ကိုကို လို့ခေါ်တဲ့ မိန်းကလေး နဲ့၊ မောင် လို့ခေါ်တဲ့ မိန်းကလေးကြားက ခြားနားချက်များ
မိန်းကလေး တွေ ချစ်သူ ကောင်လေး ကို ခေါ်ဝေါ်ပုံကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အချစ် ၊စိတ်နေသဘောထားကို အကြမ်းဖျင်း အားဖြင့် သိနိုင် ပါတယ်။ ကဲ ကိုယ့် ကောင်မလေး က ဘယ်လိုလဲ ဆိုတာ ဖတ်ကြည့် ရအောင်နော်…
“ကိုကို” လို့ခေါ်တဲ့ ကောင်မလေး တွေဆိုတာသူတို့လေးတွေက ချစ်စရာ တအားကောင်းပြီး ကလေးဆန် ပါတယ်။ ဖြူစင် ရိုးသား တဲ့စိတ်ကလေးပိုင်ဆိုင်ပြီး ကိုယ့် ချစ်သူ အပေါ် ဆိုးတတ်ကြပါတယ်။ပွတ်သီးပွတ်သပ်နဲ့ ချွဲနွဲ့တတ်တဲ့ သူတွေပါ။ ဒါအပြင် သူဟာ သင့်အပေါ် ယုံကြည်မှု တွေအပြည့်နဲ့ ချစ်တတ်ကြပါတယ်။ သူ့ရဲ့style ကတော့ လူငယ် ဆန်ဆန်လေးနဲ့ ပေါ့ပါးသွက်လက် ကြပါတယ်။
သူတို့ဟာ သနားကြင်နာ တတ်တဲ့သူဖြစ်တာနဲ့ အညီ သူတို့ရဲ့နှလုံးသား ဟာ နူးညံ့တဲ့အတွက် အထိခိုက်လွယ် တာကြောင့် သင်အထူး ဂရုစိုက်ဖို့ လိုပါတယ်။အသေးအဖွဲ လေးကအစ ဂရုစိုက်တတ်တဲ့ သူတွေဖြစ်ပြီး သင့်ကြောင့် သူစိတ်မကောင်းဖြစ် သွားရင် ဖွင့်မပြောဘဲ တစ်ယောက်ထဲ ကြိတ်ခံစားတဲ့ သူတွေဖြစ် တယ်။
သူက သင်ရင်ဖွင့်လို့ရတဲ့ အကောင်းဆုံး သူပါ။ သင်စိတ်ညစ်ရတဲ့ အချိန် ဆိုရင်တောင် သူ့က သင်ကို ပျော်ရွှင်စေနိုင် ပါတယ်။ သူ့ကြောင့် သင် အေးချမ်းမှု ကို ခံစားရပါလိမ့်မယ်။
“မောင်” လို့ခေါ်တတ်တဲ့ မိန်းကလေး အများစုကတော့သူတို့မှာ တည်ငြိမ် တဲ့အ လှတရား ပိုင်ဆိုင်ကြ တယ်။ လူကြီး ဆန်ပြီး ရင့်ကျက် တဲ့စိတ်ရှိတယ်။ အချစ် တစ်ခုကို နားလည်မှုနဲ့ တည်ဆောက် ကြတယ်။သင့်ကို ယောကျာ်းကောင်း ပီသပြီး တည်ကြည်ခန့်ညားတဲ့ သူလို့ မြင်တဲ့အတွက် “မောင်”လို့ ခေါ်ချင်တာဖြစ်တယ်။ သူ့အတွက်တော့ သင်ဟာ သူရဲကောင်း တစ်ယောက်လိုပါဘဲ။သင်ဟာ သူ့ ဘဝ ကို ဦးစီးဦးဆောင်နိုင်ပြီး အားကိုးရ တဲ့ယောကျာ်းလို့ သူ့စိတ်ထဲ ခံစားရပါတယ်။ သင်နဲ့သာဆို သာယာတဲ့ အချစ် ခရီးလမ်းဖြစ်မယ်လို့ မျှော်လင့်ချက်အပြည့်ရှိပါတယ်။ ကိစ္စသေးသေးမွှားမွှားတွေဆို ဗွေမယူတတ် ပြသနာ မရှာတတ်သူဖြစ်တယ်။
သူဟာ သင့်မှာ ပြသနာ တွေရှိလာတဲ့အခါ ဆိုရင်လဲ အကြံကောင်း ဉာဏ်ကောင်းပေးနိုင်ပြီး လမ်းမှန်ပြပေးတတ်တဲ့ သူတွေဖြစ်ပါတယ် ဒါတွေကတော့
အခေါ်အဝေါ်တွေ အရ ကိုယ့်အပေါ် ဘယ်လို ချစ်တဲ့ မိန်းကလေးဆိုတာ သိနိုင်မယ့် ယေဘုယျ သဘောတရားလေးတွေဖြစ် ပါတယ်။ သင်ကကော သင့် ချစ်သူ ဆီက ဘယ်လို အခေါ်ခံချင်လဲ ?
Credit: Mini Eiz ( Love Shop )
ကိုကို လို႔ေခၚတဲ့ မိန္းကေလး နဲ႔၊ ေမာင္ လို႔ေခၚတဲ့ မိန္းကေလးၾကားက ျခားနားခ်က္မ်ား
မိန္းကေလး ေတြ ခ်စ္သူ ေကာင္ေလး ကို ေခၚေဝၚပုံကို ၾကည့္ျခင္းအားျဖင့္ သူတို႔ရဲ႕ အခ်စ္ ၊စိတ္ေနသေဘာထားကို အၾကမ္းဖ်င္း အားျဖင့္ သိႏိုင္ ပါတယ္။ ကဲ ကိုယ့္ ေကာင္မေလး က ဘယ္လိုလဲ ဆိုတာ ဖတ္ၾကည့္ ရေအာင္ေနာ္…
“ကိုကို” လို႔ေခၚတဲ့ ေကာင္မေလး ေတြဆိုတာသူတို႔ေလးေတြက ခ်စ္စရာ တအားေကာင္းၿပီး ကေလးဆန္ ပါတယ္။ ျဖဴစင္ ႐ိုးသား တဲ့စိတ္ကေလးပိုင္ဆိုင္ၿပီး ကိုယ့္ ခ်စ္သူ အေပၚ ဆိုးတတ္ၾကပါတယ္။ပြတ္သီးပြတ္သပ္နဲ႔ ခြၽဲႏြဲ႕တတ္တဲ့ သူေတြပါ။ ဒါအျပင္ သူဟာ သင့္အေပၚ ယုံၾကည္မႈ ေတြအျပည့္နဲ႔ ခ်စ္တတ္ၾကပါတယ္။ သူ႔ရဲ႕style ကေတာ့ လူငယ္ ဆန္ဆန္ေလးနဲ႔ ေပါ့ပါးသြက္လက္ ၾကပါတယ္။
သူတို႔ဟာ သနားၾကင္နာ တတ္တဲ့သူျဖစ္တာနဲ႔ အညီ သူတို႔ရဲ႕ႏွလုံးသား ဟာ ႏူးညံ့တဲ့အတြက္ အထိခိုက္လြယ္ တာေၾကာင့္ သင္အထူး ဂ႐ုစိုက္ဖို႔ လိုပါတယ္။အေသးအဖြဲ ေလးကအစ ဂ႐ုစိုက္တတ္တဲ့ သူေတြျဖစ္ၿပီး သင့္ေၾကာင့္ သူစိတ္မေကာင္းျဖစ္ သြားရင္ ဖြင့္မေျပာဘဲ တစ္ေယာက္ထဲ ႀကိတ္ခံစားတဲ့ သူေတြျဖစ္ တယ္။
သူက သင္ရင္ဖြင့္လို႔ရတဲ့ အေကာင္းဆုံး သူပါ။ သင္စိတ္ညစ္ရတဲ့ အခ်ိန္ ဆိုရင္ေတာင္ သူ႔က သင္ကို ေပ်ာ္႐ႊင္ေစႏိုင္ ပါတယ္။ သူ႔ေၾကာင့္ သင္ ေအးခ်မ္းမႈ ကို ခံစားရပါလိမ့္မယ္။
“ေမာင္” လို႔ေခၚတတ္တဲ့ မိန္းကေလး အမ်ားစုကေတာ့သူတို႔မွာ တည္ၿငိမ္ တဲ့အ လွတရား ပိုင္ဆိုင္ၾက တယ္။ လူႀကီး ဆန္ၿပီး ရင့္က်က္ တဲ့စိတ္ရွိတယ္။ အခ်စ္ တစ္ခုကို နားလည္မႈနဲ႔ တည္ေဆာက္ ၾကတယ္။သင့္ကို ေယာက်ာ္းေကာင္း ပီသၿပီး တည္ၾကည္ခန္႔ညားတဲ့ သူလို႔ ျမင္တဲ့အတြက္ “ေမာင္”လို႔ ေခၚခ်င္တာျဖစ္တယ္။ သူ႔အတြက္ေတာ့ သင္ဟာ သူရဲေကာင္း တစ္ေယာက္လိုပါဘဲ။သင္ဟာ သူ႔ ဘဝ ကို ဦးစီးဦးေဆာင္ႏိုင္ၿပီး အားကိုးရ တဲ့ေယာက်ာ္းလို႔ သူ႔စိတ္ထဲ ခံစားရပါတယ္။ သင္နဲ႔သာဆို သာယာတဲ့ အခ်စ္ ခရီးလမ္းျဖစ္မယ္လို႔ ေမွ်ာ္လင့္ခ်က္အျပည့္ရွိပါတယ္။ ကိစၥေသးေသးမႊားမႊားေတြဆို ေဗြမယူတတ္ ျပသနာ မရွာတတ္သူျဖစ္တယ္။
သူဟာ သင့္မွာ ျပသနာ ေတြရွိလာတဲ့အခါ ဆိုရင္လဲ အႀကံေကာင္း ဉာဏ္ေကာင္းေပးႏိုင္ၿပီး လမ္းမွန္ျပေပးတတ္တဲ့ သူေတြျဖစ္ပါတယ္ ဒါေတြကေတာ့
အေခၚအေဝၚေတြ အရ ကိုယ့္အေပၚ ဘယ္လို ခ်စ္တဲ့ မိန္းကေလးဆိုတာ သိႏိုင္မယ့္ ေယဘုယ် သေဘာတရားေလးေတြျဖစ္ ပါတယ္။ သင္ကေကာ သင့္ ခ်စ္သူ ဆီက ဘယ္လို အေခၚခံခ်င္လဲ ?
Credit: Mini Eiz ( Love Shop )