ဗဟုသုတ

ဟိုးတုန်းက အချိန်တွေကို သတိရတဲ့သူဆို ဖတ်ကြည့်ပေးပါ(လွမ်းလို့ မျက်ရည်ပါကျစေရမယ်)

ဟိုးတုန်းက အချိန်တွေကို သတိရတဲ့သူဆို ဖတ်ကြည့်ပေးပါ(လွမ်းလို့ မျက်ရည်ပါကျစေရမယ်)

ဟိုးတုန်းက အချိန်တွေကို သတိရတဲ့သူဆို ဖတ်ကြည့်ပေးပါ(လွမ်းလို့ မျက်ရည်ပါကျစေရမယ်)

ဟိုတုန်းကတော့အိမ်လခ ခြောက်ဆယ်၊အိမ်စပေါ်ထောင့်ငါးရာဆိုရင် ကျယ်ဝန်းတဲ့အခန်းကိုငှားနေလို့ရတယ်။

မီတာကိုအိမ်ရှင်ကဆောင်တယ်။ မီးလုံးဝါကျင်ကျင်လေးတွေသုံးလုံးလောက်ထွန်းခွင့်ရတယ်။ဒါပေမယ့် မီးအမြဲတမ်းလာတယ်။ ထမင်းပေါင်းအိုး မရှိသေးဘူး။

လျှပ်စစ်ပစ္စည်းနဲ့ပတ်သက်တာဆိုလို့ ဘာတစ်ခုမှ မပိုင်ဆိုင်ထားဘူး။ကက်ဆက်အစုတ်လေးတစ်လုံးတော့ရှိတယ်။ရံဖန်ရံခါ ဖွင့်တယ်။

ခေါင်းလျှော်တဲ့နေ့ ၊ဆံပင်ခြောက်သွားအောင် မျက်နှာသုတ်တဲ့ပုဝါနဲ့ပဲ သုတ်ခဲ့ရတယ်။ဒရိုင်ယာ ဘာညာခေါ်တဲ့ လေမှုတ်စက် မြင်တောင်မမြင်ဖူးဘူး။

ပန်ကာတွေဘာတွေလဲ အိမ်တိုင်းမှာမရှိဘူး။အဲဒီတုန်းက ရန်ကုန်မြို့ကခုလောက်အပူရှိန်မမြင့်ဘူး။

ဆောင်းဆိုရင်လဲ အနွေးထည်ဝတ်ရတဲ့ပီပီပြင်ပြင်ဆောင်း။ခုများလိုအယောင်ဆောင် ဆောင်းမဟုတ်ဖူး။

အိမ်တိုင်းမှာ မီးသွေးမီးဖိုရှိတယ်။ထင်းမီးဖိုကိုလဲသုံးတယ်။မနက်မိုးလင်းတာနဲ့ မီးဖိုမှာမီးမွှေးထားလိုက်တယ်။ရေနွေးအိုးကြိုတယ်။

ညကကျန်တဲ့ထမင်းကို ပဲပြုတ်ငါးမူးဖိုးဝယ်ပြီး ဆီနဲ့ဆားနဲ့ နယ်စားလိုက်တယ်။နှစ်ယောက်စာ အိုကေ။ပဲပြုတ် တစ်ဆယ်သားကို တစ်ကျပ်ပေးရတယ်။ငါးမူးဖိုးကို ငါးကျပ်သားရတယ်။

ဈေးသည်က အဆစ်ထည့်ပေးသေးတယ်။တခါတလေ လမ်းထိပ်ကမုန့်ဟင်းခါး တစ်ပွဲသွားဝယ်တယ်။
တစ်ကျပ်ပေးရတယ်။

ထမင်းနဲ့ရောနယ်စားတယ်။ငရုပ်သီးမှုံ့ စပ်စပ်လေးထည့်နံနံပင်တွေ များများထည့်ပြီးစားကြတယ်။ရေနွေးပူပူလေးမှုတ်သောက်ကြတယ်။

မုန့်ဟင်းခါးစားပြီးလို့ ရင်ပူရင်ခလေးတစ်ယောက်ကို လမ်းထိပ်မှာလက်ဖက်ရည်တစ်ခွက်ပြေးဝယ်ခိုင်းလိုက်တယ်။နောက်ဖေးက ဒန်ချိုင့်တစ်လုံးနဲ့ငွေတစ်ကျပ် ပေးလိုက်တယ်။

ချိုဆိမ့်လက်ဖက်ရည် တစ်ခွက်ကိုနှစ်ယောက်ခွဲဝေသောက်လိုက်တယ်။ရင်ပူတာသက်သာသွားတယ်။

ဟိုတုန်းက ငါးဖယ်အစစ်တစ်ဆယ်သားကို သုံးကျပ်ခွဲပေးရတယ်။ခုခေတ်မှာလို ငါးမြစ်ချင်းကို ခြစ်ပြီးရောင်းတဲ့သူမရှိခဲ့ဘူး။ကြ က်သားအစိတ်သားကို ခုနှစ်ကျပ် ပေးရတယ်။ခုခေတ်အခေါ် ဗမာကြက်။

တို့စရာဘာညာနဲ့ဆိုတော့ ငွေတစ်ဆယ်လောက်ပဲ ဈေးဖိုးကုန်တယ်။လင်မယားနှစ်ယောက်စားလောက်တယ်လေ။လမ်းထဲမှာ ရေစက်ရှိတဲ့အိမ်ကရေပိုက်တွေနဲ့ ရေလာထည့်ပေးတယ်။ရေတစ်တိုင်ကီကို တစ်ကျပ်ပေးရတယ်။သောက်ရေအတွက်က သပ်သပ်ဝယ်ရတယ်။

သောက်ရေကန်ကြီးထဲက ရေကိုရေတွန်းလှည်းသမားတွေဆီမှာဝယ်ရတယ်။ရေကန်နဲ့ အိမ်ရဲ့အကွာအဝေးကိုမူတည်ပြီး ပိုက်ဆံပေးရတယ်။ရေတစ်လှည်းကို သုံးကျပ်ပေးရတယ်လို့ မှတ်မိတယ်။

ရေသန့်ဗူးဆိုတာ မရှိသေးဘူး။ရေသန့်ဆိုတာကို မသိသေးတာ။သောက်ရေထည့်ဖို့ ရာဝင်စဉ့်အိုးတစ်လုံးဝယ်ရတယ်။

စဉ့်အိုးထဲကိုသောက်ရေတစ်လှည်းဝယ်ထည့်ထားရင်တပါတ်လောက်တော့သောက်ရတယ်။အိမ်ပေါ်က သောက်ရေအိုးထဲကိုရေစစ်ကလေးနဲ့စစ်ပြီး ထည့်လိုက်တယ်။ရေထဲမှာ ပိုးမွှားတွေပါတယ်ဆိုတာလဲမသိဘူး။ရေကို ကျိုချက်ပြီးသောက်ရမယ်ဆိုတာလဲမသိခဲ့ကြဘူး။

သူလဲဒီလို ၊ကိုယ်လဲဒီလိုပဲအဆင်ပြေသလို နေထိုင်ခဲ့ကြတယ်။ညနေဖက်ဆို လမ်းထိပ်က ရေဘုံဘိုင်မှာ ဂျိုးဖြူရေလာတယ်။ရေပုံးတွေနဲ့ တန်းစီရတယ်။ယောင်္ကျား မိန်းမ ရေထမ်းတတ်ကြတယ်။

မြို့သစ်ကိုရောက်ခါစက အမျိုးသားရဲ့အမေအိမ်ကို သွားတာ ကားဂိတ်ကနေအနည်းငယ်လှမ်းတယ်။
ကားလမ်းပေါ်ကနေ သူတို့အိမ်ကိုရောက်ဖို့ ရွှံမြေ ပက်ကြားအက်တွေကိုကျော်ဖြတ်ရတယ်။

သုံးခါလောက် ခြေခေါက်လဲပြီးမှအိမ်ကိုရောက်တယ်။မြေနီလမ်းတွေရှိတဲ့နေရာ၊စိန်ပန်းပင်တွေအစီအရီရှိတဲ့နေရာကလာတဲ့သူမို့ ရွှံဗွက်မြေ မှာယိုင်ထိုးနေတယ်။

အိမ်တိုင်းလိုလို အိမ်ရှေ့မှာရေချိုးကြတယ်။လုံခြုံတဲ့နေရာမှာ ရေချိုးလာခဲ့သူမို့အိမ်ရှေ့လူမြင်ကွင်းမှာရေချိုးဖို့ဆိုတာ ဘယ်လိုမှအဆင်မပြေခဲ့ဘူး။နောင်များကျတော့လဲ အဆင်ချောသွားတာပါပဲ။

သူ့ညီမက ရေသွားထမ်းဖို့ပြင်တယ်။ရေထမ်းတတ်လား မေးတယ်။ခေါင်းခါလိုက်တော့ အထင်သေးစွာ အကြည့်ခံရတယ်။

သူတို့ကတော့ ရေပုံးကို မ လိုက်တာ ပေါ့ပေါ့လေးလိုပဲ၊၊ပုခုံးပေါ်မှာ ထမ်းသွားလိုက်တာများ လျှင်မြန်ဖြတ်လတ်နေတာ။

ဟိုတုန်းကလမ်းထိပ်ရေဘုံဘိုင်က ရေကိုသွားတန်းစီလာတယ်။အိမ်ကသောက်ရေအိုးထဲ ရေစစ်လေးနဲ့ထည့်တယ်။

သောက်ရေအိုးဖုံးပေါ်မှာ ရေခွက်တစ်လုံးတင်ထားတယ်။တအိမ်သားလုံး အဲဒီရေခွက်နဲ့သောက်တယ်။ဧည့်သည်လာလဲ အဲဒီရေခွက်နဲ့ခပ်သောက်တယ်။

မနက်မိုးလင်းလို့မျက်နှာသစ်ပြီးရင်တဘက်တစ်ထည်ထဲကိုမိသားစုတွေအကုန်မျက်နှာသုတ်ကြတယ်။

ခုခေတ်မှာလိုကိုယ့်မျက်နှာသုတ်ပုဝါနဲ့ကိုယ်သုတ်ရမယ်ဆိုတဲ့ကျန်းမာရေးအသိလဲမရှိခဲ့ကြဘူး။ထမင်းစားခန်းမှာ ထမင်းစားပြီးရင်လက်သုတ်ဖို့ တဘက်အကြီးတစ်ခုကို ကြိုးချည်ထားတယ်။တအိမ်သားလုံး အကုန်သူ ဝိုင်းသုတ်ကြတယ်။

တစ်ရှုးစက္ကူလိပ်တို့ တခါသုံးတစ်ရှုးထုပ်တို့ဆိုတာ ဘယ်ဆီမှာမှန်းတောင် မသိသေးဘူး။အဖေကခုချိန်ထိ သွားတိုက်ဆေးသွားပွတ်တံ မသုံးပါ။

မနက်မိုးလင်းရင် မီးဖိုထဲကပြာကို လက်ဝါးထဲထည့် ပြီးသွားတိုက်တယ်။ဆားနဲ့ တိုက်တယ်။သွားတိုက်ဆေး ကောင်းကြောင်းဘယ်လောက်ပြောပြော ခပ်ချေချေပဲနေတယ်။လုံးဝမသုံးဘူး။

ဟိုတုန်းကကောက်ညှင်းပေါင်းမုန့်စိမ်းပေါင်းသွားဝယ်ရင် ဗာဒန်ရွက်လေးနဲ့ထုပ်ပြီးပေးတာသတိရတယ်။

မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲသွားဝယ်ရင် အိမ်ကထည့်စရာ ချိုင့်ကိုယူသွားကြတယ်။အသား ငါး ဝယ်လာရင်လဲဈေးသည်က အင်ဖက်တွေနဲ့သေချာထုပ်ပေးတယ်။နေမကောင်းမှလက်ဖက်ရည်သောက်ရတာသတိရတယ်။

အဖေကလက်ဖက်ရည်ဆိုင်ကိုခေါ်သွားတယ်။လက်ဖက်ရည်ဆိုင်ကခွက်တွေကအကြီးကြီးတွေ။လက်ဖက်ရည်ပူလို့အောက်ခံပန်ကန်ပြားထဲထည့်ပြီးမှုတ်သောက်ခဲ့ရတဲ့အရသာလေးကိုလွမ်းတယ်။

ရပ်ကွက်ထဲမှာစာအုပ်အငှားဆိုင်တွေဆိုတာပေါမှပေါ။ပန်းချီနန်းဦးရဲ့ကာတွန်းတွေကရုပ်ပုံလေးတွေလှတယ်။မင်းဘယ်စာအုပ်တွေဖတ်နေသလဲလို့တစ်ယောက်ကိုတစ်ယောက်မေးတယ်။ခုခေတ်မှာတော့ဂိမ်းတွေဆော့တာ level ဘယ်လောက်ရောက်ပြီလဲ တဲ့။

ဝတ္ထုစာအုပ်တွေကလဲပျိုပျိုမေတို့ အကြိုက်တွေချည်းပါပဲ။ထမင်းအိုးတည်နေရင်းဝတ္ထုစာအုပ်ဖတ်နေလို့ အမရာဒေဝီရဲ့ထမင်းမျိုးကို မိသားစုစားခဲ့ရတာခဏခဏပါပဲ။

မောင်စိန်ဝင်း ပုတီးကုန်း၊မောင်သာပြည့် ၊သပြေမဂ္ဂဇင်း အကြိုက်ဆုံး စာအုပ်တွေပေါ့။

ဟိုတုန်းကပြည်သူ့ဆိုင်မှာ ကာဘော်လစ်၊ရွှေဝါဆပ်ပြာ၊ဆန်းလိုက်ဆပ်ပြာမဲနှိုက်ရတယ်။မဲမပေါက်တော့လဲ ရွှေဝါဆပ်ပြာနဲ့ရေချိုးကြရတာပါပဲ။အိမ်နောက်ဖက်ကခြံစည်းရိုးပေါ်မှာသပွတ်ပင်တွေရှိတယ်။

သပွတ်သီးတွေခြောက်ရင်ရေချိုးတဲ့အခါဂျီးတွန်းဖို့သိမ်းထားတယ်။အုန်းဆံဖတ်တွေဆိုလဲစုထားတယ်။အိုးတိုက်ဖို့။

နေထိုင်မကောင်းဖြစ်ရင် ဆရာမောင်ဆေးနီမှုန့်လေးကိုရေနွေးပူပူနဲ့သောက်ရတယ်။ကွမ်းရွက်ပြုတ်ရည်၊ဂျင်းပြုတ်ရည်သောက်တယ်။ချွေးထွက်လာပြီး နေကောင်းသွားတယ်။

သံချဆေးသောက်ရင်လည်ပင်းကိုထုံးနဲ့ မျဉ်းသုံးကြောင်းဆွဲထားတယ်။ဆေးလိပ်တိုတွေကိုမီးမွှေးဖို့ရေနံဆီနဲ့စိမ်ထားခဲ့ကြတယ်။သမဆိုင်ကပေးတဲ့ ငစိန်ဆန်၊ဧည့်မထ သတိရတယ်။မီးဒုံးဆန်၊ငကျွဲဆန် တခါတရံအလှည့်ကျတာမှတ်မိတယ်။

ပြည့်သူ့ဆိုင်မှာဆန်သွားထုပ်ရင်ဂုံနီအိပ်လေးချိုင်းကြားညှပ်ပြီးသွားထုတ်ရတယ်။မှတ်မိသေးတယ်။ပြည်သူ့ဆိုင်က ခရုတံဆိပ်ပလေကပ်လုံချည်ခဲရောင်လေးမဲပေါက်တာ အမိတ်ကလေးနဲ့။

အဖေက အရမ်းဝတ်ချင်နေတာ။အမေက အမြတ်ရလို့ရောင်းစားလိုက်တယ်။အိမ်ကသန်းခေါင်စာရင်းမှာအဖေကအိမ်ထောင်ဦးစီးပါ။တကယ်တမ်းကျတော့…….

ဟိုတုန်းကမြို့ထဲမှာဟောင်ကောင်ကြေးအိုးတစ်ပွဲကိုသုံးကျပ်ခွဲပေးရတယ်။အသားတွေဆိုတာအများကြီးဝက်အူမကြီး၊အသဲ၊ဥဏှောက်၊ငါးဖယ်လုံး၊အသားလုံး၊ကြက်ဥပဲပြား၊ငုံးဥထည့်ထားတဲ့ကြေးအိုးပွဲကြီးကိုမျက်စေ့ထဲမှာခုထိမြင်ယောင်တုန်း။

ဆူးလေကဒေါ်ရိတ်ကြီးမှာ ထမင်းသုတ်၊ရှောက်သီးသုတ်ကြာဇံဟင်းခါး တစ်ပွဲမှတစ်ကျပ်ခွဲပဲပေးရတယ်။

လက်ရွေးစင်ကော်ဖီဆိုင်ရှေ့ကဖြတ်လိုက်တာနဲ့ကော်ဖီအနံကဆွဲဆောင်လာတယ်။ဆိုင်ထဲဝင်ထိုင်တယ်။ ပူတင်းနဲ့ကော်ဖီမှာသောက်လိုက်တယ်။နှစ်ကျပ်ခွဲကျတယ်။

ရုပ်ရှင်ရုံတန်းတွေဖက်လျှောက်တယ်။ သီဟရုံမှာကုလားကားကောင်းရင်ဝင်ကြည့်တယ်။မြေနီကုန်း ညဈေးမှာ ဝက်အူမကြီးသုတ် တစ်ပွဲနဲ့ ကြေးအိုးဝင်စားကြတယ်။

နှစ်ယောက် စားတာမှဆယ့်ကိုးကျပ်ကျတယ်။ဒေါက်ဖိနပ်အနီရောင်လေးတစ်ရန်ဝယ်တယ်။ဖိနပ်က သုံးဆယ့်နှစ်ကျပ်ပေးရတယ်။

သီတင်းကျွတ်မှာအမေ့ကိုကန်တော့ဖို့ စိန်ဂျွန်းဈေးမှာပါတိတ်လုံချည်တထည်ဝယ်တာငွေသုံးဆယ် ပေးရတယ်။ခေါက်ထီး အနက်ရောင်လေးကသုံးဆယ့်ငါးကျပ်ပေးခဲ့ရတယ်။

ဗိုလ်ချုပ်ဈေးထဲမှာ မေဆွိဝတ်တဲ့ဂျင်းစကတ်လေးနဲ့ အင်္ကျီတစ်ထည်ဝယ်ဝတ်တာ ကိုးဆယ်ကျပ်ကုန်သွားတယ်။

ဂျင်းစကတ်လေးကအရှည်ကားကားလေး။ခြောက်ဆယ့်ငါးကျပ်ပေးရတယ်။အင်္ကျီက နှစ်ဆယ့်ငါးကျပ်ပေးရတယ်။ဗိုလ်ချုပ်ဈေးထဲကအလှပြင်ဆိုင်မှာ မျက်နှာပေါင်းတင်တာ ငါးကျပ်ပေးရတယ်။

ဟိုတုန်းက မင်္ဂလာဒုံကနေလှည်းတန်းကိုကျောင်းတက်ရတယ်။ဘတ်စ်ကားခ ပြားလေးဆယ်ပေးရတယ်။အိမ်ကအထွက်မှာထဲက ငနဲတစ်ကောင်ကပ်ပါလာတယ်။

ကားဂိတ်ထိတောက်လျှောက်လိုက်လာတာ။နံပါတ်ကိုးကားလာပြီ။ကိုယ်တက်တဲ့ဖက်ကလိုက်တက်ဖို့ကြိုးစားတယ်။စပယ်ယာက ယောင်္ကျားလေးတွေကရှေ့ကတက်ပါ။

မိန်းခလေးတွေတက်တဲ့အပေါက်ကမတက်ပါနဲ့လဲဆိုရောငနဲအူလည်လည်နဲ့ကျန်ခဲ့တယ်။နံပါတ်ကိုးကားတွေမှာ အလယ်ကသံဇကာ ခြားထားတယ်။မိန်းမသပ်သပ်၊ယောင်္ကျားသပ်သပ်ခွဲစီးရတယ်။

ဟိုတုန်းက အိမ်တိုင်းမှာတီဗွီမရှိဘူး။တလမ်းလုံးမှနှစ်အိမ်လောက်ပဲတီဗွီရှိတာ။ငွေတမတ်ပေးပြီးကြည့်ရတယ်။တီဗွီအစီအစဉ်အကုန်ကြည့်တယ်။သတင်းလဲကြည့်တယ်။

တုတ်တစ်ချောင်းကိုင်ပြီး ကျန်းမာတော်မူပါစ..လို့ပြောတဲ့မိုးလေဝသ သတင်းတင်ဆက်တဲ့ဦးလေးကြီးကိုလဲကြည့်တယ်။တခိုင်လုံးရွှေအေးအေးမြင့်အငြိမ့်.သီတာဝင်းအငြိမ့်တို့လာတဲ့နေ့ဆိုရင် လူနံ့၊ချွေးနံ့တွေထောင်းထောင်းထနေတဲ့ကြားကလူရွှင်တော်တွေနဲ့အတူလာကြည့်တဲ့လူတွေကပါတဝါးဝါး တဟားဟားနဲ့ ။

လမ်းထိပ်အိမ်ကဗွီဒီယိုရုံဆောက်လိုက်တဲ့အခါတစ်ကားကိုတစ်ကျပ်နဲ့တခါတလေနှစ်ကားဆက်တိုက်ကြည့်တယ်။သီဟတင်စိုးကားတွေအများဆုံးပြတယ်။

မော့စ်ကားသွားကြည့်တဲ့နေ့ကတော့အမှတ်တရပါပဲ။မော့စ်က ထီထိုးထားတာထီလက်မှတ်ကိုအိမ်တိုင်မှာကပ်ထားတယ်။

ထီပေါက်တော့အိမ်တိုင်ကိုပါဖြတ်ပြီးမြို့ကိုယူသွားတဲ့ကား။လူတွေကများ မော့စ်ကလဲဟာသမြောက်တော့ တဝါးဝါးရီနေတုန်းဝုန်း ဆို ဗွီဒီယိုပြတဲ့အိမ်ကြမ်းခင်းအောက်ကဆင့်တန်းကျိုးကျလို့လူတွေငိုအားထက်ရယ်အားသန်ခဲ့ကြတယ်။

အထိမ်းအမှတ်ရက်တွေဆိုလမ်းထဲမှာဗွီဒီယိုပြတယ်။မပြခင်ထဲကနေရာဦးပြီးသား။သူ့နေရာငါ့နေရာနေရာလုရင်းသုံးချီသုံးမောင်းလောက်ရန်ဖြစ်ပြီးမှဗွီဒီယိုပြတာ။ဆောင်းတွင်းဖက်ကြီးအေးကအေးနဲ့ စောင်ကိုခေါင်းမြီးခြုံပြီးပြသမျှဇာတ်ကားကိုကြည့်ခဲ့ကြတာလဲဟိုတုန်းကပါပဲ။

မနက်စောစောငါးနာရီလောက်မြို့သစ်ကနေ ဒေါ့ဂျစ်ကားကြီးစီးပြီးမြို့ထဲကိုသွားရတယ်။လိုင်းကားမထွက်သေးခင်အစောကြီးထွက်တဲ့ကား။ပိုက်ဆံပိုပေးရတယ်။

နေရာမရတဲ့သူတွေကမတ်တပ်ရပ်စီးရတယ်။အဒေါ်ကြီးတစ်ယောက်ရဲ့အင်္ကျီကရွှေကြယ်သီးကို လူတစ်ယောက်ကဖြတ်ဖို့ပြင်နေတာမြင်လိုက်တယ်။လှုပ်ရှားမှု့ဖြစ်သွားတာသူရိပ်မိသွားတယ်။

သူ့အိပ်ထဲကဓားမြှောင်ကိုထုပ်ပြပြီး သတိထား တိတ်တိတ်နေ ဆိုတာကို အမူအရာနဲ့ပြလိုက်တယ်။ကြောက်လိုက်တာဆိုတာလေ။သုံးရက်လောက်ဖျားတယ်။

ကြောက်ဖျား ဖျားတာ။လောကကြီးကသင်ပေးလိုက်တယ်။အမှန်တရားတွေ့လဲ ကိုယ်နဲ့မဆိုင်ရင် တိတ်တိတ်နေလိုက်တော့..တဲ့။

ဟိုတုန်းကတရက်မှာတော့ လမ်းထဲကိုလာရောင်းတဲ့ အထမ်းသည်ဆီကပဲပင်ပေါက်ပဲပြား တစ်ကျပ်ဖိုးဝယ်လိုက်တယ်။ဈေးသည်ဦးလေးကြီးက အဝတ်အစားနွမ်းနွမ်းလေးနဲ့လူကလဲခပ်ပိန်ပိန်။

အိမ်ရှေ့ကသောက်ရေအိုးစင်မှာနေတခွက်ခပ်သောက်တယ်။သူဆောင်းလာတဲ့ဦးထုပ်နဲ့ယပ်ခတ်တယ်။ဆယ့်တစ်နာရီနေဟာ အတော်ပူနေပါပြီ။အစိတ်တန်တစ်ရွက်လှမ်းပေးလိုက်တယ်။

သူက လွယ်အိပ်လေးထဲကနေနှစ်ဆယ့်လေးကျပ်ပြန်အမ်းခဲ့တယ်။တစ်ဆယ်တန်တွေငါးကျပ်တန်၊တစ်ကျပ်တန်အကြွေတွေ…အစုံပဲသူ့အိပ်ထဲမှာ ရှိသမျှအကုန်အမ်းခဲ့တာ။

အဲဒီနေ့မှာပဲနေ့လည်တနာရီလောက်မှာ သူ့ကိုပေးလိုက်တဲ့ငွေအစိတ်တန် တန်ဖိုးမဲ့သွားတယ်။နှစ်ဆယ့်လေးကျပ်ပြန်အမ်းခဲ့တဲ့သူ့ငွေတွေက အသုံးတည့်တယ်။

နောက်နေ့ ဒီလမ်းထဲကိုသူဈေးများလာရောင်းဦးမလားဆိုပြီးကြည့်နေမိသေးတယ်။သူဈေးလာရောင်းခဲ့ရင်ကောသူအမ်းခဲ့တဲ့ငွေနှစ်ဆယ့်လေးကျပ်ကိုပြန်ပေးဖို့စိတ်ကူးရှိပါ့မလား။ဝန်ခံပါတယ်။

ပြန်ပေးမှာမဟုတ်ဖူး။ငွေနှစ်ဆယ့်လေးကျပ်တောင်အမ်းခဲ့တယ်။ပျော်လိုက်တာ ပေါ့။ငယ်စိတ်လေးနဲ့ ကျေနပ်နေတာ။တရားတယ်။မတရားတယ်ဆိုတာမသိဘူး။

သူအရင်းပြုတ်သွားပြီလားဆိုတာကိုလဲမစဉ်းစားမိခဲ့ဘူး။ကိုယ်ရလိုက်တာကိုပဲ ကျေနပ်ပြီးစိတ်ချမ်းသာနေတာ။ခုချိန်ထိမှတ်မိနေတာကိုက ရင်ထဲမှာတသသဖြစ်နေတာကိုကတကယ့်ချမ်းသာခြင်းအစ်အမှန်မဟုတ်ဖူးနော်။

တချိန်လုံးကိုယ့်ကိုကိုယ်မလုံမလဲဖြစ်စေခဲ့တယ်။အကယ်၍သာဆိုရင်အဲဒီငွေအစိတ်က သူ့အတွက်လဲအသုံးဝင်သွားမယ်။

သူအမ်းခဲ့တဲ့ငွေနှစ်ဆယ့်လေးကျပ်ကလဲကိုယ့်အတွက်တသက်လုံးလိပ်ပြာလုံစေခဲ့မယ်ဆိုရင်။အဲဒီအကြောင်းအရာတွေကိုဒီနေ့ထိမှတ်မိစရာမရှိလောက်ခဲ့ဘူး။

ဟိုတုန်းက

.#ခင်လှမြတ်ခိုင်

#လွတ်လပ်စွာshareနိုင်သည်

#copyကူးယူခြင်းသီးခံပါ

photo.crd

ဟိုးတုန္းက အခ်ိန္ေတြကို သတိရတဲ့သူဆို ဖတ္ၾကည့္ေပးပါ(လြမ္းလို႕ မ်က္ရည္ပါက်ေစရမယ္)

ဟိုးတုန္းက အခ်ိန္ေတြကို သတိရတဲ့သူဆို ဖတ္ၾကည့္ေပးပါ(လြမ္းလို႕ မ်က္ရည္ပါက်ေစရမယ္)

ဟိုတုန္းကေတာ့အိမ္လခ ေျခာက္ဆယ္၊အိမ္စေပၚေထာင့္ငါးရာဆိုရင္ က်ယ္ဝန္းတဲ့အခန္းကိုငွားေနလို႔ရတယ္။

မီတာကိုအိမ္ရွင္ကေဆာင္တယ္။ မီးလုံးဝါက်င္က်င္ေလးေတြသုံးလုံးေလာက္ထြန္းခြင့္ရတယ္။ဒါေပမယ့္ မီးအၿမဲတမ္းလာတယ္။ ထမင္းေပါင္းအိုး မရွိေသးဘူး။

လွ်ပ္စစ္ပစၥည္းနဲ႔ပတ္သက္တာဆိုလို႔ ဘာတစ္ခုမွ မပိုင္ဆိုင္ထားဘူး။ကက္ဆက္အစုတ္ေလးတစ္လုံးေတာ့ရွိတယ္။ရံဖန္ရံခါ ဖြင့္တယ္။

ေခါင္းေလွ်ာ္တဲ့ေန႔ ၊ဆံပင္ေျခာက္သြားေအာင္ မ်က္ႏွာသုတ္တဲ့ပုဝါနဲ႔ပဲ သုတ္ခဲ့ရတယ္။ဒ႐ိုင္ယာ ဘာညာေခၚတဲ့ ေလမႈတ္စက္ ျမင္ေတာင္မျမင္ဖူးဘူး။

ပန္ကာေတြဘာေတြလဲ အိမ္တိုင္းမွာမရွိဘူး။အဲဒီတုန္းက ရန္ကုန္ၿမိဳ႕ကခုေလာက္အပူရွိန္မျမင့္ဘူး။

ေဆာင္းဆိုရင္လဲ အေႏြးထည္ဝတ္ရတဲ့ပီပီျပင္ျပင္ေဆာင္း။ခုမ်ားလိုအေယာင္ေဆာင္ ေဆာင္းမဟုတ္ဖူး။

အိမ္တိုင္းမွာ မီးေသြးမီးဖိုရွိတယ္။ထင္းမီးဖိုကိုလဲသုံးတယ္။မနက္မိုးလင္းတာနဲ႔ မီးဖိုမွာမီးေမႊးထားလိုက္တယ္။ေရေႏြးအိုးႀကိဳတယ္။

ညကက်န္တဲ့ထမင္းကို ပဲျပဳတ္ငါးမူးဖိုးဝယ္ၿပီး ဆီနဲ႔ဆားနဲ႔ နယ္စားလိုက္တယ္။ႏွစ္ေယာက္စာ အိုေက။ပဲျပဳတ္ တစ္ဆယ္သားကို တစ္က်ပ္ေပးရတယ္။ငါးမူးဖိုးကို ငါးက်ပ္သားရတယ္။

ေစ်းသည္က အဆစ္ထည့္ေပးေသးတယ္။တခါတေလ လမ္းထိပ္ကမုန္႔ဟင္းခါး တစ္ပြဲသြားဝယ္တယ္။
တစ္က်ပ္ေပးရတယ္။

ထမင္းနဲ႔ေရာနယ္စားတယ္။င႐ုပ္သီးမႈံ႕ စပ္စပ္ေလးထည့္နံနံပင္ေတြ မ်ားမ်ားထည့္ၿပီးစားၾကတယ္။ေရေႏြးပူပူေလးမႈတ္ေသာက္ၾကတယ္။

မုန္႔ဟင္းခါးစားၿပီးလို႔ ရင္ပူရင္ခေလးတစ္ေယာက္ကို လမ္းထိပ္မွာလက္ဖက္ရည္တစ္ခြက္ေျပးဝယ္ခိုင္းလိုက္တယ္။ေနာက္ေဖးက ဒန္ခ်ိဳင့္တစ္လုံးနဲ႔ေငြတစ္က်ပ္ ေပးလိုက္တယ္။

ခ်ိဳဆိမ့္လက္ဖက္ရည္ တစ္ခြက္ကိုႏွစ္ေယာက္ခြဲေဝေသာက္လိုက္တယ္။ရင္ပူတာသက္သာသြားတယ္။

ဟိုတုန္းက ငါးဖယ္အစစ္တစ္ဆယ္သားကို သုံးက်ပ္ခြဲေပးရတယ္။ခုေခတ္မွာလို ငါးျမစ္ခ်င္းကို ျခစ္ၿပီးေရာင္းတဲ့သူမရွိခဲ့ဘူး။ၾက က္သားအစိတ္သားကို ခုႏွစ္က်ပ္ ေပးရတယ္။ခုေခတ္အေခၚ ဗမာၾကက္။

တို႔စရာဘာညာနဲ႔ဆိုေတာ့ ေငြတစ္ဆယ္ေလာက္ပဲ ေစ်းဖိုးကုန္တယ္။လင္မယားႏွစ္ေယာက္စားေလာက္တယ္ေလ။လမ္းထဲမွာ ေရစက္ရွိတဲ့အိမ္ကေရပိုက္ေတြနဲ႔ ေရလာထည့္ေပးတယ္။ေရတစ္တိုင္ကီကို တစ္က်ပ္ေပးရတယ္။ေသာက္ေရအတြက္က သပ္သပ္ဝယ္ရတယ္။

ေသာက္ေရကန္ႀကီးထဲက ေရကိုေရတြန္းလွည္းသမားေတြဆီမွာဝယ္ရတယ္။ေရကန္နဲ႔ အိမ္ရဲ႕အကြာအေဝးကိုမူတည္ၿပီး ပိုက္ဆံေပးရတယ္။ေရတစ္လွည္းကို သုံးက်ပ္ေပးရတယ္လို႔ မွတ္မိတယ္။

ေရသန္႔ဗူးဆိုတာ မရွိေသးဘူး။ေရသန္႔ဆိုတာကို မသိေသးတာ။ေသာက္ေရထည့္ဖို႔ ရာဝင္စဥ့္အိုးတစ္လုံးဝယ္ရတယ္။

စဥ့္အိုးထဲကိုေသာက္ေရတစ္လွည္းဝယ္ထည့္ထားရင္တပါတ္ေလာက္ေတာ့ေသာက္ရတယ္။အိမ္ေပၚက ေသာက္ေရအိုးထဲကိုေရစစ္ကေလးနဲ႔စစ္ၿပီး ထည့္လိုက္တယ္။ေရထဲမွာ ပိုးမႊားေတြပါတယ္ဆိုတာလဲမသိဘူး။ေရကို က်ိဳခ်က္ၿပီးေသာက္ရမယ္ဆိုတာလဲမသိခဲ့ၾကဘူး။

သူလဲဒီလို ၊ကိုယ္လဲဒီလိုပဲအဆင္ေျပသလို ေနထိုင္ခဲ့ၾကတယ္။ညေနဖက္ဆို လမ္းထိပ္က ေရဘုံဘိုင္မွာ ဂ်ိဳးျဖဴေရလာတယ္။ေရပုံးေတြနဲ႔ တန္းစီရတယ္။ေယာက်ၤား မိန္းမ ေရထမ္းတတ္ၾကတယ္။

ၿမိဳ႕သစ္ကိုေရာက္ခါစက အမ်ိဳးသားရဲ႕အေမအိမ္ကို သြားတာ ကားဂိတ္ကေနအနည္းငယ္လွမ္းတယ္။
ကားလမ္းေပၚကေန သူတို႔အိမ္ကိုေရာက္ဖို႔ ႐ႊံေျမ ပက္ၾကားအက္ေတြကိုေက်ာ္ျဖတ္ရတယ္။

သုံးခါေလာက္ ေျခေခါက္လဲၿပီးမွအိမ္ကိုေရာက္တယ္။ေျမနီလမ္းေတြရွိတဲ့ေနရာ၊စိန္ပန္းပင္ေတြအစီအရီရွိတဲ့ေနရာကလာတဲ့သူမို႔ ႐ႊံဗြက္ေျမ မွာယိုင္ထိုးေနတယ္။

အိမ္တိုင္းလိုလို အိမ္ေရွ႕မွာေရခ်ိဳးၾကတယ္။လုံၿခဳံတဲ့ေနရာမွာ ေရခ်ိဳးလာခဲ့သူမို႔အိမ္ေရွ႕လူျမင္ကြင္းမွာေရခ်ိဳးဖို႔ဆိုတာ ဘယ္လိုမွအဆင္မေျပခဲ့ဘူး။ေနာင္မ်ားက်ေတာ့လဲ အဆင္ေခ်ာသြားတာပါပဲ။

သူ႔ညီမက ေရသြားထမ္းဖို႔ျပင္တယ္။ေရထမ္းတတ္လား ေမးတယ္။ေခါင္းခါလိုက္ေတာ့ အထင္ေသးစြာ အၾကည့္ခံရတယ္။

သူတို႔ကေတာ့ ေရပုံးကို မ လိုက္တာ ေပါ့ေပါ့ေလးလိုပဲ၊၊ပုခုံးေပၚမွာ ထမ္းသြားလိုက္တာမ်ား လွ်င္ျမန္ျဖတ္လတ္ေနတာ။

ဟိုတုန္းကလမ္းထိပ္ေရဘုံဘိုင္က ေရကိုသြားတန္းစီလာတယ္။အိမ္ကေသာက္ေရအိုးထဲ ေရစစ္ေလးနဲ႔ထည့္တယ္။

ေသာက္ေရအိုးဖုံးေပၚမွာ ေရခြက္တစ္လုံးတင္ထားတယ္။တအိမ္သားလုံး အဲဒီေရခြက္နဲ႔ေသာက္တယ္။ဧည့္သည္လာလဲ အဲဒီေရခြက္နဲ႔ခပ္ေသာက္တယ္။

မနက္မိုးလင္းလို႔မ်က္ႏွာသစ္ၿပီးရင္တဘက္တစ္ထည္ထဲကိုမိသားစုေတြအကုန္မ်က္ႏွာသုတ္ၾကတယ္။

ခုေခတ္မွာလိုကိုယ့္မ်က္ႏွာသုတ္ပုဝါနဲ႔ကိုယ္သုတ္ရမယ္ဆိုတဲ့က်န္းမာေရးအသိလဲမရွိခဲ့ၾကဘူး။ထမင္းစားခန္းမွာ ထမင္းစားၿပီးရင္လက္သုတ္ဖို႔ တဘက္အႀကီးတစ္ခုကို ႀကိဳးခ်ည္ထားတယ္။တအိမ္သားလုံး အကုန္သူ ဝိုင္းသုတ္ၾကတယ္။

တစ္ရႈးစကၠဴလိပ္တို႔ တခါသုံးတစ္ရႈးထုပ္တို႔ဆိုတာ ဘယ္ဆီမွာမွန္းေတာင္ မသိေသးဘူး။အေဖကခုခ်ိန္ထိ သြားတိုက္ေဆးသြားပြတ္တံ မသုံးပါ။

မနက္မိုးလင္းရင္ မီးဖိုထဲကျပာကို လက္ဝါးထဲထည့္ ၿပီးသြားတိုက္တယ္။ဆားနဲ႔ တိုက္တယ္။သြားတိုက္ေဆး ေကာင္းေၾကာင္းဘယ္ေလာက္ေျပာေျပာ ခပ္ေခ်ေခ်ပဲေနတယ္။လုံးဝမသုံးဘူး။

ဟိုတုန္းကေကာက္ညႇင္းေပါင္းမုန္႔စိမ္းေပါင္းသြားဝယ္ရင္ ဗာဒန္႐ြက္ေလးနဲ႔ထုပ္ၿပီးေပးတာသတိရတယ္။

မုန္႔ဟင္းခါး၊အုန္းႏို႔ေခါက္ဆြဲသြားဝယ္ရင္ အိမ္ကထည့္စရာ ခ်ိဳင့္ကိုယူသြားၾကတယ္။အသား ငါး ဝယ္လာရင္လဲေစ်းသည္က အင္ဖက္ေတြနဲ႔ေသခ်ာထုပ္ေပးတယ္။ေနမေကာင္းမွလက္ဖက္ရည္ေသာက္ရတာသတိရတယ္။

အေဖကလက္ဖက္ရည္ဆိုင္ကိုေခၚသြားတယ္။လက္ဖက္ရည္ဆိုင္ကခြက္ေတြကအႀကီးႀကီးေတြ။လက္ဖက္ရည္ပူလို႔ေအာက္ခံပန္ကန္ျပားထဲထည့္ၿပီးမႈတ္ေသာက္ခဲ့ရတဲ့အရသာေလးကိုလြမ္းတယ္။

ရပ္ကြက္ထဲမွာစာအုပ္အငွားဆိုင္ေတြဆိုတာေပါမွေပါ။ပန္းခ်ီနန္းဦးရဲ႕ကာတြန္းေတြက႐ုပ္ပုံေလးေတြလွတယ္။မင္းဘယ္စာအုပ္ေတြဖတ္ေနသလဲလို႔တစ္ေယာက္ကိုတစ္ေယာက္ေမးတယ္။ခုေခတ္မွာေတာ့ဂိမ္းေတြေဆာ့တာ level ဘယ္ေလာက္ေရာက္ၿပီလဲ တဲ့။

ဝတၳဳစာအုပ္ေတြကလဲပ်ိဳပ်ိဳေမတို႔ အႀကိဳက္ေတြခ်ည္းပါပဲ။ထမင္းအိုးတည္ေနရင္းဝတၳဳစာအုပ္ဖတ္ေနလို႔ အမရာေဒဝီရဲ႕ထမင္းမ်ိဳးကို မိသားစုစားခဲ့ရတာခဏခဏပါပဲ။

ေမာင္စိန္ဝင္း ပုတီးကုန္း၊ေမာင္သာျပည့္ ၊သေျပမဂၢဇင္း အႀကိဳက္ဆုံး စာအုပ္ေတြေပါ့။

ဟိုတုန္းကျပည္သူ႔ဆိုင္မွာ ကာေဘာ္လစ္၊ေ႐ႊဝါဆပ္ျပာ၊ဆန္းလိုက္ဆပ္ျပာမဲႏႈိက္ရတယ္။မဲမေပါက္ေတာ့လဲ ေ႐ႊဝါဆပ္ျပာနဲ႔ေရခ်ိဳးၾကရတာပါပဲ။အိမ္ေနာက္ဖက္ကၿခံစည္း႐ိုးေပၚမွာသပြတ္ပင္ေတြရွိတယ္။

သပြတ္သီးေတြေျခာက္ရင္ေရခ်ိဳးတဲ့အခါဂ်ီးတြန္းဖို႔သိမ္းထားတယ္။အုန္းဆံဖတ္ေတြဆိုလဲစုထားတယ္။အိုးတိုက္ဖို႔။

ေနထိုင္မေကာင္းျဖစ္ရင္ ဆရာေမာင္ေဆးနီမႈန္႔ေလးကိုေရေႏြးပူပူနဲ႔ေသာက္ရတယ္။ကြမ္း႐ြက္ျပဳတ္ရည္၊ဂ်င္းျပဳတ္ရည္ေသာက္တယ္။ေခြၽးထြက္လာၿပီး ေနေကာင္းသြားတယ္။

သံခ်ေဆးေသာက္ရင္လည္ပင္းကိုထုံးနဲ႔ မ်ဥ္းသုံးေၾကာင္းဆြဲထားတယ္။ေဆးလိပ္တိုေတြကိုမီးေမႊးဖို႔ေရနံဆီနဲ႔စိမ္ထားခဲ့ၾကတယ္။သမဆိုင္ကေပးတဲ့ ငစိန္ဆန္၊ဧည့္မထ သတိရတယ္။မီးဒုံးဆန္၊ငကြၽဲဆန္ တခါတရံအလွည့္က်တာမွတ္မိတယ္။

ျပည့္သူ႔ဆိုင္မွာဆန္သြားထုပ္ရင္ဂုံနီအိပ္ေလးခ်ိဳင္းၾကားညႇပ္ၿပီးသြားထုတ္ရတယ္။မွတ္မိေသးတယ္။ျပည္သူ႔ဆိုင္က ခ႐ုတံဆိပ္ပေလကပ္လုံခ်ည္ခဲေရာင္ေလးမဲေပါက္တာ အမိတ္ကေလးနဲ႔။

အေဖက အရမ္းဝတ္ခ်င္ေနတာ။အေမက အျမတ္ရလို႔ေရာင္းစားလိုက္တယ္။အိမ္ကသန္းေခါင္စာရင္းမွာအေဖကအိမ္ေထာင္ဦးစီးပါ။တကယ္တမ္းက်ေတာ့…….

ဟိုတုန္းကၿမိဳ႕ထဲမွာေဟာင္ေကာင္ေၾကးအိုးတစ္ပြဲကိုသုံးက်ပ္ခြဲေပးရတယ္။အသားေတြဆိုတာအမ်ားႀကီးဝက္အူမႀကီး၊အသဲ၊ဥေဏွာက္၊ငါးဖယ္လုံး၊အသားလုံး၊ၾကက္ဥပဲျပား၊ငုံးဥထည့္ထားတဲ့ေၾကးအိုးပြဲႀကီးကိုမ်က္ေစ့ထဲမွာခုထိျမင္ေယာင္တုန္း။

ဆူးေလကေဒၚရိတ္ႀကီးမွာ ထမင္းသုတ္၊ေရွာက္သီးသုတ္ၾကာဇံဟင္းခါး တစ္ပြဲမွတစ္က်ပ္ခြဲပဲေပးရတယ္။

လက္ေ႐ြးစင္ေကာ္ဖီဆိုင္ေရွ႕ကျဖတ္လိုက္တာနဲ႔ေကာ္ဖီအနံကဆြဲေဆာင္လာတယ္။ဆိုင္ထဲဝင္ထိုင္တယ္။ ပူတင္းနဲ႔ေကာ္ဖီမွာေသာက္လိုက္တယ္။ႏွစ္က်ပ္ခြဲက်တယ္။

႐ုပ္ရွင္႐ုံတန္းေတြဖက္ေလွ်ာက္တယ္။ သီဟ႐ုံမွာကုလားကားေကာင္းရင္ဝင္ၾကည့္တယ္။ေျမနီကုန္း ညေစ်းမွာ ဝက္အူမႀကီးသုတ္ တစ္ပြဲနဲ႔ ေၾကးအိုးဝင္စားၾကတယ္။

ႏွစ္ေယာက္ စားတာမွဆယ့္ကိုးက်ပ္က်တယ္။ေဒါက္ဖိနပ္အနီေရာင္ေလးတစ္ရန္ဝယ္တယ္။ဖိနပ္က သုံးဆယ့္ႏွစ္က်ပ္ေပးရတယ္။

သီတင္းကြၽတ္မွာအေမ့ကိုကန္ေတာ့ဖို႔ စိန္ဂြၽန္းေစ်းမွာပါတိတ္လုံခ်ည္တထည္ဝယ္တာေငြသုံးဆယ္ ေပးရတယ္။ေခါက္ထီး အနက္ေရာင္ေလးကသုံးဆယ့္ငါးက်ပ္ေပးခဲ့ရတယ္။

ဗိုလ္ခ်ဳပ္ေစ်းထဲမွာ ေမဆြိဝတ္တဲ့ဂ်င္းစကတ္ေလးနဲ႔ အက်ႌတစ္ထည္ဝယ္ဝတ္တာ ကိုးဆယ္က်ပ္ကုန္သြားတယ္။

ဂ်င္းစကတ္ေလးကအရွည္ကားကားေလး။ေျခာက္ဆယ့္ငါးက်ပ္ေပးရတယ္။အက်ႌက ႏွစ္ဆယ့္ငါးက်ပ္ေပးရတယ္။ဗိုလ္ခ်ဳပ္ေစ်းထဲကအလွျပင္ဆိုင္မွာ မ်က္ႏွာေပါင္းတင္တာ ငါးက်ပ္ေပးရတယ္။

ဟိုတုန္းက မဂၤလာဒုံကေနလွည္းတန္းကိုေက်ာင္းတက္ရတယ္။ဘတ္စ္ကားခ ျပားေလးဆယ္ေပးရတယ္။အိမ္ကအထြက္မွာထဲက ငနဲတစ္ေကာင္ကပ္ပါလာတယ္။

ကားဂိတ္ထိေတာက္ေလွ်ာက္လိုက္လာတာ။နံပါတ္ကိုးကားလာၿပီ။ကိုယ္တက္တဲ့ဖက္ကလိုက္တက္ဖို႔ႀကိဳးစားတယ္။စပယ္ယာက ေယာက်ၤားေလးေတြကေရွ႕ကတက္ပါ။

မိန္းခေလးေတြတက္တဲ့အေပါက္ကမတက္ပါနဲ႔လဲဆိုေရာငနဲအူလည္လည္နဲ႔က်န္ခဲ့တယ္။နံပါတ္ကိုးကားေတြမွာ အလယ္ကသံဇကာ ျခားထားတယ္။မိန္းမသပ္သပ္၊ေယာက်ၤားသပ္သပ္ခြဲစီးရတယ္။

ဟိုတုန္းက အိမ္တိုင္းမွာတီဗြီမရွိဘူး။တလမ္းလုံးမွႏွစ္အိမ္ေလာက္ပဲတီဗြီရွိတာ။ေငြတမတ္ေပးၿပီးၾကည့္ရတယ္။တီဗြီအစီအစဥ္အကုန္ၾကည့္တယ္။သတင္းလဲၾကည့္တယ္။

တုတ္တစ္ေခ်ာင္းကိုင္ၿပီး က်န္းမာေတာ္မူပါစ..လို႔ေျပာတဲ့မိုးေလဝသ သတင္းတင္ဆက္တဲ့ဦးေလးႀကီးကိုလဲၾကည့္တယ္။တခိုင္လုံးေ႐ႊေအးေအးျမင့္အၿငိမ့္.သီတာဝင္းအၿငိမ့္တို႔လာတဲ့ေန႔ဆိုရင္ လူနံ႔၊ေခြၽးနံ႔ေတြေထာင္းေထာင္းထေနတဲ့ၾကားကလူ႐ႊင္ေတာ္ေတြနဲ႔အတူလာၾကည့္တဲ့လူေတြကပါတဝါးဝါး တဟားဟားနဲ႔ ။

လမ္းထိပ္အိမ္ကဗြီဒီယို႐ုံေဆာက္လိုက္တဲ့အခါတစ္ကားကိုတစ္က်ပ္နဲ႔တခါတေလႏွစ္ကားဆက္တိုက္ၾကည့္တယ္။သီဟတင္စိုးကားေတြအမ်ားဆုံးျပတယ္။

ေမာ့စ္ကားသြားၾကည့္တဲ့ေန႔ကေတာ့အမွတ္တရပါပဲ။ေမာ့စ္က ထီထိုးထားတာထီလက္မွတ္ကိုအိမ္တိုင္မွာကပ္ထားတယ္။

ထီေပါက္ေတာ့အိမ္တိုင္ကိုပါျဖတ္ၿပီးၿမိဳ႕ကိုယူသြားတဲ့ကား။လူေတြကမ်ား ေမာ့စ္ကလဲဟာသေျမာက္ေတာ့ တဝါးဝါးရီေနတုန္းဝုန္း ဆို ဗြီဒီယိုျပတဲ့အိမ္ၾကမ္းခင္းေအာက္ကဆင့္တန္းက်ိဳးက်လို႔လူေတြငိုအားထက္ရယ္အားသန္ခဲ့ၾကတယ္။

အထိမ္းအမွတ္ရက္ေတြဆိုလမ္းထဲမွာဗြီဒီယိုျပတယ္။မျပခင္ထဲကေနရာဦးၿပီးသား။သူ႔ေနရာငါ့ေနရာေနရာလုရင္းသုံးခ်ီသုံးေမာင္းေလာက္ရန္ျဖစ္ၿပီးမွဗြီဒီယိုျပတာ။ေဆာင္းတြင္းဖက္ႀကီးေအးကေအးနဲ႔ ေစာင္ကိုေခါင္းၿမီးၿခဳံၿပီးျပသမွ်ဇာတ္ကားကိုၾကည့္ခဲ့ၾကတာလဲဟိုတုန္းကပါပဲ။

မနက္ေစာေစာငါးနာရီေလာက္ၿမိဳ႕သစ္ကေန ေဒါ့ဂ်စ္ကားႀကီးစီးၿပီးၿမိဳ႕ထဲကိုသြားရတယ္။လိုင္းကားမထြက္ေသးခင္အေစာႀကီးထြက္တဲ့ကား။ပိုက္ဆံပိုေပးရတယ္။

ေနရာမရတဲ့သူေတြကမတ္တပ္ရပ္​စီးရတယ္။အေဒၚႀကီးတစ္ေယာက္ရဲ႕အက်ႌကေ႐ႊၾကယ္သီးကို လူတစ္ေယာက္ကျဖတ္ဖို႔ျပင္ေနတာျမင္လိုက္တယ္။လႈပ္ရွားမႈ႕ျဖစ္သြားတာသူရိပ္မိသြားတယ္။

သူ႔အိပ္ထဲကဓားေျမႇာင္ကိုထုပ္ျပၿပီး သတိထား တိတ္တိတ္ေန ဆိုတာကို အမူအရာနဲ႔ျပလိုက္တယ္။ေၾကာက္လိုက္တာဆိုတာေလ။သုံးရက္ေလာက္ဖ်ားတယ္။

ေၾကာက္ဖ်ား ဖ်ားတာ။ေလာကႀကီးကသင္ေပးလိုက္တယ္။အမွန္တရားေတြ႕လဲ ကိုယ္နဲ႔မဆိုင္ရင္ တိတ္တိတ္ေနလိုက္ေတာ့..တဲ့။

ဟိုတုန္းကတရက္မွာေတာ့ လမ္းထဲကိုလာေရာင္းတဲ့ အထမ္းသည္ဆီကပဲပင္ေပါက္ပဲျပား တစ္က်ပ္ဖိုးဝယ္လိုက္တယ္။ေစ်းသည္ဦးေလးႀကီးက အဝတ္အစားႏြမ္းႏြမ္းေလးနဲ႔လူကလဲခပ္ပိန္ပိန္။

အိမ္ေရွ႕ကေသာက္ေရအိုးစင္မွာေနတခြက္ခပ္ေသာက္တယ္။သူေဆာင္းလာတဲ့ဦးထုပ္နဲ႔ယပ္ခတ္တယ္။ဆယ့္တစ္နာရီေနဟာ အေတာ္ပူေနပါၿပီ။အစိတ္တန္တစ္႐ြက္လွမ္းေပးလိုက္တယ္။

သူက လြယ္အိပ္ေလးထဲကေနႏွစ္ဆယ့္ေလးက်ပ္ျပန္အမ္းခဲ့တယ္။တစ္ဆယ္တန္ေတြငါးက်ပ္တန္၊တစ္က်ပ္တန္အေႂကြေတြ…အစုံပဲသူ႔အိပ္ထဲမွာ ရွိသမွ်အကုန္အမ္းခဲ့တာ။

အဲဒီေန႔မွာပဲေန႔လည္တနာရီေလာက္မွာ သူ႔ကိုေပးလိုက္တဲ့ေငြအစိတ္တန္ တန္ဖိုးမဲ့သြားတယ္။ႏွစ္ဆယ့္ေလးက်ပ္ျပန္အမ္းခဲ့တဲ့သူ႔ေငြေတြက အသုံးတည့္တယ္။

ေနာက္ေန႔ ဒီလမ္းထဲကိုသူေစ်းမ်ားလာေရာင္းဦးမလားဆိုၿပီးၾကည့္ေနမိေသးတယ္။သူေစ်းလာေရာင္းခဲ့ရင္ေကာသူအမ္းခဲ့တဲ့ေငြႏွစ္ဆယ့္ေလးက်ပ္ကိုျပန္ေပးဖို႔စိတ္ကူးရွိပါ့မလား။ဝန္ခံပါတယ္။

ျပန္ေပးမွာမဟုတ္ဖူး။ေငြႏွစ္ဆယ့္ေလးက်ပ္ေတာင္အမ္းခဲ့တယ္။ေပ်ာ္လိုက္တာ ေပါ့။ငယ္စိတ္ေလးနဲ႔ ေက်နပ္ေနတာ။တရားတယ္။မတရားတယ္ဆိုတာမသိဘူး။

သူအရင္းျပဳတ္သြားၿပီလားဆိုတာကိုလဲမစဥ္းစားမိခဲ့ဘူး။ကိုယ္ရလိုက္တာကိုပဲ ေက်နပ္ၿပီးစိတ္ခ်မ္းသာေနတာ။ခုခ်ိန္ထိမွတ္မိေနတာကိုက ရင္ထဲမွာတသသျဖစ္ေနတာကိုကတကယ့္ခ်မ္းသာျခင္းအစ္အမွန္မဟုတ္ဖူးေနာ္။

တခ်ိန္လုံးကိုယ့္ကိုကိုယ္မလုံမလဲျဖစ္ေစခဲ့တယ္။အကယ္၍သာဆိုရင္အဲဒီေငြအစိတ္က သူ႔အတြက္လဲအသုံးဝင္သြားမယ္။

သူအမ္းခဲ့တဲ့ေငြႏွစ္ဆယ့္ေလးက်ပ္ကလဲကိုယ့္အတြက္တသက္လုံးလိပ္ျပာလုံေစခဲ့မယ္ဆိုရင္။အဲဒီအေၾကာင္းအရာေတြကိုဒီေန႔ထိမွတ္မိစရာမရွိေလာက္ခဲ့ဘူး။

ဟိုတုန္းက

.#ခင္လွျမတ္ခိုင္

#လြတ္လပ္စြာshareႏိုင္သည္

#copyကူးယူျခင္းသီးခံပါ

photo.crd