ဘယ်လောက်ပဲချစ်ချစ် အလျှော့ပေးမှာမဟုတ်တဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပါ
အချစ်ကိုတစ်ယောက်နဲ့ တစ်ယောက် ခံယူပုံချင်းမတူပါဘူး။
တစ်ချို့တွေကလည်း အနိုင်ယူပြီးချစ်သလို၊ တစ်ချို့တွေကလည်း အရှုံးပေးပြီး ချစ်ပါတယ်။
ဘယ်လိုပဲချစ်ချစ် ချစ်တာကတော့ အတူတူပါပဲ။
ခုဖော်ပြပေးမှာကတော့ ဘယ်လောက်ပဲချစ်ချစ် အလျှော့ပေးမှာ မဟုတ်တဲ့သူတွေဆိုတာ ဒီလိုပါ။
(၁) မာနကြီးတယ်
ဒီလိုမိန်းကလေးတွေဟာ အရမ်းမာနကြီးပါတယ်။
ချစ်သူကိုဘယ်လောက်ပဲချစ်ချစ် အလျှော့မပေးချင်သလို၊ အရှုံးလည်းမပေးချင်ပါဘူး။
ဒီလိုလုပ်လိုက်ခြင်းက ကိုယ့်ရဲ့မာနကို ထိခိုက်နေတယ်လို့ ခံစားရလို့ပါပဲ။
(၂) ပိုချစ်ရတဲ့သူမဖြစ်ချင်ဘူး
ဒီလိုမိန်းကလေးတွေဟာ ကိုယ်ကပေးရင်ပေးသလောက် ပြန်ရချင်တဲ့သူတွေပါ။
ကိုယ့်ဖက်ကလည်း အစွမ်းကုန်ချစ်သလို၊ သူ့ဖက်ကလည်း ထပ်တူပြန်ချစ်မှ ကျေနပ်တဲ့သူတွေပါ။
တစ်ဖက်လူက ကိုယ့်ကိုပိုချစ်နေရင်တော့ ကိစ္စမရှိပေမယ့်
ကိုယ့်ဖက်က ပိုချစ်နေသလို ခံစားလာရရင်တော့ အဆင်ပြေတော့မှာ မဟုတ်ပါဘူး။
(၃) ဘယ်လောက်ချစ်ချစ် ကိုယ်ကပဲအရင်ကျောခိုင်းချင်တယ်
ဒီလိုမိန်းကလေးတွေဟာ ဘယ်လောက်ပဲချစ်ချစ် တစ်ဖက်လူက မချစ်တော့ဘူး၊
မတွဲချင်တော့ဘူးဆိုရင် အောက်ကျနောက်ကျခံပြီး ဆွဲထားမယ့်သူတွေ မဟုတ်ပါဘူး။
ဘယ်လောက်ပဲ ချစ်နေပါစေ ကိုယ်ကပဲအရင် ကျောခိုင်းချင်တဲ့သူတွေပါ။ မာနကို လုံးဝအထိခိုက်ခံမှာ မဟုတ်ပါဘူး။
(၄) အချစ်လျော့မှာစိုးတယ်
ဒီလိုမိန်းကလေးတွေဟာ ချစ်သူအချစ်လျော့သွားမှာကို အရမ်းစိုးရိမ်တတ်တဲ့ သူတွေပါ။
ဒါပေမယ့် ဘယ်လောက်ပဲ စိုးရိမ်နေပါစေ အရှုံးပေးမယ့်သူတွေတော့မဟုတ်ပါဘူး။
ဒီအချက်ကြောင့်တစ်ခါတလေမှာ ချစ်သူကို စိတ်ညစ်စေတတ်တယ်ဆိုပေမယ့် လုံးဝပြင်မှာတော့မဟုတ်ပါဘူး။
(၅) အနိုင်ကျင့်မခံချင်ဘူး
ဒီလိုမိန်းကလေးတွေဟာ တကယ်တမ်းမှာတော့ အရမ်းချစ်တတ်တဲ့သူတွေဖြစ်ပြီး ချစ်သူအတွက် ဘာမဆိုလုပ်ရဲသည့်တိုင်အောင် အရှုံးတော့မပေးချင်ပါဘူး။
အကြောင်းကတော့ ကိုယ်အရမ်းချစ်မှန်းသိရင် အနိုင်ယူလာမှာစိုးရိမ်လို့ပါ။
ကိုယ့်ရဲ့ ဘဝတစ်လျှောက်လုံး တစ်ဖက်လူကို အရှုံးပေးပြီးနေရမှာထက်စာရင် တစ်ယောက်တည်းပိုပြီး နေချင်တဲ့သူတွေပါ။
Credit
Unicode