အခ်စ္ေရး

ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ …?

ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ …?

“ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ” လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ် …။

” ဒီတော့ မေတ္တာပို့ပါ ” လို့ ဖြေပေးလိုက်ပါတယ် …။

ကိုယ်ချစ်တဲ့ သူတစ်ယောက်

အေးချမ်းပါစေ …။

ဘေးအန္တာရယ်တွေ ဝေးကွာပါစေ …။

စိတ်မဆင်းရဲရ ပါစေနဲ့ …။

ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့ …။

လုပ်ငန်းတွေလည်း အောင်မြင်ပါစေ …။

ကြံစည်တိုင်း ဖြစ် ထွန်းပါစေ …။

လူမိုက်တွေ ရန်က ကင်းဝေးပါစေ …။

သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ … စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ …။

ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ် …။

ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကို အသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ် ရရှိပါတယ် …။

“အချစ်” ရယ်လိုဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်၊ စာပို့ရမယ်၊ ဂရုစိုက်ရမယ်၊ လာတွေ့ရမယ်၊

လက်ဆောင်ပို့ရမယ်၊ နေ့စွဲတွေကို သတိရရမယ်၊ ရစ်ရင် သည်းခံရမယ်၊ ကုတ်ခြစ်ရင် ငုံ့ခံရမယ်၊

အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်၊ အနာဂတ်ကို အကောင်းဆုံးဖန်တီးပေးရမယ် စတဲ့

ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရစေပါတယ် …။

ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊

လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတဲ့ အခါတိုင်း မေတ္တာပို့ပေးလိုက်ပါ …။

မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူ

ကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်း အေးချမ်းရစေပါတယ် …။

မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။

အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။

မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေပါတယ် …။

မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။

အသားအရေကြည်တော့ အလှတိုးတယ်။

မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး …။

ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိပဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်ပါတယ် …။

ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊

ယောကျာ်းတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။

ဒီတော့ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်ရပါရော …။

ဒါ့ကြောင့် ချစ်တဲ့သူကို သတိရတဲ့အခါ ‘မေတ္တာပို့ပါ’ …။ ။

လေးစားစွာဖြင့် Credit

Unicode

ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ …?

“ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ” လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ် …။

” ဒီတော့ မေတ္တာပို့ပါ ” လို့ ဖြေပေးလိုက်ပါတယ် …။

ကိုယ်ချစ်တဲ့ သူတစ်ယောက်

အေးချမ်းပါစေ …။

ဘေးအန္တာရယ်တွေ ဝေးကွာပါစေ …။

စိတ်မဆင်းရဲရ ပါစေနဲ့ …။

ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့ …။

လုပ်ငန်းတွေလည်း အောင်မြင်ပါစေ …။

ကြံစည်တိုင်း ဖြစ် ထွန်းပါစေ …။

လူမိုက်တွေ ရန်က ကင်းဝေးပါစေ …။

သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ … စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ …။


ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကို အသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ် ရရှိပါတယ် …။

“အချစ်” ရယ်လိုဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်၊ စာပို့ရမယ်၊ ဂရုစိုက်ရမယ်၊ လာတွေ့ရမယ်၊

လက်ဆောင်ပို့ရမယ်၊ နေ့စွဲတွေကို သတိရရမယ်၊ ရစ်ရင် သည်းခံရမယ်၊ ကုတ်ခြစ်ရင် ငုံ့ခံရမယ်၊

အိပ်ပျော်ချိန်အထိ ဖုန်းပြောရမယ်၊ အနာဂတ်ကို အကောင်းဆုံးဖန်တီးပေးရမယ် စတဲ့

ငါ့အတွက်ဆိုတဲ့ အလိုလောဘတွေနဲ့ပဲ တည်ဆောက်မိတဲ့အခါ ပျော်ရွှင်ခြင်းထက် ပူလောင်မှုကို ခံစားရစေပါတယ် …။

ဒီတော့ ချစ်ခြင်းမှာ မေတ္တာတရားကို ပေါင်းထည့်လိုက်တဲ့အခါ သတိရတိုင်း မေတ္တာပို့၊

လွမ်းတိုင်း မေတ္တာပို့၊ သူ့နာမည်လေး ရွတ်မိတဲ့ အခါတိုင်း မေတ္တာပို့ပေးလိုက်ပါ …။

မေတ္တာတရားဆိုတာ အပြန်အလှန်အကျိုးပြုတဲ့ သတ္တိရှိတာကြောင့် မေတ္တာပို့သူ

ကိုယ်တိုင် အေးချမ်းခြင်းကို ခံစားရပြီး မေတ္တာရရှိသူလည်း အေးချမ်းရစေပါတယ် …။

မေတ္တာတရားပြည့်ဝနေသူရဲ့ ရုပ်သွင်ဟာ အေးချမ်းတယ်။

အေးချမ်းတော့ မျက်နှာထား ကြည်လင်တယ်။

မြင်ရတာ အေးချမ်းပြီး အသံကြားရတာ အေးချမ်းစေပါတယ် …။

မေတ္တာစိတ်အမြဲထားတဲ့သူရဲ့အသားအရေဟာ ကြည်နေတယ်။

အသားအရေကြည်တော့ အလှတိုးတယ်။

မေတ္တာတရားအချိန်ပြည့်ရှိနေတော့ ဒေါသမထွက်ဘူး …။

ဒေါသမရှိတော့ စိတ်ကြည်ပြီး အလုပ်အကိုင်တွေ ဆောင်ရွက်ရာမှာ အမှားမရှိပဲ ဆုံးဖြတ်လုပ်ကိုင်လာနိုင်ပါတယ် …။

ဒါဆို အောင်မြင်မှု ပိုရမယ်။ အောင်မြင်တဲ့ မိန်းမတစ်ယောက်၊

ယောက်ျားတစ်ယောက်ကို ဘယ်ချစ်သူကမှ စွန့်ခွာမသွားတော့ဘူး။