တချို့အရာတွေက နှစ်ခါ ပြန်မရတတ်ဘူး
မွန္တစ္ခ်ပ္ကို …
ပစ်ပေါက်ပြီး ခွဲလိုက်ပါ
အစိပ်စိပ်အမွှာမွှာကြေမွ သွားလိမ့်မယ်
အဲ့ဒီမှန်စတွေိကို ကောက်ပြီး တစ်ခုချင်းတိတ်နဲ
့ ပြန်ကပ်တာပဲ ဖြစ်ဖြစ် လုပ်ကြည့်
ဆက်ရင်ဆက်သွားလိမ့်မယ်
ဒါပေမယ့်အရင်လို ပြန်လိုချင်လို့ မရဘူး
ကျွန်မရဲ့ စိတ်တွေကလဲ ဒီမှန်ချပ်နဲ့ တူတယ်
တစ်ခါ နာကျင်ရပြီးသွားတဲ့အခါ
အရင်လို ပြန်ဖြစ်ဖို့ မလွယ်တော့ဘူး
တောင်းပန်ပါတယ်ဆိုတဲ့
စကားတွေနဲ့ ပြန်ဆက်ချင်ပေမယ့်
အမာရွှတ်ကတော့ မြင်တိုင်းနာတယ်လေ
မစွန့်လွှတ်နိုင်ခဲ့လို့ ခွင့်လွှတ်ခဲ့ရုံပါ
အရာရာကို မေ့ပျောက်တတ်သွားတာ မဟုတ်ဘူး
ဒါကို နားလည်သဘောပေါက်ဖို့ လိုတယ် ။
အတိတ်ကိုချည်း
ဘာလို့ နောက်ကြောင်းပြန်လှည့်နေရတာလဲလို့မေးရင်
အတိတ်က ကျွန်မကို ခုထက်ထိ နာကျင်စေလို့ပါ
ဖြစ်နိုင်ရင် ကျွန်မက ပိုလို့တောင် သတိမရချင်သေးတယ် ။
ခက်တာက အခုချိန်ထိ အနာတွေ မကျက်သေးတာပါပဲ ။
ပျော်အောင်ထားနေပြီလေဆိုတာက
ချုပ်ရိုးသက်သက်ပဲ အတိတ်က ဒဏ်ရာတွေကို
အပြီးတိုင် ချေဖျက်လိုက်ဖို့ထိ မလွယ်တတ်ဘူး ။
ဆက်ပြီးတော့ ရှိနေချင်မှ ရှိနေပါ ။
အရင်တုန်းက ကျွန်မကို ပြန်လိုချင်နေလို့တော့ မရတော့ဘူး ။
ရှင်းအောင် ပြောရရင် အရင်တုန်းကလို
ခပ်တုံးတုံးမိန်းမကို ဘယ်တော့မှ
ပြန်ရလာတော့မှာ မဟုတ်ဘူး ။
အရင်ကထက် အေးစက်ချင် အေးစက်နေလိမ့်မယ်
ဂရုစိုက်ချင်မှ စိုက်မိတော့မယ်
အရင်ကလို ချစ်သေးပေမယ့် အရင်တုန်းကလို
မရှိမဖြစ် မဟုတ်တော့ဘူး ။
မရှိလဲ ဖြစ်အောင် သင်ပေးပြီးမှတော့
အရင်လို ပြန်နွေးထွေးချင်လို့ မရတော့ဘူး ။
ကြၽန္မကို နားလည္ပါ …
အရင်တုန်းက အတိတ်တွေကို ပြန်မတွေးပဲ
အရင်တုန်းကလို ရှင့်ကို ချစ်နေချင်တဲ့
စိတ်တွေရှိပေမယ့်
အရင်တုန်းက ပြန်မဖြစ်နိုင်တော့တဲ့အခါ
ကြၽန္မကို နားလည္ပါ ။
သဘာဝတရားကြီးတွေထဲမှာ …
နှစ်ခါ မရနိုင်တဲ့အရာတွေ
အများကြီးရှိတတ်ပါတယ်
ခုကျတော့ အဲ့ဒီအရာတွေထဲမှာ
ကျွန်မလဲ တစ်ခုအပါအဝင်ပေါ့ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
Credit
Unicode
တချို့အရာတွေက နှစ်ခါ ပြန်မရတတ်ဘူး
မှန်တစ်ချပ်ကို …
ပစ်ပေါက်ပြီး ခွဲလိုက်ပါ
အစိပ်စိပ်အမွှာမွှာကြေမွ သွားလိမ့်မယ်
အဲ့ဒီမှန်စတွေိကို ကောက်ပြီး တစ်ခုချင်းတိတ်နဲ
့ ပြန်ကပ်တာပဲ ဖြစ်ဖြစ် လုပ်ကြည့်
ဆက်ရင်ဆက်သွားလိမ့်မယ်
ဒါပေမယ့်အရင်လို ပြန်လိုချင်လို့ မရဘူး
ကျွန်မရဲ့ စိတ်တွေကလဲ ဒီမှန်ချပ်နဲ့ တူတယ်
တစ်ခါ နာကျင်ရပြီးသွားတဲ့အခါ
အရင်လို ပြန်ဖြစ်ဖို့ မလွယ်တော့ဘူး
တောင်းပန်ပါတယ်ဆိုတဲ့
စကားတွေနဲ့ ပြန်ဆက်ချင်ပေမယ့်
အမာရွှတ်ကတော့ မြင်တိုင်းနာတယ်လေ
မစွန့်လွှတ်နိုင်ခဲ့လို့ ခွင့်လွှတ်ခဲ့ရုံပါ
အရာရာကို မေ့ပျောက်တတ်သွားတာ မဟုတ်ဘူး
ဒါကို နားလည်သဘောပေါက်ဖို့ လိုတယ် ။
အတိတ်ကိုချည်း
ဘာလို့ နောက်ကြောင်းပြန်လှည့်နေရတာလဲလို့မေးရင်
အတိတ်က ကျွန်မကို ခုထက်ထိ နာကျင်စေလို့ပါ
ဖြစ်နိုင်ရင် ကျွန်မက ပိုလို့တောင် သတိမရချင်သေးတယ် ။
ခက်တာက အခုချိန်ထိ အနာတွေ မကျက်သေးတာပါပဲ ။
ပျော်အောင်ထားနေပြီလေဆိုတာက
ချုပ်ရိုးသက်သက်ပဲ အတိတ်က ဒဏ်ရာတွေကို
အပြီးတိုင် ချေဖျက်လိုက်ဖို့ထိ မလွယ်တတ်ဘူး ။
ဆက်ပြီးတော့ ရှိနေချင်မှ ရှိနေပါ ။
အရင်တုန်းက ကျွန်မကို ပြန်လိုချင်နေလို့တော့ မရတော့ဘူး ။
ရှင်းအောင် ပြောရရင် အရင်တုန်းကလို
ခပ်တုံးတုံးမိန်းမကို ဘယ်တော့မှ
ပြန်ရလာတော့မှာ မဟုတ်ဘူး ။
အရင်ကထက် အေးစက်ချင် အေးစက်နေလိမ့်မယ်
ဂရုစိုက်ချင်မှ စိုက်မိတော့မယ်
အရင်ကလို ချစ်သေးပေမယ့် အရင်တုန်းကလို
မရှိမဖြစ် မဟုတ်တော့ဘူး ။
မရှိလဲ ဖြစ်အောင် သင်ပေးပြီးမှတော့
အရင်လို ပြန်နွေးထွေးချင်လို့ မရတော့ဘူး ။
ကျွန်မကို နားလည်ပါ …
အရင်တုန်းက အတိတ်တွေကို ပြန်မတွေးပဲ
အရင်တုန်းကလို ရှင့်ကို ချစ်နေချင်တဲ့
စိတ်တွေရှိပေမယ့်
အရင်တုန်းက ပြန်မဖြစ်နိုင်တော့တဲ့အခါ
ကျွန်မကို နားလည်ပါ ။
သဘာဝတရားကြီးတွေထဲမှာ …
နှစ်ခါ မရနိုင်တဲ့အရာတွေ
အများကြီးရှိတတ်ပါတယ်
ခုကျတော့ အဲ့ဒီအရာတွေထဲမှာ
ကျွန်မလဲ တစ်ခုအပါအဝင်ပေါ့ ။
မိန်းမသားတို့အတွက်
သျှင်ယွန်း
Credit