ေဗဒင္

13.5.2021 မှ 19.5.2021 အထိ ဟောစာတမ်း

13.5.2021 မှ 19.5.2021 အထိ ဟောစာတမ်း

 

တနင်္ဂနွေ

မိမိလုပ်ကိုင်သော အလုပ်များအတွက် ငွေကြေးအမြောက်မြားစွာ ရရှိဖို့ကြုံပေမယ့်.လက်ထဲငွေသားရောက် ဖို့ ကြန့်ကြာနေလိမ့်မယ်။ မိမိထက်နိမ့်သူတို့နှင့် လက်တွဲပြီးအလုပ်များ လုပ်ကိုင် ဆောင်ရွက်ရတတ်သည်။ ကုန်သည် များအရောင်းအဝယ် ဖြစ်ရုံသာဖြစ်ရတတ်သည်။ အရောင်းအဝယ် ကိစ္စမှ အကျိုးအမြတ် ထူးထူးခြားခြားမျှော်လင့် လို့မရနိုင်သေးပါ။ ကိုယ်ပိုင်စီးပွားသမားများလိုချင်ဇော၊ ရချင်ဇောနှင့် ဆုံးဖြတ်မိပါက အမှားအယွင်းပင် ဖြစ်တတ်ပါ သည်။ လက်လီစီးပွားများထင်သလောက် အဆင်မပြေဖြစ်ရတတ်ပါသည်။ မိမိအသုံး ပြု ထားသော ငွေကြေးများ ပြန်မရဘဲ ဖြစ်ရတတ်ပါသည်။ အရာရာကို သတိဖြင့် ချိန်ချိန်ဆဆ ဆောင်ရွက်လုပ် ကိုင်ပါ။ မှားယွင်းဆုံးဖြ

တ်မိခြင်း မျိုးကြုံရတတ်ပြီး ဆုံးရှုံးနစ်နာရတတ်သဖြင့် စိတ်ကို တည်ငြိမ်စွားထားပြီးမှ ဆုံးဖြတ်လုပ်ကိုင်ပါ။ကျန်းမာရေး အားနည်းယုတ်လျော့နေတတ်ပါတယ်။ တက်စာတွေစားမိရာက ရောဂါတိုးလာ တတ်ပါတယ်။ဒူးအောက်ပိုင်း ကျန်းမာရေးအညံ့ရှိနေတတ်ပါတယ်။ အချစ်ရေးအတွက် စိတ်ရှုပ်ရတာတွေ သိပ်မရှိ နိုင်သေးပါဘူး။ အချစ်ရေးက တော့ သင့်ရုံတော့ကောင်းနေပါတယ်။ အိမ်ထောင်ရေးမှာတော့ မိမိကိုယ်တိုင်အနေ အထိုင်မဆင်ခြင်မှုကြောင့် ပတ် ဝန်း ကျင် ကဲ့ရဲ့စရာတွေဖြစ်ရတတ်ပါတယ်။ပညာရေး အားထည့်နိုင်မဲ့ ကာလတစ်ခု ဆိုလဲ မမှားပါဘူး။

အကျိုးပေးဂဏန်း…၁/၉/၅အထူးဟော…ကံသင့်ရုံသာကောင်းတယ်..ယတြာ..ကျန်းမာရေး အားနည်းသူကို နို့မှုန့်ထုပ်လှူပါ

တနင်္လာ

ဒီကာလမှာဝန်ထမ်းဖြစ်ပါက ရာထူးတက်တတ်သည်။ ငွေကြေးမြောက်မြားစွား ဝင်တတ်သည်။ ဆရာသမား များနှင့် ခိုက်ရန်ဖြစ်ပွားတတ်သည်။ မိမိရရှိထားသောအခွင့်အရေးများ သူတစ်ပါး လုယူခြင်းလည်း ခံရတတ်ပါသည်။ ဆရာသမားကြီးကဲသူများနှင့် စိတ်သဘောထား ကွဲလွဲခြင်းများ၊ စိတ်ညစ်ရခြင်းများ ကြုံတွေ့ရတတ်ပါသည်။ အလုပ် အကိုင်၊ အရင်းအနှီးများ လိုအပ်သောအခါ ကူညီမည့်သူများ တွေ့ရတတ်ပါသည်။ လုပ် ငန်းသစ်များ လုပ်လည်း လုပ် ဖြစ်တတ်သည်။ ခရီးထွက်ရင်း စီးပွားရှာရတတ်ပါသည်။ မိမိမျှော်မှန်းထားသောငွေများ ဝင်လာတတ်ပါသည်။ အိမ်ထောင်ရေးကံကောင်းတတ်သည်။ အိမ်ထောင် ဘက်နဲ့ပတ်သက်၍ ငွေတွေဝင်လာ တတ်ပါတယ်။ ဖြ

စ်လာ လိမ့်မည်ဟု မျှော်လင့်မထားသော ကိစ္စများ၊ အခြေအနေကောင်းများကို လက်တွေ့ဖြစ် ပေါ်လာမည်။ စုပေါင်း၊ တွဲဖက်၍ ဆောင်ရွက်သော လုပ်ငန်းတို့မှ တိုးတတ်သော အခြေအနေတို့ အဆင့်ဆင့် ရောက်ရှိမည်။ စပ်တူစီးပွားနှင့် ပတ်သက်သော အခွင့်အရေးကောင်းများကို ရရှိပိုင်ဆိုင်ခွင့်များရရှိမည်။အချစ်ရေး ကိစ္စတွေမှာ သူ့ဆွေမျိုးတွေရဲ့ အနှောက်အယှက်ပေးတာမျိုးကြုံရတတ်ပါတယ်။ ကျန်းမာရေးအညံ့အဆိုး မရှိနိုင်သေး ပါ။ ကိုယ်တိုင်တော့ အနေ အထိုင် အစားအသောက်ဆင်ခြင်ပေါ့ဗျာ။ ပညာရေးအတွက် သင်ယူချင်တာကတစ်ခု ၊သင် နေရတာကတစ်ခု ဆိုတာ မျိုးဖြစ်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း…၂/၃/၆အထူးဟော…စီးပွားရေး အနည်းငယ်ပြန်ကောင်းလာမယ်ယတြာ…သစ္စာပန်း ဘုရားရှင်အား ကပ်လှူပူဇော်ပါ။

အင်္ဂါ

ခရီးများတာ၊အလုပ်များရတာ၊တာဝန်တွေပိနေတာမျိုးတွေကြုံရတတ်တယ်။အလှူအတန်းများ စိတ်မပါ သလို ဖြစ်နေမယ်။ မိမိဘာသာရေး သာသနာရေးများကို လျစ်လျူရှုဉပေက္ခာ ပြု ထား တတ်သလို ဖြစ်နေရတတ် ပါ သည်။ အပေါင်းအသင်းများကြောင့် မကောင်းသောလုပ်ရပ်များ လုပ်ကိုင်ရ တတ်ပါသည်။ စိတ်ညစ်၍ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသော ကာလများ ဖြစ်နေရတတ်ပါသည်။ အခက်အခဲများ လည်း အဘက်ဘက်မှ ပေါ်ပေါက်လာ တတ်ပါ သည်။ လောကပျော်ရွှင်စရာစည်းစိမ်ထက် ငြိမ်းအေးသောအခြေ အနေ ကိုသာလိုလားနေတတ်ပါတယ်။ ပညာရေးရာ ဆောင်ရွက်သူများအဖို့ အဆင်ပြေ အောင်မြင်နိုင် ပါသည်။ ရန် အတိုက် အခံများကြားမှ အလိုရှိရာကို

ဆောင်ရွက်နိုင်မည်။ အဖိုးထိုက်၊ အဖိုးတန် လက်ဝတ်ရတနာများ ပျောက် တတ် ပါသည်။ ကျန်းမာရေးအထူးကောင်း မွန်တတ်ပါသည်။ အာဂန္တု ရောဂါလောက်သာဖြစ်ရတတ်ပါသည်။ မသန့်ရှင်းသောငွေများ၊ လောင်းကစားဆန်သော ငွေ များ စွန့်စားလုပ်ကိုင်ရသောငွေများလည်း ပြန်ရတတ်ပါသည်။ အချစ်ရေးကိစ္စတွေမှာ ကိုယ်တိုင်စွန့်စားရတာ မျိုးတွေ၊ အချစ်ကြောင့် ပေးဆပ်လိုက်ရတာမျိုးတွေကြုံရတတ်ပါ တယ်။ အိမ်ထောင်‌ရေးသာယာပျော်ရွှင်ခွင့်တွေ ရလာတတ်ပါတယ်။ အဆင်မပြေတာတွေ ညှိနှိုင်းလို့ရလာတတ်ပါ တယ်။

အကျိုးပေးဂဏန်း…၃/၄/၇အထူးဟော..အလုပ်များ၊ကိစ္စများ၊ခရီးများတတ်သည်ယတြာ…ထန်းလျက် ၁၁လုံးခန့် ခွေးကျွေးလိုက်ပါ

ဗုဒ္ဓဟူး/ရာဟု

မိမိ၏ဆရာသမား၊ မိတ်ဆွေများအတွက် စိတ်မကောင်းဖြစ်ရတတ်ပါသည်။ စိတ်ဆင်းရဲ ရတတ်သည်။ ဝန်ထမ်းများမသန့်ရှင်းသော ငွေများ ဝင်လာတတ်ပါသည်။ အမှုအခင်းများ ရင်ဆိုင်ရတတ်သည်။ တရားထိုင်ရင်း၊ တရားထူး၊ တရားမြတ်များ ရတတ်သည်။ ဘာသာရေး၊ သာသနာရေး လုပ်ချင်စိတ်များ ပြင်းပြနေရတတ်ပါသည်။ ဘုရားဖူးခရီးများ ထွက်ရတတ်ပါသည်။ အများ၏ကောင်းကျိုး ရရှိစေမည့် လုပ်ငန်းတစ်ခုကို လုပ်ကိုင်ရတတ်ပါ သည်။ အပြောင်းအလဲနှင့် တိုးတတ်မှုများ ဖြစ်ထွန်းလာမည်။ အခက်အခဲများကို ကျော်လွှား၍ ဘဝတတ်လမ်း ရရှိမည်။ လူမျိုးကွဲအကျိုးပေးမည်။ အပြိုင်အဆိုင်များကြားမှ တတ်လမ်းများ ရှာဖွေရမည်။ ကိုယ့်အပေါ် လိုက်လံ အနှောက်အ

ယှက်ပေးသောသူများနှင့် စကားများရကိန်းရှိသည်။ ငွေကြေးကိစ္စ အပေးအယူပြုရာတွင် အငြင်းပွားရ ခြင်း များ ကြုံရတတ်သည်။ ကြိုးစားသလောက် အရာမရောက် ဖြစ်နေရတတ်ပါသည်။ ငွေကြေးရင်းနှီးမြုပ်နှံမှု လုပ်ငန်း များလုပ်ကိုင်ရာတွင် အရှုံးများ ပေါ်ပေါက်တတ်ပါသည်။ မိဘအမွေအနှစ်များ ရရှိတတ်သည်။ အချစ်ရေးက အနည်းငယ်သွေးအေးနေကြတာမျိုးကလွဲလို့ အဆိုးမရှိနိုင်သေးပါ။ အိမ်ထောင်ရေးကတော့ ညှိနှိုင်းရခက်ခဲနေတတ် ပါတယ်။ တတ်နိုင်သမျှ အိမ်ထောင်ရေးပြဿနာဟောင်းတွေကိုပြန်မတူးဆွလိုက်ပါနဲ့။ ကျန်းမာရေးကတော့ ဒီအပတ် အညံ့အများဆုံးဖြစ်တာတွေ့ရပါတယ်။ ဂရုစိုက်ဖို့သာမှာချင်ပါတယ်။ ပညာရေးအပေါ် စိတ်ကုန်၊စိတ်ညစ် နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း….၂/၅/၈အထူးဟော…ကျန်းမာရေးအားနည်းနိုင်တယ်ယတြာ…ဖီးကြမ်းငှက်ပျောသီး ၃လုံး ဘုရားလှူပါ

ကြာသပတေး

ကောင်းသောအပြောင်းအလဲတွေကြုံရတတ်ပါတယ်။ မြုပ်နှံထားတဲ့ငွေတွေ ပြန်ပေါ်တတ်ပါတယ်။ စာရင်းရှိ ပြီး လက်ထဲငွေမရှိသူများ ငွေသားရဖို့ လွယ်ကူလာတတ်ပါတယ်။ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေ နေရတတ်ပါ သည်။ စီးပွားရေး ကံများအထူးကောင်းမွန်နေရတတ်ပါသည်။ သူတစ်ပါး မလုပ်ကိုင်သော လုပ်ငန်းများကို လုပ်ကိုင် ရပြီး ငွေဝင်ကောင်းနေရတတ်ပါသည်။ ကျန်းမာရေး ချူချာတတ်သည်။ အချိန်တိုအတွင်း ပြန်ကောင်းတတ်ပါသည်။ အချစ်ရေးတွင်ချစ်သူ၏ပြဿနာရှာခြင်း၊ရန်မူခြင်းကိုလည်းခံရတတ်ပါသည်။ မိမိအိမ်ထောင်ဘက်ကြောင့် ငွေကြေး အမြောက်အမြားကို ဆုံးရှုံးရတတ် ပါသည်။ ဒီကာလမှာ စပ်တူလုပ်ငန်းဆိုရင်တောင်မှမိမိအပင်ပန်းခံ

ကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်မှသာ အဆင်ပြေအောင်မြင်လာပါလိမ့်မည်။ ကောင်းသောအပြောင်းအလဲတွေ ကြုံတွေ့လာမယ်။ ခက်ခဲကြန့်ကြာနေတဲ့ကိစ္စတွေ အဆင်ပြေ အောင်မြင်သွားမယ်။ အမျိုးသမီးတစ်ဦးရဲ့ အကူအညီကောင်းတွေ ရလာ မယ်။ ပစ္စည်းအဝယ်၊ အရောင်း ကိစ္စများ ကပ်ပြီး လွဲချော်သွားတတ်ပါတယ်။ မိတ်ရင်း၊ ဆွေရင်း၊ လူရင်းတွေထဲက နာရေးကိစ္စများအထိ ကြုံတွေ့ရတတ်ပါတယ်။ မနာလိုသူတွေလည်း ပေါတတ်ပါတယ်။ တမင်ရန်စ၊ နှောက်ယှက် တာမျိုးတွေလည်း ခံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မတင်မကျ အခြေအနေမျိုးတွေလည်း ကြုံလာ ရတတ်ပါတယ်။

အကျိုးပေးဂဏန်း..၅/၆/၉အထူးဟော…ကံမြင့်မားနေမယ်ယတြာ…သကြားတစ်ထုပ် မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးပါ။

သောကြာ

ကျန်းမာရေးကောင်းနေတတ်ပါတယ်။ရောဂါ ဝေဒနာဟောင်းတစ်ခု ပျောက်မှန်းမသိ ပျောက်သွားတတ်ပါ တယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးတတ်သည်။ လစာတိုးတတ်သည်။ အခွင့်အရေးကောင်းများ ကြုံရတတ်ပါသည်။ နာမည်ကောင်းများ ရတတ်သည်။ ဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ရရှိတတ်ပါသည်။ မိမိ၏သားသမီးများကြောင့် အကျိုးစီးပွားများ ခံစားရတတ်ပါသည်။ ဂုဏ်သိက္ခာ တိုးတက် တတ်ပါသည်။ ပညာရေးတွင်လည်း ကံကောင်းတတ် ပါသည်။မိမိကြိုးစားသမျှအရာအားလုံးတွင် အကျိုးခံစားခွင့်များ ကြုံတွေ့ရတတ်ပါသည်။ ကုသိုလ်ဆက်ထားသူများ ဘဝတိုးတက်မှုများ ပိုမိုမြင့်မားလာတတ် ပါသည်။ တရားထူး၊ တရားမြတ်များ ရရှိတတ်ပါသည်။ ဆရာသမား

ကောင်း၊ မိတ်ဆွေကောင်းများနှင့် ကြုံတွေ့ရတတ်ပါသည်။ လူမျိုးခြား၊ ဘာသာခြားများ၏ အကူအညီကောင်းများ လည်း ရရှိလာရတတ် ပါသည်။ စာချုပ်စာတမ်းကိစ္စ၊ လျှောက်လွှာကိစ္စတွေ အထူးအောင်မြင်ပါမယ်။ မိန်းမကြီးတစ်ဦး ရဲ့ အကူအညီကောင်းတွေ ရမယ်။ အချစ်ရေးမှာတော့စိတ်ချမ်းသာစရာ၊ပျော်ရွှင်စရာတွေပြည့်နှက်နေပေမယ့် အိမ်ထောင်ရေးမှာ တော့ရူးမတတ်ဖြစ်တယ်ဆိုတာ ဒီလိုကိန်းမျိုးပဲ ဖြစ်ပါတယ်။ တစ်ယောက်ယောက် အိမ်ကထွက် သွားမိသည်အထိ အဆင်မပြေ ဖြစ်ရတတ်ပါတယ်။ကျန်းမာရေးသိပ်မဆိုးပေမဲ့..ဆီး၊ဓမ္မတာနဲ့ပတ်သတ်တဲ့ရောဂါ တွေဖြစ်လွယ်ပါတယ်။

အကျိုးပေးဂဏန်း…၃/၂/၆အထူးဟော…လူချစ်လူခင်များပြားမည်ယတြာ….နို့ဆီတစ်ဗူး ရဟန်းတစ်ပါးကိုလှူပါ

စနေ

ဒီကာလလူငယ်လူရွယ်များအပေါင်းအသင်းမှားသောကြောင့် ဒုက္ခရောက်ရတတ် သည်။ သူတစ်ပါးကြောင့် အမှုအခင်းများကြုံရတတ်ပါတယ်။ ဆိုင်ဖွင့်ထားသူများ ပတ်ဝန်းကျင်ကလုပ်ငန်းတူတွေနဲ့ အပြိုင်အဆိုင်များတတ် ပါသည်။ မိမိ၏ကံညံ့တတ်ပါသည်။ မိမိကိုယ်ကို သိက္ခာကျစေရတတ်ပါသည်။ အမှုကိစ္စများ ပြုလုပ်မိရတတ်ပါ သည်။ဒါကြောင့်မိမိကစိတ်တည်ကြည်ငြိမ်းချမ်းအောင်မနေပါက အမှားများလာတတ်ပါသည်။ ကျန်းမာရေးကတော့ ဆေးသောက် မှားတတ်ပါသည်။ ရေချိုးမှားတတ်သည်။ ဝမ်းရောဂါများ ဖြစ်ပွားတတ်သည်။ မိမိမသွားချင်သော ခရီးများ သွားလာရတတ်ပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ညစ်ရတတ် ပါသည်။ မိတ်ကောင်း၊ ဆွေေ

ကာင်းများ အကျိုးပေးမည်။ လူမျိုးကွဲများနှင့် တိုက်ရိုက်ဆက်ဆံမှုများမှ အလိုပြည့်စုံခြင်းတို့ ကြုံ မည်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အအုံကိစ္စ တွေလည်း အဆင်ပြေလာပါလိမ့်မည်။အခက်အခဲ၊ အကျပ်အတည်း တွေ ကြားထဲကပင် အဖိုးတန်ပစ္စည်းတွေလည်း ဝင်တတ်ပါသည်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေလည်း အထူးအောင် မြင်ပါမယ်။အချစ်ရေး အတွက် စိတ်ညစ်စရာအနည်းငယ်ရှိပေမဲ့ မပြောပလောက်တဲ့ အနေအထားပဲ ရှိပါတယ်။ အိမ်ထောင်ရေးကံကောင်းပေမဲ့ အိမ်ထောင်ဘက်ကျန်းမာရေးခြူခြာလွယ်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း…၁/၈/ဝအထူးဟော..ကံအနည်းငယ်လောက်အားနည်းနေမည်ယတြာ… ဖိနပ်..အပြတ်၊ အစုတ်တွေရှိရင် စွန့်ပစ်လိုက်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

13.5.2021 မွ 19.5.2021 အထိ ေဟာစာတမ္း

တနဂၤေႏြ

မိမိလုပ္ကိုင္ေသာ အလုပ္မ်ားအတြက္ ေငြေၾကးအေျမာက္ျမားစြာ ရရွိဖို႔ႀကဳံေပမယ့္.လက္ထဲေငြသားေရာက္ ဖို႔ ၾကန္႔ၾကာေနလိမ့္မယ္။ မိမိထက္နိမ့္သူတို႔ႏွင့္ လက္တြဲၿပီးအလုပ္မ်ား လုပ္ကိုင္ ေဆာင္႐ြက္ရတတ္သည္။ ကုန္သည္ မ်ားအေရာင္းအဝယ္ ျဖစ္႐ုံသာျဖစ္ရတတ္သည္။ အေရာင္းအဝယ္ ကိစၥမွ အက်ိဳးအျမတ္ ထူးထူးျခားျခားေမွ်ာ္လင့္ လို႔မရႏိုင္ေသးပါ။ ကိုယ္ပိုင္စီးပြားသမားမ်ားလိုခ်င္ေဇာ၊ ရခ်င္ေဇာႏွင့္ ဆုံးျဖတ္မိပါက အမွားအယြင္းပင္ ျဖစ္တတ္ပါ သည္။ လက္လီစီးပြားမ်ားထင္သေလာက္ အဆင္မေျပျဖစ္ရတတ္ပါသည္။ မိမိအသုံး ျပဳ ထားေသာ ေငြေၾကးမ်ား ျပန္မရဘဲ ျဖစ္ရတတ္ပါသည္။ အရာရာကို သတိျဖင့္ ခ်ိန္ခ်ိန္ဆဆ ေဆာင္႐ြက္လုပ္ ကိုင္ပါ။ မွားယြင္းဆုံးျဖ

တ္မိျခင္း မ်ိဳးႀကဳံရတတ္ၿပီး ဆုံးရႈံးနစ္နာရတတ္သျဖင့္ စိတ္ကို တည္ၿငိမ္စြားထားၿပီးမွ ဆုံးျဖတ္လုပ္ကိုင္ပါ။က်န္းမာေရး အားနည္းယုတ္ေလ်ာ့ေနတတ္ပါတယ္။ တက္စာေတြစားမိရာက ေရာဂါတိုးလာ တတ္ပါတယ္။ဒူးေအာက္ပိုင္း က်န္းမာေရးအညံ့ရွိေနတတ္ပါတယ္။ အခ်စ္ေရးအတြက္ စိတ္ရႈပ္ရတာေတြ သိပ္မရွိ ႏိုင္ေသးပါဘူး။ အခ်စ္ေရးက ေတာ့ သင့္႐ုံေတာ့ေကာင္းေနပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ မိမိကိုယ္တိုင္အေန အထိုင္မဆင္ျခင္မႈေၾကာင့္ ပတ္ ဝန္း က်င္ ကဲ့ရဲ႕စရာေတြျဖစ္ရတတ္ပါတယ္။ပညာေရး အားထည့္ႏိုင္မဲ့ ကာလတစ္ခု ဆိုလဲ မမွားပါဘူး။

အက်ိဳးေပးဂဏန္း…၁/၉/၅အထူးေဟာ…ကံသင့္႐ုံသာေကာင္းတယ္..ယၾတာ..က်န္းမာေရး အားနည္းသူကို ႏို႔မႈန္႔ထုပ္လႉပါ

တနလၤာ

ဒီကာလမွာဝန္ထမ္းျဖစ္ပါက ရာထူးတက္တတ္သည္။ ေငြေၾကးေျမာက္ျမားစြား ဝင္တတ္သည္။ ဆရာသမား မ်ားႏွင့္ ခိုက္ရန္ျဖစ္ပြားတတ္သည္။ မိမိရရွိထားေသာအခြင့္အေရးမ်ား သူတစ္ပါး လုယူျခင္းလည္း ခံရတတ္ပါသည္။ ဆရာသမားႀကီးကဲသူမ်ားႏွင့္ စိတ္သေဘာထား ကြဲလြဲျခင္းမ်ား၊ စိတ္ညစ္ရျခင္းမ်ား ႀကဳံေတြ႕ရတတ္ပါသည္။ အလုပ္ အကိုင္၊ အရင္းအႏွီးမ်ား လိုအပ္ေသာအခါ ကူညီမည့္သူမ်ား ေတြ႕ရတတ္ပါသည္။ လုပ္ ငန္းသစ္မ်ား လုပ္လည္း လုပ္ ျဖစ္တတ္သည္။ ခရီးထြက္ရင္း စီးပြားရွာရတတ္ပါသည္။ မိမိေမွ်ာ္မွန္းထားေသာေငြမ်ား ဝင္လာတတ္ပါသည္။ အိမ္ေထာင္ေရးကံေကာင္းတတ္သည္။ အိမ္ေထာင္ ဘက္နဲ႔ပတ္သက္၍ ေငြေတြဝင္လာ တတ္ပါတယ္။ ျဖ

စ္လာ လိမ့္မည္ဟု ေမွ်ာ္လင့္မထားေသာ ကိစၥမ်ား၊ အေျခအေနေကာင္းမ်ားကို လက္ေတြ႕ျဖစ္ ေပၚလာမည္။ စုေပါင္း၊ တြဲဖက္၍ ေဆာင္႐ြက္ေသာ လုပ္ငန္းတို႔မွ တိုးတတ္ေသာ အေျခအေနတို႔ အဆင့္ဆင့္ ေရာက္ရွိမည္။ စပ္တူစီးပြားႏွင့္ ပတ္သက္ေသာ အခြင့္အေရးေကာင္းမ်ားကို ရရွိပိုင္ဆိုင္ခြင့္မ်ားရရွိမည္။အခ်စ္ေရး ကိစၥေတြမွာ သူ႔ေဆြမ်ိဳးေတြရဲ႕ အေႏွာက္အယွက္ေပးတာမ်ိဳးႀကဳံရတတ္ပါတယ္။ က်န္းမာေရးအညံ့အဆိုး မရွိႏိုင္ေသး ပါ။ ကိုယ္တိုင္ေတာ့ အေန အထိုင္ အစားအေသာက္ဆင္ျခင္ေပါ့ဗ်ာ။ ပညာေရးအတြက္ သင္ယူခ်င္တာကတစ္ခု ၊သင္ ေနရတာကတစ္ခု ဆိုတာ မ်ိဳးျဖစ္ေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း…၂/၃/၆အထူးေဟာ…စီးပြားေရး အနည္းငယ္ျပန္ေကာင္းလာမယ္ယၾတာ…သစၥာပန္း ဘုရားရွင္အား ကပ္လႉပူေဇာ္ပါ။

အဂၤါ

ခရီးမ်ားတာ၊အလုပ္မ်ားရတာ၊တာဝန္ေတြပိေနတာမ်ိဳးေတြႀကဳံရတတ္တယ္။အလႉအတန္းမ်ား စိတ္မပါ သလို ျဖစ္ေနမယ္။ မိမိဘာသာေရး သာသနာေရးမ်ားကို လ်စ္လ်ဴရႈဉေပကၡာ ျပဳ ထား တတ္သလို ျဖစ္ေနရတတ္ ပါ သည္။ အေပါင္းအသင္းမ်ားေၾကာင့္ မေကာင္းေသာလုပ္ရပ္မ်ား လုပ္ကိုင္ရ တတ္ပါသည္။ စိတ္ညစ္၍ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိေသာ ကာလမ်ား ျဖစ္ေနရတတ္ပါသည္။ အခက္အခဲမ်ား လည္း အဘက္ဘက္မွ ေပၚေပါက္လာ တတ္ပါ သည္။ ေလာကေပ်ာ္႐ႊင္စရာစည္းစိမ္ထက္ ၿငိမ္းေအးေသာအေျခ အေန ကိုသာလိုလားေနတတ္ပါတယ္။ ပညာေရးရာ ေဆာင္႐ြက္သူမ်ားအဖို႔ အဆင္ေျပ ေအာင္ျမင္ႏိုင္ ပါသည္။ ရန္ အတိုက္ အခံမ်ားၾကားမွ အလိုရွိရာကို

ေဆာင္႐ြက္ႏိုင္မည္။ အဖိုးထိုက္၊ အဖိုးတန္ လက္ဝတ္ရတနာမ်ား ေပ်ာက္ တတ္ ပါသည္။ က်န္းမာေရးအထူးေကာင္း မြန္တတ္ပါသည္။ အာဂႏၲဳ ေရာဂါေလာက္သာျဖစ္ရတတ္ပါသည္။ မသန္႔ရွင္းေသာေငြမ်ား၊ ေလာင္းကစားဆန္ေသာ ေငြ မ်ား စြန္႔စားလုပ္ကိုင္ရေသာေငြမ်ားလည္း ျပန္ရတတ္ပါသည္။ အခ်စ္ေရးကိစၥေတြမွာ ကိုယ္တိုင္စြန္႔စားရတာ မ်ိဳးေတြ၊ အခ်စ္ေၾကာင့္ ေပးဆပ္လိုက္ရတာမ်ိဳးေတြႀကဳံရတတ္ပါ တယ္။ အိမ္ေထာင္‌ေရးသာယာေပ်ာ္႐ႊင္ခြင့္ေတြ ရလာတတ္ပါတယ္။ အဆင္မေျပတာေတြ ညႇိႏႈိင္းလို႔ရလာတတ္ပါ တယ္။

အက်ိဳးေပးဂဏန္း…၃/၄/၇အထူးေဟာ..အလုပ္မ်ား၊ကိစၥမ်ား၊ခရီးမ်ားတတ္သည္ယၾတာ…ထန္းလ်က္ ၁၁လုံးခန္႔ ေခြးေကြၽးလိုက္ပါ

ဗုဒၶဟူး/ရာဟု

မိမိ၏ဆရာသမား၊ မိတ္ေဆြမ်ားအတြက္ စိတ္မေကာင္းျဖစ္ရတတ္ပါသည္။ စိတ္ဆင္းရဲ ရတတ္သည္။ ဝန္ထမ္းမ်ားမသန္႔ရွင္းေသာ ေငြမ်ား ဝင္လာတတ္ပါသည္။ အမႈအခင္းမ်ား ရင္ဆိုင္ရတတ္သည္။ တရားထိုင္ရင္း၊ တရားထူး၊ တရားျမတ္မ်ား ရတတ္သည္။ ဘာသာေရး၊ သာသနာေရး လုပ္ခ်င္စိတ္မ်ား ျပင္းျပေနရတတ္ပါသည္။ ဘုရားဖူးခရီးမ်ား ထြက္ရတတ္ပါသည္။ အမ်ား၏ေကာင္းက်ိဳး ရရွိေစမည့္ လုပ္ငန္းတစ္ခုကို လုပ္ကိုင္ရတတ္ပါ သည္။ အေျပာင္းအလဲႏွင့္ တိုးတတ္မႈမ်ား ျဖစ္ထြန္းလာမည္။ အခက္အခဲမ်ားကို ေက်ာ္လႊား၍ ဘဝတတ္လမ္း ရရွိမည္။ လူမ်ိဳးကြဲအက်ိဳးေပးမည္။ အၿပိဳင္အဆိုင္မ်ားၾကားမွ တတ္လမ္းမ်ား ရွာေဖြရမည္။ ကိုယ့္အေပၚ လိုက္လံ အေႏွာက္အ

ယွက္ေပးေသာသူမ်ားႏွင့္ စကားမ်ားရကိန္းရွိသည္။ ေငြေၾကးကိစၥ အေပးအယူျပဳရာတြင္ အျငင္းပြားရ ျခင္း မ်ား ႀကဳံရတတ္သည္။ ႀကိဳးစားသေလာက္ အရာမေရာက္ ျဖစ္ေနရတတ္ပါသည္။ ေငြေၾကးရင္းႏွီးျမဳပ္ႏွံမႈ လုပ္ငန္း မ်ားလုပ္ကိုင္ရာတြင္ အရႈံးမ်ား ေပၚေပါက္တတ္ပါသည္။ မိဘအေမြအႏွစ္မ်ား ရရွိတတ္သည္။ အခ်စ္ေရးက အနည္းငယ္ေသြးေအးေနၾကတာမ်ိဳးကလြဲလို႔ အဆိုးမရွိႏိုင္ေသးပါ။ အိမ္ေထာင္ေရးကေတာ့ ညႇိႏႈိင္းရခက္ခဲေနတတ္ ပါတယ္။ တတ္ႏိုင္သမွ် အိမ္ေထာင္ေရးျပႆနာေဟာင္းေတြကိုျပန္မတူးဆြလိုက္ပါနဲ႔။ က်န္းမာေရးကေတာ့ ဒီအပတ္ အညံ့အမ်ားဆုံးျဖစ္တာေတြ႕ရပါတယ္။ ဂ႐ုစိုက္ဖို႔သာမွာခ်င္ပါတယ္။ ပညာေရးအေပၚ စိတ္ကုန္၊စိတ္ညစ္ ေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း….၂/၅/၈အထူးေဟာ…က်န္းမာေရးအားနည္းႏိုင္တယ္ယၾတာ…ဖီးၾကမ္းငွက္ေပ်ာသီး ၃လုံး ဘုရားလႉပါ

ၾကာသပေတး

ေကာင္းေသာအေျပာင္းအလဲေတြႀကဳံရတတ္ပါတယ္။ ျမဳပ္ႏွံထားတဲ့ေငြေတြ ျပန္ေပၚတတ္ပါတယ္။ စာရင္းရွိ ၿပီး လက္ထဲေငြမရွိသူမ်ား ေငြသားရဖို႔ လြယ္ကူလာတတ္ပါတယ္။ လုပ္ငန္းကိုင္ငန္းမ်ား အဆင္ေျပ ေနရတတ္ပါ သည္။ စီးပြားေရး ကံမ်ားအထူးေကာင္းမြန္ေနရတတ္ပါသည္။ သူတစ္ပါး မလုပ္ကိုင္ေသာ လုပ္ငန္းမ်ားကို လုပ္ကိုင္ ရၿပီး ေငြဝင္ေကာင္းေနရတတ္ပါသည္။ က်န္းမာေရး ခ်ဴခ်ာတတ္သည္။ အခ်ိန္တိုအတြင္း ျပန္ေကာင္းတတ္ပါသည္။ အခ်စ္ေရးတြင္ခ်စ္သူ၏ျပႆနာရွာျခင္း၊ရန္မူျခင္းကိုလည္းခံရတတ္ပါသည္။ မိမိအိမ္ေထာင္ဘက္ေၾကာင့္ ေငြေၾကး အေျမာက္အျမားကို ဆုံးရႈံးရတတ္ ပါသည္။ ဒီကာလမွာ စပ္တူလုပ္ငန္းဆိုရင္ေတာင္မွမိမိအပင္ပန္းခံ

ကိုယ္တိုင္ ႀကီးၾကပ္လုပ္ကိုင္မွသာ အဆင္ေျပေအာင္ျမင္လာပါလိမ့္မည္။ ေကာင္းေသာအေျပာင္းအလဲေတြ ႀကဳံေတြ႕လာမယ္။ ခက္ခဲၾကန္႔ၾကာေနတဲ့ကိစၥေတြ အဆင္ေျပ ေအာင္ျမင္သြားမယ္။ အမ်ိဳးသမီးတစ္ဦးရဲ႕ အကူအညီေကာင္းေတြ ရလာ မယ္။ ပစၥည္းအဝယ္၊ အေရာင္း ကိစၥမ်ား ကပ္ၿပီး လြဲေခ်ာ္သြားတတ္ပါတယ္။ မိတ္ရင္း၊ ေဆြရင္း၊ လူရင္းေတြထဲက နာေရးကိစၥမ်ားအထိ ႀကဳံေတြ႕ရတတ္ပါတယ္။ မနာလိုသူေတြလည္း ေပါတတ္ပါတယ္။ တမင္ရန္စ၊ ေႏွာက္ယွက္ တာမ်ိဳးေတြလည္း ခံရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ မတင္မက် အေျခအေနမ်ိဳးေတြလည္း ႀကဳံလာ ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း..၅/၆/၉အထူးေဟာ…ကံျမင့္မားေနမယ္ယၾတာ…သၾကားတစ္ထုပ္ မိတ္ေဆြတစ္ဦးကိုလက္ေဆာင္ေပးပါ။

ေသာၾကာ

က်န္းမာေရးေကာင္းေနတတ္ပါတယ္။ေရာဂါ ေဝဒနာေဟာင္းတစ္ခု ေပ်ာက္မွန္းမသိ ေပ်ာက္သြားတတ္ပါ တယ္။ ဝန္ထမ္းျဖစ္ပါက ရာထူးတိုးတတ္သည္။ လစာတိုးတတ္သည္။ အခြင့္အေရးေကာင္းမ်ား ႀကဳံရတတ္ပါသည္။ နာမည္ေကာင္းမ်ား ရတတ္သည္။ ဆုေငြႏွင့္ ဂုဏ္ျပဳလက္မွတ္မ်ား ရရွိတတ္ပါသည္။ မိမိ၏သားသမီးမ်ားေၾကာင့္ အက်ိဳးစီးပြားမ်ား ခံစားရတတ္ပါသည္။ ဂုဏ္သိကၡာ တိုးတက္ တတ္ပါသည္။ ပညာေရးတြင္လည္း ကံေကာင္းတတ္ ပါသည္။မိမိႀကိဳးစားသမွ်အရာအားလုံးတြင္ အက်ိဳးခံစားခြင့္မ်ား ႀကဳံေတြ႕ရတတ္ပါသည္။ ကုသိုလ္ဆက္ထားသူမ်ား ဘဝတိုးတက္မႈမ်ား ပိုမိုျမင့္မားလာတတ္ ပါသည္။ တရားထူး၊ တရားျမတ္မ်ား ရရွိတတ္ပါသည္။ ဆရာသမား

ေကာင္း၊ မိတ္ေဆြေကာင္းမ်ားႏွင့္ ႀကဳံေတြ႕ရတတ္ပါသည္။ လူမ်ိဳးျခား၊ ဘာသာျခားမ်ား၏ အကူအညီေကာင္းမ်ား လည္း ရရွိလာရတတ္ ပါသည္။ စာခ်ဳပ္စာတမ္းကိစၥ၊ ေလွ်ာက္လႊာကိစၥေတြ အထူးေအာင္ျမင္ပါမယ္။ မိန္းမႀကီးတစ္ဦး ရဲ႕ အကူအညီေကာင္းေတြ ရမယ္။ အခ်စ္ေရးမွာေတာ့စိတ္ခ်မ္းသာစရာ၊ေပ်ာ္႐ႊင္စရာေတြျပည့္ႏွက္ေနေပမယ့္ အိမ္ေထာင္ေရးမွာ ေတာ့႐ူးမတတ္ျဖစ္တယ္ဆိုတာ ဒီလိုကိန္းမ်ိဳးပဲ ျဖစ္ပါတယ္။ တစ္ေယာက္ေယာက္ အိမ္ကထြက္ သြားမိသည္အထိ အဆင္မေျပ ျဖစ္ရတတ္ပါတယ္။က်န္းမာေရးသိပ္မဆိုးေပမဲ့..ဆီး၊ဓမၼတာနဲ႔ပတ္သတ္တဲ့ေရာဂါ ေတြျဖစ္လြယ္ပါတယ္။

အက်ိဳးေပးဂဏန္း…၃/၂/၆အထူးေဟာ…လူခ်စ္လူခင္မ်ားျပားမည္ယၾတာ….ႏို႔ဆီတစ္ဗူး ရဟန္းတစ္ပါးကိုလႉပါ

စေန

ဒီကာလလူငယ္လူ႐ြယ္မ်ားအေပါင္းအသင္းမွားေသာေၾကာင့္ ဒုကၡေရာက္ရတတ္ သည္။ သူတစ္ပါးေၾကာင့္ အမႈအခင္းမ်ားႀကဳံရတတ္ပါတယ္။ ဆိုင္ဖြင့္ထားသူမ်ား ပတ္ဝန္းက်င္ကလုပ္ငန္းတူေတြနဲ႔ အၿပိဳင္အဆိုင္မ်ားတတ္ ပါသည္။ မိမိ၏ကံညံ့တတ္ပါသည္။ မိမိကိုယ္ကို သိကၡာက်ေစရတတ္ပါသည္။ အမႈကိစၥမ်ား ျပဳလုပ္မိရတတ္ပါ သည္။ဒါေၾကာင့္မိမိကစိတ္တည္ၾကည္ၿငိမ္းခ်မ္းေအာင္မေနပါက အမွားမ်ားလာတတ္ပါသည္။ က်န္းမာေရးကေတာ့ ေဆးေသာက္ မွားတတ္ပါသည္။ ေရခ်ိဳးမွားတတ္သည္။ ဝမ္းေရာဂါမ်ား ျဖစ္ပြားတတ္သည္။ မိမိမသြားခ်င္ေသာ ခရီးမ်ား သြားလာရတတ္ပါသည္။ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ စိတ္ညစ္ရတတ္ ပါသည္။ မိတ္ေကာင္း၊ ေဆြေ

ကာင္းမ်ား အက်ိဳးေပးမည္။ လူမ်ိဳးကြဲမ်ားႏွင့္ တိုက္႐ိုက္ဆက္ဆံမႈမ်ားမွ အလိုျပည့္စုံျခင္းတို႔ ႀကဳံ မည္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အအုံကိစၥ ေတြလည္း အဆင္ေျပလာပါလိမ့္မည္။အခက္အခဲ၊ အက်ပ္အတည္း ေတြ ၾကားထဲကပင္ အဖိုးတန္ပစၥည္းေတြလည္း ဝင္တတ္ပါသည္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြလည္း အထူးေအာင္ ျမင္ပါမယ္။အခ်စ္ေရး အတြက္ စိတ္ညစ္စရာအနည္းငယ္ရွိေပမဲ့ မေျပာပေလာက္တဲ့ အေနအထားပဲ ရွိပါတယ္။ အိမ္ေထာင္ေရးကံေကာင္းေပမဲ့ အိမ္ေထာင္ဘက္က်န္းမာေရးျခဴျခာလြယ္ေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း…၁/၈/ဝအထူးေဟာ..ကံအနည္းငယ္ေလာက္အားနည္းေနမည္ယၾတာ… ဖိနပ္..အျပတ္၊ အစုတ္ေတြရွိရင္ စြန္႔ပစ္လိုက္ပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)