စိတ်ပူတာလေး သတိပေးချင်လို့ပါ .. ။ ကြောက်ဖို့တော့ မဟုတ်ဘူး .. ။ သတိပြုဆင်ခြင်ကြဖို့ .. ။ ဘာမဟုတ်တာလေးနဲ့ .. သူတို့လက်ထဲမပါစေဖို့ အတွက်ပါ .. ။
ဘာလို့ဆို .. ဒီအချိန်အတောအတွင်း .. မြို့ပေါ်မှာ အတော် ကျပ်တယ် .. မထင်ရင် မထင်သလို ဖုန်းတွေယူပြီး စစ်ဆေးတယ် .. မနက် / နေ့လည် / ညနေ လခရ တွေ ခြေရှုပ်နေတယ် .. ။
တလရ ၂ နှစ်နီးပါးအတွင်းမှာ ဒီကောင်တွေဖက်ကလည်း .. IT နည်းပညာကို .. တတ်မြောက်ကျွမ်းကျင်တဲ့အဆင့်အထိ လေ့လာထားကြဖို့ အချိန်ရသွားကြတယ် .. ဆိုတာကို မမေ့ပါနဲ့ .. ။ ဘယ်ဖုန်းမဆို .. ကျွမ်းကျွမ်းကျင်ကျင် စစ်ဆေးတတ်နေပြီ .. ။
မြို့ပေါ်မှာနေထိုင်ကြတဲ့ .. တလရနဲ့ တနည်းတဖုံပတ်သက်နေကြသူတိုင်း ..
တလရနဲ့ပတ်သက်တာတွေ ပြောပြီးတိုင်း .. မက်ဆင်ဂျာကိုဖျက်ပါ .. ။ တဖက်ကိုလည်း ဖျက်ဖို့ သတိပေးပါ .. ။
FB ပေါ်က ပို့စ်တွေကို ၂ ဆင့် ဖျက်ပါ .. ။ အပြင်သွားဖို့ရှိရင် .. ကိုယ်နဲ့ တလရ အကြောင်းပြောနေကြသူတွေဆီ အရင် သတိပေးထားပါ ..
(အပြင်သွားဖို့ရှိကြောင်း .. ဘာသတင်းမှ မပို့ထားဖို့အကြောင်း ..) ဖုန်းထဲမှာ အလှပုံ – ပန်းပုံတို့ တခြား တလရ နဲ့ မဆိုင်တဲ့ ပုံတွေပဲ ထားပါ .. ။
ဖုန်းထဲမှာ ဒေါင်းပြီး အသုံးပြုရတဲ့ Tha din App, Nug Pay App နဲ့ တခြားသော တလရနဲ့ သက်ဆိုင်တဲ့ App တွေကို အပြင်မသွားခင် .. အကုန်ဖျက်ပါ .. ။
တလရ သတင်း နဲ့ပတ်သက်တဲ့ .. တယ်လီဂရမ်ချန်နယ်တွေ .. Join ထားရင် ဖြုတ်ပြီးမှ သွားပါ .. ။
ဒီနေ့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သူငယ်ချင်းရဲ့ .. မေတ္တာရပ်ခံချက်အရ ဒါလေး သတိပေးတာပါ .. ။
သူကတော့ Tha Din App မဖျက်ထားမိလို့ .. အတော်ရှင်းလိုက်ရပါတယ် .. ။ (အတော်ကြီးကို ရှင်းလိုက်ရတာပါ ..)