တနင်္ဂနွေသားသမီးများ
တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီလအတွင်း သူများကိစ္စကြားဝင်ကူညီခြင်း၊အာမခံခြင်း တွေကြောင့်အထူးဒုက္ခရောက်တတ်ပါတယ်။လင်မယားကြား မိတ်ဆွေတွေကြား ဘယ်သူ့ကြားမှမဝင်မိပါစေနဲ့။
ဘယ်စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် အခုကာလမှာ ရတာကနည်းနည်း ၊ပြဿ နာရှင်းရတာကများများဖြစ်နေလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတနာများကျပျောက်ခြင်း သူခိုးခိုခံရခြင်းတွေကြုံနိုင်တယ်။
လူငယ်တွေအနေနဲ့ စီးပွားတွက် တွက်နေတဲ့ချစ်သူကြောင့်စိတ်ညစ်ရမယ်။ ချစ်သူကိုအချိန်ပေးဖို့ထက် ငွေနောက်ပဲလိုက်နေပါလိမ့်မယ်။အလုပ်မှာရန်ပေါ်နိုင်တဲ့ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရဖို့ဝေးနေပါလိမ့်မယ်။
အရမ်းရင်းနှီးသူတွေနဲ့ခွဲခွာရတတ်ပါတယ်။ ကျန်းမာရေး သိပ်မညံ့ပေမဲ့ ပညာရေးကံကြမ္မာကတော့ အညံ့ဆုံးအနေအထားကို ရောက်နေတဲ့ကာလပါပဲ။ နောက်ဆုံးပြောချင်တာကဘယ်သူကိုမှ မယုံသင့်ဘူးလို့ပြောချင်ပါတယ်။
အထူးဟော = ကံညံ့နေသည်။ ယတြာ = သင်္ဘောသီးဖျော်ရည်တစ်ခွက် မွေးနေ့နံနက်မှာ ဘုရားကပ်လှူလိုက်ပါ။
တနင်္လာသားသမီးများအတွက်
ဆုံးဖြတ်ရခက်နေလိမ့်မယ်။ အရာရာသတိထားဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ကိစ္စများ မိမိဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့နေရာသွားရခြင်း၊နယ်ပြောင်းခံရခြင်းတွေကြုံတွေ့ရပါလိမ့်မယ်။
အထက်လူကြီးက မိမိအပေါ်အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်းညစ်ရတတ်တယ်။ အိမ်ထောင်ဘက်အချင်းချင်းစကားအခြေအတင်များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။
မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ်အားနည်းနေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။
စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့်ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့အချိန်ပါပဲ။
အထူးဟော -ရွေးချယ်ရခက်နေလိမ့်မယ်။ ယတြာ – ကြံရည်တစ်ခွက် မွေးနေ့ညနေခင်းမှာဘုရားကပ်ပါ။
အင်္ဂါသားသမီးများအတွက်
ကံဇာတာအထူးမြင့်မားနေချိန်ပါပဲ။ ကျန်းမာရေးဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။ နေမကောင်းဖြစ်နေသူများဒီကာလတွင် ဆေးတိုးသွားတတ်ပါတယ်။နာတာရှည်ရောဂါသည်များ ဆရာကောင်းသမားကောင်းတွေ့မည်။
ငွေကြေးအဘက်ဘက်က ဝင်လာမဲ့အချိန်ပါပဲ။ငွေအရမ်းရွှင်မှာပါ။ ငွေကြေးရင်းနှီးမှုလုပ်ငန်းတွေ စတင်ပြုလုပ်ဖို့ကောင်းပါပြီ။ တစ်ခုသတိထားရမှာက လူများများနဲ့အုပ်စုဖွဲ့သွားလာခြင်း ညဉ့်နက်သန်းခေါင်အပြင်ထွက်ခြင်းကို ဒီကာလအတွင်းလျှော့ပါ။
ပြဿနာက မဖိတ်ခေါ်ဘဲရောက်လာတတ်လို့ပါ။ အစုစပ်အလုပ်၊ရှယ်ယာအလုပ်တွေခဏဆိုင်းထားပါအုံး။ ချစ်ရသူဆီက အဖြေမတောင်းသင့်သေးသလို စိတ်ကောက်နေတဲ့ချစ်သူကိုလဲ မချော့ပါနဲ့အုံး။
အလုပ်စီးပွားကံကတော့ အထူးပြောစရာမလိုအောင် ကောင်းနေပါတယ်။ ပညာရေးကံ ကောင်းနေချိန်ပါပဲ။
အထူးဟော = -ကံအထူးကောင်းသည်။ ယတြာ = -ရဟန်းသံဃာတွေကို ဆေးလှူဒါန်းပါ။
ဗုဒ္ဓဟူးသားသမီးများအတွက်
မိသားစုနဲ့အလုပ်ကြားဗျာများရမည် ။ အလုပ်အဆင်ပြေနေလို့ အလုပ်ထဲစိတ်နှစ်မယ်ကြံပြီးခါမှ မိသားစု ပြဿနာတွေကြောင့် အလုပ်ပျက်အကိုင်ပျက်ဖြစ်နေရမည်။ လုပ်ငန်းတူအချင်းချင်း အားပြိုင်မှု တိုက်ခိုက်မှုတွေ ရှိပေမဲ့အဆုံးသတ်မိမိသာအနိုင်ရမည်။
အလုပ်ပင်ပန်းခြင်း၊လူမှုရေးကိစ္စတွေကြောင့်ပင်ပန်းတာတေ ွစုပြီးဖျားနာတတ်တဲ့အချိန်ပါ။ စီးပွားရေးချဲ့ထွင်ဖို့ စပ်တူလုပ်ငန်းစတင်ဖို့အကောင်းဆုံးကာလပါပဲ။ ပညာရေးအခန်းကဏ္ဍကတော့ အားနည်းနေပါတယ်။
လူငယ်တွေစာထဲစိတ်မပါဖြစ်တတ်တယ်။ စာကျက်ဖို့ပျင်းနေလိမ့်မယ်။လခစားဝန်ထမ်းများ နေရာကောင်းရခြင်း ၊ရာထူးတိုးခြင်းမျိုးရှိနေလိမ့်မယ်။ အချစ်ရေးကံကတော့ မကောင်းနိုင်သေးပါဘူး။ ချစ်သူကမိမိအပေါ် ယုံကြည်မှုကင်းမဲ့လာတတ်ပါတယ်။
အထူးဟော = စီးပွားရေးကောင်းမည်။ ယတြာ = ဘုရားစိန်ဖူးတော်ပုံအား ဓမ္မဒါနလက်ဆောင်ပေး ဖြန့်ဝေပါ။
ကြာသပတေးသားသမီးများအတွက်
လူလိမ်ခံရလိမ့်မယ်။ အရမ်းရင်းနှီးတဲ့သူတွေရဲ့သစ္စာဖောက်ခြင်းခံရမည်။ အောက်လက်ငယ်သားတွေကို အရမ်းအရေးကြီးတဲ့ကိစ္စများ မျက်နှာလွှဲမခိုင်းသင့်ပါ။ လူယုံဒုက္ခပေးမဲ့အချိန်ပါပဲ။ စက်၊ကားမောင်းနှင်ခြင်း၊စက်ပစ္စည်းကိုင်တွယ်အသုံးပြုခြင်းအထူးသတိထားပါ။
မတော်တဆ ထိခိုက်လွယ်တဲ့ကာလတစ်ခုမို့လိုပါပဲ။ ဘာကိစ္စမဆို အဆုံးသတ်ပြီးဆုံးအောင်မလုပ်နိုင်ခြင်း၊ စထားပြီး တစ်ဝက်တပျက်ဖြစ်ရခြင်းမျိုးကြုံရမှာပါ။ ဒါကြောင့် အိမ်ပြင်အိမ်ဆောက်ခြင်း၊လုပ်ငန်းသစ်စတင်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။
အချစ်ရေးကံ အထူးညံ့နေချိန်ပါ။ ချစ်သူနဲ့မျက်နှာချင်းဆိုင်တာနဲ့ပြဿ နာတတ်ခြင်း၊ စကားအခြေအတင်ပြောရခြင်းတွေကြုံရပါလိမ့်မယ်။ ပညာရေးက ကြိုးစာအကောင်းဆုံးကာလပါပဲ။ ကျန်းမာရေးကောင်းနေပေမဲ့ ထိမိ ခိုက်မိ ဖြစ်တာမျိုးရှိနိုင်တယ်။
အထူးဟော = ထိခိုက်လွယ်နေသည်။ ယတြာ = မိမိ၏ မွေးနေ့အပတ်တိုင်း (7)ပတ်တိတိ သက်သတ်လွတ် စားပေးပါ။ ဘုရားမှာ ရွှေဆိုင်း ကပ်ပေးပါ။
သောကြာသားသမီးများအတွက်
အဘက်ဘက်ကဖေးမကူညီမှုတွေကြောင့် လိုချင်သောပန်းတိုင်ကိုရောက်မည်။လုပ်ငန်းစီးပွားအထူးတိုးတတ်မည်။ ဝန်ထမ်းဆို နေရာပေးခံရခြင်း၊နေရာကောင်းရခြင်းတွေရှိလာပါလိမ့်မယ်။
ဒီကာလမှာပဲ အခြားသူများအား အကြံပေးခြင်း၊နှုတ်၏ဆောင်မခြင်းဖြင့်ထိုသူတွေအဆင်ပြေချောမွေ့မဲ့ကာလပါပဲ။မိမိသြဇာညောင်းမဲ့အချိန်ပါ။ကောင်းသောခရီးဘာသာရေးနဲ့သက်ဆိုင်သောခရီးတွေလဲသွားရပါလိမ့်မယ်။
အိမ်ထောင်သည်ဆို တစိမ်း မိန်းကလေးတွေ(ယောကျာ်းလေးတွေ) နဲ့ ဝေးဝေးနေပါ။ စွပ်စွဲခြင်းခံရမည်။ ငယ်ရွယ်သူများအသက်ကြီး၊ မလွတ်လပ်သူတွေရဲ့ ဖြားယောင်းသွေးဆောင်ခြင်းခံရပါလိမ့်မည်။
ငွေကြေးလာဘ်လာဘတွေလဲ ဝင်လာပါလိမ့်မယ်။ မိမိဆိုင် ဖောက်သည်အသစ်တွေတိုးလာပါလိမ့်မယ်။ ကျန်းမာရေး ပညာရေး အကောင်းဆုံးကာလပါပဲ။
အထူးဟော = -ပြောသမျှဖြစ်မည်။ ယတြာ = -မွေးနေ့တွင် သစ်သီး (၇)မျိုးဘုရားလှူပါ။
စနေသားသမီးများအတွက်
စိတ်လေနေတတ်တယ်။ ဆုံးဖြတ်ရခက်တာမျိုး ကြုံရလိမ့်မယ်။ မိဘတွေအတွက် ပူပန်စိတ်ညစ် ရတတ်တယ်။ လုပ်ငန်းစီးပွားဆုတ်ယုတ်တတ်တယ်။ အလုပ်ဒဏ်ပိနေတတ်တယ်။ လူမျိုးခြား၊ ဘာသာခြား တွေရဲ့ ကူညီမစခြင်းခံရမယ်။
ခရီးကိစ္စ၊ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ရတဲ့အလုပ်တွေ အကျိုးပေးနည်းချိန်ပါပဲ။ ကျန်းမာရေးအထူးကောင်းချိန်ပါပဲ။အချစ်ရးကိစ္စ ၊ စုတ်ကိစ္စတွေ ရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။
ပညာရေးကဏ္ဌ၊ သင်ကြားရေးကဏ္ဌကတော့ အထူး ကောင်းမွန်နေပါတယ်။ ပုံမှန်အတိုင်းသာ လုပ်ဆောင်သင့်တဲ့ အချိန်ပါ။ ရှေ့တိုးဆောင်ရွက်စရာ ကိစ္စများ တစ်ခုခုလုပ်တာနဲ့ ပျက်ဖို့များပါတယ်။
အထူးဟော = -အရာရာလွဲချော်နေမည် ယတြာ = -ခရေပန်း မွေးနေ့၌လှူဒါန်းပါ။
ဆရာမင်းသုခ Ph-09440243656(viber)
Zawgyi
တနဂၤေႏြသားသမီးမ်ား
တနဂၤေႏြသားသမီးေတြအေနနဲ႔ ဒီလအတြင္း သူမ်ားကိစၥၾကားဝင္ကူညီျခင္း၊အာမခံျခင္း ေတြေၾကာင့္အထူးဒုကၡေရာက္တတ္ပါတယ္။လင္မယားၾကား မိတ္ေဆြေတြၾကား ဘယ္သူ႔ၾကားမွမဝင္မိပါေစနဲ႔။
ဘယ္စီးပြားေရးနယ္ပယ္မွာျဖစ္ျဖစ္ အခုကာလမွာ ရတာကနည္းနည္း ၊ျပႆ နာရွင္းရတာကမ်ားမ်ားျဖစ္ေနလိမ့္မယ္။ ေ႐ႊေငြလက္ဝတ္ရတနာမ်ားက်ေပ်ာက္ျခင္း သူခိုးခိုခံရျခင္းေတြႀကဳံႏိုင္တယ္။
လူငယ္ေတြအေနနဲ႔ စီးပြားတြက္ တြက္ေနတဲ့ခ်စ္သူေၾကာင့္စိတ္ညစ္ရမယ္။ ခ်စ္သူကိုအခ်ိန္ေပးဖို႔ထက္ ေငြေနာက္ပဲလိုက္ေနပါလိမ့္မယ္။အလုပ္မွာရန္ေပၚႏိုင္တဲ့ကာလပါ။ အလုပ္ရွာေနသူမ်ား အလုပ္ရဖို႔ေဝးေနပါလိမ့္မယ္။
အရမ္းရင္းႏွီးသူေတြနဲ႔ခြဲခြာရတတ္ပါတယ္။ က်န္းမာေရး သိပ္မညံ့ေပမဲ့ ပညာေရးကံၾကမၼာကေတာ့ အညံ့ဆုံးအေနအထားကို ေရာက္ေနတဲ့ကာလပါပဲ။ ေနာက္ဆုံးေျပာခ်င္တာကဘယ္သူကိုမွ မယုံသင့္ဘူးလို႔ေျပာခ်င္ပါတယ္။
အထူးေဟာ = ကံညံ့ေနသည္။ ယၾတာ = သေဘၤာသီးေဖ်ာ္ရည္တစ္ခြက္ ေမြးေန႔နံနက္မွာ ဘုရားကပ္လႉလိုက္ပါ။
တနလၤာသားသမီးမ်ားအတြက္
ဆုံးျဖတ္ရခက္ေနလိမ့္မယ္။ အရာရာသတိထားေဆာင္႐ြက္ပါ။ ေရွ႕တိုးေဆာင္႐ြက္မဲ့ကိစၥမ်ား မိမိဆုံးျဖတ္ခ်က္တစ္ခုတည္းနဲ႔ မဆုံးျဖတ္ပါနဲ႔။ အလုပ္နဲ႔ပက္သက္ၿပီး စိတ္ရႈပ္ေနရပါတယ္။ မသြားခ်င္တဲ့ေနရာသြားရျခင္း၊နယ္ေျပာင္းခံရျခင္းေတြႀကဳံေတြ႕ရပါလိမ့္မယ္။
အထက္လူႀကီးက မိမိအေပၚအျမင္မၾကည္တာမ်ိဳးေတြလဲ ရွိေနပါတယ္။ စိတ္အရမ္းညစ္ရတတ္တယ္။ အိမ္ေထာင္ဘက္အခ်င္းခ်င္းစကားအေျခအတင္မ်ားရတတ္တယ္။ မိသားစုနဲ႔ ခြဲခြာရတတ္ပါတယ္။
မိတ္ေဆြေကာင္းေတြရဲ႕ ကူညီမႈအမ်ားႀကီးရမဲ့အခ်ိန္ပါပဲ။ က်န္းမာေရးလဲ အနည္းငယ္အားနည္းေနပါတယ္။ ေနပူနည္းနည္းမိတာမ်ိဳး၊ အိပ္ေရးပ်က္တာမ်ိဳးႀကဳံတာနဲ႔ ဖ်ားနာတတ္ပါတယ္။
စိတ္ေျပလက္ေပ်ာက္ ခရီးထြက္ျခင္း၊ ကေလးေတြကို ေပ်ာ္ေအာင္လုပ္ေပးျခင္းျဖင့္ကံေတြျပန္ျမင့္လာပါလိမ့္မယ္။ အခ်စ္ေရးမွာ ခ်စ္သူနဲ႔ အေနေဝးဖို႔အေၾကာင္းဖန္လာလိမ့္မယ္။ ပညာေရးအတြက္ေတာ့ စိတ္ေအးခ်မ္းရမဲ့အခ်ိန္ပါပဲ။
အထူးေဟာ -ေ႐ြးခ်ယ္ရခက္ေနလိမ့္မယ္။ ယၾတာ – ႀကံရည္တစ္ခြက္ ေမြးေန႔ညေနခင္းမွာဘုရားကပ္ပါ။
အဂၤါသားသမီးမ်ားအတြက္
ကံဇာတာအထူးျမင့္မားေနခ်ိန္ပါပဲ။ က်န္းမာေရးေဒါင္ေဒါင္ျမည္ေနပါလိမ့္မယ္။ ေနမေကာင္းျဖစ္ေနသူမ်ားဒီကာလတြင္ ေဆးတိုးသြားတတ္ပါတယ္။နာတာရွည္ေရာဂါသည္မ်ား ဆရာေကာင္းသမားေကာင္းေတြ႕မည္။
ေငြေၾကးအဘက္ဘက္က ဝင္လာမဲ့အခ်ိန္ပါပဲ။ေငြအရမ္း႐ႊင္မွာပါ။ ေငြေၾကးရင္းႏွီးမႈလုပ္ငန္းေတြ စတင္ျပဳလုပ္ဖို႔ေကာင္းပါၿပီ။ တစ္ခုသတိထားရမွာက လူမ်ားမ်ားနဲ႔အုပ္စုဖြဲ႕သြားလာျခင္း ညဥ့္နက္သန္းေခါင္အျပင္ထြက္ျခင္းကို ဒီကာလအတြင္းေလွ်ာ့ပါ။
ျပႆနာက မဖိတ္ေခၚဘဲေရာက္လာတတ္လို႔ပါ။ အစုစပ္အလုပ္၊ရွယ္ယာအလုပ္ေတြခဏဆိုင္းထားပါအုံး။ ခ်စ္ရသူဆီက အေျဖမေတာင္းသင့္ေသးသလို စိတ္ေကာက္ေနတဲ့ခ်စ္သူကိုလဲ မေခ်ာ့ပါနဲ႔အုံး။
အလုပ္စီးပြားကံကေတာ့ အထူးေျပာစရာမလိုေအာင္ ေကာင္းေနပါတယ္။ ပညာေရးကံ ေကာင္းေနခ်ိန္ပါပဲ။
အထူးေဟာ = -ကံအထူးေကာင္းသည္။ ယၾတာ = -ရဟန္းသံဃာေတြကို ေဆးလႉဒါန္းပါ။
ဗုဒၶဟူးသားသမီးမ်ားအတြက္
မိသားစုနဲ႔အလုပ္ၾကားဗ်ာမ်ားရမည္ ။ အလုပ္အဆင္ေျပေနလို႔ အလုပ္ထဲစိတ္ႏွစ္မယ္ႀကံၿပီးခါမွ မိသားစု ျပႆနာေတြေၾကာင့္ အလုပ္ပ်က္အကိုင္ပ်က္ျဖစ္ေနရမည္။ လုပ္ငန္းတူအခ်င္းခ်င္း အားၿပိဳင္မႈ တိုက္ခိုက္မႈေတြ ရွိေပမဲ့အဆုံးသတ္မိမိသာအႏိုင္ရမည္။
အလုပ္ပင္ပန္းျခင္း၊လူမႈေရးကိစၥေတြေၾကာင့္ပင္ပန္းတာေတ ြစုၿပီးဖ်ားနာတတ္တဲ့အခ်ိန္ပါ။ စီးပြားေရးခ်ဲ႕ထြင္ဖို႔ စပ္တူလုပ္ငန္းစတင္ဖို႔အေကာင္းဆုံးကာလပါပဲ။ ပညာေရးအခန္းက႑ကေတာ့ အားနည္းေနပါတယ္။
လူငယ္ေတြစာထဲစိတ္မပါျဖစ္တတ္တယ္။ စာက်က္ဖို႔ပ်င္းေနလိမ့္မယ္။လခစားဝန္ထမ္းမ်ား ေနရာေကာင္းရျခင္း ၊ရာထူးတိုးျခင္းမ်ိဳးရွိေနလိမ့္မယ္။ အခ်စ္ေရးကံကေတာ့ မေကာင္းႏိုင္ေသးပါဘူး။ ခ်စ္သူကမိမိအေပၚ ယုံၾကည္မႈကင္းမဲ့လာတတ္ပါတယ္။
အထူးေဟာ = စီးပြားေရးေကာင္းမည္။ ယၾတာ = ဘုရားစိန္ဖူးေတာ္ပုံအား ဓမၼဒါနလက္ေဆာင္ေပး ျဖန႔္ေဝပါ။
ၾကာသပေတးသားသမီးမ်ားအတြက္
လူလိမ္ခံရလိမ့္မယ္။ အရမ္းရင္းႏွီးတဲ့သူေတြရဲ႕သစၥာေဖာက္ျခင္းခံရမည္။ ေအာက္လက္ငယ္သားေတြကို အရမ္းအေရးႀကီးတဲ့ကိစၥမ်ား မ်က္ႏွာလႊဲမခိုင္းသင့္ပါ။ လူယုံဒုကၡေပးမဲ့အခ်ိန္ပါပဲ။ စက္၊ကားေမာင္းႏွင္ျခင္း၊စက္ပစၥည္းကိုင္တြယ္အသုံးျပဳျခင္းအထူးသတိထားပါ။
မေတာ္တဆ ထိခိုက္လြယ္တဲ့ကာလတစ္ခုမို႔လိုပါပဲ။ ဘာကိစၥမဆို အဆုံးသတ္ၿပီးဆုံးေအာင္မလုပ္ႏိုင္ျခင္း၊ စထားၿပီး တစ္ဝက္တပ်က္ျဖစ္ရျခင္းမ်ိဳးႀကဳံရမွာပါ။ ဒါေၾကာင့္ အိမ္ျပင္အိမ္ေဆာက္ျခင္း၊လုပ္ငန္းသစ္စတင္ျခင္းမ်ိဳး လုံးဝမလုပ္ပါနဲ႔။
အခ်စ္ေရးကံ အထူးညံ့ေနခ်ိန္ပါ။ ခ်စ္သူနဲ႔မ်က္ႏွာခ်င္းဆိုင္တာနဲ႔ျပႆ နာတတ္ျခင္း၊ စကားအေျခအတင္ေျပာရျခင္းေတြႀကဳံရပါလိမ့္မယ္။ ပညာေရးက ႀကိဳးစာအေကာင္းဆုံးကာလပါပဲ။ က်န္းမာေရးေကာင္းေနေပမဲ့ ထိမိ ခိုက္မိ ျဖစ္တာမ်ိဳးရွိႏိုင္တယ္။
အထူးေဟာ = ထိခိုက္လြယ္ေနသည္။ ယၾတာ = မိမိ၏ ေမြးေန႔အပတ္တိုင္း (7)ပတ္တိတိ သက္သတ္လြတ္ စားေပးပါ။ ဘုရားမွာ ေ႐ႊဆိုင္း ကပ္ေပးပါ။
ေသာၾကာသားသမီးမ်ားအတြက္
အဘက္ဘက္ကေဖးမကူညီမႈေတြေၾကာင့္ လိုခ်င္ေသာပန္းတိုင္ကိုေရာက္မည္။လုပ္ငန္းစီးပြားအထူးတိုးတတ္မည္။ ဝန္ထမ္းဆို ေနရာေပးခံရျခင္း၊ေနရာေကာင္းရျခင္းေတြရွိလာပါလိမ့္မယ္။
ဒီကာလမွာပဲ အျခားသူမ်ားအား အႀကံေပးျခင္း၊ႏႈတ္၏ေဆာင္မျခင္းျဖင့္ထိုသူေတြအဆင္ေျပေခ်ာေမြ႕မဲ့ကာလပါပဲ။မိမိၾသဇာေညာင္းမဲ့အခ်ိန္ပါ။ေကာင္းေသာခရီးဘာသာေရးနဲ႔သက္ဆိုင္ေသာခရီးေတြလဲသြားရပါလိမ့္မယ္။
အိမ္ေထာင္သည္ဆို တစိမ္း မိန္းကေလးေတြ(ေယာက်ာ္းေလးေတြ) နဲ႔ ေဝးေဝးေနပါ။ စြပ္စြဲျခင္းခံရမည္။ ငယ္႐ြယ္သူမ်ားအသက္ႀကီး၊ မလြတ္လပ္သူေတြရဲ႕ ျဖားေယာင္းေသြးေဆာင္ျခင္းခံရပါလိမ့္မည္။
ေငြေၾကးလာဘ္လာဘေတြလဲ ဝင္လာပါလိမ့္မယ္။ မိမိဆိုင္ ေဖာက္သည္အသစ္ေတြတိုးလာပါလိမ့္မယ္။ က်န္းမာေရး ပညာေရး အေကာင္းဆုံးကာလပါပဲ။
အထူးေဟာ = -ေျပာသမွ်ျဖစ္မည္။ ယၾတာ = -ေမြးေန႔တြင္ သစ္သီး (၇)မ်ိဳးဘုရားလႉပါ။
စေနသားသမီးမ်ားအတြက္
စိတ္ေလေနတတ္တယ္။ ဆုံးျဖတ္ရခက္တာမ်ိဳး ႀကဳံရလိမ့္မယ္။ မိဘေတြအတြက္ ပူပန္စိတ္ညစ္ ရတတ္တယ္။ လုပ္ငန္းစီးပြားဆုတ္ယုတ္တတ္တယ္။ အလုပ္ဒဏ္ပိေနတတ္တယ္။ လူမ်ိဳးျခား၊ ဘာသာျခား ေတြရဲ႕ ကူညီမစျခင္းခံရမယ္။
ခရီးကိစၥ၊ ႏိုင္ငံရပ္ျခားနဲ႔ ဆက္သြယ္လုပ္ရတဲ့အလုပ္ေတြ အက်ိဳးေပးနည္းခ်ိန္ပါပဲ။ က်န္းမာေရးအထူးေကာင္းခ်ိန္ပါပဲ။အခ်စ္ရးကိစၥ ၊ စုတ္ကိစၥေတြ ရႈပ္ေထြးမႈေတြျဖစ္ႏိုင္ပါတယ္။
ပညာေရးကဏၭ၊ သင္ၾကားေရးကဏၭကေတာ့ အထူး ေကာင္းမြန္ေနပါတယ္။ ပုံမွန္အတိုင္းသာ လုပ္ေဆာင္သင့္တဲ့ အခ်ိန္ပါ။ ေရွ႕တိုးေဆာင္႐ြက္စရာ ကိစၥမ်ား တစ္ခုခုလုပ္တာနဲ႔ ပ်က္ဖို႔မ်ားပါတယ္။
အထူးေဟာ = -အရာရာလြဲေခ်ာ္ေနမည္ ယၾတာ = -ခေရပန္း ေမြးေန႔၌လႉဒါန္းပါ။
ဆရာမင္းသုခ Ph-09440243656(viber)