LDRS တွေ ချေရမယ့် ယတြာ
ဒီယတြာကို သတိရတိုင်း လုပ်ပေးပြီး
အဝေးမှာ ရှိတဲ့ကိုယ့်ချစ်သူ ခြေငြိမ်ဖို့နဲ့
နေကောင်းကျန်းမာဖို့ ဆုတောင်းပါ။
LDRS တိုင်း ချေထားသင့်တယ်နော်။
ပရိသတ်တွေထဲမှာ အဝေးရောက်
ချစ်သူစုံတွဲလေးတွေ ရှိလား။
ချစ်သူနဲ့ ကိုယ်က တစ်ယောက်တစ်နေရာဆီဆိုရင်
စိတ်ပူရတဲ့အချိန်တွေ၊ အဆင်မပြေတဲ့အခါ
မျက်နှာချင်းဆိုင် ဖြေရှင်းလို့ မရတာတွေ၊
နေကောင်းကျန်းမာဖို့ ဆုတောင်းရတာတွေ
အများကြီး ခံစားရမှာပါ။
နောက်ပြီး သဝန်တိုတာတွေ၊
သံသယဝင်တာတွေလည်း ရှိသေးတယ်မလား။
ဒီလိုမျိုးကိစ္စတွေမှာ အဆင်ပြေအောင်
ယတြာချေချင်တယ်ဆိုရင်တော့
ဒီနည်းလမ်းလေး လုပ်ဆောင်ကြည့်နော်။
LDRS တွေ ချေရမယ့် ယတြာ
အဝေးရောက် ကိုယ့်ချစ်သူက တနင်္ဂနွေသားသမီးဆိုရင်
ပိတောက်ညွန့်(၁၂) ညွန့်၊ သပြေ (၁၁) ညွန့်ကို
ကြာသပတေးနေ့ (၃) နာရီကနေ (၄) နာရီခွဲအတွင်းမှာ
စနေထောင့်မှာ လှူပါ။
အဝေးရောက် ချစ်သူက တနင်္လာ သားသမီးဆိုရင်
ရွက်လှ (၄) ညွန့်၊ မေမြို့(၅) ညွန့်၊ နှင်းဆီ (၁၀) ပွင့်ကို
ဗုဒ္ဓဟူးနေ့ (၁၀) နာရီကနေ (၁၂) နာရီအတွင်း
ကြာသပတေး ထောင့်မှာ လှူပါ။
အဝေးရောက် ချစ်သူက အင်္ဂါ သားသမီးဆိုရင်
သရက် (၁၀) ညွန့်၊ အုန်းညွန့် (၆) ညွန့်၊
သောကြာနေ့ (၇) နာရီခွဲကနေ (၇) နာရီကနေ (၉) နာရီ
အတွင်း ရာဟုထောင့်မှာ လှူပါ။
အဝေးရောက် ချစ်သူက ဗုဒ္ဓဟူး သားသမီးဆိုရင်
ကံ့ကော် (၁၅) ညွှန့်ကို
တနင်္လနေ့ (၁) နာရီခွဲကနေ (၃) နာရီအတွင်း
သောကြာထာင့်မှာ လှူပါ။
အဝေးရောက် ချစ်သူက ကြာသပတေး သားသမီးဆိုရင်
အင်ကြင်း (၂၁) ရွက်၊ ဇော်စိမ်း (၈) ညွန့်ကို
တနင်္ဂနွေ (၁၀) နာရီခွဲနဲ့ (၁၂) နာရီအတွင်းမှာ
တနင်္လာထောင့်မှာ လှူပါ။
အဝေးရောက် ချစ်သူက သောကြာ သားသမီးဆိုရင်
ဇီဇဝါ (၇) ညွန့်၊ ရွက်လှ (၄) ညွန့်ကို
အင်္ဂါနေ့ (၁၀) နာရီ ခွဲကနေ (၁၂) နာရီ အတွင်း
ဗုဒ္ဓဟူးထောင့်မှာ လှူပါ။
အဝေးရောက် ချစ်သူက စနေ သားသမီးဆိုရင်
အုန်းညွန့်(၆) ညွန့်ကို ဗုဒ္ဓဟူးနေ့ (၁) နာရီခွဲကနေ (၃) နာရီအတွင်း
တနင်္ဂနွေထောင့်မှာ လှူပါ။
ဒီယတြာကို သတိရတိုင်း လုပ်ပေးပြီး
အဝေးမှာ ရှိတဲ့ကိုယ့်ချစ်သူ ခြေငြိမ်ဖို့နဲ့
နေကောင်းကျန်းမာဖို့ ဆုတောင်းပါ။
ဒါဆို အဆင်ပြေပါလိမ့်မယ်။ LDRS တိုင်း ချေထားသင့်တယ်နော်။
Unicode