အခ်စ္ေရး

နှုတ်ခမ်းချင်းနမ်းမလို့လား . . . ဒါလေး သတိထား

စစ်တမ်းတွေအရ ပြောရရင် စုံတွဲတွေက ပထမဆုံးအကြိမ် နှုတ်ခမ်းချင်း နမ်းပြီးနောက်မှာ သူတို့ရဲ့ အဖော်ကို စိတ်ဝင်စားမှု လျော့သွားတတ်ကြတယ်လို့ ဆိုပါတယ်။

အချစ်နဲ့ ပတ်သက်တဲ့ လူ့ယဉ်ကျေးမှု တစ်ခု

နှုတ်ခမ်းချင်း နမ်းတဲ့ အနမ်းဆိုတာ “ငါမင်းကို ချစ်တယ်” ဆိုတဲ့ အဓိပ္ပါယ်မို့ ချစ်သူတွေကြားထဲမှာ အဓိကကျတဲ့ အနမ်း တစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ စုံတွဲတွေရဲ့ (၉၀) ရာခိုင်နှုန်းက နှုတ်ခမ်းချင်း နမ်းတဲ့ အနမ်းကို နှစ်ဦးသားကြားထဲက ဘာသာစကားတစ်ခုလို ကျင့်သုံးကြတယ်လို့ ဆိုတဲ့အတွက် အဲ့အနမ်းကို အချစ်နဲ့ ပတ်သက်တဲ့ လူ့ယဉ်ကျေးမှု တစ်ခုအနေနဲ့လည်း သတ်မှတ်ထားကြပါတယ်။ ဒီတော့ ချစ်သူရည်စားထားမယ်၊ အိမ်ထောင်ပြုမယ် ဆိုရင် နှုတ်ခမ်းချင်း နမ်းတဲ့အနမ်းကိုတော့ ဘယ်တော့မှ ရှောင်လွှဲလို့ ရမှာမဟုတ်တာ သေချာပါတယ်။ ဒီတော့ နှုတ်ခမ်းချင်း နမ်းတဲ့အခါ ဘာတွေကို သတိထားသင့်သလဲ ဆိုတာ ပြောပြပေးမယ်လေ။ အထူးသဖြင့် ပထမဆုံး နမ်းတဲ့အခါမှာပေါ့။

ချစ်လို့နမ်းတာပါ ဆိုမှ နမ်းပြီးလို့ အချစ်လျော့သွားရင် ဘယ်အဆင်ပြေမလဲနော်

နှုတ်ခမ်းချင်း နမ်းတဲ့အခါ ခံတွင်းအနံ့အသက်ကို ပကတိအတိုင်း ရနိုင်ပါတယ်။ ဒါကြောင့်မို့ စစ်တမ်းတွေအရ ပြောရရင် စုံတွဲတွေက ပထမဆုံးအကြိမ် နှုတ်ခမ်းချင်း နမ်းပြီးနောက်မှာ သူတို့ရဲ့ အဖော်ကို စိတ်ဝင်စားမှု လျော့သွားတတ်ကြတယ်လို့ ဆိုပါတယ်။ ယောကျာ်းတွေကတော့ စိတ်ဝင်စားမှု (၅၉) ရာခိုင်နှုန်းလောက် လျော့သွားပြီး မိန်းမတွေကတော့ စိတ်ဝင်စားမှု (၆၉) ရာခိုင်နှုန်း လျော့သွားတယ်လို့ လေ့လာဆန်းစစ်မှုတွေအရ သိရပါတယ်။ ချစ်လို့နမ်းတာပါ ဆိုမှ နမ်းပြီးလို့ အချစ်လျော့သွားရင် ဘယ်အဆင်ပြေမလဲနော်။

နမ်းလိုက်တိုင်း အချစ်တွေ တိုးသွားစေဖို့ အရေးကြီး သတိပြုရမယ့် ကိစ္စတွေ ရှိပါတယ်

နမ်းလိုက်တိုင်း အချစ်တွေ တိုးသွားစေဖို့ အရေးကြီး သတိပြုရမယ့် ကိစ္စတွေ ရှိပါတယ်။ ပထမဆုံးကတော့ အနံ့အသက်ပါ။ ခံတွင်းနံ့ဆိုးတာဟာ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတာကြောင့် ဖြစ်နိုင်သလို ကျန်းမာရေး အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နမ်းတဲ့အခါမှာတော့ ခံတွင်းအနံ့ဆိုးမနေဖို့ အရေးကြီးပါတယ်။ ပူရှိန်းသကြားလုံးတို့ ၊ ပူရှိန်းပါတဲ့ ပီကေတို့ကို ဆောင်ထားဖို့ လိုတယ်နော်။

ပူရှိန်းသကြားလုံးတို့ ၊ ပူရှိန်းပါတဲ့ ပီကေတို့ကို ဆောင်ထားဖို့ လိုတယ်နော်

နူးညံ့တဲ့ အထိအတွေ့လေးတွေက ချစ်သူတွေ ကြားထဲမှာ လိုအပ်တဲ့အရာပဲ မဟုတ်လား။ နမ်းတဲ့အချိန်မှာ နှုတ်ခမ်းသားလေးတွေ နူးညံ့နေဖို့ အတွက် Lip Balm လေးသုံးထားဖို့ လိုတာပေါ့။ အရောင်မပါတဲ့ Lip Balm ဆိုရင် မိန်းကလေးရော ယောကျာ်းလေးရောသုံးလို့ရပါတယ်။ နမ်းတဲ့ ကြာချိန်ကလည်း အနမ်းတွေကို ဆွဲဆောင်မှု ရှိစေဖို့ အရေးကြီးတဲ့ ကိစ္စပါပဲ။ အသင့်တော်ဆုံး ကြာချိန်ကတော့ (၁၀)စက္ကန့်ပါ။ ဒါကြောင့် နမ်းရင် ဆယ်စက္ကန့်ပဲ နမ်းနော်။

Credit: marry myanmar

zawgyi

စစ္တမ္းေတြအရ ေျပာရရင္ စုံတြဲေတြက ပထမဆုံးအႀကိမ္ ႏႈတ္ခမ္းခ်င္း နမ္းၿပီးေနာက္မွာ သူတို႔ရဲ႕ အေဖာ္ကို စိတ္ဝင္စားမႈ ေလ်ာ့သြားတတ္ၾကတယ္လို႔ ဆိုပါတယ္။

အခ်စ္နဲ႔ ပတ္သက္တဲ့ လူ႔ယဥ္ေက်းမႈ တစ္ခု

ႏႈတ္ခမ္းခ်င္း နမ္းတဲ့ အနမ္းဆိုတာ “ငါမင္းကို ခ်စ္တယ္” ဆိုတဲ့ အဓိပၸါယ္မို႔ ခ်စ္သူေတြၾကားထဲမွာ အဓိကက်တဲ့ အနမ္း တစ္မ်ိဳးျဖစ္ပါတယ္။ ကမာၻေပၚမွာ ရွိတဲ့ စုံတြဲေတြရဲ႕ (၉၀) ရာခိုင္ႏႈန္းက ႏႈတ္ခမ္းခ်င္း နမ္းတဲ့ အနမ္းကို ႏွစ္ဦးသားၾကားထဲက ဘာသာစကားတစ္ခုလို က်င့္သုံးၾကတယ္လို႔ ဆိုတဲ့အတြက္ အဲ့အနမ္းကို အခ်စ္နဲ႔ ပတ္သက္တဲ့ လူ႔ယဥ္ေက်းမႈ တစ္ခုအေနနဲ႔လည္း သတ္မွတ္ထားၾကပါတယ္။ ဒီေတာ့ ခ်စ္သူရည္စားထားမယ္၊ အိမ္ေထာင္ျပဳမယ္ ဆိုရင္ ႏႈတ္ခမ္းခ်င္း နမ္းတဲ့အနမ္းကိုေတာ့ ဘယ္ေတာ့မွ ေရွာင္လႊဲလို႔ ရမွာမဟုတ္တာ ေသခ်ာပါတယ္။ ဒီေတာ့ ႏႈတ္ခမ္းခ်င္း နမ္းတဲ့အခါ ဘာေတြကို သတိထားသင့္သလဲ ဆိုတာ ေျပာျပေပးမယ္ေလ။ အထူးသျဖင့္ ပထမဆုံး နမ္းတဲ့အခါမွာေပါ့။

ခ်စ္လို႔နမ္းတာပါ ဆိုမွ နမ္းၿပီးလို႔ အခ်စ္ေလ်ာ့သြားရင္ ဘယ္အဆင္ေျပမလဲေနာ္

ႏႈတ္ခမ္းခ်င္း နမ္းတဲ့အခါ ခံတြင္းအနံ႔အသက္ကို ပကတိအတိုင္း ရႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ စစ္တမ္းေတြအရ ေျပာရရင္ စုံတြဲေတြက ပထမဆုံးအႀကိမ္ ႏႈတ္ခမ္းခ်င္း နမ္းၿပီးေနာက္မွာ သူတို႔ရဲ႕ အေဖာ္ကို စိတ္ဝင္စားမႈ ေလ်ာ့သြားတတ္ၾကတယ္လို႔ ဆိုပါတယ္။ ေယာက်ာ္းေတြကေတာ့ စိတ္ဝင္စားမႈ (၅၉) ရာခိုင္ႏႈန္းေလာက္ ေလ်ာ့သြားၿပီး မိန္းမေတြကေတာ့ စိတ္ဝင္စားမႈ (၆၉) ရာခိုင္ႏႈန္း ေလ်ာ့သြားတယ္လို႔ ေလ့လာဆန္းစစ္မႈေတြအရ သိရပါတယ္။ ခ်စ္လို႔နမ္းတာပါ ဆိုမွ နမ္းၿပီးလို႔ အခ်စ္ေလ်ာ့သြားရင္ ဘယ္အဆင္ေျပမလဲေနာ္။

နမ္းလိုက္တိုင္း အခ်စ္ေတြ တိုးသြားေစဖို႔ အေရးႀကီး သတိျပဳရမယ့္ ကိစၥေတြ ရွိပါတယ္

နမ္းလိုက္တိုင္း အခ်စ္ေတြ တိုးသြားေစဖို႔ အေရးႀကီး သတိျပဳရမယ့္ ကိစၥေတြ ရွိပါတယ္။ ပထမဆုံးကေတာ့ အနံ႔အသက္ပါ။ ခံတြင္းနံ႔ဆိုးတာဟာ တစ္ကိုယ္ရည္ သန႔္ရွင္းမႈ အားနည္းတာေၾကာင့္ ျဖစ္ႏိုင္သလို က်န္းမာေရး အားနည္းတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ နမ္းတဲ့အခါမွာေတာ့ ခံတြင္းအနံ႔ဆိုးမေနဖို႔ အေရးႀကီးပါတယ္။ ပူရွိန္းသၾကားလုံးတို႔ ၊ ပူရွိန္းပါတဲ့ ပီေကတို႔ကို ေဆာင္ထားဖို႔ လိုတယ္ေနာ္။

ပူရွိန္းသၾကားလုံးတို႔ ၊ ပူရွိန္းပါတဲ့ ပီေကတို႔ကို ေဆာင္ထားဖို႔ လိုတယ္ေနာ္

ႏူးညံ့တဲ့ အထိအေတြ႕ေလးေတြက ခ်စ္သူေတြ ၾကားထဲမွာ လိုအပ္တဲ့အရာပဲ မဟုတ္လား။ နမ္းတဲ့အခ်ိန္မွာ ႏႈတ္ခမ္းသားေလးေတြ ႏူးညံ့ေနဖို႔ အတြက္ Lip Balm ေလးသုံးထားဖို႔ လိုတာေပါ့။ အေရာင္မပါတဲ့ Lip Balm ဆိုရင္ မိန္းကေလးေရာ ေယာက်ာ္းေလးေရာသုံးလို႔ရပါတယ္။ နမ္းတဲ့ ၾကာခ်ိန္ကလည္း အနမ္းေတြကို ဆြဲေဆာင္မႈ ရွိေစဖို႔ အေရးႀကီးတဲ့ ကိစၥပါပဲ။ အသင့္ေတာ္ဆုံး ၾကာခ်ိန္ကေတာ့ (၁၀)စကၠန႔္ပါ။ ဒါေၾကာင့္ နမ္းရင္ ဆယ္စကၠန႔္ပဲ နမ္းေနာ္။

Credit: marry myanmar