မဖောက်ပြားရုံ မသောက်စားရုံနဲ့ ယောကျ်ားကောင်းတစ်ယောက်ဖြစ်ပြီ တာဝန်ကျေပြီလို့ ထင်တာလား
မဖောက်ပြားရုံ မသောက်စားရုံနဲ့ ယောကျ်ားကောင်းတစ်ယောက်ဖြစ်ပြီ
တာဝန်ကျေပြီလို့ ထင်တာလား ။အဲ့ဒါရှိဖို့လိုအပ်သလို အဲ့ဒီလောက်နဲ့ပဲ မလုံလောက်သေးဘူး ။
ယောကျ်ားလေးတော်တော်များများ ထင်နေကြတာပါ
ငါ ဖောက်ပြန်နေလို့လား သောက်စားနေလို့လားဆိုတဲ့
စကားမျိုးတွေ ရန်ဖြစ်တဲ့အခါတိုင်း မကြာခဏ ကြားကြားနေရတာတွေလေ
မဖောက်ပြားပါဘူး ပြီးတော့ မေသာက္စားပါဘူး
ဒါတွေအတွက် တကယ်လဲကျေးဇူတင်မိသလို ပျော်လဲ ပျော်ရပါတယ်
ဒါပေမယ့် ဒါနဲ့ပဲ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်လို့ရပြီလို့ အထင်ရောက်နေတာတော့ မှားတယ်
သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ယောကျ်ားလေးတစ်ယောက်ဖက်ကလဲ အများကြီးလိုအပ်ပါတယ်
ငွေရှာတတ်ဖို့လဲ လိုသေးတယ် ချစ်ပြတတ်ဖို့လဲ လိုသေးတယ်
ဦးဆောင်တတ်ဖို့လဲ လိုသေးတယ် လမ်းပြတတ်ဖို့လဲ လိုသေးတယ် အများကြီးပါပဲ
အိမ်ထောင်တစ်ခုမှာ အချစ်က အရေးပါသလို ငွေဆိုတာလည်းအရေးပါတာပဲလေ
ငွေမရှိတဲ့ အိမ်ထောင်ရေးမှာ စိတ်ညစ်စရာတွေ အများကြီး ရှိလာနိုင်တယ်
တကယ့်ကို အများကြီးပါ အဆင်မပြေမှုတွေကြားမှာ
တစ်ယောက်လက်ကိုတစ်ယောက် ဘယ်လောက်ကြာကြာ ဆုပ်ကိုင်ထားနိုင်မယ်လို့
ထင်လဲ ဆန်အိုးထဲမှာ ဆန်မရှိတော့တဲ့အခါ အချစ်က ပြတင်းပေါက်ကနေ ခုန်ချသွားတတ်တယ် တဲ့
တကယ်ပါ အိမ်ထောင်ရေးအဆင်မပြေဘူးဆိုတဲ့ အရာတော်တော်များများမှာ
ငွေမရှိတာတွေကြောင့်လဲပါတယ် ဒါကြောင့် ငွေရှာတတ်ဖို့လဲ လိုသေးတယ်
ပြီးတော့ ချစ်ပြတတ်ဖို့လဲ လိုတယ် ချစ်ပြတတ်ရတယ်ဆိုတာ
ချစ်တယ် ချစ်တယ်ဆိုတဲ့ စကားကို တဖွဖွပြောရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး
လိုအပ်နေတာလေးတွေကို သတိတရနဲ့ မှတ်မှတ်ရရဝယ်လာပေးတာမျိုးကလဲ ချစ်ပြတာပဲလေ
တန်ဖိုးကြီးမှ မဟုတ်ဘူး မိန်းကလေးဆိုတာမျိုး တစ်ရာတန် နှစ်ရာတန်ကအစ ကိုယ့်ချစ်သူ ဝယ်ပေးတဲ့အခါ အမြတ်တနိုးတန်ဖိုးထားတတ်ကြတာကြီးပါပဲ ။
မိန်းမက အဝတ်လျှော်နေတဲ့အခါ အလိုက်သတိနဲ့ ရေခပ်ပေး အဝတ်လှန်းပေးတာမျိုးကလဲ ချစ်ပြတာပါပဲ
မိန်းကလေးဆိုတာ မှီခိုချင်တဲ့ စိတ်လေး အားကိုးချင်တဲ့စိတ်လေးတွေတော့ အနည်းနဲ့အများရှိပါတယ်
ကိုယ့်ယောကျ်ားက ကိုယ့်အတွက် အကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားတတ်ချင်ကြတာပါပဲ
အဲ့တာတွေကြောင့် ဦးဆောင်တတ်ဖို့ အရှေ့ကနေ မားမားမတ်မတ် ရပ်တည်တတ်ဖို့လဲ လိုသေးတယ်
မှန်မှန်မှားမှား အများရှေ့မှာရောက်တဲ့အခါ ကျေးဇူးပြုပြီးတော့ ကိုယ့်ချစ်သူ ကိုယ့်မိန်းမရှေ့ကနေ ရပ်တည်ပေးပါ
မှားနေခဲ့ရင်တောင် သူ့ဘေးနားမှာ ကိုယ်ရှိနေပါတယ်ဆိုတဲ့ စိတ်လေး ဝင်သွားအောင် နေပေးပါ
နှစ်ယောက်တည်းရှိတဲ့အခါမှ အမှန်ပြင်ပေးလို့လဲ နောက်မကျပါဘူး
ယောကျ်ားတစ်ယောက်ဆိုတာ အလိုလိုက်တတ်ရသလို လမ်းပြပေးတတ်ရတယ်
ဘာလုပ်လုပ် မင်းသဘောဆိုတာ မဟုတ်ဘူး ဒီလိုလေးလုပ်ရင်တော့ ပိုပြီးအဆင်ပြေလိမ့်မယ်
ဒါတော့ မှားနေတယ် စသည်ဖြင့်ပေါ့ အမှန်နဲ့အမှားကို ကိုယ့်ဘက်က ဝေဖန်ပိုင်းခြားပြီး လမ်းပြပေးတတ်ရတယ်လေ
ယောကျ်ားတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ပါတယ်
ဒါပေမယ့် ယောကျ်ားကောင်းတစ်ယောက်ဖြစ်ဖို့ကျတော့ လိုအပ်ချက်တွေ အများကြီးပဲ
သိပ်ကောင်းတဲ့ ယောကျ်ားတစ်ယောက် မဖြစ်ခဲ့ရင်တောင်
အိမ်ထောင်တစ်ခုကို သာယာပျော်ရွှင်အောင်ထားတတ်တဲ့ ယောကျ်ားတစ်ယောက်တော့ ဖြစ်စေချင်တယ် ။
(အရာအားလုံးပြည့်စုံရမယ်လို့ မဟုတ်ဘူး.…ဒါပေမယ့် အရာတော်တော်များများတော့ ပြည့်စုံစေချင်တယ် ဒါပါပဲ ။)
မိန်းမသားတို့အတွက်
သျှင်ယွန်း
Unicode
မဖောက်ပြားရုံ မသောက်စားရုံနဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ပြီ တာဝန်ကျေပြီလို့ ထင်တာလား
မဖောက်ပြားရုံ မသောက်စားရုံနဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ပြီ
တာဝန်ကျေပြီလို့ ထင်တာလား ။အဲ့ဒါရှိဖို့လိုအပ်သလို အဲ့ဒီလောက်နဲ့ပဲ မလုံလောက်သေးဘူး ။
ယောက်ျားလေးတော်တော်များများ ထင်နေကြတာပါ
ငါ ဖောက်ပြန်နေလို့လား သောက်စားနေလို့လားဆိုတဲ့
စကားမျိုးတွေ ရန်ဖြစ်တဲ့အခါတိုင်း မကြာခဏ ကြားကြားနေရတာတွေလေ
မဖောက်ပြားပါဘူး ပြီးတော့ မေသာက္စားပါဘူး
ဒါတွေအတွက် တကယ်လဲကျေးဇူတင်မိသလို ပျော်လဲ ပျော်ရပါတယ်
ဒါပေမယ့် ဒါနဲ့ပဲ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်လို့ရပြီလို့ အထင်ရောက်နေတာတော့ မှားတယ်
သာယာတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ ယောက်ျားလေးတစ်ယောက်ဖက်ကလဲ အများကြီးလိုအပ်ပါတယ်
ငွေရှာတတ်ဖို့လဲ လိုသေးတယ် ချစ်ပြတတ်ဖို့လဲ လိုသေးတယ်
ဦးဆောင်တတ်ဖို့လဲ လိုသေးတယ် လမ်းပြတတ်ဖို့လဲ လိုသေးတယ် အများကြီးပါပဲ
အိမ်ထောင်တစ်ခုမှာ အချစ်က အရေးပါသလို ငွေဆိုတာလည်းအရေးပါတာပဲလေ
ငွေမရှိတဲ့ အိမ်ထောင်ရေးမှာ စိတ်ညစ်စရာတွေ အများကြီး ရှိလာနိုင်တယ်
တကယ့်ကို အများကြီးပါ အဆင်မပြေမှုတွေကြားမှာ
တစ်ယောက်လက်ကိုတစ်ယောက် ဘယ်လောက်ကြာကြာ ဆုပ်ကိုင်ထားနိုင်မယ်လို့
ထင်လဲ ဆန်အိုးထဲမှာ ဆန်မရှိတော့တဲ့အခါ အချစ်က ပြတင်းပေါက်ကနေ ခုန်ချသွားတတ်တယ် တဲ့
တကယ်ပါ အိမ်ထောင်ရေးအဆင်မပြေဘူးဆိုတဲ့ အရာတော်တော်များများမှာ
ငွေမရှိတာတွေကြောင့်လဲပါတယ် ဒါကြောင့် ငွေရှာတတ်ဖို့လဲ လိုသေးတယ်
ပြီးတော့ ချစ်ပြတတ်ဖို့လဲ လိုတယ် ချစ်ပြတတ်ရတယ်ဆိုတာ
ချစ်တယ် ချစ်တယ်ဆိုတဲ့ စကားကို တဖွဖွပြောရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး
လိုအပ်နေတာလေးတွေကို သတိတရနဲ့ မှတ်မှတ်ရရဝယ်လာပေးတာမျိုးကလဲ ချစ်ပြတာပဲလေ
တန်ဖိုးကြီးမှ မဟုတ်ဘူး မိန်းကလေးဆိုတာမျိုး တစ်ရာတန် နှစ်ရာတန်ကအစ ကိုယ့်ချစ်သူ ဝယ်ပေးတဲ့အခါ အမြတ်တနိုးတန်ဖိုးထားတတ်ကြတာကြီးပါပဲ ။
မိန်းမက အဝတ်လျှော်နေတဲ့အခါ အလိုက်သတိနဲ့ ရေခပ်ပေး အဝတ်လှန်းပေးတာမျိုးကလဲ ချစ်ပြတာပါပဲ
မိန်းကလေးဆိုတာ မှီခိုချင်တဲ့ စိတ်လေး အားကိုးချင်တဲ့စိတ်လေးတွေတော့ အနည်းနဲ့အများရှိပါတယ်
ကိုယ့်ယောက်ျားက ကိုယ့်အတွက် အကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ ခံစားမှုမျိုး ခံစားတတ်ချင်ကြတာပါပဲ
အဲ့တာတွေကြောင့် ဦးဆောင်တတ်ဖို့ အရှေ့ကနေ မားမားမတ်မတ် ရပ်တည်တတ်ဖို့လဲ လိုသေးတယ်
မှန်မှန်မှားမှား အများရှေ့မှာရောက်တဲ့အခါ ကျေးဇူးပြုပြီးတော့ ကိုယ့်ချစ်သူ ကိုယ့်မိန်းမရှေ့ကနေ ရပ်တည်ပေးပါ
မှားနေခဲ့ရင်တောင် သူ့ဘေးနားမှာ ကိုယ်ရှိနေပါတယ်ဆိုတဲ့ စိတ်လေး ဝင်သွားအောင် နေပေးပါ
နှစ်ယောက်တည်းရှိတဲ့အခါမှ အမှန်ပြင်ပေးလို့လဲ နောက်မကျပါဘူး
ယောက်ျားတစ်ယောက်ဆိုတာ အလိုလိုက်တတ်ရသလို လမ်းပြပေးတတ်ရတယ်
ဘာလုပ်လုပ် မင်းသဘောဆိုတာ မဟုတ်ဘူး ဒီလိုလေးလုပ်ရင်တော့ ပိုပြီးအဆင်ပြေလိမ့်မယ်
ဒါတော့ မှားနေတယ် စသည်ဖြင့်ပေါ့ အမှန်နဲ့အမှားကို ကိုယ့်ဘက်က ဝေဖန်ပိုင်းခြားပြီး လမ်းပြပေးတတ်ရတယ်လေ
ယောက်ျားတစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ပါတယ်
ဒါပေမယ့် ယောက်ျားကောင်းတစ်ယောက်ဖြစ်ဖို့ကျတော့ လိုအပ်ချက်တွေ အများကြီးပဲ
သိပ်ကောင်းတဲ့ ယောက်ျားတစ်ယောက် မဖြစ်ခဲ့ရင်တောင်
အိမ်ထောင်တစ်ခုကို သာယာပျော်ရွှင်အောင်ထားတတ်တဲ့ ယောက်ျားတစ်ယောက်တော့ ဖြစ်စေချင်တယ် ။