သူရယ် ကျွန်မရယ် အေးစက်မှုတွေရယ်

သူနဲ့ကျွန်မကြားမှာ အရင်က နွေးထွေးမှုလေးပဲရှိခဲ့တာပါ …
ကိုယ်မရီနိုင်လောက်အောင် ဖြစ်နေတဲ့အချိန်တွေဆို
သူက ရီအောင်အမြဲစပြီး ဟာသတွေပြောခဲ့ဖူးတယ်လေ …
သူ အဆင်မပြေတဲ့အချိန်တွေဆိုရင်တော့
သူ့အလိုကျ တိတ်ဆိတ်နေခဲ့ပြီးတော့
ကျွန်မ အလိုက်သိပေးခဲ့တယ်
စကားတွေ ပြောစရာမရှိရင်တောင်
တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း
ကျွန်မတို့ အချိန်တွေ ကျော်ဖြတ်ခဲ့ဖူးတယ်
အဲ့ဒီအချိန်တွေမှာတော့
ကျွန်မ အချစ်ကံကောင်းတယ်လို့
ကိုယ့်ကိုယ်ကို ထင်ခဲ့ဖူးတဲ့အထိကို ပျော်ရွှင်ခဲ့ရဖူးပါတယ်
ပျော်စေခဲ့တာတွေအတွက် ကျေးဇူးတင်သလို
အနားမှာရှိပေးခဲ့တဲ့အချိန်တွေအတွက်ကျေးဇူးတင်ပါတယ် …
ခုလောလောဆယ်တော့
ကိုယ့်အနားကျန်ခဲ့တာဆိုလို့အေးစက်မှုလေးတွေရယ်
အထီးကျန်မှုလေးတွေရယ်
မျက်ရည်တွေပဲ ကျန်နေခဲ့တော့တယ်
သူ အရင်လို ကျွန်မအနားမရှိတော့ဘူး
ပြောစရာတွေရှိလာရင်တောင်
ကျွန်မခေါ်နေကျ သူ့ဖုန်းလေးတွေ မအားတော့ဘူးလေ ..
ကျွန်မ လွမ်းနေတဲ့အခါ
အရင်ကလို လွမ်းတိုင်းပြေးတွေ့မယ်ဆိုတဲ့သူက
ကိုယ်မျှော်နေမလားလို့မတွေးတတ်တော့ဘူး
အမှတ်မရတော့ဘူးထင်ပါတယ်
ဘာတွေကြောင့် ပြောင်းလဲသွားတာလဲဆိုတာ
အဖြေတွေရှာပေမယ့် မရခဲ့ပါဘူး
ကျွန်မအရှေ့ရှိနေပေမယ့် သူ့အတွေးတွေမှာ
ကျွန်မရှိမနေတော့တာ သိပ်သိသာတာပဲ
အရင်ကဆို အဲ့ဒီမျက်လုံးတွေက
ကျွန်မကို စိုက်ကြည့်နေတတ်သလောက်
ခုဆို တစ်နေရာရာကို သွားဖို့ ဟန်ပြင်နေသလို
ဂနာမငြိမ်ခဲ့ဘူးလေ .. ကျွန်မနဲ့စကားပြောရင်
ပြုံးလာတတ်တဲ့ နှုတ်ခမ်းတွေက ခု မဲ့နေသယောင် ….
သိပ်ချစ်ပေးခဲ့ဖူးတဲ့အချစ်တွေအတွက်တော့
ကျေးဇူးတင်ပါတယ် …
လိမ်ညာပြီးပဲ ချစ်ချစ် တကယ်ပဲ ချစ်ချစ်
ဘာပဲဖြစ်ဖြစ်ပါ အပြစ်လို့တော့ မမှတ်ပါဘူး …
အဲ့တာကို အမြဲတမ်းရနေလိမ့်မယ်လို့ထင်ခဲ့တဲ့
ကျွန်မလဲ မှားသွားတယ်ထင်ပါတယ် ….
ခုတော့ … သူရယ် ကျွန်မရယ် ပြီးတော့ အေးစက်မှုတွေရယ်
အဆုံးသတ်ဖို့အချိန်တွေ နီးနေသယောင် ခံစားလာရတယ် …
မိန်းမသားတို့အတွက်
သျှင်ယွန်း
Zawgyi