အခုလို COVID 19 ဖြစ်ပွားနေတဲ့အချိန်မျိုးမှာ လူတော်တော်များများ အိမ်မှာပဲ နေနေရပါတယ်။ ဒီလိုအိမ်မှာနေတဲ့အချိန်မှာ လင်မယားတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် တည့်အောင်နေသင့်ပါတယ်။
အခုကိစ္စမှာဆိုရင်လည်း ဘာမှဟုတ်တဲ့ ကိစ္စတစ်ခုနဲ့ လင်မယားရန်ဖြစ်ပြီး ယောကျ်ားဖြစ်သူက တိုက်ပေါ်ကနေခုန်ချဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ မိန်းမဖြစ်သူဟာ သူစားမယ့်ဟင်းကို သူတောင်းဆိုသလောက် စပ်အောင် မချက်ပေးလို့ပဲ ဖြစ်ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အိန္ဒိယနိုင်ငံ၊ Ahmedabad ပြည်နယ်၊ Chandkheda မြို့ရှိ တိုက်ခန်းတစ်ခန်းမှာ နေထိုင်တဲ့ လင်မယာနှစ်ယောက်ဟာ အကြီးအကျယ်စကားများကြပါတယ်။ ဒီလိုစကားများတဲ့အကြောင်းအရင်းကလည်း မိန်းမဖြစ်သူဟာ ယောကျ်ားဖြစ်သူ စားမယ့်ဟင်းထဲ အစပ်ကို လိုသလောက် မချက်ပေးလို့ပဲ ဖြစ်ပါတယ်။
ဒီကိစ္စလေးနဲ့ လင်မယားနှစ်ယောက်အကြီးအကျယ်စကားထများပြီး နောက်ဆုံးမှာတော့ မိန်းမဖြစ်သူဟာ လုပ်ချင်ရလုပ်ဆိုပြီး မီးဖိုခန်းထဲ ဝင်သွားခဲ့ပါတယ်။ ဒီလိုမီးဖိုချောင်ထဲ မိန်းမဖြစ်သူ ဝင်သွားပြီး သိပ်မကြာခင်မှာပဲ ယောကျ်ားဖြစ်သူဟာ ၃ ထပ်တိုက်ခန်းပေါ်ကနေ ခုန်ချဖို့ လုပ်ခဲ့ပါတယ်။ ဒါကို မြင်တဲ့ ဘေးအိမ်က အိမ်နီးချင်းတွေဟာ အဆိုပါတိုက်ခန်းကို ချက်ချင်းရောက်လာပြီး မိန်းမဖြစ်သူကို အကျိုးအကြောင်းပြောကာ အိမ်တံခါးကို ဖွင့်ခိုင်းကြပါတယ်။
အိမ်ထဲကို ရောက်ရောက်ချင်း ဝရံတာထွက်ကြည့်လိုက်တဲ့အချိန်မှာ ယောကျ်ားဖြစ်သူဟာ ခုန်ချခါနီး လက်မတင်လေးပဲ လိုတော့တာကြောင့် အိမ်နီးချင်းဖြစ်သူတွေဟာ အဆိုယောကျ်ားကို ဖျောင်းဖြပြီး အိမ်ပေါ်ကို အလျင်အမြန်ဆွဲတင်ကာ ကယ်ဆယ်ခဲ့ရပါတယ်။
တိုက်အောက်က လမ်းသွားလမ်းလာတစ်ချို့က ဒီအဖြစ်အပျက်ကို မြင်ပြီး ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကို တွေ့တဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူတော်တော်များများကတော့ ဘာမှဟုတ်တဲ့ ကိစ္စလောက်နဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတဲ့ ယောကျ်ားကို ဝိုင်းဝန်းအဖြစ်တင်ခဲ့ကြပြီး အချို့ကတော့ အဆိုပါယောကျ်ားဟာ ဒီအတိုင်း Drama ချိုးနေတာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
Credit
Unicode