အဲ့ဒီနေ့က မဆုံဖြစ်ခဲ့ရင် ဒီနေ့ဒီလိုနာကျင်နေရမှာမဟုတ်ဘူး …
နောင်တရနေတာလားတဲ့ … ဆုံခဲ့မိတဲ့အတွက် နောင်တရနေခဲ့တာတော့ မဟုတ်ပါဘူး ဒါပေမယ့် ဒီနေ့ ဒီလိုကြီး ဝေးခဲ့ရမယ်မှန်းသာသိခဲ့ရင် အဲ့ဒီနေ့ကတည်းက မဆုံဖြစ်ခဲ့တာ ပိုကောင်းမယ်ဆိုပြီး မချိတင်ကဲ ဖြစ်နေမိရုံပါ … ကံကြမ္မာကလဲ ခက်တယ် မတူညီတဲ့ လူနှစ်ယောက်ကိုမှ ရေစက်ဆိုပြီး ဆုံပေးတယ် ပြီးတော့ ရေစက်ကုန်ပြီဆိုပြီး ထပ်ခွဲတယ် ။
ပေါင်းစပ်ခွင့်မရှိတဲ့ လူနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲနီးကပ်နေပါစေ ပိုချစ်မိတဲ့သူ အတွက်ပဲ ဒဏ်ရာတွေ ပိုစေခဲ့တာပါ ရက်တွေပိုကြာလေလေ ဒဏ်ရာတိုးလေပါပဲ လတွေ ကြာတော့ နှလုံးသားမှာ အမှတ်တရတွေ စွဲတယ် … နှစ်တွေကြာတော့ သံယောဇဉ်တွေ ပိုပြီး တွယ်တတ်တယ် တကယ်ဆိုရင်လေ အဲ့ဒီနေ့ကတည်းက မဆုံခဲ့သင့်တာ ။
စပြီးဆုံတဲ့နေ့ကတည်း က ဒီနေ့အထိဆို ပျော်ရတဲ့ရက်တွေဆို လက်ချိုးရေလို့ရလောက် မငိုရတဲ့ရက်တွေဟာ လက်တစ်ဖက်တောင် မပြည့်ခဲ့တာက နာကျင်စရာ အမှတ်တရပါ … သိပ်ပြီးချစ်ခဲ့သလို မာယာတွေ အောက်မှာ ကျဆုံးခဲ့တာ ကိုယ်ပေါ့ … အဖြစ်သည်းပြခြင်းတွေကို အဟုတ်ကြီးမှတ် အတွယ်တာကြီး တွယ်တာခဲ့မိတာလေ .. နောက်ဆုံးတော့လဲ နာကျင်ခြင်းသာ ကိုယ့်အနားကျန်ပါတယ်
အနာဂတ်တွေ အကြောင်း အများကြီး အိပ်မက်မက်ခဲ့ပြီးမှ အတိတ်တွေအဖြစ် လန့်နိုးလိုက်ရတဲ့သူမှာ ဘယ်လောက်နာကျင်ရမလဲ သူမတွေးဘူး … သိပ်ချစ်တယ်ဆိုတဲ့ စကားတွေဟာ ခဏအဖြစ်ပဲ ဖြစ်လာလိမ့်မယ်ဆိုရင် … ဒဏ်ရာတွေ ရဖို့သက်သက် သူနဲ့ ဆုံခဲ့တယ်ဆိုရင် အဲ့ဒီနေ့ကတည်းက မဆုံဖြစ်ခဲ့တာ ပိုကောင်းလိမ့်မယ်လို့ပဲ တွေးနေမိတယ် ။
ဒါပေမယ့် အဲ့ဒီနေ့က ဆုံခဲ့ပြီးပြီပဲလေ အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရိုးထုံးစံမှ မရှိတာ ဒီနေ့တော့ နာကျင်ခံစားရရုံပေါ့ ။
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်။