မိန်းမကလင်ယောကျာ်းရဲ့ညာဘက်မှာအိပ်ရင်ယောကျာ်းက ဘုန်းကံနိမ့်ပြီးအိမ်စီးပွားရေးလာဒ်ပိတ်စေတယ်ဆိုတာတကယ်လား
မိန်းမကလင်ယောကျာ်းရဲ့ညာဘက်မှာအိပ်ရင်ယောကျာ်းက ဘုန်းကံနိမ့်ပြီးအိမ်ထောင်ရေးမှာစီးပွားရေးလာဒ်ပိတ်စေတယ်ဆိုတာတကယ်လားလင်ရယ်မယားရယ် ဖြစ်လာပြီဆိုတစ်အိပ်ယာတည်းအတူအိပ်ကြရပါတယ်မိန်းမသားတွေဟာလင်ယောကျာ်းရဲ့ဘယ်ဘက်အခြမ်းမှာသာအိပ်ခွင့်ရှိပါတယ်ဒါပေမယ့်ဘာဖြစ်လို့မိန်းမသားတွေဟာ လင်ယောကျာ်းရဲ့ ဘယ်ဘက်အခြမ်းမှာပဲအိပ်ခွင့်ရှိတာလဲဘာကြောင့်လဲအမှန်ဆို အိပ်ချင်တဲ့ ဘက်အိပ်မှာပေါ့နော်
တချို့ဆိုအိပ်ယာဘေးဘက်နံရံထောင့်ဘက်အခြမ်းကိုမိန်းမသားတွေပိုမိုကြိုက်နှစ်သက်လေ့ရှိပါတယ်ဘေးမှာကနံရံအတားအဆီးတစ်ခုဖြစ်သလိုဒီဘက်ဘေးမှကြအားကိုးအားထားပြုရတဲ့လင်ယောကျာ်းအဲတော့မှသူတို့ကမိမိကိုယ်ကိုလုံခြုံမှုအပြည့်နဲ့စိတ်ချလက်ချအိပ်စက်နိုင်ကြတာပါ
မိန်းမကယောကျာ်းရဲ့ညာဘက်မှာအိပ်လို့ယောကျာ်းတို့ ဘုန်းလက်ရုံးဆိုပြီးဘုန်းကံနိမ့်တယ်ဆိုတာကစိတ်နဲ့သာဆိုင်ပါတယ် ဘုန်းမနိမ့်ဘူး မဟုတ်ပါဘူး
ကိုယ်က ဘုန်းနိမ့်တယ် ထင်ရင်နိမ့်ပါတယ်မနိမ့်ဘူးထင်ရင်မနိမ့်ပါဘူးနည်းနည်းများ ရှုပ်သွားသလား မသိဘူးတော်တော်လဲရှုပ်သွားမယ်ထင်ပါတယ်ဟုတ်ပါတယ် အဲဒီထင်ဆိုတဲ့ဥပါဒါန်ကြောင့်သာနိမ့်တာပါဥပါဒါန်ကြောင့်ဘေးဥပါဒ်ရောက်တတ်ပါတယ်ကိုယ့်စိတ်ကနိမ့်တယ်ထင်ရင်အဲဒီစိတ်ကထင်လိုက်တာနဲ့အကောင်းဘက်ကို အတွေးမရှိတော့ပါဘူးမဟုတ်တဲ့ခံစားချက်တွေနဲ့စိတ်အလိုမကျဖြစ်စေပြီးလူကိုထိခိုက်စေတာပါ
အဲ့ဒါဟာစိတ်ပိုင်းဆိုင်ရာအရည်အသွေးကျဆင်းခြင်းစိတ်ပိုင်းဆိုင်ရာဘုန်းနိမ့်ခြင်းပါပဲလူကို သတ်လို့မသေတောင် စိတ်ကို သတ်လို့သေမှတော့လူလဲမခံနိုင်ပါဘူးမိန်းမသားတွေဟာဘာဖြစ်လို့ ဘယ်ဘက်မှာပဲအိမ်ခွင့်ရလဲ ဆိုတာအဖြေကအရမ်းကိုနူးညံ့ကြင်နာကြည်နူးဖို့ ကောင်းပါတယ်မိန်းမသားတွေလဲ သိသွားပြီး နောက်ဆို ကိုယ့်လင်ယောကျာ်းနဲ့ အိပ်ရင်ဘယ်ဘက်မှာသာ အိပ်ချင်ကြပီးရင်ခွင်ထဲတိုးချင်နေကြမှာပါ
တကယ်တော့ ဘယ်ဘက်မှာ အိပ်ရတယ်ဆိုတာချစ်ခြင်းတရားကိုကိုယ်စားပြုပါတယ်ရင်ခုန်သံတွေစတင်ဖြစ်တည်ရာနှလုံးသားနဲ့အနီးကပ်ဆုံးနေရာမှာသာမိမိချစ်ခင်စုံမက်ရတဲ့ မိန်းမသားကို ထားချင်တဲ့ အတွက် ဘယ်ဘက်မှာ ထားရင်ခွင်ထဲ ထည့် အိပ်စေခြင်းဖြစ်ပါတယ်မိန်းမသားတို့ အနေဖြင့်လည်း ကိုယ်ချစ်ရသူရဲ့ ရင်ခုန်သံစည်းချက်ကလေးတွေကိုနားဆင်ရင်း နွေးထွေးတဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတာဟာ လောကနိဗ္ဗာန် စည်းစိမ်ကို ခံစားနေရမှာအမှန်ပဲဖြစ်ပါတယ်
နတ်ပြည်နိဗ္ဗာန်စည်းစိမ်ဆိုတာဟာလဲ လူ့ဘဝမှာတင်ရရှိနိုင်ပါတယ်ကိုယ်က ယူတတ်ဖို့ပဲလိုတာပါ ယူတတ်ရင် ရပါတယ်ဘဝအမောတွေဖြေဖျောက်တမှေးလောက်တော့ကိုယ်ချစ်ရသူရဲ့အသည်းတစ်ခြမ်းကိုယ်စားပြုရင်ခွင်ထဲအိပ်စက်နားခိုရင်းနောင်အနာဂတ်လမ်းခရီးအတွက်အားမွေးနှစ်ဦးသားအိပ်ရေးဝလိုက်ကြရအောင်