဴးက်ယ္သြားတယ္။
ဘယ္သူေတြေသတာလည္း ေဆးျဖန္းတဲ့တ႐ုတ္ေတြေသတား ဆိုေတာ့ မဟုတ္ဘူး ဆရာ ဒီကလက္လုပ္လက္စားေတြေသတာတဲ့။ တ႐ုတ္ေတြက ေဆးျဖန္းတဲ့အလုပ္ မလုပ္ပါဘူးတဲ့ဗ်ာ။
သို႔ေသာ္လည္း သိခ်င္ေတာ့ ဆက္ေမးရတာေပါ့။ အဲ့လိုလူေတြေသေတာ့ ဘယ္လိုအေရးယူမူေတြရွိလည္း ဆိုေတာ့ ဒီလိုပဲ ပိုက္ဆံေပးေလ်ာ္ လိုက္ၾကတာတဲ့ ကိုင္းဗ်ာ။ စဥ္းစားသာၾကည့္ၾကကုန္။
ေမးေနရင္း လူနာက သူ႔သြားေတြျပန္ေကာင္းေအာင္ ဘာေဆးေသာက္ရင္သက္သာမလည္းလို႔ေမးလာျပန္တယ္…ကြၽန္ေတာ္႐ိုး႐ိုးသားသားပဲ ျပန္ေျဖလိုက္တယ္။
ကြၽန္ေတာ္လုပ္ ႏိုင္တဲ့ အတိုင္းအတာနဲ႔ ကြၽန္ေတာ့္ဆီမွာရွိတဲ့ ပစၥည္း အတိုင္းအတာနဲ႔ေတာ့ ဘယ္လိုမွမျဖစ္ႏိုင္ေတာ့ပါဘူး။ ေသာက္ေဆးလည္း မရွိပါဘူး။
နာေနတယ္ဆိုရင္ေတာ့ နာတာသက္သာေအာင္ ေသာက္ေဆးေတာ့ ေပးလိုက္ပါ့မယ္ဆိုေတာ့ နာတာေတာ့မနာဘူး။
သြားယိုင္တာကိုပဲ ျပန္ေကာင္ခ်င္တာပါတဲ့ အစ္ကို႔အေနနဲ႔ မႏၲေလးေလာက္ၿပီး သြားဖုံးေရာဂါအထူးကုနဲ႔ ျပႏိုင္ရင္ေတာ့ အေျဖရွိေကာင္းရွိႏိုင္မွာမဟုတ္ရင္
အကုန္ႏႈတ္ၿပီး အံကပ္ပဲထည့္လို႔ရေတာ့မွာပါလို႔ စိတ္မေကာင္းစြာေျပာခဲ့လိုက္ပါတယ္။ လူနာလည္း အခ်ိန္သိပ္ရွိပုံမရဘူး။
ဟုတ္ကဲ့ဆရာ စမ္းသပ္ခဘယ္ေလာက္က်ပါသလည္း ဆိုေတာ့ ရပါတယ္ စမ္းသပ္ခ ကြၽန္ေတာ္မယူပါဘူးလို႔ေျပာလိုက္ၿပီးခ်ိန္မွာပဲ။
ေက်းဇူးပဲေနာ္ဆရာဆိုၿပီး ခုံေပၚကဆင္းၿပီးခပ္သုပ္သုပ္ ထြက္ခြာသြားခဲ့တယ္။ ကြၽန္ေတာ့္မွာ ေအးေအးေဆးေဆးေမးၿပီး ဓာတ္ပုံေတြ ေသခ်ာ႐ိုက္ၿပီး ဒီ့ထက္ ပိုၿပီးအေသးစိတ္ ေမးခ်င္ခဲ့ေသာ္လည္း အဆင္မေျပခဲ့လိုက္ဘူး။
ကြၽန္ေတာ္စိတ္ထဲမွာေတာ့ ငွက္ေပ်ာၿခံထဲ ေဆးသြားျဖန္းတာ မဟုတ္ပါေစနဲ႔လို႔စုေတာင္းမိရင္း။ ကိုင္းဗ်ာ ဘယ္ေလာက္ျပင္းတဲ့ဘာေဆးေတြမ်ားျဖန္းေနခဲ့ၾကတာလည္း မသိဘူးေနာ္။
Credit – ေဒါက္တာ ဆန္ေခါ (ခတ္ခ်ိဴ ,ဝိုင္းေမာ္)