လွပတဲ့မနက္ခင္းမွာခ်စ္သူေကာင္ေလးဆီပို႔ႏိုင္တဲ့ ၾကည္ႏူးစရာမက္ေဆ့မ်ား
ေယာက္်ားေလးအမ်ားစုကသူတို႔ကိုယ္တိုင္စာ႐ိုက္ရတာပ်င္းေပမယ့္ခ်စ္သူဆီကိုမက္ေဆ့တစ္ေန႔တစ္ေစာင္အခ်ိန္မွန္မွန္ပို႔ခ်င္တဲ့ဆႏၵမရွိၾကေပမယ့္ခ်စ္သူပို႔တဲ့ရင္ခုန္ၾကည္ႏူးစရာမက္ေဆ့ေလးကိုေတာ့သေဘာက်တတ္ၾကပါတယ္။
မက္ေဆ့ပို႔ရတာဝါသနာပါတဲ့ ေကာင္မေလးေတြေရာ၊ ကိုယ့္ခ်စ္သူကို မက္ေဆ့ပို႔ခ်င္တဲ့ ေကာင္မေလးေတြအတြက္ေရာမနက္ေစာေစာ ပို႔ႏိုင္မယ့္ ၾကည္ႏူးစရာမက္ေဆ့စာသားေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။
ေပ်ာ္႐ႊင္ဖြယ္ေန႔တစ္ေန႔ျဖစ္ပါေစ ခ်စ္သူ
မနက္ေစာေစာဒီလိုမက္ေဆ့ပို႔လိုက္ျခင္းကသင့္ရဲ႕တစ္ေန႔တာရဲ႕အစမွာသင့္စိတ္ထဲမွာသူရွိေနတယ္ဆိုတာသူသိသြားမွာပါ။
ဒီအခ်က္ေတြေၾကာင့္ နင့္ကိုခ်စ္ေနရတာ
လူတစ္ေယာက္ကိုခ်စ္တဲ့အခါ အေၾကာင္းျပခ်က္မရွိဘူးဆိုတဲ့အခ်က္ဟာတကယ္ေတာ့မမွန္ကန္ပါဘူး။
သူ႔ကိုျမင္လိုက္တာနဲ႔ မေျပာျပတတ္တဲ့ခံစားမႈေၾကာင့္သူ႔ကိုခ်စ္မိသြားတယ္ဆိုကတည္းကသူနဲ႔ကိုယ္ၾကားမွာဆက္သြယ္မႈတစ္ခုရွိေနတယ္ဆိုတဲ့အေၾကာင္းျပခ်က္ရွိေနလို႔ပါပဲ။ဒါေၾကာင့္မနက္ေစာေစာကိုယ့္ရဲ႕ခ်စ္သူေကာင္ေလးဆီကိုမက္ေဆ့ပို႔မယ္ဆိုရင္နင့္ရဲ႕အၿပဳံး၊နင့္ရဲ႕ၾကင္နာမႈ၊နင့္ရဲ႕ရယ္ေမာသံေတြေၾကာင့္နင့္ကိုခ်စ္ေနရတာစသျဖင့္ကိုယ္သူ႔အေပၚႏွစ္သက္တဲ့အခ်က္ေလးေတြကိုထည့္ၿပီး မက္ေဆ့ပို႔ႏိုင္ပါတယ္။
ဒါဆိုရင္ ေသခ်ာေပါက္သူၿပံဳးမိမွာပါ။သူ႔ရဲ႕မနက္ခင္းကို အၿပံဳးေတြနဲ႔ စတင္ေစၿပီေပါ့။
ငါ့နင့္ကို သိေစခ်င္တယ္
တခါတေလမွာ ေယာက္်ားေလးေတြကခ်စ္သူရဲ႕ ဂ႐ုစိုက္မႈေလးေတြကိုပါးစပ္က ဖြင့္ဟမေျပာေပမယ့္လည္း လိုခ်င္မိၾကပါတယ္။
သင့္အေနနဲ႔မနက္ေစာေစာမက္ေဆ့ပို႔တဲ့အခါ နင္ဘယ္လိုဝတ္ရင္ နင္နဲ႔ပိုလိုက္တယ္ဆိုတာမ်ိဳး၊ နင့္ကိုဘယ္အခ်ိန္ေတြ႕ရမလဲဆိုၿပီးငါေစာင့္ေနမိတယ္ဆိုတာမ်ိဳးစသျဖင့္သင့္အေနနဲ႔သူ႔ကိုလိုလိုလားလားရွိတယ္ဆိုတာသိသာေစတဲ့အခ်က္ေလးေတြေရးပို႔ႏိုင္ပါတယ္။
ေသခ်ာေပါက္ သူ႔ရဲ႕မနက္ခင္းေတြလွပသြားမွာပါ။
နင္ဘယ္လိုေနရင္ ငါ့ကိုၿပဳံးမိေစတယ္
ေယာက္က်ားေလးေတြက ကိုယ့္ခ်စ္သူၿပဳံးေပ်ာ္ေနတာကို ျမင္ခ်င္ၾကပါတယ္။ကိုယ့္ခ်စ္သူၿပံဳးေပ်ာ္ေအာင္ လုပ္ႏိုင္ရင္လည္း ဂုဏ္ယူတတ္ၾကပါတယ္။
ဒါေၾကာင့္နင္ဘယ္လိုေနရင္ငါ့ကိုၿပံဳးမိေစတယ္ဆိုၿပီးသူကိုယ့္ကိုယ္ၿပံဳးလာေအာင္လုပ္တတ္တဲ့အျပဳအမူေလးေတြအခ်က္ေလးေတြထည့္ေရးၿပီး ပို႔ႏိုင္ပါတယ္။
ဥပမာ သင့္ကို ခ်စ္စႏိုးနဲ႔ ဘယ္လိုနာမည္ေလးေခၚရင္ သင္သေဘာက်မိတယ္ဆိုတဲ့အေၾကာင္းေလးေပါ့။
နင့္ကိုအသိအမွတ္ျပဳတယ္
ကိုယ့္ခ်စ္သူရဲ႕ခ်ီးမႊမ္းတာခံခ်င္ၾကတာကလည္း ေယာက္်ားေလးေတြ မိန္းကေလးေတြဆီက လိုခ်င္တဲ့အခ်က္ေတြထဲမွာ တစ္ခ်က္အေနနဲ႔ပါဝင္ပါတယ္။
ဒါေၾကာင့္သူသင့္အေပၚဂ႐ုတစိုက္ရွိခဲ့တာေတြ၊သင့္အတြက္ဘယ္လိုေနေပးခဲ့တာေတြကို ေရးပို႔ရတာကလည္း ရင္ခုန္ဖို႔ေကာင္းပါတယ္။သူလည္းေက်နပ္မွာပါ။
သင့္ခ်စ္သူ သင့္ကိုအရင္ထက္ပိုခ်စ္ၿပီး ပိုဂ႐ုစိုက္လာေစဖို႔ ဒီနည္းလမ္းေလးေတြသုံးပါ …
credit (auntymay)
unicode
လှပတဲ့မနက်ခင်းမှာချစ်သူကောင်လေးဆီပို့နိုင်တဲ့ ကြည်နူးစရာမက်ဆေ့များ
ယောက်ျားလေးအများစုကသူတို့ကိုယ်တိုင်စာရိုက်ရတာပျင်းပေမယ့်ချစ်သူဆီကိုမက်ဆေ့တစ်နေ့တစ်စောင်အချိန်မှန်မှန်ပို့ချင်တဲ့ဆန္ဒမရှိကြပေမယ့်ချစ်သူပို့တဲ့ရင်ခုန်ကြည်နူးစရာမက်ဆေ့လေးကိုတော့သဘောကျတတ်ကြပါတယ်။
မက်ဆေ့ပို့ရတာဝါသနာပါတဲ့ ကောင်မလေးတွေရော၊ ကိုယ့်ချစ်သူကို မက်ဆေ့ပို့ချင်တဲ့ ကောင်မလေးတွေအတွက်ရောမနက်စောစော ပို့နိုင်မယ့် ကြည်နူးစရာမက်ဆေ့စာသားလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
ပျော်ရွှင်ဖွယ်နေ့တစ်နေ့ဖြစ်ပါစေ ချစ်သူ
မနက်စောစောဒီလိုမက်ဆေ့ပို့လိုက်ခြင်းကသင့်ရဲ့တစ်နေ့တာရဲ့အစမှာသင့်စိတ်ထဲမှာသူရှိနေတယ်ဆိုတာသူသိသွားမှာပါ။
ဒီအချက်တွေကြောင့် နင့်ကိုချစ်နေရတာ
လူတစ်ယောက်ကိုချစ်တဲ့အခါ အကြောင်းပြချက်မရှိဘူးဆိုတဲ့အချက်ဟာတကယ်တော့မမှန်ကန်ပါဘူး။
သူ့ကိုမြင်လိုက်တာနဲ့ မပြောပြတတ်တဲ့ခံစားမှုကြောင့်သူ့ကိုချစ်မိသွားတယ်ဆိုကတည်းကသူနဲ့ကိုယ်ကြားမှာဆက်သွယ်မှုတစ်ခုရှိနေတယ်ဆိုတဲ့အကြောင်းပြချက်ရှိနေလို့ပါပဲ။ဒါကြောင့်မနက်စောစောကိုယ့်ရဲ့ချစ်သူကောင်လေးဆီကိုမက်ဆေ့ပို့မယ်ဆိုရင်နင့်ရဲ့အပြုံး၊နင့်ရဲ့ကြင်နာမှု၊နင့်ရဲ့ရယ်မောသံတွေကြောင့်နင့်ကိုချစ်နေရတာစသဖြင့်ကိုယ်သူ့အပေါ်နှစ်သက်တဲ့အချက်လေးတွေကိုထည့်ပြီး မက်ဆေ့ပို့နိုင်ပါတယ်။
ဒါဆိုရင် သေချာပေါက်သူပြံုးမိမှာပါ။သူ့ရဲ့မနက်ခင်းကို အပြံုးတွေနဲ့ စတင်စေပြီပေါ့။
ငါ့နင့်ကို သိစေချင်တယ်
တခါတလေမှာ ယောက်ျားလေးတွေကချစ်သူရဲ့ ဂရုစိုက်မှုလေးတွေကိုပါးစပ်က ဖွင့်ဟမပြောပေမယ့်လည်း လိုချင်မိကြပါတယ်။
သင့်အနေနဲ့မနက်စောစောမက်ဆေ့ပို့တဲ့အခါ နင်ဘယ်လိုဝတ်ရင် နင်နဲ့ပိုလိုက်တယ်ဆိုတာမျိုး၊ နင့်ကိုဘယ်အချိန်တွေ့ရမလဲဆိုပြီးငါစောင့်နေမိတယ်ဆိုတာမျိုးစသဖြင့်သင့်အနေနဲ့သူ့ကိုလိုလိုလားလားရှိတယ်ဆိုတာသိသာစေတဲ့အချက်လေးတွေရေးပို့နိုင်ပါတယ်။
သေချာပေါက် သူ့ရဲ့မနက်ခင်းတွေလှပသွားမှာပါ။
နင်ဘယ်လိုနေရင် ငါ့ကိုပြုံးမိစေတယ်
ယောက်ကျားလေးတွေက ကိုယ့်ချစ်သူပြုံးပျော်နေတာကို မြင်ချင်ကြပါတယ်။ကိုယ့်ချစ်သူပြံုးပျော်အောင် လုပ်နိုင်ရင်လည်း ဂုဏ်ယူတတ်ကြပါတယ်။
ဒါကြောင့်နင်ဘယ်လိုနေရင်ငါ့ကိုပြံုးမိစေတယ်ဆိုပြီးသူကိုယ့်ကိုယ်ပြံုးလာအောင်လုပ်တတ်တဲ့အပြုအမူလေးတွေအချက်လေးတွေထည့်ရေးပြီး ပို့နိုင်ပါတယ်။
ဥပမာ သင့်ကို ချစ်စနိုးနဲ့ ဘယ်လိုနာမည်လေးခေါ်ရင် သင်သဘောကျမိတယ်ဆိုတဲ့အကြောင်းလေးပေါ့။
နင့်ကိုအသိအမှတ်ပြုတယ်
ကိုယ့်ချစ်သူရဲ့ချီးမွှမ်းတာခံချင်ကြတာကလည်း ယောက်ျားလေးတွေ မိန်းကလေးတွေဆီက လိုချင်တဲ့အချက်တွေထဲမှာ တစ်ချက်အနေနဲ့ပါဝင်ပါတယ်။
ဒါကြောင့်သူသင့်အပေါ်ဂရုတစိုက်ရှိခဲ့တာတွေ၊သင့်အတွက်ဘယ်လိုနေပေးခဲ့တာတွေကို ရေးပို့ရတာကလည်း ရင်ခုန်ဖို့ကောင်းပါတယ်။သူလည်းကျေနပ်မှာပါ။
သင့်ချစ်သူ သင့်ကိုအရင်ထက်ပိုချစ်ပြီး ပိုဂရုစိုက်လာစေဖို့ ဒီနည်းလမ်းလေးတွေသုံးပါ …
credit (auntymay)