တရုတ်နိုင်ငံမှာ ငါးလွှာပြတင်းပေါက်က ပြုတ်ကျတဲ့ ကလေးငယ်ကို လက်နဲ့ဖမ်းပြီး ကယ်တင်ခဲ့တဲ့သူကို စူပါသူရဲကောင်းအဖြစ် ချီးကျူး
……………………
ကျာရှင်း ၊ ဇူလိုင် ၂၂
တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ငါးလွှာပြတင်းပေါက်က ပြုတ်ကျပြီး ပထမထပ် အမိုးစွန်းပေါ်ကတစ်ဆင့် လူသွားလမ်းပေါ်ပြုတ်ကျလာတဲ့ လမ်းလျှောက်တတ်စအရွယ် မိန်းကလေးတစ်ယောက်ကို လက်နဲ့ဖမ်းပြီး ကယ်တင်ပေးခဲ့တဲ့ အမျိုးသားတစ်ယောက်ကို လူအများက စူပါသူရဲကောင်း အဖြစ်ချီးကျူးနေကြပါတယ်။
ရိုးရိုးသားသားပြောရရင် မိမိအနေနဲ့ ဘာတစ်ခုမှမမှတ်မိလိုက်ကြောင်းနဲ့ ပြုတ်ကျလာတဲ့ ကလေးဆီကို ချက်ချင်းရောက်အောင်ပဲ ကြိုးစားခဲ့တာလို့ ရှန်းလို့ အမည်ရတဲ့ အမျိုးသားကပြောကြားပါတယ်။
“ကျွန်တော် အချိန်မီရောက်သွားလို့ ကံကောင်းသွားတာ မဟုတ်ရင်တော့ တော်တော် ဆိုးမှာပါ”လို့ ရှန်းက ပြောကြားပါတယ်။
အဲ့ဒီကလေးကို လက်နဲ့ဖမ်းပြီး ရှန်းကကယ်တင်နေပုံ ဗီဒီယိုဖိုင်ကို ကျာရှင်းမြို့ရဲတပ်ဖွဲ့က အွန်လိုင်းမှာဖော်ပြခဲ့ပြီးနောက် သန်းနဲ့ချီတဲ့လူတွေက ဝေမျှခဲ့ကြပြီး သူ့ကို စူပါသူရဲကောင်းအဖြစ် ချီးကျူးနေကြပါတယ်။
အခုဖြစ်ရပ်က ဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့ ရှန်းဟာ ကားရပ်ဖို့လာချိန်မှာ အနီးအနား အဆောက်အဦးက ပြုတ်ကျသံတစ်ခု ကြားခဲ့ရပေမယ့်သူက ကလေးပြုတ်ကျတာလို့ မထင်မှတ်ဘဲ စူးစမ်းခဲ့ပါတယ်။
အဲဒီနောက် အရေးပေါ်ဌာနကို ဖုန်းဆက်ဖို့ ကြိုးစားရင်း ဖုန်းကို လွှင့်ပစ်ကာ ပြုတ်ကျလာတဲ့ ကလေးကို အပြေးအလွှား အချိန်မီ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ရှန်းဟာ တကယ့် သူရဲကောင်းတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ ဖုန်းကွဲသွားနိုင်တာကြောင့် ဖုန်းအသစ်တစ်လုံးရသင့်ကြောင်း အွန်လိုင်းသုံးသူတစ်ယောက်က မှတ်ချက်ပြုထားပါတယ်။
ပြုတ်ကျတဲ့ ကလေးဟာ ပထမထပ် ခေါင်မိုးစွန်းကတစ်ဆင့် ပြုတ်ကျခဲ့ပြီး ပြုတ်ကျတဲ့ အရှိန်လျှော့သွားခဲ့တာကြောင့် ကံကောင်းခဲ့ပါတယ်။ ကလေးဟာ ခြေထောက်နဲ့ အဆုတ်ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၁၁နှစ်ကလည်း အဲ့ဒီဒေသမှာ အလားတူဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး အထပ်မြင့်က ပြုတ်ကျလာတဲ့ ကလေးတစ်ယောက်ကို
ကလေးအမေတစ်ယောက်က လက်နဲ့ဖမ်းပြီး ကယ်တင်ခဲ့ရာမှာ ကလေးငယ် အသက်ရှင်ပြီး အဲ့ဒီအမျိုးသမီး လက်ကျိုးသွားခဲ့ပါတယ်။
ဝူကျူပင်းလို့ အမည်ရတဲ့ အမျိုးသမီးကို တစ်နိုင်ငံလုံးက ချီးကျူးခဲ့ကြပြီးသူဟာ မိမိတို့နိုင်ငံမှာ သတ္တိရှိတဲ့ အလှပဆုံး မိခင်ဖြစ်တယ်လို့ အများက ပြောကြားခဲ့ကြပါတယ်။
Source-Myanmarplatform
Crd
……………………
Source-Myanmarplatform
Crd