ချင်းတွင်းမြစ်တွင် စစ်ကောင်စီ ကျောက်စိမ်းတင် ရေယာဉ်ကို PDF တပ်ဖွဲ့ ၅ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်၊ အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF ရဲဘော် ၁ဦး ကျဆုံး(ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
ချင်းတွင်းမြစ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကျောက်စိမ်းတင်လာသည့် ရေယာဉ်များကို ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် PDF တပ်ဖွဲ့ ၅ဖွဲ့က ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးသော်လည်း PDF ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Chindwin Galone Yarzar Guerrilla Defense Force အဖွဲ့ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့၊ Chindwin G Z၊ မိုးသောက်ကြယ်၊ One Star Task Force၊ Triple Twoနှင့် MTOF စသည့်ညီနောင် မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ပဒေသာမိုင်းများ အပြန်အလှန် ပစ်ခတ်မှုများနှင့် တိုက်ပွဲမှာ ၂နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် ပြည်သူ့ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး လက်နက်ကြီးကျည် ပစ်ခတ်မှုများကြားက ကယ်ထုတ်ရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း Chindwin Galone Yarzar Guerrilla Defense Force အဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
Video credit – Chindwin Galone Yarzar Guerrilla Defense Force
unicode
Video credit – Chindwin Galone Yarzar Guerrilla Defense Force