ၾကားသိရသမွ်

“အသက် (၅၉) နှစ်မှာ အိမ်ထောင်ဆက်(၄၅) ဆက်၊ (မယား ၄၅)ဦး ယူခဲ့တဲ့ ကျောက်ဖြူက ဦးမောင်ဟန်ထွန်း”

“အသက် (၅၉) နှစ်မှာ အိမ်ထောင်ဆက်(၄၅) ဆက်၊ (မယား ၄၅)ဦး ယူခဲ့တဲ့ ကျောက်ဖြူက ဦးမောင်ဟန်ထွန်း”

” ကျောက်ဖြူက အိမ်ထောင်ဆက်(၄၅) ဆက် (မယား ၄၅)ဦးဖြင့် ခေသူမဟုတ် ” ရခိုင်ပြည်က ” ခေသူမဟုတ်” ခေါင်းစဉ်ဖြင့် ရင်ထဲက ကျောက်ဖြူကနေ ဖော်ပြ တင်ပေးလိုက်ရပါသည်။

ဦးမောင်ဟန်ထွန်း၊ အသက် ( ၅၉) နှစ်သည် ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မင်းချောင်း ကျေးရွာ အုပ်စုက မြို့ချောင်းကျေးရွာ နေထိုင်သူ အဖ ဦးမောင်ပုချေ ၏ သား ဖြစ်ပါသည်။

ရခိုင်ပြည်အတွင်းက အထူးဆန်းဆုံး အနေဖြင့် အဆိုပါ ဦးမောင်ဟန်ထွန်း သည် အိမ်ထောင်ဆက် (၄၅) ဆက် (မယား ၄၅)ဦးထိ အိမ်ထောင်ကျခဲ့ကြောင်း အံ့သြစွာနဲ့ သိရပါသည်။

လက်ရှိ သားသမီး (၂၀)ဦး၊ မြေး (၈)ဦး၊ မြစ် (၂)ဦး ရှိပြီး ယခု လက်ရှိ ဇနီး မသိန်းရွှေ နှင့် အတူ ပေါင်းသင်း နေထိုင်လျှက်ရှိကြောင်း သိရသည်။

ဦးမောင်ဟန်ထွန်းမှာ လက်ရှိ ဇနီးသာတစ်သက်လုံး ပေါင်းသင်း နေထိုင်သွားမည် ဖြစ်ကြောင်းညအကြောင်း အမျိုးမျိုးကြောင့် အိမ်ထောင် ကွဲခဲ့ရင်လည်း ဆက်လက်၍ အိမ်ထောင် မပြုတော့ကြောင်း ပြောပြ သိရပါသည်။

ဤသည်မှာ ခွင့်ပြုပြီးကာယကံရှင်၏ ဆန္ဒအရ တင်ပေးခြင်း ဖြစ်ကြောင်း သိရမှုအား ရင်ထဲက ကျောက်ဖြူ ကနေ သင့်တော် ဆီလျော်စွာ ပြန်လည် တည်းဖြတ်ကာ အားလုံးအတွက် အတုယူနိုင်ဖို့ မဟုတ်ပေမယ့် သိရှိနိုင်ရအောင် တင်ပြပေးခြင်းသာ ဖြစ်၍ တင်ပေးလိုက်ရပါသည်။

Credit : Kyaw Than

Zawgyi ဖြင့် ဖတ်ရန်

“အသက္ (၅၉) ႏွစ္မွာ အိမ္ေထာင္ဆက္(၄၅) ဆက္၊ (မယား ၄၅)ဦး ယူခဲ့တဲ့ ေက်ာက္ျဖဴက ဦးေမာင္ဟန္ထြန္း”

” ေက်ာက္ျဖဴက အိမ္ေထာင္ဆက္(၄၅) ဆက္ (မယား ၄၅)ဦးျဖင့္ ေခသူမဟုတ္ ” ရခိုင္ျပည္က ” ေခသူမဟုတ္” ေခါင္းစဥ္ျဖင့္ ရင္ထဲက ေက်ာက္ျဖဴကေန ေဖာ္ျပ တင္ေပးလိုက္ရပါသည္။

ဦးေမာင္ဟန္ထြန္း၊ အသက္ ( ၅၉) ႏွစ္သည္ ရခိုင္ျပည္ ေက်ာက္ျဖဴၿမိဳ႕နယ္ မင္းေခ်ာင္း ေက်း႐ြာ အုပ္စုက ၿမိဳ႕ေခ်ာင္းေက်း႐ြာ ေနထိုင္သူ အဖ ဦးေမာင္ပုေခ် ၏ သား ျဖစ္ပါသည္။

ရခိုင္ျပည္အတြင္းက အထူးဆန္းဆုံး အေနျဖင့္ အဆိုပါ ဦးေမာင္ဟန္ထြန္း သည္ အိမ္ေထာင္ဆက္ (၄၅) ဆက္ (မယား ၄၅)ဦးထိ အိမ္ေထာင္က်ခဲ့ေၾကာင္း အံ့ၾသစြာနဲ႔ သိရပါသည္။

လက္ရွိ သားသမီး (၂၀)ဦး၊ ေျမး (၈)ဦး၊ ျမစ္ (၂)ဦး ရွိၿပီး ယခု လက္ရွိ ဇနီး မသိန္းေ႐ႊ ႏွင့္ အတူ ေပါင္းသင္း ေနထိုင္လွ်က္ရွိေၾကာင္း သိရသည္။

ဦးေမာင္ဟန္ထြန္းမွာ လက္ရွိ ဇနီးသာတစ္သက္လုံး ေပါင္းသင္း ေနထိုင္သြားမည္ ျဖစ္ေၾကာင္းညအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အိမ္ေထာင္ ကြဲခဲ့ရင္လည္း ဆက္လက္၍ အိမ္ေထာင္ မျပဳေတာ့ေၾကာင္း ေျပာျပ သိရပါသည္။

ဤသည္မွာ ခြင့္ျပဳၿပီးကာယကံရွင္၏ ဆႏၵအရ တင္ေပးျခင္း ျဖစ္ေၾကာင္း သိရမႈအား ရင္ထဲက ေက်ာက္ျဖဴ ကေန သင့္ေတာ္ ဆီေလ်ာ္စြာ ျပန္လည္ တည္းျဖတ္ကာ အားလုံးအတြက္ အတုယူႏိုင္ဖို႔ မဟုတ္ေပမယ့္ သိရွိႏိုင္ရေအာင္ တင္ျပေပးျခင္းသာ ျဖစ္၍ တင္ေပးလိုက္ရပါသည္။

Credit : Kyaw Than