အခ်စ္ေရး

သင့်ချစ်သူ သင့်ကို ရှောင်ဖယ်နေခြင်းရဲ့ နောက်ကွယ်က ဖုံးကွယ်ထားတဲ့ အမှန်တရား ၄ ခု

ကိုယ့်ချစ်သူက ကိုယ့်ကိုယ် ရှောင်ဖယ်နေတာမျိုးကို ကြုံတွေ့နေရပြီလား။ ဒါဆိုရင်တော့ သင်တို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ ရှိနေပါပြီ။ ဒီလိုအခြေအနေမျိုးမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ကြဖို့လည်း လိုအပ်နေပါပြီ။ ကိုယ့်ချစ်သူက ကိုယ့်ကိုယ် ရှောင်ဖယ်နေရခြင်းရဲ့ နောက်ကွယ်မှာ သူသင့်ကို မပြောပြချင်တဲ့ ဒီလိုအချက်တွေ ရှိလို့နေပါတယ်

အသစ်တွေ့နေလို့

ဟိုအရင်တုန်းကတော့ သူသင့်ကို ချစ်ချင်ချစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သင့်ထက် ချစ်ရမယ့်သူ သူ့ဆီမှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ သင့်ထက် အရေးပေးရမယ့်သူ၊ သင့်ထက် အလေးအနက်ထားရမယ့်သူကိုသာ ပိုအချိန်ပေးဖြစ်နေတဲ့ သဘောပါ။ ဒီလိုဆိုရင်တော့ ဒီဆက်ဆံရေးကို ချက်ချင်းရပ်တန့်လိုက်သင့်ပါပြီ။ သူသာ သင့်ကို တကယ်ချစ်တယ်ဆိုရင် သင့်အပြင် တစ်ခြားတစ်ယောက်ဆိုတာ ရှိလာစရာ အကြောင်းကို မရှိပါဘူးနော်။

သင် သူ့ကိုလိမ်ညာနေတယ်လို့ ထင်နေလို့

တစ်ခါတစ်လေမှာ အထင်လွဲသံသယတွေနဲ့ နားလည်မှုလွဲတာတွေဟာ ဆက်ဆံရေးတိုင်းမှာ ဖြစ်တတ်တဲ့ အရာပါ။ သင် သူ့ကို တစ်ခုခု ဖုံးကွယ်ထားတယ်ထင်လို့ ဒါမှမဟုတ် သင့်ရဲ့ စကားတွေဟာ လိမ်ညာမှုတွေနဲ့ သစ္စာမရှိဘူး ထင်လာလို့ သင့်ကို ရှောင်ဖယ်နေခြင်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ နားလည်မှုလွဲနေတာလေးကို သေချာလေး ပြန်ဆွေးနွေးပြောပြသင့်တယ်လို့ ထင်ပါတယ်။

ရိုးအီသွားလို့

ကိုယ့်ကိုယ် ရှောင်ဖယ်နေရတဲ့ နောက်ထပ်တစ်ချက်က သူ ကိုယ့်အပေါ် အရင်ကလို ခံစားချက်တွေ ရှိမနေပဲ သင်နဲ့တွဲရတာ စိတ်ဝင်စားစရာ မကောင်းဘူးလို့ ထင်နေတဲ့ အတွက်ကြောင့်ပါ။ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း သင့်ကို ရိုးအီလာပြီး ဆက်မတွဲချင်လို့ ဖြစ်ပါတယ်။

ဒီလိုသာဆိုရင်တော့ သင့်ဘက်က ပျော်ပျော်ကြီးသာ လမ်းခွဲပေးလိုက်သင့်ပါတယ်။ ဒီလို အသစ်အသစ်တွေပဲ ကြိုက်တတ်တဲ့သူက ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ လက်တွဲဖော်ကောင်း မဟုတ်ပါဘူး။

သိမ်ငယ်နေလို့

ကိုယ့်လက်တွဲဖော်က အရာရာ ပြည့်စုံနေတာဖြစ်ဖြစ်၊ ကိုယ့်ထက် သာနေတာပဲ ဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်ရောက်လာတတ်ပါတယ်။ ငါဟာ သူနဲ့တွဲဖို့ အဆင်မပြေဘူး၊. သူက ငါ့ထက် အရမ်းကို

သာလွန်နေတဲ့အတွက် သူက ငါနဲ့မတန်ဘူး စသဖြင့် ဒီလိုသိမ်ငယ်မှုကို ခံစားနေရတဲ့ အတွက် သင့်ချစ်သူက သင့်ကို ရှောင်ဖယ်နေတာပါ။ ဒီလိုအခြေအနေမှာ သူ့ကို သေချာလေး အားပေးစကားပြောပြီး ဒီသိမ်ငယ်တတ်တဲ့ စိတ်ကို ဖျောက်ပစ်ဖို့ လိုအပ်ပါတယ်။

Credit

 

ကိုယ့္ခ်စ္သူက ကိုယ့္ကိုယ္ ေရွာင္ဖယ္ေနတာမ်ိဳးကို ႀကဳံေတြ႕ေနရၿပီလား။ ဒါဆိုရင္ေတာ့ သင္တို႔ႏွစ္ေယာက္ၾကားမွာ တစ္ခုခုေတာ့ ရွိေနပါၿပီ။ ဒီလိုအေျခအေနမ်ိဳးမွာ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတိုင္ပင္ၾကဖို႔လည္း လိုအပ္ေနပါၿပီ။ ကိုယ့္ခ်စ္သူက ကိုယ့္ကိုယ္ ေရွာင္ဖယ္ေနရျခင္းရဲ႕ ေနာက္ကြယ္မွာ သူသင့္ကို မေျပာျပခ်င္တဲ့ ဒီလိုအခ်က္ေတြ ရွိလို႔ေနပါတယ္

အသစ္ေတြ႕ေနလို႔

ဟိုအရင္တုန္းကေတာ့ သူသင့္ကို ခ်စ္ခ်င္ခ်စ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ သင့္ထက္ ခ်စ္ရမယ့္သူ သူ႔ဆီမွာ ရွိေနလို႔ပဲ ျဖစ္ပါတယ္။ ဒီလိုအေျခအေနမွာ သင့္ထက္ အေရးေပးရမယ့္သူ၊ သင့္ထက္ အေလးအနက္ထားရမယ့္သူကိုသာ ပိုအခ်ိန္ေပးျဖစ္ေနတဲ့ သေဘာပါ။ ဒီလိုဆိုရင္ေတာ့ ဒီဆက္ဆံေရးကို ခ်က္ခ်င္းရပ္တန္႔လိုက္သင့္ပါၿပီ။ သူသာ သင့္ကို တကယ္ခ်စ္တယ္ဆိုရင္ သင့္အျပင္ တစ္ျခားတစ္ေယာက္ဆိုတာ ရွိလာစရာ အေၾကာင္းကို မရွိပါဘူးေနာ္။

သင္ သူ႔ကိုလိမ္ညာေနတယ္လို႔ ထင္ေနလို႔

တစ္ခါတစ္ေလမွာ အထင္လြဲသံသယေတြနဲ႔ နားလည္မႈလြဲတာေတြဟာ ဆက္ဆံေရးတိုင္းမွာ ျဖစ္တတ္တဲ့ အရာပါ။ သင္ သူ႔ကို တစ္ခုခု ဖုံးကြယ္ထားတယ္ထင္လို႔ ဒါမွမဟုတ္ သင့္ရဲ႕ စကားေတြဟာ လိမ္ညာမႈေတြနဲ႔ သစၥာမရွိဘူး ထင္လာလို႔ သင့္ကို ေရွာင္ဖယ္ေနျခင္း ျဖစ္ပါတယ္။ ဒီလို အေျခအေနမ်ိဳးမွာ နားလည္မႈလြဲေနတာေလးကို ေသခ်ာေလး ျပန္ေဆြးေႏြးေျပာျပသင့္တယ္လို႔ ထင္ပါတယ္။

႐ိုးအီသြားလို႔

ကိုယ့္ကိုယ္ ေရွာင္ဖယ္ေနရတဲ့ ေနာက္ထပ္တစ္ခ်က္က သူ ကိုယ့္အေပၚ အရင္ကလို ခံစားခ်က္ေတြ ရွိမေနပဲ သင္နဲ႔တြဲရတာ စိတ္ဝင္စားစရာ မေကာင္းဘူးလို႔ ထင္ေနတဲ့ အတြက္ေၾကာင့္ပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် တျဖည္းျဖည္း သင့္ကို ႐ိုးအီလာၿပီး ဆက္မတြဲခ်င္လို႔ ျဖစ္ပါတယ္။

ဒီလိုသာဆိုရင္ေတာ့ သင့္ဘက္က ေပ်ာ္ေပ်ာ္ႀကီးသာ လမ္းခြဲေပးလိုက္သင့္ပါတယ္။ ဒီလို အသစ္အသစ္ေတြပဲ ႀကိဳက္တတ္တဲ့သူက ကိုယ့္ဘဝအတြက္ ေကာင္းမြန္တဲ့ လက္တြဲေဖာ္ေကာင္း မဟုတ္ပါဘူး။

သိမ္ငယ္ေနလို႔

ကိုယ့္လက္တြဲေဖာ္က အရာရာ ျပည့္စုံေနတာျဖစ္ျဖစ္၊ ကိုယ့္ထက္ သာေနတာပဲ ျဖစ္ျဖစ္ ဒီလိုအေျခအေနမ်ိဳးမွာ ကိုယ့္ကိုယ္ကို သိမ္ငယ္စိတ္ဝင္ေရာက္လာတတ္ပါတယ္။ ငါဟာ သူနဲ႔တြဲဖို႔ အဆင္မေျပဘူး၊. သူက ငါ့ထက္ အရမ္းကို

သာလြန္ေနတဲ့အတြက္ သူက ငါနဲ႔မတန္ဘူး စသျဖင့္ ဒီလိုသိမ္ငယ္မႈကို ခံစားေနရတဲ့ အတြက္ သင့္ခ်စ္သူက သင့္ကို ေရွာင္ဖယ္ေနတာပါ။ ဒီလိုအေျခအေနမွာ သူ႔ကို ေသခ်ာေလး အားေပးစကားေျပာၿပီး ဒီသိမ္ငယ္တတ္တဲ့ စိတ္ကို ေဖ်ာက္ပစ္ဖို႔ လိုအပ္ပါတယ္။

Credit