ကိုရီးယားမော်ဒယ် လီဆိုဟိုကတော့ မြန်မာ့အရေးမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီနေတဲ့က ကိုးရီးယားလူမျိုးတစ်ဦးပဲ ဖြစ်ပါတယ်။
လီဆိုဟိုက မြန်မာပြည်သူပြည်သားတွေကို အားတင်းထားဖို့ နဲ့ သူလဲ အကောင်းဆုံးကြိုးစားပေးနေကြောင်းကို သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ အမြဲရေးသားပြီး အားပေးလေ့ရှိပါတယ်။
လီဆိုဟိုက မြန်မာနိုင်ငံအတွက် တက်စွမ်းသမျှကူညီပေးနေတဲ့အပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွေကိုလည်း တော်တော်များများသိထားတာကြောင့် မြန်မာပရိသတ်တွေကလည်း တစ်ခဲနက် အားပေးကြတာဖြစ်ပါတယ်။
မြန်မာလူမျိုးတွေ လက်ဆောင်ပေးတဲ့ ပုဆိုးနဲ့ တိုက်ပုံအကျီကိုလည်း တမြတ်တနိုးဝတ်ဆင်ပြီး သူရဲ့ လူမှုကွန်ယက်ပေါ်မှာလည်း ဂုဏ်ယူစွာ ဖော်ပြထားပါသေးတယ်။
လီဆိုဟိုက အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) အတွက် တရားဝင်အလှူခံခွင့် လက်မှတ်ရရှိထားတဲ့သူလည်း ဖြစ်ပါတယ်။ “Bridge Of Peace To Myanmar၊ BOPTM ရဲ့ ခေါင်းဆောင်လီဆောဟိုဖြစ်ပါတယ်၊
ဒီနေ့အတွက် သတင်းကောင်းလေးကြေငြာချင်ပါတယ်၊ ကျွန်တော်တို့ Bridge Of Peace To Myanmar၊ BOPTM အဖွဲ့က National Unity Government Of Myanmar ရဲ့ အသိမှတ်ပြု CRPH ၊Official Fundraiser Certificate ကို ရရှိခဲ့ပါပြီဖြစ်ပါတယ်။
Korea နိုင်ငံမှာလည်း Korea Government ရဲ့ အသိအမှတ်ပြု တရားဝင်အဖွဲ့စည်းအဖြစ် မှတ်ပုံတင်ပြီး တရားဝင် Certificate ကိုရရှိခဲ့ပါပြီ” ဆိုပြီးတော့ သူရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားဖော်ပြထားပါတယ်။
အခုလည်း မြန်မာလူမျိုးတွေဟာကိုရီးယားဘာသာစကားကိုသင်ယူရတာ နှစ်သက်လိမ့်မယ်လို့ထင်ပါတယ်။
ဒါကြောင့် Korea စာသင်ယူခြင်းနဲ့ ပတ်သက်တဲ့ပျော်ရွှင်စရာ ဗီဒီယိုတွေကို ဖန်တီးဖို့စိတ်ကူး တစ်ခုရခဲ့တယ်။
အားတဲ့အချိန်မှာ Video လေးတွေနဲ့လုပ်ပေးမယ်။ သူနဲ့အတူ သူ့ Instagram မှာ ကိုရီးယားစာ လေ့လာရအောင်ဆိုပြီး ပြောထားပါတယ်။
လီဆိုဟိုက မြန်မာ့နွေဦးတော်လှန်ရေးစဖြစ်ကတည်းက မြန်မာပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။ ဆန္ဒပြတဲ့ပွဲတွေ၊ ဟောပြောပွဲတွေမှာလည်း အမြဲပါဝင်ပြီး မြန်မာ့အရေးကို ကမ္ဘာကသိအောင် ကြိုးစားပေးနေသူလည်းဖြစ်ပါတယ်။
Credit : Lee Seo Ho’s Facebook account