လာမယ့္ ၄၈ နာရီအတြင္း မိုးႀကီးႏိုင္သည့္ ၿမိဳ႕မ်ား
Zawgyi
သတိေပးခ်က္
အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm) “ယာစ္ (YAAS)”၏
အရွိန္ေၾကာင့္ ယေန႔နံနက္မွ လာမည့္ (၄၈)နာရီအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္
ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာၿပီး၊ ေနရာကြက္၍ မိုးႀကီး နိုင္ပါသည္။
ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္းရိုးတန္းတစ္ေလ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္းအလြန္ႀကီးမည္။
မိုးသက္ ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ မိုင္(၄၀)မွ (၄၅) မိုင္အထိ တိုက္ခတ္နိုင္ပါသည္။
လွိုင္းအျမင့္မွာ (၁၃)ေပမွ (၁၇)ေပခန႔္ ရွိနိုင္ပါသည္။ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္
တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္းႀကီးနိုင္ပါသည္။ မိုးသက္ ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္
(၃၅)မိုင္မွ မိုင္ (၄၀)အထိ တိုက္ခတ္နိုင္ပါသည္။ လွိုင္းအျမင့္မွာ (၉)ေပမွ (၁၃)ေပခန႔္ရွိနိုင္ပါသည္။
အႀကံျပဳခ်က္
အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း ( Very Severe Cyclonic Storm) “ယာစ္ (YAAS)”၏ အရွိန္ေၾကာင့္ မိုးရြာသြန္းျခင္းႏွင့္အတူ
ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လၽွပ္စီးလက္ျခင္းမ်ားျဖစ္ေပၚနိုင္ပါသျဖင့္ ႀကိဳတင္ သတိျပဳေနထိုင္ၾကပါရန္ႏွင့္
ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္းရိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊
သေဘၤာမ်ား အေနျဖင့္လည္း ႀကိဳတင္သတိျပဳနိုင္ပါရန္ အႀကံျပဳအပ္ပါသည္။
ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၇:၀၀)နာရီအခ်ိန္ ရရွိသည့္ အခ်က္အလက္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္းတြင္ ျဖစ္ေပၚေနေသာ
အား အလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm) “ယာစ္ (YAAS)”သည္ ေျမာက္-အေနာက္ ေျမာက္ဘက္သို႔ ေရြ႕လ်ားလာခဲ့ၿပီး
ျမန္မာနိုင္ငံ ၊ ပုသိမ္(Pathein)ၿမိဳ႕၏ အေနာက္ေျမာက္ဘက္ ေရမိုင္ (၄၅၀)မိုင္ခန႔္၊ စစ္ေတြ (Sittwe)ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၂၈၅)မိုင္ခန႔္၊ အိႏၵိယနိုင္ငံ၊ ဒမ္မရာ
(Dhamra)ၿမိဳ႕၏ အေရွ႕-အေရွ႕ေတာင္ဘက္ ေရမိုင္ (၆၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။
အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း ( Very Severe Cyclonic Storm) “ယာစ္ (YAAS)”သည္ ျမန္မာစံေတာ္ခ်ိန္ (၀၇:၀၀)နာရီအခ်ိန္တြင္
ေျမာက္လတၱီက်ဳ (၂၀.၁)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၈.၀)ဒီဂရီ တြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၇၈) ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ
တစ္နာရီလၽွင္ (၈၅)မိုင္ႏႈန္း ျဖစ္ပါသည္။ အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm) “ယာစ္ (YAAS)”သည္
ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားၿပီး၊ လာမည့္ (၁၂)နာရီ အတြင္း အိႏၵိယနိုင္ငံ၊ ေျမာက္ပိုင္းကမ္းေျခကို ဒမ္မ္ရာ (Dhamra)ၿမိဳ႕ႏွင့္
ဘလာဆာ (Balasore)ၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ဝင္ေရာက္နိုင္မည္ဟု ခန္႔မွန္းရပါသည္။
လာမယ့္ ၄၈ နာရီအတြင္း မိုးႀကီးႏိုင္သည့္ ၿမိဳ႕မ်ား
Unicode
သတိပေးချက်
အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ယာစ် (YAAS)”၏
အရှိန်ကြောင့် ယနေ့နံနက်မှ လာမည့် (၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်
ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီး နိုင်ပါသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။
မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅) မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
လှိုင်းအမြင့်မှာ (၁၃)ပေမှ (၁၇)ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်
(၃၅)မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ( Very Severe Cyclonic Storm) “ယာစ် (YAAS)”၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ
လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြပါရန်နှင့်
ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊
သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
ယနေ့မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန် ရရှိသည့် အချက်အလက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော
အား အလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ယာစ် (YAAS)”သည် မြောက်-အနောက် မြောက်ဘက်သို့ ရွေ့လျားလာခဲ့ပြီး
မြန်မာနိုင်ငံ ၊ ပုသိမ်(Pathein)မြို့၏ အနောက်မြောက်ဘက် ရေမိုင် (၄၅၀)မိုင်ခန့်၊ စစ်တွေ (Sittwe)မြို့၏ အနောက်တောင်ဘက် ရေမိုင် (၂၈၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒမ်မရာ
(Dhamra)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်
အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ( Very Severe Cyclonic Storm) “ယာစ် (YAAS)”သည် မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်တွင်
မြောက်လတ္တီကျု (၂၀.၁)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၈.၀)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၇၈) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ
တစ်နာရီလျှင် (၈၅)မိုင်နှုန်း ဖြစ်ပါသည်။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ယာစ် (YAAS)”သည်
မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ လာမည့် (၁၂)နာရီ အတွင်း အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို ဒမ်မ်ရာ (Dhamra)မြို့နှင့်
ဘလာဆာ (Balasore)မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းရပါသည်။