ၾကားသိရသမွ်

မွားယြင္းကလဲ့စားေခ်ခံခဲ့ရတဲ့ ဟုမၼလင္းက CDM ဆရာမ ျဖစ္ရပ္မွန္

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က အသက် ၃၀ အရွယ် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေသူအလယ်တန်းပြဆရာမ ဒေါ်မေနှင်းအေးဟာ အောက်တိုဘာလ ၂၄ ရက်နေ့က သူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။ အရပ်ဝတ်နဲ့အမျိုးသား သုံးဦးက သူ့ရဲ့အိမ်ထဲကို ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက CDM မှာ ပါဝင်သူတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် သူ မူလ နေထိုင်တဲ့ ဟုမ္မလင်းမြို့ပေါ် ကနေ မိဘတွေရှိတဲ့ ကောယားရွာကို သွားရောက်နေထိုင်နေတာပါ။

ဒါပေမဲ့ အခင်းဖြစ်နေ့က အလုပ်ကိစ္စတစ်ခုအတွက် ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ခေတ္တရောက်ရှိနေစဉ် အခုလို ပစ်ခတ်ခံရတာလို့ မိသားစုဝင်တွေက ပြောပါတယ်။

ကျည်ဟာ လက်မောင်း၊ ပေါင်နဲ့ ရင်ဘတ်တွေကိုထိမှန်ခဲ့ပြီး ပျူစောထီးအဖွဲ့တွေရဲ့ လက်ချက်လို့ယူဆကြောင်း ဒေါ်မေနှင်းအေးရဲ့ မတ်တစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်းစိန်က ပြောပါတယ်။

“အောက်တိုဘာလ ၂၄ ရက်နေ့မှာ အိမ်ရှေ့ကို အိမ်စီးကား အဖြူတစ်စီး ရောက်လာတယ်။ မမေနှင်းအေး ကလည်း ကျွန်တော်အခန်းဘေးက ဝရန်တာမှာ ထိုင်နေတယ်။ ခြံထဲကို လူသုံးယောက်ဝင်လာပြီးတော့ သေနတ်နဲ့ ပစ်သွားတယ်။ ပြီးတော့ အမနဲ့ အကိုလည်း အိမ်ထဲထိဝင်ပြေးတယ်။ အိမ်ထဲထိကို လိုက်ပစ် တယ်လို့ သိရတယ်။

မျက်မြင် တွေ့တဲ့ သူတွေပြောပုံအရဆိုရင် တစ်ယောက်က ခပ်၀၀၊ ဆံပင်အရှည်နဲ့လို့ ပြောတယ်။ ဟုမ္မလင်းကပဲ ဖြစ်နိုင်တယ်။ အဓိကကတော့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီနဲ့ ပေါင်းလုပ်တာ လို့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့သွားပုံ၊ လာပုံက အေးဆေးဆေးဆေး ဖြစ်တယ်။ ပစ်ခတ်တဲ့ပုံက ဆိုရင်လည်း အေးအေးဆေးဆေး ဖြစ်တယ်။ လက်တော်တော်ယဉ်နေတယ်။ အဲလိုဆိုတော့ စစ်ကောင်စီနဲ့ ပျူစောထီး ပေါင်းလုပ်တာလို့ ယူဆရတယ်”

ဆရာမ ဒေါ်မေနှင်းအေးရဲ့ ရုပ်အလောင်းကို မိဘတွေရဲ့ဆန္ဒအရ ဇာတိရွာဖြစ်တဲ့ ကောယားမှာပဲ သင်္ဂြိုဟ်ခဲ့ပါ တယ်။ ဆရာမမှာ တနှစ်အရွယ် သားလေးတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။

ကောယားရွာက ဆရာမရဲ့ မတ်တော်စပ်သူ ကိုကျော်ဝင်းစိန်ဟာ မန္တလေးတက္ကသိုလ် ကျောင်းသားမဂ္ဂက ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပါတယ်။သူဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့အတွက် ဖမ်းဝရမ်း ထုတ်ခံထား ရသလို ဒေသတွင်းမှာ စစ်ကောင်စီနဲ့ ဆက်နွယ်ပတ်သက်သူတွေ သတ်ဖြတ် ခံနေရမှုတွေအတွက် ပျူစောထီး အဖွဲ့ဝင်တွေရဲ့ သံသယနဲ့ ပစ်မှတ်ထားခံနေရသူ တစ်ဦးပါ။

ဆရာမသတ်ဖြတ်ခံရတဲ့ မနက်က ဟုမ္မလင်းမြို့နယ် အတွင်းက ပျူစောထီး အဖွဲ့ခေါင်းဆောင်လို့ ဒေသခံ တွေက သတ်မှတ်ထားတဲ့ ကိုမော့ဆိုသူ သတ်ဖြတ်ခံခဲ့ ရပါတယ်။
အဲဒီအတွက် လက်စားချေတဲ့ အနေနဲ့ ကိုကျော်ဝင်းစိန်ရဲ့ နေအိမ်ကို လာရောက်ပြီး သေနတ်သမားတွေက အခုလို ပစ်ခတ်ခဲ့တာ ဖြစ်နိုင်ကြောင်း မိသားစုဝင်တွေနဲ့ ဟုမ္မလင်းဒေသခံတွေက ပြောကြပါတယ်။

ဒါပေမဲ့ ကိုကျော်ဝင်းစိန်ကတော့ သူဟာ ဒီသတ်ဖြတ်မှုတွေနဲ့ မသက်ဆိုင်တာကြောင့် ဒါဟာ မှားယွင်းတဲ့ စွပ်စွဲမှုတစ်ခုသာ ဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့် အခု CDM ဆရာမ ဒေါ်မေနှင်းအေး သတ်ဖြတ်ခံရမှုဟာလည်း ပျုစောထီး အဖွဲ့တွေရဲ့ မှားယွင်းတဲ့ ကလဲ့စားချေမှု တစ်ရပ်အဖြစ် မိသားစုက ယူဆထားကြပါတယ်။

ဆရာမ ဒေါ်မေနှင်းအေးဟာ မုံရွာတက္ကသိုလ်ကနေ သမိုင်းအဓိက ဘာသာနဲ့ ဘွဲ့ရပြီးနောက် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်အစပ်က ပါဟုတ်ကျေးရွာမှာ အစိုးရ အလယ်တန်းဆရာမအဖြစ် တာဝန်ထမ်းဆောင် နေသူပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းချိန်မှာတော့ သူ့ရဲ့ မိတ်ဆွေဝန်ထမ်းတွေနဲ့ အတူ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်လာခဲ့သူဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီက လစာရပ်လိုက်တာကြောင့် အွန်လိုင်းဈေးသည်အဖြစ် လုပ်ကိုင်ရင်း ဆင်းရဲ နွမ်းပါးတဲ့ ကျောင်းသားတစ်ဦးကို လစဉ်ထောက်ပံ့ကြေး အလှူရှင်အဖြစ် တာဝန်ယူထားသလို မိဘတွေ ကိုလည်း လစဉ်ထောက်ပံ့ နေသူတစ်ဦးပါ။

ဆရာမ ဒေါ်မေနှင်းအေးဟာ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုနေသူဖြစ်လို့ အခု သတ်ဖြတ်ခံရမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ရပ်ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာမရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောပါတယ်။

“ဆရာမ ဒေါ်မေနှင်းအေးဟာ အမြဲတမ်း သွက်လက်ပြီးတော့ လှုပ်လှုပ်ရှားရှားလုပ်တဲ့ လုပ်ဆောင်ချက်တွေ တိုင်းမှာ ဦးစီးဦးဆောင်ပြုနိုင်တဲ့သူ ဖြစ်တယ်။ လူမှုရေးလုပ်ငန်းတွေမှာ ဆိုရင်လည်း ကျောင်းထဲမှာရှိတဲ့ ဆင်းရဲ နွမ်းပါးသူတွေကို တက်နိုင်သလောက် ထောက်ပံ့တယ်။ သူတင်ထောက်ပံ့တာ မဟုတ်ဘူး၊ ကျန်တဲ့ သူတွေလည်း ထောက်ပံ့ချင်အောင် လှုံ့ဆော်ပေးတယ်။ ဆုံးရှုံးမှုက ကြီးတယ်။

တိုင်းပြည် အတွက်ကော၊ ပညာရေးဌာန အတွက်ကော၊ ဆရာမရဲ့တပည့်တွေအတွက်ကော ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါ”မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆရာ၊ ဆရာမ နှစ်သိန်းကျော်ဟာ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြပါတယ်။

အဲဒီဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ဖိအားပေးပြီး လုပ်ငန်းခွင် ပြန်ဝင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဏာ ဖီဆန်ရေး လှုပ်ရှားမှုမှာ ဆက်လက် ပါဝင်နေကြတာကြောင့် သူတို့ရဲ့ လုံခြုံရေးအတွက်ပါ နေ့စဉ်စိုးရိမ် နေကြရတယ်လို့ CDM ဆရာ၊ ဆရာမတွေက ပြောပါတယ်။

လုံခြုံရေးကို ဂရုစိုက်နေရတဲ့ကြားထဲက ဆရာမဒေါ်မေနှင်းအေး သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စိတ် မကောင်း ဖြစ်ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခူးမြို့နယ် အခြေခံပညာဆရာ၊ ဆရာမဘုတ်အဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

“CDM ဆရာ၊ ဆရာမတွေက အခုချိန်မှာက ရှောင်တိမ်းနေကြရတာရော၊ လစာ မရကြတာရောဆို ကိုးလ နီးပါး ရှိလာပြီ၊ ကိုယ့်ကိုကိုယ် လုံခြုံအောင်လည်း ဂရုစိုက်ပြီး နေနေကြရသေးတယ်။ နောက်ပြီး စီးပွားရေး မပြေလည်တဲ့ ဆရာ၊ ဆရာမတွေကလည်း အပြင်ကနေပြီးတော့ တစ်ဖက်တစ်လမ်းက ရှာဖွေစားသောက် ရသေးတယ်။ အဲဒီကြားထဲမှာ အခုလိုဖြစ်သွားတော့ တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ အဲဒီလို မျိုးလည်း ထပ်ပြီးတော့ အဖြစ်မခံနိုင်ဘူး။

CDM သူရဲကောင်း ဆရာ၊ ဆရာမတွေရော၊ CDM သူရဲကောင်း ဝန်ထမ်းတွေရော ဘဝတွေ ရင်းထားရပြီးပြီ၊ ဒီလိုရင်းထားရပြီးတော့ အသက်ပါထပ်ရင်းရတော့ စိတ်မကောင်း ဖြစ်ရပါတယ်”ဟုမ္မလင်းမြို့ဟာ လေတပ်၊ ဆေးတပ်၊ ခလရ (၂၂၂)၊ ခမရ (၃၆၉ ) နဲ့ အမြောက်တပ် ( ၃၇၀) တို့ အပါအဝင် တပ်ငါးတပ် ဝန်းရံထားတဲ့မြို့ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းတာကို လက်မခံပဲ ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့စဉ်ကလည်း စစ်ကားတွေက သပိတ် စစ်ကြောင်းတွေကို ကားနဲ့တိုက်ပြီး ဖြိုခွင်းခံရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ဒါပေမဲ့ အဲဒီတုန်းက အသက်ဆုံးရှုံးတာ မရှိခဲ့ဘဲ အခုလို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်မှုဟာ ဟုမ္မလင်း မြို့နယ်မှာ ပထမဆုံး ကြုံရတဲ့ ဖြစ်စဉ်ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆရာမ ဒေါ်မေနှင်းအေး သတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်ပြီး ဟုမ္မလင်းရဲစခန်းမှာ သေမှုသေခင်း ဖွင့်လှစ်ထား ပေမယ့် ပြစ်မှုကျူးလွန်သူတွေနဲ့ ပတ်သက်လို့ ဒီနေ့အထိ တရားမျှတမှု မရသေးဘူးလို့ ဆရာမရဲ့ မတ်ဖြစ်သူ ကိုကျော်ဝင်းစိန် ကပြောပါတယ်။

“လတ်တလောမှာတော့ တရားမျှတမှုက မရှိဘူး၊ တရားစွဲဆိုရင်လည်း နောက်ဆုံး သူတို့အကျဉ်းအကျပ်ထဲ ရောက်သွားရင် တရားခံ မဟုတ်တဲ့ သူတစါယောက်ကို ထိုးကြွေးတာတွေ များတယ်။ တော်လှန်ရေး ပြီးတဲ့အခါ တရားခံတွေကို တရားစွဲမယ်။ သတ်သွားတဲ့သူ ဘယ်သူဆိုတာ တစ်မြို့လုံးကသိပါတယ်“

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ဆရာမ ဒေါ်မေနှင်းအေး အပါအဝင် သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ရတဲ့ ကျောင်းဆရာ၊ ဆရာမ အနည်းဆုံး သုံးယောက်ထက် မနည်းရှိနေပြီး ဖမ်းဆီးခံထားရသူကတော့ ၁၀၀ ကျော်ရှိနေတယ်လို့ ပဲခူးမြို့နယ် ဆရာ၊ ဆရာမများ ဘုတ်အဖွဲ့က ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်မှာတော့ ဆရာမ ဒေါ်မေနှင်းအေး သတ်ဖြတ်ခံလိုက်ရပြီးနောက် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင် တွေကပါ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်သောက ဖြစ်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

RFA

———————–

စစ္ကိုင္းတိုင္း၊ ဟုမၼလင္းၿမိဳ႕က အသက္ ၃၀ အ႐ြယ္ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈမွာ ပါဝင္ေနသူအလယ္တန္းျပဆရာမ ေဒၚေမႏွင္းေအးဟာ ေအာက္တိုဘာလ ၂၄ ရက္ေန႔က သူ႔ရဲ႕ေနအိမ္မွာ ေသနတ္နဲ႔ ပစ္ခတ္ခံရလို႔ ေသဆုံးသြားပါတယ္။ အရပ္ဝတ္နဲ႔အမ်ိဳးသား သုံးဦးက သူ႔ရဲ႕အိမ္ထဲကို ဝင္ေရာက္ၿပီး ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။

စစ္ေကာင္စီက CDM မွာ ပါဝင္သူေတြကို လိုက္လံဖမ္းဆီးေနတာေၾကာင့္ သူ မူလ ေနထိုင္တဲ့ ဟုမၼလင္းၿမိဳ႕ေပၚ ကေန မိဘေတြရွိတဲ့ ေကာယား႐ြာကို သြားေရာက္ေနထိုင္ေနတာပါ။

ဒါေပမဲ့ အခင္းျဖစ္ေန႔က အလုပ္ကိစၥတစ္ခုအတြက္ ဟုမၼလင္းၿမိဳ႕၊ ေနာင္ပက်စ္ရပ္ကြက္မွာရွိတဲ့ သူ႔ရဲ႕ေနအိမ္ကို ေခတၱေရာက္ရွိေနစဥ္ အခုလို ပစ္ခတ္ခံရတာလို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

က်ည္ဟာ လက္ေမာင္း၊ ေပါင္နဲ႔ ရင္ဘတ္ေတြကိုထိမွန္ခဲ့ၿပီး ပ်ဴေစာထီးအဖြဲ႕ေတြရဲ႕ လက္ခ်က္လို႔ယူဆေၾကာင္း ေဒၚေမႏွင္းေအးရဲ႕ မတ္တစ္ဦးျဖစ္တဲ့ ကိုေက်ာ္ဝင္းစိန္က ေျပာပါတယ္။

“ေအာက္တိုဘာလ ၂၄ ရက္ေန႔မွာ အိမ္ေရွ႕ကို အိမ္စီးကား အျဖဴတစ္စီး ေရာက္လာတယ္။ မေမႏွင္းေအး ကလည္း ကြၽန္ေတာ္အခန္းေဘးက ဝရန္တာမွာ ထိုင္ေနတယ္။ ၿခံထဲကို လူသုံးေယာက္ဝင္လာၿပီးေတာ့ ေသနတ္နဲ႔ ပစ္သြားတယ္။ ၿပီးေတာ့ အမနဲ႔ အကိုလည္း အိမ္ထဲထိဝင္ေျပးတယ္။ အိမ္ထဲထိကို လိုက္ပစ္ တယ္လို႔ သိရတယ္။

မ်က္ျမင္ ေတြ႕တဲ့ သူေတြေျပာပုံအရဆိုရင္ တစ္ေယာက္က ခပ္၀၀၊ ဆံပင္အရွည္နဲ႔လို႔ ေျပာတယ္။ ဟုမၼလင္းကပဲ ျဖစ္ႏိုင္တယ္။ အဓိကကေတာ့ ပ်ဴေစာထီးအဖြဲ႕နဲ႔ စစ္ေကာင္စီနဲ႔ ေပါင္းလုပ္တာ လို႔ ယူဆတယ္။ ဘာျဖစ္လို႔လဲဆိုရင္ သူတို႔သြားပုံ၊ လာပုံက ေအးေဆးေဆးေဆး ျဖစ္တယ္။ ပစ္ခတ္တဲ့ပုံက ဆိုရင္လည္း ေအးေအးေဆးေဆး ျဖစ္တယ္။ လက္ေတာ္ေတာ္ယဥ္ေနတယ္။ အဲလိုဆိုေတာ့ စစ္ေကာင္စီနဲ႔ ပ်ဴေစာထီး ေပါင္းလုပ္တာလို႔ ယူဆရတယ္”

ဆရာမ ေဒၚေမႏွင္းေအးရဲ႕ ႐ုပ္အေလာင္းကို မိဘေတြရဲ႕ဆႏၵအရ ဇာတိ႐ြာျဖစ္တဲ့ ေကာယားမွာပဲ သၿဂႋဳဟ္ခဲ့ပါ တယ္။ ဆရာမမွာ တႏွစ္အ႐ြယ္ သားေလးတစ္ဦး က်န္ရစ္ခဲ့ပါတယ္။

ေကာယား႐ြာက ဆရာမရဲ႕ မတ္ေတာ္စပ္သူ ကိုေက်ာ္ဝင္းစိန္ဟာ မႏၲေလးတကၠသိုလ္ ေက်ာင္းသားမဂၢက ဥကၠ႒ေဟာင္းတစ္ဦးျဖစ္ပါတယ္။သူဟာ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြမွာ ေရွ႕တန္းက ပါဝင္ခဲ့တဲ့အတြက္ ဖမ္းဝရမ္း ထုတ္ခံထား ရသလို ေဒသတြင္းမွာ စစ္ေကာင္စီနဲ႔ ဆက္ႏြယ္ပတ္သက္သူေတြ သတ္ျဖတ္ ခံေနရမႈေတြအတြက္ ပ်ဴေစာထီး အဖြဲ႕ဝင္ေတြရဲ႕ သံသယနဲ႔ ပစ္မွတ္ထားခံေနရသူ တစ္ဦးပါ။

ဆရာမသတ္ျဖတ္ခံရတဲ့ မနက္က ဟုမၼလင္းၿမိဳ႕နယ္ အတြင္းက ပ်ဴေစာထီး အဖြဲ႕ေခါင္းေဆာင္လို႔ ေဒသခံ ေတြက သတ္မွတ္ထားတဲ့ ကိုေမာ့ဆိုသူ သတ္ျဖတ္ခံခဲ့ ရပါတယ္။
အဲဒီအတြက္ လက္စားေခ်တဲ့ အေနနဲ႔ ကိုေက်ာ္ဝင္းစိန္ရဲ႕ ေနအိမ္ကို လာေရာက္ၿပီး ေသနတ္သမားေတြက အခုလို ပစ္ခတ္ခဲ့တာ ျဖစ္ႏိုင္ေၾကာင္း မိသားစုဝင္ေတြနဲ႔ ဟုမၼလင္းေဒသခံေတြက ေျပာၾကပါတယ္။

ဒါေပမဲ့ ကိုေက်ာ္ဝင္းစိန္ကေတာ့ သူဟာ ဒီသတ္ျဖတ္မႈေတြနဲ႔ မသက္ဆိုင္တာေၾကာင့္ ဒါဟာ မွားယြင္းတဲ့ စြပ္စြဲမႈတစ္ခုသာ ျဖစ္တယ္လို႔ေျပာပါတယ္။ဒါေၾကာင့္ အခု CDM ဆရာမ ေဒၚေမႏွင္းေအး သတ္ျဖတ္ခံရမႈဟာလည္း ပ်ဳေစာထီး အဖြဲ႕ေတြရဲ႕ မွားယြင္းတဲ့ ကလဲ့စားေခ်မႈ တစ္ရပ္အျဖစ္ မိသားစုက ယူဆထားၾကပါတယ္။

ဆရာမ ေဒၚေမႏွင္းေအးဟာ မုံ႐ြာတကၠသိုလ္ကေန သမိုင္းအဓိက ဘာသာနဲ႔ ဘြဲ႕ရၿပီးေနာက္ စစ္ကိုင္းတိုင္းနဲ႔ ကခ်င္ျပည္နယ္ နယ္အစပ္က ပါဟုတ္ေက်း႐ြာမွာ အစိုးရ အလယ္တန္းဆရာမအျဖစ္ တာဝန္ထမ္းေဆာင္ ေနသူပါ။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက စစ္အာဏာသိမ္းခ်ိန္မွာေတာ့ သူ႔ရဲ႕ မိတ္ေဆြဝန္ထမ္းေတြနဲ႔ အတူ အၾကမ္းမဖက္တဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ပါဝင္လာခဲ့သူျဖစ္ပါတယ္။
အဲဒီေနာက္ စစ္ေကာင္စီက လစာရပ္လိုက္တာေၾကာင့္ အြန္လိုင္းေစ်းသည္အျဖစ္ လုပ္ကိုင္ရင္း ဆင္းရဲ ႏြမ္းပါးတဲ့ ေက်ာင္းသားတစ္ဦးကို လစဥ္ေထာက္ပံ့ေၾကး အလႉရွင္အျဖစ္ တာဝန္ယူထားသလို မိဘေတြ ကိုလည္း လစဥ္ေထာက္ပံ့ ေနသူတစ္ဦးပါ။

ဆရာမ ေဒၚေမႏွင္းေအးဟာ ပတ္ဝန္းက်င္အတြက္ ေကာင္းက်ိဳးျပဳေနသူျဖစ္လို႔ အခု သတ္ျဖတ္ခံရမႈဟာ ႀကီးမားတဲ့ ဆုံးရႈံးမႈႀကီး တစ္ရပ္ျဖစ္ေၾကာင္း လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ဆရာမရဲ႕ လုပ္ေဖာ္ကိုင္ဖက္ တစ္ဦးက ေျပာပါတယ္။

“ဆရာမ ေဒၚေမႏွင္းေအးဟာ အၿမဲတမ္း သြက္လက္ၿပီးေတာ့ လႈပ္လႈပ္ရွားရွားလုပ္တဲ့ လုပ္ေဆာင္ခ်က္ေတြ တိုင္းမွာ ဦးစီးဦးေဆာင္ျပဳႏိုင္တဲ့သူ ျဖစ္တယ္။ လူမႈေရးလုပ္ငန္းေတြမွာ ဆိုရင္လည္း ေက်ာင္းထဲမွာရွိတဲ့ ဆင္းရဲ ႏြမ္းပါးသူေတြကို တက္ႏိုင္သေလာက္ ေထာက္ပံ့တယ္။ သူတင္ေထာက္ပံ့တာ မဟုတ္ဘူး၊ က်န္တဲ့ သူေတြလည္း ေထာက္ပံ့ခ်င္ေအာင္ လႈံ႕ေဆာ္ေပးတယ္။ ဆုံးရႈံးမႈက ႀကီးတယ္။

တိုင္းျပည္ အတြက္ေကာ၊ ပညာေရးဌာန အတြက္ေကာ၊ ဆရာမရဲ႕တပည့္ေတြအတြက္ေကာ ႀကီးမားတဲ့ ဆုံးရႈံးမႈ တစ္ခုပါ”ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဆရာ၊ ဆရာမ ႏွစ္သိန္းေက်ာ္ဟာ အၾကမ္းမဖက္တဲ့ အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM မွာ ပါဝင္ခဲ့ၾကပါတယ္။

အဲဒီဆရာ၊ ဆရာမေတြကို စစ္ေကာင္စီက ဖိအားေပးၿပီး လုပ္ငန္းခြင္ ျပန္ဝင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အာဏာ ဖီဆန္ေရး လႈပ္ရွားမႈမွာ ဆက္လက္ ပါဝင္ေနၾကတာေၾကာင့္ သူတို႔ရဲ႕ လုံၿခဳံေရးအတြက္ပါ ေန႔စဥ္စိုးရိမ္ ေနၾကရတယ္လို႔ CDM ဆရာ၊ ဆရာမေတြက ေျပာပါတယ္။

လုံၿခဳံေရးကို ဂ႐ုစိုက္ေနရတဲ့ၾကားထဲက ဆရာမေဒၚေမႏွင္းေအး သတ္ျဖတ္ခံခဲ့ရတဲ့ ျဖစ္ရပ္အေပၚ စိတ္ မေကာင္း ျဖစ္ရေၾကာင္း လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ပဲခူးၿမိဳ႕နယ္ အေျခခံပညာဆရာ၊ ဆရာမဘုတ္အဖြဲ႕ ဝင္တစ္ဦးက ေျပာပါတယ္။

“CDM ဆရာ၊ ဆရာမေတြက အခုခ်ိန္မွာက ေရွာင္တိမ္းေနၾကရတာေရာ၊ လစာ မရၾကတာေရာဆို ကိုးလ နီးပါး ရွိလာၿပီ၊ ကိုယ့္ကိုကိုယ္ လုံၿခဳံေအာင္လည္း ဂ႐ုစိုက္ၿပီး ေနေနၾကရေသးတယ္။ ေနာက္ၿပီး စီးပြားေရး မေျပလည္တဲ့ ဆရာ၊ ဆရာမေတြကလည္း အျပင္ကေနၿပီးေတာ့ တစ္ဖက္တစ္လမ္းက ရွာေဖြစားေသာက္ ရေသးတယ္။ အဲဒီၾကားထဲမွာ အခုလိုျဖစ္သြားေတာ့ ေတာ္ေတာ္ကို စိတ္မေကာင္းျဖစ္ရတယ္။ အဲဒီလို မ်ိဳးလည္း ထပ္ၿပီးေတာ့ အျဖစ္မခံႏိုင္ဘူး။

CDM သူရဲေကာင္း ဆရာ၊ ဆရာမေတြေရာ၊ CDM သူရဲေကာင္း ဝန္ထမ္းေတြေရာ ဘဝေတြ ရင္းထားရၿပီးၿပီ၊ ဒီလိုရင္းထားရၿပီးေတာ့ အသက္ပါထပ္ရင္းရေတာ့ စိတ္မေကာင္း ျဖစ္ရပါတယ္”ဟုမၼလင္းၿမိဳ႕ဟာ ေလတပ္၊ ေဆးတပ္၊ ခလရ (၂၂၂)၊ ခမရ (၃၆၉ ) နဲ႔ အေျမာက္တပ္ ( ၃၇၀) တို႔ အပါအဝင္ တပ္ငါးတပ္ ဝန္းရံထားတဲ့ၿမိဳ႕ ျဖစ္ပါတယ္။

စစ္တပ္အာဏာသိမ္းတာကို လက္မခံပဲ ဆႏၵျပတာေတြ လုပ္ေဆာင္ခဲ့စဥ္ကလည္း စစ္ကားေတြက သပိတ္ စစ္ေၾကာင္းေတြကို ကားနဲ႔တိုက္ၿပီး ၿဖိဳခြင္းခံရတဲ့ ျဖစ္စဥ္ေတြရွိခဲ့ပါတယ္။ဒါေပမဲ့ အဲဒီတုန္းက အသက္ဆုံးရႈံးတာ မရွိခဲ့ဘဲ အခုလို ေသနတ္နဲ႔ လုပ္ႀကံသတ္ျဖတ္မႈဟာ ဟုမၼလင္း ၿမိဳ႕နယ္မွာ ပထမဆုံး ႀကဳံရတဲ့ ျဖစ္စဥ္ျဖစ္တယ္လို႔လည္း ေဒသခံေတြက ေျပာပါတယ္။

ဆရာမ ေဒၚေမႏွင္းေအး သတ္ျဖတ္ခံရမႈနဲ႔ ပတ္သတ္ၿပီး ဟုမၼလင္းရဲစခန္းမွာ ေသမႈေသခင္း ဖြင့္လွစ္ထား ေပမယ့္ ျပစ္မႈက်ဴးလြန္သူေတြနဲ႔ ပတ္သက္လို႔ ဒီေန႔အထိ တရားမွ်တမႈ မရေသးဘူးလို႔ ဆရာမရဲ႕ မတ္ျဖစ္သူ ကိုေက်ာ္ဝင္းစိန္ ကေျပာပါတယ္။

“လတ္တေလာမွာေတာ့ တရားမွ်တမႈက မရွိဘူး၊ တရားစြဲဆိုရင္လည္း ေနာက္ဆုံး သူတို႔အက်ဥ္းအက်ပ္ထဲ ေရာက္သြားရင္ တရားခံ မဟုတ္တဲ့ သူတစါေယာက္ကို ထိုးေႂကြးတာေတြ မ်ားတယ္။ ေတာ္လွန္ေရး ၿပီးတဲ့အခါ တရားခံေတြကို တရားစြဲမယ္။ သတ္သြားတဲ့သူ ဘယ္သူဆိုတာ တစ္ၿမိဳ႕လုံးကသိပါတယ္“

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ေနာက္ ဆရာမ ေဒၚေမႏွင္းေအး အပါအဝင္ သတ္ျဖတ္ခံရလို႔ ေသဆုံးခဲ့ရတဲ့ ေက်ာင္းဆရာ၊ ဆရာမ အနည္းဆုံး သုံးေယာက္ထက္ မနည္းရွိေနၿပီး ဖမ္းဆီးခံထားရသူကေတာ့ ၁၀၀ ေက်ာ္ရွိေနတယ္လို႔ ပဲခူးၿမိဳ႕နယ္ ဆရာ၊ ဆရာမမ်ား ဘုတ္အဖြဲ႕က ေျပာပါတယ္။

ဟုမၼလင္းၿမိဳ႕နယ္မွာေတာ့ ဆရာမ ေဒၚေမႏွင္းေအး သတ္ျဖတ္ခံလိုက္ရၿပီးေနာက္ က်န္ရစ္ခဲ့တဲ့ မိသားစုဝင္ ေတြကပါ သူတို႔ရဲ႕ လုံၿခဳံေရးအတြက္ စိုးရိမ္ေသာက ျဖစ္ေနၾကရတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

RFA