လေးလလောက်အိမ်ငှားခမပေးလို့ တိုက်ခန်းထဲလိုက်သွားခဲ့ရာမှ အခန်းတစ်ခုလုံးတွင် ပုလင်းအခွံများဖြင့်ပြည့်နေပြီး ခြေချစရာပင်မရှိအောင် ပြည့်နေတာကိုတွေ့ခဲ့ရ
လူတစ်ယောက်၏တန်ဖိုးသည် စည်းကမ်းရှိစွာကျင့်ကြံနေထိုင်တတ်မှုအပေါ်တွင် များစွာမတည်နေတာဖြစ်ပါတယ်။သာမန်အားဖြင့် ကျောင်းသာလူငယ်အများစုတို့သည် တက္ကသိုလ်တွင် ပညာသင်ကြားနိုင်ရန်အတွက် မြို့ပေါ်တက်လာကြသည့်အခါ တိုက်ခန်းနေအိမ်တွေကိုငှားရမ်းနေထိုင်ကြပါတယ်။
ထိုအခါလူငယ်အချို့သည့် ဆုံးမသွန်သင်မှုမရှိသည့်အတွက် စည်းကမ်းတွေပျက်လာတာကိုတွေမြင်ကြရပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံ Jiangsuပြည်နယ် Liyangတွင်နေထိုင်သော အသက်၂၀အရွယ်ကျောင်းသားလေးက တိုက်ခန်းငှားနေပြီး လေးလအထိအိမ်ခန်းငှားခကိုမပေးဆောင်ခဲ့ပေ။
ထို့ကြောင့် တိုက်ခန်းပိုင်ရှင်က လာရောက်သည့်အခါတွင်လူငယ်လေးဟာ အိမ်ကပို့သည့်ပိုက်ဆံများဖြင့် သောက်စားနေတာကို သိလိုက်ရပါတယ်။အခန်းတစ်ခုလုံးတွင် ပုလင်းအခွံများဖြင့်ပြည့်နှက်နေခဲ့သည့်အပြင် ဆေးလိပ်ဖင်ဆီခံဟာလည်း ခြေချစရာမရှိအောင် ပြည့်နေခဲ့ပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)