အခ်စ္ေရး

ဒီလိုတွေ ဖြစ်နေရင် သေချာတယ် ချစ်နေပြီ

ဒီလိုတွေ ဖြစ်နေရင် သေချာတယ် ချစ်နေပြီ

ပြောဖူးတဲ့ စကားတွေကို ဘယ်တော့မှ မမေ့ဘူး။

ပေးဖူးတဲ့ ကတိတွေကိုလည်း အမြဲတမ်း တည်မိနေတယ်ဆိုရင်

သင်က သူ့အပေါ် တန်ဖိုးထားမှုနဲ့ အတူချစ်နေတာ သေချာပါတယ်

သေချာတယ် ချစ်နေပြီ

တစ်ခါ တစ်ရံမှာ လူတစ်ယောက်ကြောင့် ရင်ထဲ ထူးခြားတဲ့ စိတ်ခံစားချက်တွေ ခံစားနေရပေမယ့်

ကိုယ်သူ့ကို ချစ်နေတာ ဟုတ်မဟုတ် ဝေခွဲရခက်ခဲတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ငါသူ့ကို ချစ်နေမိလား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာကိုယ် ပြန်မေးပြီး

အဖြေမရဘဲ အချိန်တွေ ကုန်ခဲ့ရတဲ့ နေ့ရက်တွေလည်း ရှိဖူးမာပါ။

ဒါကြောင့် စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ဒီလိုတွေ ဖြစ်နေရင် ချစ်နေပြီ ဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။

အကြောင်းမဲ့ ပျော်ရွှင်မှု

သူနဲ့တွေ့နေရရုံ၊ သူနဲ့ စကားတွေ ပြောနေရရုံ၊

သူနဲ့ လက်ကလေး ထိတွေ့နေရရုံမျိုးနဲ့ ပျော်နေတယ် ဆိုရင် အဲ့ဒါက အချစ်ကြောင့်လို့ ပြောလို့ရပါတယ်။

အချစ်ဆိုတဲ့ အရာက အကြောင်းပြချက် ပေးစရာ မလိုဘဲ ခံစားရတဲ့ ပျော်ရွှင်ခြင်းပဲ ဖြစ်ပါတယ်။

ဟန်ဆောင်မှုကင်းတဲ့ ဝေမျှခြင်း

ကိုယ့်ရဲ့ ခံစားချက်တွေ၊ ကိုယ့်ဘက်က အမြင်တွေကို တစ်စုံတစ်ရာ ဟန်ဆောင် ကွယ်ဝှက်မှုမပါဘဲ သူ့ကို ပြောပြမိနေတယ်

ဆိုရင် သင်သူ့ကို ချစ်နေတာ သေချာပါတယ်။

ပြောရမယ် ဆိုရင် ကိုယ်ချစ်တဲ့သူကိုဆို လူတွေက စိတ်ရင်းအတိုင်းပဲ ဆက်ဆံမိကြတာ များပါတယ်။

ကိုယ်စိတ်ရင်းအတိုင်း ဆက်ဆံမိတဲ့သူက ကိုယ်တကယ် ချစ်မိနေတဲ့သူပါ။

သံသယ မရွိ ယံုၾကည္မွု

ကိုယ်ချစ်တဲ့သူကိုဆိုရင် ယုံကြည်ချင်ကြ၊ ယုံကြည်ကြတာ သဘာဝပါ။

သူပြောတဲ့ စကားတွေ သူ့လုပ်ရပ်တွေကို မှားမှား၊

မှန်မှန် သံသယ မရှိဘဲ ယုံကြည်မိနေတယ် ဆိုရင် သင်သူ့ကို ချစ်နေတဲ့အတွက် ဖြစ်ပါတယ်။

လက်တုန့်မပြန်တဲ့ ခွင့်လွှတ်ခြင်း

ချစ်တဲ့သူကြောင့် နာကျင်မှုတွေ ခံစားရတာ မဆန်းပါဘူး။

သူ့ကြောင့် ကိုယ်က နာကျင်ခံစားနေရပေမယ့် သူ့ကို တဖန်ပြန်ပြီး

နာကျင်စေချင်တဲ့ စိတ်မျိုး မရှိဘဲ ခွင့်လွှတ်ပေးနိုင်တယ် ဆိုရင် သင်သူ့ကို ချစ်နေလို့ ဖြစ်ပါတယ်။

ဘယ်တော့မှ မမေ့တဲ့ ကတိစကားတွေ

သူနဲ့ ကိုယ့်ကြားက ကတိစကားတွေ၊ သူ့ကို ပြောဖူးတဲ့ စကားတွေကို ဘယ်တော့မှ မမေ့ဘူး။

ပေးဖူးတဲ့ ကတိတွေကိုလည်း အမြဲတမ်း တည်မိနေတယ်ဆိုရင်

သင်က သူ့အပေါ် တန်ဖိုးထားမှုနဲ့ အတူချစ်နေတာ သေချာပါတယ်။

ခု ပြောပြခဲ့တဲ့ ဒီလိုခံစားချက်တွေကို ခံစားနေရတယ် ဆိုရင် သေချာတယ် ချစ်နေမိပါပြီ။

Credit

Unicode

သံသယ မရှိ ယုံကြည်မှု