သင့်ကို တုန်နေအောင် ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ဆီမှာရှိတဲ့ ဒီအပြုအမူ
ဟန်ဆောင်မှုတွေများလွန်းတဲ့
ဒီကမ္ဘာကြီးမှာ သင့်ချစ်သူ၊ လက်တွဲဖော်က
သင့်ကို တကယ်မေတ္တာရှိမရှိဆိုတာကလည်း
သိနိုင်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။
ဒါပေမယ့် အဖြစ်မှန်အခြေအနေကို သိနိုင်တဲ့
သဲလွန်စတချို့တော့ရှိပါတယ်။
၁။ သင့်မျက်လုံးကို ငေးစိုက်ကြည့်နေခြင်း ။
သူတို့ကောင်မလေးတွေကို
တကယ်ဂရုစိုက်တဲ့ ကောင်လေးတွေဟာ
မျက်လုံးကို အမြဲစူးစိုက်ကြည့်နေတတ်ပါတယ်။
ဒါဟာ သင်ဘယ်လို စိတ်ခံစားမှုမျိုးဖြစ်နေလဲ
သိချင်လို့ ဖြစ်ပါတယ်။
မျက်လုံးဆိုတာ လူ့အတွင်းစိတ်ကို
လှမ်းမျှော်ကြည့်နိုင်တဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။
၂။ ခွင့်လွှတ်ဖို့ ဝန်မလေးခြင်း
ကောင်မလေးကို တကယ်ချစ်တဲ့ ယောကျ်ားလေးတွေ
ကြာကြာ စိတ်မဆိုး တတ်ကြပါဘူး။
ကောင်မလေးအပေါ် စိတ်ဆိုးဒေါသထွက်တဲ့အခါ
ဒါ သူတို့အတွက် ဝန်ထုပ်တစ်ခုဖြစ်ပါတယ်။
ဒီတော့ ခွင့်လွှတ်ပေးလိုက်ခြင်းက စိတ်သက်သာရာရမှု တစ်ခုဖြစ်ပါတယ်။
၃။ “ငါတို့” ဆိုတဲ့ အသုံးအနှုန်း သုံးစွဲခြင်း
ယောကျ်ားလေးက မိန်းကလေးကို
တကယ်သံယောဇဉ်ရှိလာတဲ့အခါ
မိမိကိုယ်ကိုယ် တစ်ယောက်တည်းလို့
မယူဆတော့ဘဲ ကောင်မလေးကို
မိမိကိုယ်ခွဲလို စမြင်လာကြပါတယ်။
ဒီအချက်ကြောင့် “ငါ” အစား “ငါတို့” ဆိုတဲ့
အသုံးအနှုန်းကို သုံးစွဲကြပါတယ်။
၄။ သင်လုပ်ချင်ရာကို သူလည်း လုပ်ချင်
သူ ဈေးဝယ်ထွက်တာ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။
ဒါပေမယ့် သင်သဘောကျနေတော့
ဘယ်လိုပဲဖြစ်ဖြစ် သူလိုက်ပေးပါလိမ့်မယ်။
ဒါက သူ သင်နဲ့ ထွက်လည်ရတာ
သဘောကျကြောင်း ဖော်ပြပါတယ်။
၅။ သင့်အကြောင်း သိလိုခြင်း
သင့်ကို တကယ်ဂရုစိုက်တဲ့ ယောကျ်ားတစ်ယောက်က
သင့်အကြောင်းအကုန်အစင်သိအောင်
နည်းလမ်းရှာကြံပါလိမ့်မယ်။
ဒီအချက်က သူ သင့်ကို အရူးအမူးချစ်တာကို ဖော်ပြပါတယ်။
၆။ အံ့အားသင့်အောင် လုပ်ခြင်း ။
ယောကျ်ားလေးတစ်ယောက်က
သင့်ကို တကယ်ချစ်မချစ်
ပြောပြနိုင်တဲ့ နည်းလမ်းတစ်က
သူ သင့်ကို အံ့အားသင့်အောင်
လုပ်မလုပ်ကြည့်ရန် ဖြစ်ပါတယ်။
ကောင်မလေးကို တကယ်ဂရုစိုက်တဲ့
ယောကျ်ားတစ်ယောက်က
သူမကို အံ့အားသင့်စရာတွေ မရိုးအောင်
အမြဲမပြတ် ကြိုးပမ်းလုပ်ဆောင်ပေးပါလိမ့်မယ်။
၇။ ပွေ့ဖက်ရတာ ကြိုက်နှစ်သက်ခြင်း ။
ကောင်လေးက သင့်ကို တကယ်မေတ္တာရှိမရှိ သိဖို့
အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုက
သူပွေ့ဖက်တာ ကြိုက်မကြိုက် ကြည့်ရုံသာဖြစ်ပါတယ်။
တကယ် စိတ်ဝင်စားမှုမရှိတဲ့ ယောကျ်ားတွေက
ပူးကပ်ပွေ့ဖက်တာတွေ လက်ရှောင်လေ့ရှိပါတယ်။
love shop
Unicode
သင့်ကို တုန်နေအောင် ချစ်တတ်တဲ့ ကောင်လေးတစ်ယောက်ဆီမှာရှိတဲ့ ဒီအပြုအမူ
ဟန်ဆောင်မှုတွေများလွန်းတဲ့
ဒီကမ္ဘာကြီးမှာ သင့်ချစ်သူ၊ လက်တွဲဖော်က
သင့်ကို တကယ်မေတ္တာရှိမရှိဆိုတာကလည်း
သိနိုင်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။
ဒါပေမယ့် အဖြစ်မှန်အခြေအနေကို သိနိုင်တဲ့
သဲလွန်စတချို့တော့ရှိပါတယ်။
၁။ သင့်မျက်လုံးကို ငေးစိုက်ကြည့်နေခြင်း ။
သူတို့ကောင်မလေးတွေကို
တကယ်ဂရုစိုက်တဲ့ ကောင်လေးတွေဟာ
မျက်လုံးကို အမြဲစူးစိုက်ကြည့်နေတတ်ပါတယ်။
ဒါဟာ သင်ဘယ်လို စိတ်ခံစားမှုမျိုးဖြစ်နေလဲ
သိချင်လို့ ဖြစ်ပါတယ်။
မျက်လုံးဆိုတာ လူ့အတွင်းစိတ်ကို
လှမ်းမျှော်ကြည့်နိုင်တဲ့ ပြတင်းပေါက်ဖြစ်ပါတယ်။
၂။ ခွင့်လွှတ်ဖို့ ဝန်မလေးခြင်း
ကောင်မလေးကို တကယ်ချစ်တဲ့ ယောက်ျားလေးတွေ
ကြာကြာ စိတ်မဆိုး တတ်ကြပါဘူး။
ကောင်မလေးအပေါ် စိတ်ဆိုးဒေါသထွက်တဲ့အခါ
ဒါ သူတို့အတွက် ဝန်ထုပ်တစ်ခုဖြစ်ပါတယ်။
ဒီတော့ ခွင့်လွှတ်ပေးလိုက်ခြင်းက စိတ်သက်သာရာရမှု တစ်ခုဖြစ်ပါတယ်။
၃။ “ငါတို့” ဆိုတဲ့ အသုံးအနှုန်း သုံးစွဲခြင်း
ယောက်ျားလေးက မိန်းကလေးကို
တကယ်သံယောဇဉ်ရှိလာတဲ့အခါ
မိမိကိုယ်ကိုယ် တစ်ယောက်တည်းလို့
မယူဆတော့ဘဲ ကောင်မလေးကို
မိမိကိုယ်ခွဲလို စမြင်လာကြပါတယ်။
ဒီအချက်ကြောင့် “ငါ” အစား “ငါတို့” ဆိုတဲ့
အသုံးအနှုန်းကို သုံးစွဲကြပါတယ်။
၄။ သင်လုပ်ချင်ရာကို သူလည်း လုပ်ချင်
သူ ဈေးဝယ်ထွက်တာ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။
ဒါပေမယ့် သင်သဘောကျနေတော့
ဘယ်လိုပဲဖြစ်ဖြစ် သူလိုက်ပေးပါလိမ့်မယ်။
ဒါက သူ သင်နဲ့ ထွက်လည်ရတာ
သဘောကျကြောင်း ဖော်ပြပါတယ်။
၅။ သင့်အကြောင်း သိလိုခြင်း
သင့်ကို တကယ်ဂရုစိုက်တဲ့ ယောက်ျားတစ်ယောက်က
သင့်အကြောင်းအကုန်အစင်သိအောင်
နည်းလမ်းရှာကြံပါလိမ့်မယ်။
ဒီအချက်က သူ သင့်ကို အရူးအမူးချစ်တာကို ဖော်ပြပါတယ်။
၆။ အံ့အားသင့်အောင် လုပ်ခြင်း ။
ယောက်ျားလေးတစ်ယောက်က
သင့်ကို တကယ်ချစ်မချစ်
ပြောပြနိုင်တဲ့ နည်းလမ်းတစ်က
သူ သင့်ကို အံ့အားသင့်အောင်
လုပ်မလုပ်ကြည့်ရန် ဖြစ်ပါတယ်။
ကောင်မလေးကို တကယ်ဂရုစိုက်တဲ့
ယောက်ျားတစ်ယောက်က
သူမကို အံ့အားသင့်စရာတွေ မရိုးအောင်
အမြဲမပြတ် ကြိုးပမ်းလုပ်ဆောင်ပေးပါလိမ့်မယ်။
၇။ ပွေ့ဖက်ရတာ ကြိုက်နှစ်သက်ခြင်း ။
ကောင်လေးက သင့်ကို တကယ်မေတ္တာရှိမရှိ သိဖို့
အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုက
သူပွေ့ဖက်တာ ကြိုက်မကြိုက် ကြည့်ရုံသာဖြစ်ပါတယ်။
တကယ် စိတ်ဝင်စားမှုမရှိတဲ့ ယောက်ျားတွေက
ပူးကပ်ပွေ့ဖက်တာတွေ လက်ရှောင်လေ့ရှိပါတယ်။
love shop