ၾကားသိရသမွ်

ပါးကြပ္က်ားနဲ႔ ငါတို႔သမီးေလး …ဒီအေပါက္ေလးကထြက္သြားတာ ခုထိျပန္မလာေသးဘူး

အိမ္ထရံမွာ ခဲတံေလာက္အေပါက္ေလးရွိတယ္ ။

ပါးကြပ္က်ားနဲ႔ ငါတို႔သမီးေလး

ဒီအေပါက္ေလးကထြက္သြားတာ ခုထိျပန္မလာေသးဘူး ။

မေစာင့္ႏိုင္တဲ့အဆုံး….

အေမျဖစ္ ထရံေပါက္က ေခ်ာင္းၾကည့္ေတာ့

ေသြးစြန္းေနတဲ့ ေသနက္ေျပာင္းေတြေတြ႕တယ္ ။

အဲဒီေနာက္မွာ ေသြးအလိမ္းလိမ္းျမန္မာျပည္ကို

ခုတ္ထစ္ခ်က္ျပဳတ္ထားတဲ့ မီးေရာင္တဝင္းဝင္းနဲ႔ ညစာစားပြဲႀကီးေတြ႕တယ္ ။

အဲဒီထဲက အႀကီးဆုံးစားပြဲဝိုင္းေပၚမွာ

သမီးေလးရဲ႕ ေသြးစက္ေတြကို ဝိုင္လုပ္ေသာက္ေနတဲ့ ဘုရားဒကာႀကီးထိုင္ေနတယ္ ။

ေဘးပတ္လည္အေမွာင္ေတာထဲ ​ငိုညည္းသံမ်ားလဲၾကားေနရတယ္ ။

ငါ့သမီးေလး ….

ငါ့သမီးေလး လို႔ေအာ္ၿပီး အေမလဲက်သြားေတာ့ ….

အေဖက ထရံေပါက္က ေခ်ာင္းၾကည့္ျပန္တယ္ ။

ဒီလိုနဲ႔ …..မိသားစုေတြ တေယာက္တလွည့္ …

ဒီ ထရံေပါက္ေလးက မခြာႏိုင္ခဲ့ဘူးတဲ့ ။

တကယ္ေတာ့ တျပည္လုံးရင္ထဲမွာ အဲဒီလို အေပါက္ေလးကိုယ္စီနဲ႔ ။

​၂၇-၃-၂၀၂၁ Noe Noe

Unicode

အိမ်ထရံမှာ ခဲတံလောက်အပေါက်လေးရှိတယ် ။

ပါးကွပ်ကျားနဲ့ ငါတို့သမီးလေး

ဒီအပေါက်လေးကထွက်သွားတာ ခုထိပြန်မလာသေးဘူး ။

မစောင့်နိုင်တဲ့အဆုံး….

အမေဖြစ် ထရံပေါက်က ချောင်းကြည့်တော့

သွေးစွန်းနေတဲ့ သေနက်ပြောင်းတွေတွေ့တယ် ။

အဲဒီနောက်မှာ သွေးအလိမ်းလိမ်းမြန်မာပြည်ကို

ခုတ်ထစ်ချက်ပြုတ်ထားတဲ့ မီးရောင်တဝင်းဝင်းနဲ့ ညစာစားပွဲကြီးတွေ့တယ် ။

အဲဒီထဲက အကြီးဆုံးစားပွဲဝိုင်းပေါ်မှာ

သမီးလေးရဲ့ သွေးစက်တွေကို ဝိုင်လုပ်သောက်နေတဲ့ ဘုရားဒကာကြီးထိုင်နေတယ် ။

ဘေးပတ်လည်အမှောင်တောထဲ ငိုညည်းသံများလဲကြားနေရတယ် ။

ငါ့သမီးလေး ….

ငါ့သမီးလေး လို့အော်ပြီး အမေလဲကျသွားတော့ ….

အဖေက ထရံပေါက်က ချောင်းကြည့်ပြန်တယ် ။

ဒီလိုနဲ့ …..မိသားစုတွေ တယောက်တလှည့် …

ဒီ ထရံပေါက်လေးက မခွာနိုင်ခဲ့ဘူးတဲ့ ။

တကယ်တော့ တပြည်လုံးရင်ထဲမှာ အဲဒီလို အပေါက်လေးကိုယ်စီနဲ့ ။

၂၇-၃-၂၀၂၁ Noe Noe