ၾကားသိရသမွ်

တစ္လလုံးမွ တစ္ညပဲ ႐ြတ္ရမယ့္ ေငြျပည့္ေငြလွ်ံ ဂါထာ

တစ္လလုံးမွ တစ္ညပဲ ႐ြတ္ရမယ့္ ေငြျပည့္ေငြလွ်ံ ဂါထာ

ဂါ ထာ ေတြ မႏၲန္ေတြ ဆိုတာ ဟိုးေရွးေခတ္ အခါတည္း က ရွိခဲ့တာပါ….တကယ့္ကို အစြမ္းထက္တဲ့ ဂါထာေတြေၾကာင့္ ေကာင္းက်ိဳးေတြ ရရွိခဲ့တာေတြရွိသလို ထူးျခားမႈေတြ ႀကဳံရတာလည္း ရွိပါတယ္…

မိမိကိုယ္တိုင္ ကလည္း ကုသိုလ္ကံကေကာင္း ယုံၾကည္စြာ ႐ြတ္ဖတ္ပူေဇာ္တဲ့ ဂါထာ ကလည္း အစြမ္းထက္ဆို မိမိအတြက္ အလြန႔္ကို အက်ိဳး သက္ေရာက္ေစတာပါ…

ခုေဖာ္ျပမဲ့ ဂါထာေလး ကေတာ့ ေငြဝင္ေငြျပည့္ ခ်မ္းသာေစတဲ့ ေငြဝင္ဂါထာေလး ပါပဲ…. တစ္လလုံးမွာမွ တစ္ညပဲ ႐ြတ္ဆိုရတာပါ…..

လတစ္လရဲ႕ လျပည့္ ညေရာက္တိုင္း ေအာက္မွာ ေဖာ္ျပထားတဲ့ ေငြဝင္ဂါထာေလးကို ႐ြတ္ဖတ္ ပူေဇာ္ေပးပါ…..ပရိသတ္ႀကီးတို႔ အတြက္ တကယ့္ကို ေငြဝင္ေငြလွ်ံေစမွာ ျဖစ္ပါတယ္…

ေငြဝင္ဂါထာ ဟု ေက်ာ္ၾကားေသာ ဒိဝါတပတိ ဂါထာေတာ္ သဗၺမဂၤလာ ဂါထာပါဠိေတာ္..

(၁) ဒိဝါတပတိအာဒိေစၥာ၊ ရတၱိမာဘာတိစႏၵိမာ။သႏၷေဒၶါခတၱိေယာတပတိဈာယီတပတိ ျဗဟၼေဏာ။ အထသဗၺမေဟာရတၱိ ံဗုေဒၶါတပတိေတဇသာ..

(၂) တာဒိသံေတဇသမၸႏၷံ၊ဗုဒၶံဝႏၵာမိအာဒရံ။ နမကၠာရာႏုဘာေဝန ၊ သေဗၺပူေရႏၲဳသကၤပၸါ..

ဂါထာေတာ္ ျမန္မာျပန္ အနက္…

(၁) ေနမင္းသည္ ေန႔အခါ၌သာေတာက္ပ၏။ လမင္းသည္ညဥ့္အခါ၌သာ ေတာက္ပ၏။ ရွင္ဘုရင္သည္ မင္းေျမႇာက္တန္ဆာငါးပါး ဆင္ယင္ထားမွသာ ေတာက္ပ၏..။

ရဟႏၲာသည္ ဈာန္ဝင္စားေနမွသာေတာက္ပ၏ ။ ျမတ္စြာဘုရားရွင္သည္ကား ေန႔ေရာညပါ အခါခပ္သိမ္း တန္ခိုးေတာ္ အမ်ိဳးမ်ိဳးျဖင့္ အခ်ိန္တိုင္း ေတာက္ပ၏..။

(၂)ထိုသို႔ေနေရာ ညဥ့္ပါ ဘယ္ခါမလပ္တန္ခိုးရွိန္ေစာ္အာႏုေဘာ္ေတာ္တို႔ျဖင့္ထြန္းလင္းေတာက္ပေတာ္မူေသာဘုရားရွင္အား ဘုရားတပည့္ေတာ္သည္ ႐ိုေသျမတ္ႏိုးလက္စုံမိုး၍ ရွိခိုးကန္ေတာ့ပါ၏ ျမတ္စြာဘုရား…။

ဤသိုရွိခိုးပူေဇာ္ရေသာအက်ိဳးအားေၾကာင့္ အလုံးစုံကုန္ေသာေလာကီစီးပြါး အေထြေထြစည္းစိမ္ ဥစၥာရတနာ အေထြတို႔ႏွင့္ လ်င္လ်င္ျမန္ျမန္ ျပည့္စုံႏိုင္ရပါေစသား အရွင္ျမတ္ဘုရား…လုိ႔႐ြတ္ဆိုၿပီး

ပါဠိအသံကို ပီျပင္ေအာင္ မ႐ြတ္ဖတ္တတ္ေသာ သူမ်ားအတြက္ရည္႐ြယ္ပါသည္ဖတ္တတ္သူမ်ားကေက်ာ္သြားေပးပါ..။

ျမန္မာအသံထြက္…

(၁) ဒိဝါတပတိအာဒိတ္ေစာ ရတ္တိမာဘာတိစန္ဒိမာ သန္နတ္ေဒါခတ္တိေယာ တပတိဈာယီတပတိ ျဗင္မေဏာအထသပ္ဗ မေဟာရတ္တိန္ဗုဒ္ေဓါတပတိ ေတဇသာ..

(၂) တာဒိသံေတဇသံပန္နံ ဗုတ္ဓံဝန္ဒါမိ အာဒရံနမက္ကာရာ ႏုဘာေဝနသပ္ေဗပူရင္တုသင္ကပ္ပါ..။(ရေကာက္အသံ႐ြတ္လွ်င္ အဂၤလိပ္အသံထြက္ R လိုလွ်ာလိပ္သံျဖင့္ထြက္ပါ။

ယပလက္အသံယတ္ဟုမထြက္ပဲရတ္ဟုပီျပင္ေအာင္ ထြက္ႏိုင္ရန္ကႀကိဳးစားပါ..။ယံအသံမထြက္ပဲရံဟုပီးျပင္ေအာင္ ႀကိဳးစားပါေလ)

ဘုရားရွင္ ေဟာၾကားေတာ္မူျခင္း..

ျမတ္စြာဘုရား သာဝတၳိျပည္ ပုပၸာ႐ုံေက်ာင္း မိဂါရမာတုျပႆ ဒ္၌ သီတင္းသုံးေတာ္မူစဥ္ အရွင္အာနႏၵာ၏ ေလွ်ာက္ထားမူကို အေၾကာင္းျပဳ၍ ဘုရားရွင္က ဤဂါထာကို ေဟာၾကားေတာ္မူပါသည္ ။

အရွင္အာနႏၵာသည္ သီတင္းကြၽတ္ လျပည့္ေန႔ဆည္းဆာအခ်ိန္တြင္ အေနာက္ေဂါယာကြၽန္း ယြန္းမည့္ဆဲဆဲ ေနအေရာင္၏ တင့္တယ္မႈ အေရွ႕ေလာကဓာတ္မွ ထြက္ျပဴစ လမင္း၏ တင့္တယ္မႈတို႔ကို ေတြ႕ျမင္ ႏွစ္သက္ ပီတိ ျဖစ္ေတာ္မူသည္ ။

ထိုသို႔ အာ႐ုံခံစားမူ ျဖစ္ေနစဥ္၌ စစ္အဂၤါေလးပါး ၿခံရံကာမင္းေျမႇာက္တန္ဆာဝတ္ဆင္ လာၿပီး ပန္းနံ႔သာစြဲကိုင္လွ်က္ဘုရားရွင္ထံ ေရွးရႈ႕လာေနေသာ ပေသနဒီေကာသလ မင္းႀကီး၏ တင့္တယ္မႈကို ျမင္ရ၍လည္း ႏွစ္သက္ပီတိျဖစ္ရျပန္သည္ ။

ထို႔ျပင္ အရွင္အာနႏၵာသည္ ကာဠဳဒါယီ ရဟႏၲာမေထရ္ ဈာန္ဝင္စားသျဖင့္ ကိုယ္ေတာ္မွ အေရာင္အဆင္းမ်ား ေတာက္ပထြန္းေပၚေနသည္ကို ျမင္ရသျဖင့္ ႏွစ္သက္ပီတိ ျဖစ္ေတာ္မူျပန္ေလသည္ ။

ထို႔ေနာက္ ဘုရားရွင္၏ အေရာင္အဆင္းထြန္းလင္းေတာက္ပျခင္းမွာ အထက္ပါေနမင္း’ လမင္း’ ရွင္ဘုရင္’ ရဟႏၲာ’တို႔ထက္သာလြန္ လႊမ္းမိုးထူးကဲေၾကာင္းေတြ႕ရသျဖင့္ ဘုရားရွင္အားေလွ်ာက္ထားရာ

ဘုရားရွင္ကဒိဝါတပတိအစခ်ီေသာ ဤဂါထာေတာ္ကိုေဟာၾကားေတာ္မူေလသည္ ။

(၂) ဂါထာေတာ္မွာေႏွာင္းပညာရွိ သူေတာ္ေကာင္းသူျမတ္ေလာင္းတို႔မွ ႐ြတ္ဖတ္ ပူေဇာ္သူအမ်ိဳးေကာင္းသား အမ်ိဳးေကာင္းသမီးသူေတာ္ေကာင္းတို႔ အက်ိဳးေပး ထက္သန္ေစရန္ ရည္သန္လွ်က္ရွိခိုး ဆုေတာင္းဂါထာကို ထည့္သြင္းလွ်က္႐ြတ္ဖတ္ပူေဇာ္ေစရာ မွ

ဒုတိယ (၂) ဂါထာဟာ ပါဝင္လာျခင္း ျဖစ္ေပသည္ ။ပရိသတ္ႀကီးတို႔အတြက္အက်ိဳးရွိေစမဲ့ ဂါထာေလး မို႔ခုလို ျပန္လည္ေဝမွ်လိုက္ပါတယ္…အားလုံးခ်မ္းသာၾကပါေစ… Source : Danma (ဓမၼပဒ)

တစ်လလုံးမှ တစ်ညပဲ ရွတ်ရမယ့် ငွေပြည့်ငွေလျှံ ဂါထာ

ဂါ ထာ တွေ မန္တန်တွေ ဆိုတာ ဟိုးရှေးခေတ် အခါတည်း က ရှိခဲ့တာပါ….တကယ့်ကို အစွမ်းထက်တဲ့ ဂါထာတွေကြောင့် ကောင်းကျိုးတွေ ရရှိခဲ့တာတွေရှိသလို ထူးခြားမှုတွေ ကြုံရတာလည်း ရှိပါတယ်…

မိမိကိုယ်တိုင် ကလည်း ကုသိုလ်ကံကကောင်း ယုံကြည်စွာ ရွတ်ဖတ်ပူဇော်တဲ့ ဂါထာ ကလည်း အစွမ်းထက်ဆို မိမိအတွက် အလွန့်ကို အကျိုး သက်ရောက်စေတာပါ…

ခုဖော်ပြမဲ့ ဂါထာလေး ကတော့ ငွေဝင်ငွေပြည့် ချမ်းသာစေတဲ့ ငွေဝင်ဂါထာလေး ပါပဲ…. တစ်လလုံးမှာမှ တစ်ညပဲ ရွတ်ဆိုရတာပါ…..

လတစ်လရဲ့ လပြည့် ညရောက်တိုင်း အောက်မှာ ဖော်ပြထားတဲ့ ငွေဝင်ဂါထာလေးကို ရွတ်ဖတ် ပူဇော်ပေးပါ…..ပရိသတ်ကြီးတို့ အတွက် တကယ့်ကို ငွေဝင်ငွေလျှံစေမှာ ဖြစ်ပါတယ်…

ငွေဝင်ဂါထာ ဟု ကျော်ကြားသော ဒိဝါတပတိ ဂါထာတော် သဗ္ဗမင်္ဂလာ ဂါထာပါဠိတော်..

(၁) ဒိဝါတပတိအာဒိစ္စော၊ ရတ္တိမာဘာတိစန္ဒိမာ။သန္နဒ္ဓေါခတ္တိယောတပတိဈာယီတပတိ ဗြဟ္မဏော။ အထသဗ္ဗမဟောရတ္တိ ံဗုဒ္ဓေါတပတိတေဇသာ..

(၂) တာဒိသံတေဇသမ္ပန္နံ၊ဗုဒ္ဓံဝန္ဒာမိအာဒရံ။ နမက္ကာရာနုဘာဝေန ၊ သဗ္ဗေပူရေန္တုသင်္ကပ္ပါ..

ဂါထာတော် မြန်မာပြန် အနက်…

(၁) နေမင်းသည် နေ့အခါ၌သာတောက်ပ၏။ လမင်းသည်ညဉ့်အခါ၌သာ တောက်ပ၏။ ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာငါးပါး ဆင်ယင်ထားမှသာ တောက်ပ၏..။

ရဟန္တာသည် ဈာန်ဝင်စားနေမှသာတောက်ပ၏ ။ မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏..။

(၂)ထိုသို့နေရော ညဉ့်ပါ ဘယ်ခါမလပ်တန်ခိုးရှိန်စော်အာနုဘော်တော်တို့ဖြင့်ထွန်းလင်းတောက်ပတော်မူသောဘုရားရှင်အား ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား…။

ဤသိုရှိခိုးပူဇော်ရသောအကျိုးအားကြောင့် အလုံးစုံကုန်သောလောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာ အထွေတို့နှင့် လျင်လျင်မြန်မြန် ပြည့်စုံနိုင်ရပါစေသား အရှင်မြတ်ဘုရား…လို့ရွတ်ဆိုပြီး

ပါဠိအသံကို ပီပြင်အောင် မရွတ်ဖတ်တတ်သော သူများအတွက်ရည်ရွယ်ပါသည်ဖတ်တတ်သူများကကျော်သွားပေးပါ..။

မြန်မာအသံထွက်…

(၁) ဒိဝါတပတိအာဒိတ်စော ရတ်တိမာဘာတိစန်ဒိမာ သန်နတ်ဒေါခတ်တိယော တပတိဈာယီတပတိ ဗြင်မဏောအထသပ်ဗ မဟောရတ်တိန်ဗုဒ်ဓေါတပတိ တေဇသာ..

(၂) တာဒိသံတေဇသံပန်နံ ဗုတ်ဓံဝန်ဒါမိ အာဒရံနမက်ကာရာ နုဘာဝေနသပ်ဗေပူရင်တုသင်ကပ်ပါ..။(ရကောက်အသံရွတ်လျှင် အင်္ဂလိပ်အသံထွက် R လိုလျှာလိပ်သံဖြင့်ထွက်ပါ။

ယပလက်အသံယတ်ဟုမထွက်ပဲရတ်ဟုပီပြင်အောင် ထွက်နိုင်ရန်ကကြိုးစားပါ..။ယံအသံမထွက်ပဲရံဟုပီးပြင်အောင် ကြိုးစားပါလေ)

ဘုရားရှင် ဟောကြားတော်မူခြင်း..

မြတ်စွာဘုရား သာဝတ္ထိပြည် ပုပ္ပာရုံကျောင်း မိဂါရမာတုပြဿ ဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍ ဘုရားရှင်က ဤဂါထာကို ဟောကြားတော်မူပါသည် ။

အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်း ယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏ တင့်တယ်မှုတို့ကို တွေ့မြင် နှစ်သက် ပီတိ ဖြစ်တော်မူသည် ။

ထိုသို့ အာရုံခံစားမူ ဖြစ်နေစဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာမင်းမြှောက်တန်ဆာဝတ်ဆင် လာပြီး ပန်းနံ့သာစွဲကိုင်လျှက်ဘုရားရှင်ထံ ရှေးရှု့လာနေသော ပသေနဒီကောသလ မင်းကြီး၏ တင့်တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည် ။

ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် ဈာန်ဝင်စားသဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းပေါ်နေသည်ကို မြင်ရသဖြင့် နှစ်သက်ပီတိ ဖြစ်တော်မူပြန်လေသည် ။

ထို့နောက် ဘုရားရှင်၏ အရောင်အဆင်းထွန်းလင်းတောက်ပခြင်းမှာ အထက်ပါနေမင်း’ လမင်း’ ရှင်ဘုရင်’ ရဟန္တာ’တို့ထက်သာလွန် လွှမ်းမိုးထူးကဲကြောင်းတွေ့ရသဖြင့် ဘုရားရှင်အားလျှောက်ထားရာ

ဘုရားရှင်ကဒိဝါတပတိအစချီသော ဤဂါထာတော်ကိုဟောကြားတော်မူလေသည် ။

(၂) ဂါထာတော်မှာနှောင်းပညာရှိ သူတော်ကောင်းသူမြတ်လောင်းတို့မှ ရွတ်ဖတ် ပူဇော်သူအမျိုးကောင်းသား အမျိုးကောင်းသမီးသူတော်ကောင်းတို့ အကျိုးပေး ထက်သန်စေရန် ရည်သန်လျှက်ရှိခိုး ဆုတောင်းဂါထာကို ထည့်သွင်းလျှက်ရွတ်ဖတ်ပူဇော်စေရာ မှ

ဒုတိယ (၂) ဂါထာဟာ ပါဝင်လာခြင်း ဖြစ်ပေသည် ။ပရိသတ်ကြီးတို့အတွက်အကျိုးရှိစေမဲ့ ဂါထာလေး မို့ခုလို ပြန်လည်ဝေမျှလိုက်ပါတယ်…အားလုံးချမ်းသာကြပါစေ… Source : Danma (ဓမ္မပဒ)